وهب بن منبه သခင်ကြီး အမိန့်ရှိသည်။ ဗနီအစ္စရာအိလ် လူမျိုးထဲမှ ဘာသာရေးကိုင်းရှိုင်းသူ၊ သူတော်စင်တို့သည် အောက်ဖော်ပြပါ အချက်(၂၂)ချက်အား ပို့ချလေ့ရှိပြီး၊ အစဉ်အမြဲဖတ်ရွတ်လေ့ ရှိကြသည်။ ယင်းအချက် (၂၂)ချက်မှာ-
- (၁) ပညာထက် သာပိုအကျိုးရှိစေသော ဘဏ္ဍာတိုက်ဟူ၍မရှိ။
- (၂) မျိုသိပ်တရားထားခြင်းထက် သာပို၍မြတ်စွန်းစေသော ဥစ္စာဓနမရှိ။
- (၃) ဒေါသကြီးခြင်းထက် အဆင့်တန်းနိမ့်ကျသော စာရိတ္တဟူ၍မရှိ။
- (၄) ကောင်းမှု့တရားအားထုတ်ခြင်းထက် သာပိုလှပစေသော မျက်စိအေးဖွယ်ရာဟူ၍မရှိ။
- (၅) အသိဥာဏ်ခေါင်းပါးခြင်းထက် ပိုမိုသိမ်ဖျင်းသော မိတ်ဆွေဟူ၍မရှိ။
- (၆) သက်ဝါတရားထက် သာပိုအဆင့်တန်းမြင့်သည့် ဂုဏ်ဟူ၍မရှိ။
- (၇) စိတ်အလိုမလိုက်ခြင်းထက် သာပိုပြည့်စုံသော မွန်ရည်မှု့ဟူ၍မရှိ။
- (၈) စဉ်းစားတွေးခေါ်ခြင်းထက် သာပိုမွန်မြတ်သော အလုပ်ဟူ၍မရှိ။
- (၉) ဆွဗ်ရ်(သီးခံခွင့်လွှတ်ခြင်း)တရားထက် မြင့်မားသော ကောင်းခြင်းသည်လည်းမရှိ။
- (၁၀) မိမိကိုယ်မိမိ အထင်ကြီးခြင်းထက် သာပို၍ဆိုးရုတ်သော မကောင်းမှု့ဟူ၍မရှိ။
- (၁၁) ချိုသာစွာပြောဆို ဆက်ဆံခြင်းထက် သာပိုနုညံ့သော ဆေးဝါးဟူ၍မရှိ။
-ူ(၁၂) အသိတရားမရှိခြင်းထက် သာပိုနာကျင်စေသော ဝေဒနာဟူ၍မရှိ။
- (၁၃) အမှန်တရားထက် ပိုမိုတရားမျှတပေးနိုင်သော စေတမန်ဟူ၍မရှိ။
- (၁၄) မှန်ကန်စွာပြောဆိုခြင်းထက် ပိုမိုအပြစ်ကင်းစင်သော အထောက်အထားဟူ၍မရှိ။
- (၁၅) ရမက်ကြီးခြင်းထက် ပိုမိုသေးသိမ်သော နွမ်းပါးမှု့ဟူ၍မရှိ။
- (၁၆) ပစ္စည်းများစွာ စုဆောင်းခြင်းထက် သာပိုကံဆိုးစေသော ချမ်းသာမှု့ဟူ၍မရှိ။
- (၁၇) ကျန်းမာရေးကောင်းခြင်းထက် ပိုမိုနှစ်လိုဖွယ်ကောင်းသော ဘဝဟူ၍မရှိ။
- (၁၈) ကိုယ်ကျင့်သိက္ခာစောင့်ထိန်းခြင်းထက် သာပိုနှစ်ထောင်းအားရဖွယ်ကောင်းသော ရှင်သန်မှု့ဟူ၍မရှိ။
- (၁၉) အကြောက်တရားထားခြင်းထက် ပိုမိုကောင်းမွန်သော ခဝပ်ကိုးကွယ်မှု့ဟူ၍မရှိ။
- (၂၀) တင်းတိမ်ရောင့်ရဲခြင်းထက် သာပိုကောင်းမွန်သော လောကီစည်းစိမ်စွန့်လွှတ်မှု့ဟူ၍မရှိ။
- (၂၁) နှုတ်ဆိတ်နေခြင်းထက် သာပိုကာကွယ်ပေးနိုင်သော သက်တော်စောင့်ဟူ၍မရှိ။
- (၂၂) သေခြင်းတရားထက် ပိုမိုနီးကပ်သော ပျောက်ကွယ်နေသည့်အရာဟူ၍မရှိ။
(إحياء علوم الدين ج 14 ص 2726,2727)
သခင်ကြီး၏ တန်ဖိုးရှိသော စကားများအနက်မှ........
အသင့်တွင်မရှိသော ကောင်းကွက်တစ်ကွက်အား ပြောဆိုနေသူသည် အသင်မပြုလုပ်သော မကောင်းမှု့အားလည်း ပြောဆိုနိုင်ပေသည်။ ထို့ကြောင့် အသင်သည် ထိုသူနှင့်ပါတ်သတ်၍ ယုံကြည်မှု့မပြုနှင့်။
(الصمت ج 2 ص 134 )
အသိပညာသည် မိုအ်မင်(န်)၏ မိတ်ဆွေကောင်းဖြစ်သည်။
မျိုသိပ်တရားသည် သူ၏ ဝန်ကြီးဖြစ်၏။
ဦးဏှောက်ဥာဏ်သည် သူ၏ အထောက်အထားဖြစ်သည်။
ကောင်းမှု့ပြုခြင်းသည် သူ၏ ခေါင်းဆောင်ဖြစ်သည်။
သီးခံခွင့်လွှတ်ခြင်းသည် သူ၏စစ်တပ်မှ ခေါင်းဆောင်ဖြစ်သည်။
ချိုသာစွာဆက်ဆံခြင်းသည် သူ၏ ဖခင်ဖြစ်ပြီး၊ နုညံ့သိမ်မွေ့ခြင်းသည် သူ၏ နောင်တော်ဖြစ်သည်။
(العترغيب في فضاءل الأعمال ج 1 ص 278)
မိုအ်မင်န်သည် .....
ပညာရရန် ကြည့်ရှု့သည်။
သဘောပေါက်နားလည်ရန် မေးမြန်းပြောဆိုသည်။
ငြိမ်းချမ်းမှု့ရရန် ဆိတ်ဆိတ်နေသည်။
အကျိုးရှိရန်အတွက် (အိဗာဒသ်တွင်) တစ်ဦးတည်းမွေ့လျော်နေသည်။
(حلية الأولياء ج 2 ص 103)
မိတ်ဆွေသူငယ်ချင်း ထားနိုင်သည်ထက် ပိုမို၍ထားပါ။
အဘယ်ကြောင့်ဆိုသော အသင်သူတို့အား မလိုအပ်ပါက အသင့်အား မိတ်ဆွေတို့သည် နစ်နာစေမည်မဟုတ်။
သို့သော် အသင်လိုအပ်လာပါက ထိုမိတ်ဆွေတို့သည် အသင့်အား အကျိုးရှိစေမည်ဖြစ်သည်။
(سير أعلام النبلاء ج 4 ص 550)
ဘာသာပြန်ဆိုရာတွင် အားနည်းမှု့ကြောင့် နားလည်သဘောပေါက်လွဲခဲ့ပါမူ ကျွန်တော့်အားသာလျှင် အပြစ်တင်ပေးကြပါရန်နှင့် ဆရာသခင်တို့၏ မိန့်ချွေစကားများအား မည်သို့မျှမမြင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ဖတ်ရှု့သူတိုင်း အကျိုးရှိကြပါစေ။
မုအ်မင်(န်)တိုင်း၏ ဒိုအာလိုလားသူ
ဘရှီးလေး
Post a Comment