ဒီပို့စ်လေးကို ဒီဇင်ဘာလစကတည်းက ခရစ်မတ်မတိုင်ခင် တစ်ပတ်လောက်အလိုမှာ
တင်ပေးမယ်လို့ ရည်စူးခဲ့မိတယ်။ မှတ်စုတွေလည်း အများကြီး ရေးမှတ်ထားခဲ့တယ်။
သို့သော် စာတစ်ဖက်နဲ့ တူတူ ဒိုမိန်းကိစ္စ၊ စာကြည့်တိုက်ကိစ္စ၊
အွန်လိုင်းဖသ်ဝါကိစ္စတွေနဲ့ လုံးပမ်းနေရင်းကနေ တိုက်ပင်ရိုက်ဖို့ အချိန်ကို
မရခဲ့လိုက်သလို၊ မေ့ပါသွားတယ်။ အလ္လာဟ်အရှင်မြတ် ကျွန်တော့်ရဲ့
အပြစ်ဂိုနဟ်တွေကြောင့် ကောင်းမှု့တစ်ခုပြုကျင့်ဖို့၊ မကောင်းမှု့တွေကို
ရှောင်ရှားရန် အသိပေး နှိုးဆော်ဖို့ လက်မခံလိုက်ခြင်းပါပဲ။
အတ်စ်သဂ်ဖိရွလ္လာဟ်...။
အခန်းဖော် သူငယ်ချင်းတစ်ယောက်က သတိပေးလိုက်တော့မှ ခရစ်မတ်အကြောင်းပို့စ်ရေးဖို့ကို သတိရသွားတယ်။ ဒါပေမယ့် သိတဲ့အချိန်က အရမ်းကို နှောင်းနေပြီ။ ဘာပဲ ဖြစ်ဖြစ် အနည်းငယ်ပဲ အကျိုးရှိမယ်ဆိုပြီး အကုန်လုံးကို စွန့်ပစ်ခြင်းဟာ အသိဥာဏ်ရှိသူတွေရဲ့ လုပ်ရပ်မဟုတ်ဆိုတော့ အရှင်မြတ်ထံ တောင်းဆုပြုရင်း ခရစ်မတ်အကြောင်းကို အကျဉ်းချုံးပြီး ရေးသားလိုက်ပါတယ်။ ဖတ်ရှု့ပေးပါဦးး
မွေးနေ့နှင့် ပတ်သက်၍
အစ္စလာမ်သာသနာတော်မှာ မည်သူအကြီးအကဲတစ်ယောက်ရဲ့ မွေးနေ့ကျင်းပခြင်းဆိုပြီး မရှိပါဖူး။ သာသနာ့ပညာရှင်များဟာ မြတ်နဗီရဲ့ မွေးနေ့ကျင်းပခြင်းကိုပင်လျှင် ဗစ်ဒ်အသ်(လုပ်ရင် ဟရာမ် ဖြစ်တယ်။) တရားသစ်တီထွင်ခြင်းလို့ သတ်မှတ်ထားခဲ့တယ်။ မွေးနေ့ပွဲ ကျင်းပခြင်းဟာ အစ္စလာမ်ရဲ့ အမွေအနှစ်တစ်ခုမဟုတ်ပါဖူး။ ဒါကြောင့် မည်သည့်မွေးနေ့ပွဲမဆို ပြုလုပ်ခွင့်မရှိဖူး။ တမန်တော်အီဆာ(အ.စ)ရဲ့ မွေးနေ့ဆိုရင်လည်း ပြုလုပ်ခွင့် မရှိပါဖူး။
ဒီဇင်ဘာ (၂၅)နှင့် ပတ်သက်၍
ဒီဇင်ဘာ (၂၅)ရက်နေ့ကို ခရစ်ယှာန်တွေက ခရစ်တော်မွေးနေ့ဆိုပြီး သတ်မှတ်ထားကြတယ်။ အမှန်တော့ အဲ့ဒီရက်စွဲဟာ လုပ်ကြံသတ်မှတ်ထားခြင်းပဲ ဖြစ်တယ်။ ဒီဇင်ဘာ(၂၅) Christmas Day သို့မဟုတ် Xmas Day ဆိုတာ....
ဟဇရသ်အီဆာ(အ.စ)၏ မွေးနေ့နှင့် ပတ်သက်၍
၁။ ဒီဇင်ဘာလ (၂၅) နှောင်းလူများ သတ်မှတ်လိုက်သည့်အတိုင်း
၂။ ဒီဇင်ဘာလဆိုပြီး သတ်မှတ်နိုင်သော်လည်း ရက်အတိအကျ မသိ
၃။ စက်တင်ဘာလ
၎။ သြဂုတ်လ
၅။ ဇနဝါရီလ
စသည်ဖြင့် ခရစ်ယှာန်ဘုန်းတော်ကြီးများ၏ စာအုပ်များတွင် ဖော်ပြထားတာကို တွေ့ရမှာ ဖြစ်တယ်။ ဒါတွေအားလုံးဟာ မသေချာမှု့ရဲ့ အထောက်အထားတွေသာ ဖြစ်တယ်။
ကွဲလွဲနေခြင်းနှင့် ပတ်သက်၍ အစ္စလာမ့်အမြင်
၁။ တမန်တော်အီဆာ(အ.စ)၏ မွေးနေ့ နေ့စွဲအား တိကျစွာ သိရှိခြင်းဟာ အာခေရသ်အတွက် အကျိုးပြုမယ့်၊ အထောက်အကူပြုမယ့် ကိစ္စမဟုတ်ပါဖူး။ အဲ့လိုပဲ အဲ့ဒီနေ့စွဲတစ်ခုကို မသိလိုက်လို့ ဆုံးရှုံးမှု့ဖြစ်မှာ မဟုတ်ပါဖူး။ အကယ်လို့ အာခေရသ်အတွက် ကောင်းကျိုးရှိခဲ့မယ်ဆိုရင် စင်္ကြာဝဠာတစ်ခုအတွက် ဂရုဏာအဖြစ် စေလွှတ်ခံရတဲ့ မြတ်နဗီ(ဆွ)က မပြောပဲ နေမှာမဟုတ်ပါဖူး။ မြတ်နဗီ(ဆွ) မပြောပဲနေခဲ့ခြင်းဟာ အရေးကြီးတဲ့ ကိစ္စတစ်ခုမဟုတ်ဖူး ဆိုတာကို မီးမှောင်းထိုးပြနေတာပါပဲ။
၂။ လွန်ခဲ့သော နှစ်ပေါင်းများစွာ ကိစ္စတစ်ခုဖြစ်တယ်။ ဒီအကွယ်က ကိစ္စကို သိနိုင်ဖို့ ကျွန်တော်တို့အတွက် လမ်းစတစ်ခုပဲ ရှိတယ်။ အဲ့ဒီလမ်းစကတော့ ဝဟီသာလျှင်ဖြစ်တယ်။ သို့သော် ဝဟီကျရောက်ခြင်းဟာ မြတ်နဗီ(ဆွ)နဲ့ နိဂုဏ်းချုပ်သွားပြီဖြစ်တဲ့အတွက် သိဖို့ ကြိုးစားခြင်းဟာ အချည်းအနှီးသာလျှင် ဖြစ်လိမ့်မယ်။ ဆုံးဖြတ်ခြင်းဟာ မိုက်မဲမှု့ တစ်ခုသာလျှင်ဖြစ်မယ်။
(မှတ်ချက်။ ။ ဗဟုသုတအတွက် လေ့လာခြင်းအား ဆိုလိုသည်မဟုတ်ပါ။)
၃။ ကျမ်းမြတ်ကုရ်အာန်တွင် ဟဇရသ်အီဆာ(အ.စ) ဖွားမြင်တော်မူခြင်းနှင့်ပတ်သက်၍ အနည်းငယ်တင်ပြထားတယ်။ အာယသ်တော်မှာ စွံပုလွန်သီးကို ဖော်ပြထားတယ်။ ဒါကြောင့် တချို့ပညာရှင်တွေက ချမ်းအေးပြီး နှင်းကျတဲ့ ဒီဇင်ဘာတော့ မဟုတ်ဖူး နွေရာသီပဲဖြစ်မယ်လို့ ယူဆကြတယ်။ တချို့ပညာရှင်တွေကတော့ အဲ့ဒီရဲ့ ပြောင်းပြန် ယူဆကြတယ်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က ဟဇရသ် မရ်ယမ်သခင်မအတွက် နွေရာသီမှာ ဆောင်းတွင်းရဲ့အသီးအနှံတွေ ချီးမြှင့်ပေးသနားတော်မူတယ်။ ဆောင်းရာသီမှာ နွေဥတုရဲ့ အသီးအနှံတွေ ချီးမြှင့်ပေးသနားတော်မူတယ်။ ဒါကြောင့် နွေရာသီမှာ သီးတဲ့စွံပုလွန်ကို ဆောင်းတွင်းမှာ ပေးသနားခြင်းဖြစ်တယ်လို့ ယူဆကြတယ်။ မည်သို့ပင်ဖြစ်စေ ထင်မြင်ချက်သည် ယတိပြတ်ဆုံးဖြတ်ချက် လု့းးဝမဖြစ်နိုင်ပါဖူး။
၎။ တမန်တော်အီဆာ(အ.စ)ရဲ့ မွေးနေ့ဟာ အာရှုရာနေ့ဖြစ်တယ်ဆိုတာကို ကျွန်တော်အနေနဲ့ အာရှုရာနေ့ကြောင်းကို တင်ပြတုန်းကေ၇းသားခဲ့ဖူးပါတယ်။ အာရှုရာနေ့ဆိုတာ လကြည့်၍ သတ်မှတ်ခြင်းဖြစ်တယ်။ ဒီဇင်ဘာ(၂၅)ဆိုတာ နေနှင့်သက်ဆိုင်တဲ့ သတ်မှတ်မှု့တစ်ခုဖြစ်တယ်။ တွက်ချက်နည်းတွေအရ ကြည့်လိုက်မယ်ဆိုရင်.... ဒီဇင်ဘာလ ဘယ်လိုမှ မဖြစ်နိုင်တာကို တွေ့ရမယ်။ (အင်န်ရှာအလ္လာဟ် အချိန်ရလျှင် ခရစ်သက္ကရာဇ်၊ ဟိဂ်ျရီသက္ကရာဇ် ကွာဟပုံ၊ တွက်ချက်ပုံကို အလွယ်ကူဆုံးပုံစံနဲ့ တင်ပြပေးပါမယ်။)
ဒီဇင်ဘာ(၂၅)၏ ရုပ်သွင်အမှန်
ခရစ်သက္ကရာဇ်ဟာ ရောမလူမျိုးတွေရဲ့ တွက်ချက်နည်းတစ်မျိုးသာဖြစ်တယ်။ ရောမလူမျိုးတွေမှာ ဘုရားကြီး ဆယ့်နှစ်ဆူ ရှိပြီး အကြီးဆုံးဘုရားကို စိုးလ် လို့ ခေါ်ကြတယ်။ အဲ့ဒီဘုရားရဲ့ မွေးနေ့အဖြစ် ဒီဇင်ဘာ(၂၅)ကို သတ်မှတ်ပြီး ပွဲတော်တွေ ကျင်းပကြတယ်။ ဒီပွဲတော်ကို ပိုမိုစည်ကားအောင်၊ လူတွေစိတ်ပါလာအောင် ခရစ်မတ်ပွဲတော်(ခရစ်တော်မွေးနေ့)ဆိုပြီး အမည်ပြောင်း သတ်မှတ်လိုက်ကြခြင်း သာဖြစ်တယ်။
ခရစ်မတ်သစ်ပင်နှင့်သမိုင်းအမှန်
ခရစ်မတ်အပင်နဲ့ ပတ်သက်ပြီး နာမည်အမျိုးမျိုးရှိပြီး အမျိုးအစားခွဲထားတာကို တွေ့ရမှာဖြစ်တယ်။ ရေမြေဒေသမတူတဲ့အပေါ် ဒီလိုဖြစ်လာတယ်လို့ သတ်မှတ်ကြတယ်။ အကျယ်တဝန့် သိချင်ရင် ဒီမှာ ကြည့်နိုင်ပါတယ်။ သမိုင်းအစစ်ကတော့....
Babylon (ဘေဘီလုံမြို့)မှာ Nimrod နင်မ်ရွတ်ဒ် ဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူ့ရဲ့မိခင် Semiramis စမီးရမစ် (အရဗ်တွေကတော့ စမီးရ် အမီးစ်လို့ ခေါ်ကြတယ်။) နဲ့ အိမ်ထောင်ပြုခဲ့တဲ့ လူယုတ်မာကြီးပေါ့။ ရုတ်တရက် သူသေသွားပြီးတဲ့နောက် သူ့မိခင်က အယူဝါဒဆိုးတစ်ခုကို တီထွင်ပြီး ဖြန့်ခဲ့တယ်။ နင်မ်ရွတ်ဟာ ဝိဥာည်သဏ္ဍာန်နဲ့ အရိပ်တစ်ခုလို ရှိနေတယ်။ ပြီးတော့ သေနေတဲ့ ပင်စည်တစ်ခုမှာ အမြဲစိမ်းနေမယ့် အပင်တစ်ပင်ပေါက်လာခဲ့တယ်လို့ ကြွေးကြော်ခဲ့တယ်။ ဒါဟာ သေသွားတဲ့ နင်မ်ရွတ်ဒ် တဖန်ပြန်ရှင်လာခြင်းပဲဖြစ်တယ်။ ဒီအပင်ကို နင်မ်ရွတ်ဒ်က သူ့မွေးနေ့တိုင်းမှာ လာကြည့်တယ်။ လက်ဆောင်တွေ ချိတ်ပေးခဲ့တယ်လို့ ပြောဆို၊ ယုံကြည်ခဲ့တယ်။ နင်မ်ရွတ်ဒ်ရဲ့ မွေးနေ့ဟာ ဒီဇင်ဘာလ(၂၅)ရက်နေ့ပဲ ဖြစ်တယ်။ နောက်ပိုင်းမှာ အဲ့ဒီ အယူအဆဟာ ပြန့်ကျက်လာရင်းကနေ ခရစ်ယှာန်ဘာသာထဲကို အကီဒဟ်(ယုံကြည်မှု့)အသွင်နဲ့ ဝင်ရောက်သွားခဲ့တယ်။ ပြောင်းလဲ ပြင်ဆင်မှု့ များလွန်းတဲ့ ခရစ်ယှာန်ဘာသာမှာ ဒီအပင်နဲ့ သမိုင်းကို လူသိမများတော့ပဲ ခရစ်မတ်သစ်ပင်လို့သာ လူသိများကုန်တယ်။ ခရစ်တော်မွေးနေ့မှာ မွေးနေ့လက်ဆောင်ပေးတဲ့ အထိမ်းအမှတ်နဲ့ ဒီအပင်ပေါ်မှာ လက်ဆောင်တွေကို ချိတ်ဆွဲခဲ့ကြတယ်။ အမှန်တော့ ဒီအယူအဆဟာ ခရစ်ယှာန်တွေရဲ့ မူလယုံကြည်မှု့တစ်ခု မဟုတ်ပဲ ရုပ်တုကိုးကွယ်သူတွေထံက ရလာတဲ့ အမွေဆိုးကြီးတစ်ခုသာဖြစ်တယ်။
ဒီအကြောင်းတွေကို ထပ်ပြီး သိချင်တယ်ဆိုရင် အင်္ဂလိပ်တတ်ကျွမ်းသူတွေအနေနဲ့ The plain truth about the Christmas မှာ ဖတ်ရှု့နိုင်ပါတယ်။
ခရစ်မတ်နဲ့ ရှရီအသ်
၁။ ခရစ်မတ်နေ့မှာ ဟက်ပီးခရစ်မတ်၊ မယ်ရီခရစ်မတ်၊ ခရစ်မတ်မှာ ပျော်ရွှင်ပါစေ စသည်ဖြင့် ပြောဆိုခြင်း၊ ခရစ်မတ်အသုံးအဆောင်ပစ္စည်းများ အသုံးပြုခြင်း၊ လက်ဆောင်ပေးခြင်း စသည်တို့ဟာ ဟရာမ်ဖြစ်တယ်။
၂။ ဘာသာခြားများရဲ့ မည်သည့်ပွဲလမ်းသဘင်မဆို ပါဝင်ပေးခြင်း၊ အားပေးခြင်း၊ ကူညီခြင်း စတာတွေဟာလည်း တရားတော်မြတ်မှာ ပြင်းပြင်းထန်ထန် ပိတ်ပင်ထားတဲ့ အရာတွေသာဖြစ်တယ်။
၃။ ကလေးငယ်များအား ပျော်ရွှင်စေရန်အတွက်ဖြစ်စေ၊ မိမိကိုယ်တိုင် ပျော်ရွှင်စေရန်အတွက်ဖြစ်စေ မီးပန်းများ လွှတ်ခြင်း၊ မီးထွန်းခြင်း စတာတွေဟာ လမ်းမှားခြင်းသာဖြစ်ပြိး တရားတော်အရ မပြုပိုင်တဲ့ ကိစ္စတွေသာဖြစ်တယ်။
၎။ အိမ်က ပေးမသွားလို့... ဘယ်သူက ခွင့်မပြုလို့... ငါတို့တော့ မပျော်လိုက်ရဖူး။ ငါက ခရစ်မတ်မှာ အသေကဲမလို့ ...............ကြောင့် မသွားလိုက်ရဖူး။ သွားချင်လိုက်တာ။ စသည်ဖြင့် လုံးဝ မပြောဆိုသင့်ပေ။
၅။ ခရစ်မတ်နေ့မှာ အထူးပြုပြီးလုပ်တဲ့ နင်မ်ကင်းန်၊ ဟလဝါ၊ ကြက်ဆင်ဟင်း၊ စပျစ်ချိုနှင့် အခြားစားသောက်ဖွယ်ရာများ ကျွေးမွေးလာပါက မစားသင့်ပေ။ အားနာပါက ယူထားပြီး အမှိုက်ပုံးထဲ ထည့်လိုက်ပါ။ တိရိစ္ဆာန်ကိုပင် မကျွေးမိပါစေနှင့်။
(ဤအမိန့်အားလုံးသည် အွန်လိုင်းတွင်ဖြစ်စေ၊ အပြင်တွင်ဖြစ်စေ နေရာတိုင်း၌ အကျုံးဝင်သည်။)
အချိန်မရတဲ့အတွက် ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတယ်။
ဘရှီးလေး(မေမြို့)

- အဆိုတစ်ခုအရ တမန်တော်အီဆာ(အ.စ) မွေးဖွားပြီး နှစ်ပေါင်း ၃၄၀မှ စတင်သတ်မှတ်ထားတယ်လို့ တွေ့ရှိရတယ်။
- နောက်အဆိုတစ်ခုမှာ နှစ်ပေါင်း ၃၃၆၊
- နောက်အဆိုတစ်ခုမှာ လေးရာစု(နှစ်ပေါင်း ၄၀၀)၊
- နောက်အဆိုတစ်ခုမှာတော့ နှစ်ပေါင်း ၃၈၀မှာ ဖြစ်ပေါ်လာတယ်လို့ တွေ့ရှိရပါတယ်။

အထူးမေတ္တာရပ်ခံခြင်း.....။
ချက်ချင်းမရေးနိုင်မှာကို
စိုးရိမ်မိတဲ့အတွက် လိုအပ်သည်ခန့် တင်ပြထားတာရယ် ပြီးတော့
အင်န်ရှာအလ္လာဟ်....။ ကျွန်တော် ဒီပို့စ်ကို အထောက်အထား စုံလင်စွာနဲ့
ပြန်လည်ဖြည့်စွက် ရေးသားမှာ ဖြစ်တဲ့အတွက် မည်သည့်နေရာတွင်မှ
ပြန်လည်ကူးယူတင်ပြခြင်း မပြုပါရန်....။
ဘရှီးလေး(မေမြို့)
Post a Comment