ဟုတ်ပါတယ်။ ရှီအာ မွတ်စ်လင်မ်လား ကာဖရ်လား။ လူတွေက ကျွန်တော့်ကို ပြောကြတယ်။ မွတ်စ်လင်မ်ကို ကာဖရ်လို့ ဘာလို့ပြောရတာလဲ။ မင်းက အလ္လာဟ်ဖြစ်သွားတာလား။ တမန်တော်ထက်ကိုပဲ အဆင့်မြင့်သွားတာလား။ ဘာလို့ မွတ်စ်လင်မ်တွေကို ကာဖရ် ကာဖရ်ဆိုပြီး စလာမ်မပေးရတာလဲ။ واعتصموا بحبل الله جميعا ولا تفرقوا ကိုငြင်းနေတာလား။ အလ္လာဟ်အရှင်မြတ်၏ မိန့်မှာချက်များကို သွေဖြီချင်တာလား။စိတ်မဆိုးပါနဲ့နော်။ ဒီမေးခွန်းကို ကျွန်တော်မဖြေတော့ဘူး။ စာရှု့ပရိတ်သတ်ကြီးပဲ ကျွန်တော်ဘက်ကနေ ၀ိုင်းဝန်းပြီး ဖြေပေးကြပေါ့။ ရှီအာတွေရဲ့ ယုတ်ညံ့၊သိမ်ဖျင်းသော အယူအဆများအား ၎င်းတို့၏ကျမ်းစာအုပ်များတွင် လေ့လာကြည့်ကြဆို့။
၁။ အလ္လာဟ်အရှင်မြတ်၏ သန့်ရှင်းစင်ကြယ်မှု့၊ ကြီးကျယ်မြတ်ထွတ်မှု့အား စော်ကားခြင်း
ကရှ်ဖွလ်အက်စ်ရာရ် စာမျက်နှာ(၂၃)တွင် ဤသို့လာရှိသည်။ မစ္စတာ ခိုမိုင်နီ အမိန့်ရှိသည်မှာ- ကျွန်တော်တို့သည် ဤကဲ့သို့သော အရှင်အား အလျင်းခ၀ပ်ကိုးကွယ်မည် မဟုတ်။ ထိုအရှင်သည် ခ၀ပ်ကိုးကွယ်ရန်၊ တရားမျှတမှုပြုရန်နှင့် ဘာသာတရားကိုင်းရှိုင်းမှု ဖြစ်စေရန်အလို့ငှာ ခန့်ညားထည်ဝါသော အဆောက်အအုံကြီးတစ်ခုအား တည်ဆောက်ပြီးနောက် မိမိကိုယ်တိုင် ထိုအဆောက်အဦးအား ဖျက်ဆီးပစ်လေသည်။ ထို့နောက် ထိုအရှင်သည် ရဇီးဒ်၊ မိုအာဝေယဟ်၊ အွစ်မာန်(ရသွေ့)နှင့် ၎င်းတို့အပြင်အခြားသော ဆိုးသွမ်းယုတ်မာသော သူတို့အား အုပ်ချုပ်မှုတာဝန်ပေးအပ်ခဲ့သည်။
ကဲ ......မိတ်ဆွေများ စဉ်းစားကြည့်ပါလေ။ အလ္လာဟ်ဘယ်နှစ်ပါးရှိပါသလဲ။ ဧကန်မုချ အလ္လာဟ် တစ်ပါးတည်းသာ ရှိပါသည်။ မစ္စတာ ခိုမိုင်နီပြောတဲ့ အလ္လာဟ်က ဘယ်အလ္လာဟ်ဖြစ်နိုင်မလဲ။ မုချ စင်္ကြာဝဠာအပေါင်းအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မှအပ အခြားမဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် အလ္လာဟ်အရှင်မြတ်နှင့်ပါတ်သတ်၍ ၎င်း၏ပြောဆိုမှုသည် မည်မျှ အတိုင်းတာအထိ ရိုင်းစိုင်းနေပါသနည်း။ မွတ်စ်လင်မ်တစ်ယောက်၏ နှုတ်မှထွက်သင့်သော စကားဖြစ်ပါသလား။ ဤကဲ့သို့ ပြောဆိုသူများအား မည်သို့ မွတ်စ်လင်မ်ဟု သတ်မှတ်နိုင်မည်နည်း။
၂။ တုဖက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းဘက်သို့ ဖိတ်ခေါ်နေပုံ...........
ကရှ်ဖွလ်အက်စ်ရာရ် စာမျက်နှာ(၃၀)တွင် မစ္စတာခိုမိုင်နီ ဤသို့ ရေးသားထားသည်။ သေသူများထံမှ မိမိတို့လိုအပ်ချက်များအား တောင်ခံခြင်းသည် ရှရစ်က်မဟုတ်ပေ။ ဆက်လက်၍ အမိန့်ရှိသည်မှာ ဧကန်အမှန် ရှီရ်က်ဟူသည်မှာ အလ္လာဟ်အရှင်မြတ်မှအပ အခြားသူများအား ထိုသူသာလျှင် ပေးကမ်းချီးမြှင့်နိုင်သော အရှင်သခင်ဖြစ်သည်ဟု ယုံကြည်ချက်ဖြင့် တောင်းဆိုမှသာ ဖြစ်သည်။ ထိုသို့မယုံကြည်ပဲ အခြားအရာများမှ တောင်းခံခြင်းသည် ရှင်နေသူထံမှဖြစ်စေ၊ အသက်ဆုံးပါးသွားပြီးသူထံမှဖြစ်စေ ရှီရ်က် မဖြစ်ပေ။ ထို့ကြောင့် ကျောက်တုံးကျောက်ခဲများမှ တောင်ခံခြင်းသည်လည်း မှားယွင်းသောလုပ်ရပ် ဖြစ်သောငြားလည်း ရှီရ်က်မဟုတ်ပေ။
ကဲ ပရိတ်သတ်ကြီးရေ ...... လူကြီးမင်းတို့ပဲ ဆုံးဖြတ်လိုက်ပါတော့ ခိုမိုင်နီ ဘာလဲဆိုတာ။
၃။ တမန်တော်မြတ်(ဆွ)အပေါ် မဟုတ်မမှန် သွားပုပ်လေလွင့်ပြောဆိုခြင်း။
ဤအပိုဒ်အား အစ်သေ့ဂ်ဖာရ် ဖတ်ပြီးမှ ဖတ်ကြပါ။
ဘေဟာရွလ်အန္န၀ါရ် တွဲ(၂)၊ စာ (၄၀)တွင် လာရှိသည်မှာ- (ဤဆင့်ပြန်ချက်သည် ရှီအာတို့၏ လုပ်ကြံထားသော ရေ၀ါယသ်များ ဖြစ်သည့်အတွက် ဟဇရသ်အလီနှင့် ပါတ်သတ်၍လည်းကောင်း၊ ဟဇရသ် အာအေရှာ သခင်မနှင့် ပါတ်သတ်၍လည်းကောင်း မည်သို့မှ မမြင်ကြရန် သတိပေးအပ်ပါသည်။)
ဟဇရသ်အလီ (ရသွေ့)သခင်ကြီးထံမှတဆင့် ရေ၀ါယသ်လုပ်ကြသည်မှာ- ဟဇရသ်အလီအမိန့်ရှိတော်မူသည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွ)နှင့် ခရီးထွက်ခဲ့သည်။ (ထိုအချိန်၌) တမန်တော်မြတ်(ဆွ)တွင် ကျွန်ုပ်မှအပ အခြားအစေခံ တစ်ဦးတစ်ယောက်မှ မရှိခဲ့ပေ။ တမန်တော်မြတ်(ဆွ) ထံတော်တွင် ခြုံစောင်တစ်ခုတည်းသာရှိ၏။ ကျွန်ုပ်တို့နှင့်အတူ ဟဇရသ်အာအေရှာလည်း (ထိုခရီး၌) ပါလေသည်။ ညအိပ်ယာဝင်ချိန်၌ ကျွန်ုပ်တို့သုံးဦးတွင် စောင်တစ်ထည်သာရှိသောကြောင့် တမန်တော်မြတ် (ဆွ)သည် ကျွန်ုပ်နှင့် ဟဇရသ်အာအေရှာ ကြားတွင် အိပ်စက်တော်မူ၏။ တမန်တော်မြတ်(ဆွ)ညာဖက်တွင် ကျွန်ုပ်အိပ်စက်ပြီး ဘယ်ဖက်တွင်မူ ဟဇရသ်အာအေရှာ အိပ်စက်ခဲ့သည်။ သဟ်ဂျွတ်အချိန်၌ တမန်တော်မြတ် (ဆွ)သည် နမားဇ်ဖတ်ရန်အတွက် အိပ်ယာမှထသောအခါ ကျွန်ုပ်နှင့် ဟဇရသ်အာအေရှာကြားတွင် မိမိ၏လက်တော်ဖြင့် စောင်အားအိပ်ယာခင်း ထိသည်အထိဖိသပ်ပြီး အိပ်ယာထက်မှ ထသွားလေသည်။ သဘောမှာ တမန်တော်မြတ်(ဆွ)သည် ဟဇရသ်အလီနှင့် ဟဇရသ်အာအေရှာတို့အား ခြုံစောင်တစ်ခုတည်း၌ ထားခဲ့ပြီး သဟ်ဂျွတ်နမားဇ်ဖတ်တော်မူခဲ့သည်။
ကြည့်ကြပါဦး....... ရှီအာတွေရဲ့ဒီရေ၀ါယသ်မှာ နှစ်ဘ၀သခင်ကျေးဇူးတော်ရှင် မြတ်နဗီကိုလည်းကောင်း၊ ကျွန်တော်တို့အားလုံး၏ မိခင်မွန်ကြီးအား လည်းကောင်း၊ ဟဇရသ်အလီသခင်ကိုလည်းကောင်း စော်ကားမှုပြုထားသည်။ ဤသို့ ပြောဆိုသူများနှင့် ပါတ်သတ်၍ မည်သို့ဖသ်ဝါပေးသင့်သနည်း။
၎။တမန်တော်မြတ်(ဆွ)အား စော်ကားမှု
၉-၈-၁၉၈၄ တွင် ခွသ်ဗဟ်တစ်ခု၌ မစ္စတာခိုမိုင်နီ အမိန့်ရှိသည်မှာ- ကျွန်တော်သည် ကိစ္စနှစ်ခုနှင့်ပါတ်သတ်၍ အလွန်ဝမ်းနည်းကျေကွဲမိသည်။ တစ်ခုမှာ- အစ္စလာမ်သာသနာ၏ အုပ်ချုပ်မှုလမ်းစဉ်သည် သာသနာ ကွန့်မြူးချိန်မှ စ၍ ယနေ့ထိ အောင်မြင်မှု့မရှိခဲ့ပေ။ နောက်ဆုံး တမန်တော်မြတ်(ဆွ)၏ ခေတ်အခါသမယတွင်ပင် အုပ်ချုပ်မှု့လမ်းစဉ်သည် ဖြစ်သင့်သည့်အတိုင်းအတာထိ မတည်မြဲ၊ မခိုင်မာခဲ့ပေ။
ကဲ..... ကြည့်။ ဒီလိုပြောမယ်ဆိုရင် တမန်တော်မြတ်(ဆွ)သည် ဤကမ္ဘာလောကသို့ ကြွမြန်းခဲ့သောလည်း အလ္လာဟ်အရှင်မြတ်၏ သာသနာတော်အား ပြည့်ပြည့်၀၀၊ တင်းပြည့်ကျပ်ပြည့် တာဝန်မကျေခဲ့ဖူးပေါ့။
အလ္လာဟ်အရှင်မြတ်သည် ကွရ်အာန်ကျမ်းတော်မြတ်၌ اليوم أكملت لكم دينكم သာသနာပြည့်စုံခဲ့ပြီဟူ၍ မိန့်တော်မူပြီး ဖြစ်ပါလျှက် မစ္စတာခိုမိုင်နီက မပြည့်စုံဖူးလို့ ပြောပြီး အလ္လာဟ်အရှင်မြတ်အား စောဒက တတ်နေတာလား။ ဒီလိုလူမျိုးကို ကာဖရ်လို့ မပြောရင် ဘယ်သူတွေကို ကာဖရ်လို့ ပြောရမလဲ။
၅။ နဗီအပေါင်းအား စော်ကားမှု
ဟစ်ဂ်ျရီ၁၄၀၀ခုနှစ်၊ ရှအ်ဗာန်လ ၁၅ရက်နေ့ မဟ်ဒီသခင်မွေးနေ့အခမ်းနားတွင် ဤသို့ ပြောဆိုသည်မှာ- နဗီတမန်တော်အပေါင်းသည် တရားမျှတမှု၏ အုတ်မြစ်များခိုင်မြဲစေရန် ဤလောကသို့ ကြွမြန်းလာသောလည်း နဗီတို့၏ထိပ်ခေါင် တမန်တော် မိုဟမ္မဒ်အပါအ၀င် တစ်ဦးတစ်ယောက်မျှပင် အောင်မြင်စွာ တာဝန်မထမ်းဆောင်နိုင်ခဲ့ပေ။ မုချဧကန် ထိုတာဝန်အား အောင်မြင်စွာ တာဝန်ယူနိုင်မည့် ပုဂ္ဂိုလ်မှာ مهدي منتظر ဖြစ်သည်။
ကဲ........ကြည့်ကြပါဦး.....။ နဗီတွေကို ဘယ်လိုစော်ကားနေလဲဆိုတာ။ အဲ့နောက်တော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြပေါ့။
၆။ ဆွဟာဗဟ်တွေကို ကာဖရ်ဖြစ်ကြောင်း အတိအလင်း ကြေငြာမှု
مرتضى محمد الحسيني النجفي က كتاب السبعة من السلف စာမျက်နှာ (၇) တွင် ရေးသားထားသည်မှာ- မုချ တမန်တော်မြတ်(ဆွ)သည် မိမိနောက်လိုက် ဆွဟဗဟ်များ၏ လှည့်ဖြားခြင်းကို ခံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အချို့ဆွဟာဗဟ်များမှအပ ကျန်ဆွဟာဗဟ်များသည် တမန်တော်ဝဖားသ် ဖြစ်ပြီးနောက် မွရ်သဒ် ဖြစ်ကုန်ကြသည်။
إمام زين الدين النباطي ကالصراط المستقيم ကျမ်း အတွဲ(၃) စာမျက်နှာ (၁၂၉)၌ ရေးသားထားသည်မှာ အုမရ်ဗင်န်ခက်သွာဗ်သည် ကာဖရ်တစ်ယောက် ဖြစ်သည်။ သူသည် အစ္စလာမ်အား အပေါ်ယံအားဖြင့် လက်ခံထားပြီး အတွင်း၌ ကွဖ်ရ်အား သိုဝှက်ထားသူဖြစ်သည်။
ကဲ .... ဘာပြောကြဦးမလဲ.......။ ကျွန်တော်ကို လူတစ်ယောက်က ရှီအာကာဖရ်လို့ ပြောလို့ ကွန်မန့်ပစ်သွားတယ်။ မွတ်စ်လင်မ်တစ်ယောက်ကို ကာဖရ်လို့ပြောရင် ပြောတဲ့သူ ကာဖရ်ဖြစ်တယ်လို့ ဗိုခါရီကျမ်းအကိုးအကားနဲ့ လာမန့်သွားတယ်။ အဲ့လိုဆို رضي الله عنهم ورضوا عنهဆိုပြီး အလ္လာဟ်အရှင်မြတ် ကိုယ်တိုင် ကျမ်းတော်မြတ်ကွရ်အာန်တွင် ချီးမွန်းထားသော ဆွဟာဗဟ်များ၊ အရှရဟ်မိုဘရှှ်ရှရဟ် ဂျန္နသ်၏သတင်းကောင်းပေးခံထားရသော ဆွဟာဗဟ် တွေကို ကာဖရ်လို့ ဖသ်ဝါပေးတော့ ဘယ်သူကာဖရ်ဖြစ်မလဲ။
တော်တော်ကို ပေါက်ကွဲနေပြီဗျာ.......။ အက်ဒ်မင်န်တွေကို အားနာလို့ပါဗျာ.......။ မဟုတ်ရင်တော့ ဒီလိုလူတွေအတွက် ကျွန်တော့်နှုတ်ကနေ အကောင်းတစ်ခုမှကို ထွက်မှာမဟုတ်ဖူး။
၇။ မိခင်မွန်ကြီး ဟဇရသ်အာအေရှာအား စွပ်စွဲပြောဆိုမှု
رجب البرسي الشيعي က مشارق أنوار اليقين ကျမ်း စာမျက်နှာ (၈၆)တွင် ရေးသားထားသည်မှာ- အာအေရှာသည် ဒီနာရ်လေးဆယ်အား အလွဲသုံးစားပြု၍ စုဆောင်းထားခဲ့သည်။ ထို့နောက် အလီသခင်အား မုန်းတီးသူများအား ဝေခွဲပေးခဲ့သည်။
الصراط المستقيم အတွဲ(၁) စာမျက်နှာ (၁၈၇)တွင် လာရှိသည်မှာ အာအေရှာသည် အလီသခင်နှင့် စစ်မက်ဖြစ်ပွါးရန် တစိုက်မတ်မတ် ပြုလုပ်ခဲ့ပြီး သောင်ဗဟ် မလုပ်ခဲ့ပေ။ ဤသည်ပင်လျှင် ထိုသူမ၏ ကာဖွရ်ဖြစ်မှု့နှင့် ကွဖ်ရ်ပေါ်တွင် ရှိခဲ့ကြောင်းကို ညွှန်ပြနေသည်။
تفسير العياشي 2/243، البرهان للبحراني 2/345، بحار الأنوار للمجلسي 4/378، 8/220 တို့တွင် : 44 "لها سبعة أبواب" سورة الحجر :ဤအာယသ်နှင့်ပါတ်သတ်ပြီး သဖ်စီးရ်လုပ်ထားသည်မှာ ဂျဟန္နမ်တွင် တံခါး(၇)ပေါက်ရှိသည်။ ဆဌမမြောက်တံခါးသည် عسكر အတွက်ဖြစ်သည်။ عسكر ဆိုသည်မှာ ဟဇရသ်အာအေရှာအား ရှီအာတို့ပေးထားသော နာမည်တစ်ခုဖြစ်သည်။ နာမည်ပေးရခြင်း၏ အကြောင်းအရင်းမှာ- ဟဇရသ်အအေရှာသည် ဂျမလ်စစ်ပွဲတွင် ကုလားအုတ်အား စီးနှင်းခဲ့သည်။ ထိုကုလားအုတ်၏ နာမည်မှာ عسكر ဖြစ်သည်။
المفسّر العياشي عن عبد الصمد بن بشير عن الإمام الصادق ဆင့်ဆိုသည်မှာ- အေမာမ်ဆွာဒီးက် အမိန့်ရှိသည်မှာ တမန်တော်မြတ်(ဆွ)သည် ကွယ်လွန်သေဆုံးသွားသည်လော သို့မဟုတ် အသတ်ခံရသည်လော။ မုချဧကန် တမန်တော်သည် အဆိပ်ခတ်ခံခဲ့ရသည်။ ဟဇရသ်အာအေရှာနှင့် ဟဇရသ်ဟဖ်စဟ်တို့သည် တမန်တော်မြတ်(ဆွ)အား အဆိပ်တိုက်ခဲ့သည်။ ထိုသူမနှစ်ဦးနှင့် ၎င်းတို့၏ဖခင်များ(ဟဇရသ် အဗူဗက်ရ်နှင့် ဟဇရသ် အွမ္မရ်)သည် အလ္လာဟ်အရှင်မြတ်၏ အဖန်ဆင်းခံများတွင် အဆိုးသွမ်းဆုံးသော သူများပင်ဖြစ်သည်။تفسير العياشي 1/200
ကဲ....... ရေးရမယ်ဆိုရင် ကုန်တော့မှာမဟုတ်တော့ဖူး။ နောက်တော့ အလျင်းသင့်လျှင် သင့်သလို ထပ်ပြီး ရေးသားတင်ပြပေးပါ့မယ်။ အထက်၌တင်ပြခဲ့တာတွေက ရှီအာတွေရဲ့ အနုညံ့သိမ်မွှေ့သော ယုံကြည်ချက်၊ စွပ်စွဲချက်၊ ရမ်းကားမှုများဖြစ်ပါတယ်။ အဲ့ဒါတွေထက်ပိုပြီး ရိုင်းတာတွေလည်း အများကြီး ရှိနေပါသေးတယ်။ ရေးရမှာ ရှက်လို့ မရေးပေးတော့ဖူး။ တကယ်လို့ ရှီအာတွေ သိချင်တယ်ဆိုရင်တော့ ကျွန်တော်တင်ပေးပါ့မယ်။ ဒါပေမယ့် ကျွန်တော် ပြန်လည်သုံးသပ် ဝေဖန်တာတွေကိုတော့ စိတ်မဆိုးရဖူးနော်။ အလ္လာဟ်ရဟ်မသ်တော်နဲ့ ရှီအာတွေရဲ့ ဇစ်မြစ်ကိုလှန်ဖို့အတွက် ကုန်ကြမ်းပစ္စည်းတွေ အပြည့်ရှိနေပါတယ်။ အရဗီ၊အွရ်ဒူ၊ဖာရစီ သုံးမျိုးလုံးနဲ့ ရှီအာစာအုပ်တွေထဲကနေ သက်သေပြနိုင်ပါတယ်။ တကယ်လို့ ကျွန်တော်တင်ထားတဲ့ ခင်ဗျားတို့အေမာမ်တွေ၊ ပညာရှင်ကြီးတွေရဲ့ ယုံကြည်ချက်တွေက ခင်ဗျားတို့ သဘောထားနဲ့ မတိုက်ဆိုင်ဖူးဆိုရင် ကျေးဇူးပြုပြီး အစ္စလာမ်သာသနာထဲကို ကူးပြောင်းလာဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အစ္စလာမ်က ခင်ဗျားတို့ကို လိုအပ်နေလို့တော့ မဟုတ်ဘူးနော်။ ခင်ဗျားတို့က အစ္စလာမ်ကို လိုအပ်တယ်ထင်ရင် ခင်ဗျားတို့ကို အစ္စလာမ်သာသနာက အချိန်မရွေး၊နေရာမရွေး ကြိုဆိုနေမှာပါ။
အစ္စလာမ်သာသနာဝင်တို့အား လေးစားလျှက်.......
Martyr
Post a Comment