ပထမပိုင်းနှင့်ဒုတိယပိုင်းအား ဖတ်လိုလျှင် ပထမပိုင်း... ဒုတိယပိုင်း... ကို နှိပ်ပါ။ သို့မဟုတ်ပါက ယခုလင့်ခ်၏ နောက်ဆုံး part-3 အား part-1 (သို့) part-2 ဟု အစားထိုး၍ ဖတ်ရှု့နိုင်ပါသည်။
အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်၏ ဦးနှောက်နှင့် တွေးခေါ်ပုံသည် အခြားတစ်ဦးနှင့် လုံးဝ မတူနိုင်ချေ။ အကြောင်းမှာ- လူသားသည် ဝဟီ၏ ရှေ့ဆောင်လမ်းပြမှု့ကင်းသော ဦးနှောက်အား လွတ်လပ်သော ဦးနှောက် (သို့မဟုတ်) အတွေးအခေါ် လွတ်လပ်မှု့ဟု မှတ်ယူကြ၏။ သို့သော် လက်တွေ့တွင် လူသားသည် မိစ္ဆာစိတ်ရိုင်းနှင့် မကောင်းသော တပ်မက်မှု့တို့၏ ကျေးကျွန်ဖြစ်သွားလေသည်။ ဤသည် အယုတ်ညံ့ဆုံးသော၊ အသေးသိမ်ဆုံးသော ကျွန်ဖြစ်ခြင်းပင်။
ထို့ကြောင့် ကျမ်းမြတ်ကုရ်အာန်၏ ဝေါဟာရတွင် ဤကဲ့သို့သော ဦးနှောက်၊အတွေးအခေါ်အား "ဟဝါ" هوى passion ဟု သုံးနှုံးဖော်ပြ၏။
ကျမ်းမြတ်ကုရ်အာန်တွင် လာရှိသည်မှာ-
စင်စစ်သော်ကား အကယ်၍သာအမှန်တရားသည်(အလ္လာဟ် အရှင်မြတ်သည်) ၎င်းတို့၏အလိုဆန္ဒ များကို လိုက်နာခဲ့ပါလျှင်၊ မိုးကောင်းကင်များသည် လည်းကောင်း၊ ပထ၀ီမြေသည်လည်း ကောင်း၊ ယင်းမိုး ကောင်းကင်များနှင့်ပထ၀ီမြေ၌ ရှိသူတို့သည် လည်းကောင်း၊ အမှန်ပင် ပျက်စီးသွားခဲ့ကြမည်သာ။
Legal Theory စာအုပ်ပါ အခန်းကဏ္ဍတစ်ခု၌ Philosopher ဒဿနိကဗေဒပညာရှင်များ၏ အုပ်စုတစ်ခုအား ဖော်ပြထား၏။ ထိုအုပ်စု၏ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ တွေးခေါ်ပုံအား Cognitvist Theory ဟု လူသိများလေသည်။ ထို အတွေးအခေါ်နှင့် စပ်လျင်း၍ အလွန်ကျော်ကြားသော ဝါရင့်သဘာရင့် ဥပဒေပညာရှင်ကြီး Dr. Friedman က မိမိစာအုပ် Legal Theory တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထား၏။
“Reason is and ought only to be the slave of the passions and can never pretend to any other office than to serve and obey them”
ဆိုလိုသည်မှာ- ဦးနှောက်၏ စဉ်းစားတွေးခေါ်မှု့သည် မိစ္ဆာစိတ်၊ တပ်မက်စိတ်တို့၏ ကျေးကျွန်သာ ဖြစ်ပေသည်။ စဉ်းစားဥာဏ်သည် လူ့စိတ်ရိုင်း၏ နောက်လိုက်ကျွန်သာလျှင် ဖြစ်ထိုက်ပေသည်။ ၎င်းအဖို့ လူ့တပ်မက်စိတ်၏ ကျွန်ဖြစ်ခြင်း၊ စိတ်၏ အမိန့်နာခံခြင်းမှအပ အခြား လုပ်နိုင်ဖွယ်ဟူ၍ အလျင်းမရှိပေ။
ဤ အတွေးအခေါ်မှ ရရှိလာသော ရလဒ်အား Dr. Friedman ၏ စာလုံးများတွင် ရှု့စားပါလေ။
“Every thing else but also words like ‘good’, ‘bad’, ‘ought’, ‘worthy’ are purely emotive, and there cannot be such thing as ethical or moral science”
ဆိုလိုသည်မှာ- ကောင်းခြင်း၊ ဆိုးခြင်း၏ ပုံဖော်သတ်မှတ်မှု့၊ လုပ်သင့်သည်၊ လုပ်ရန် ထိုက်တန်သည်ဟူသော စာလုံးတို့သည် စိတ်၏ ခံစားမှု့ သက်သက်သာ ဖြစ်ပေသည်။ ထို့အပြင် ကိုယ်ကျင့်တရားဆိုင်ရာ ပညာဗေဒ ဟူ၍ လောကတွင် မရှိနိုင်ပေ။
ဤစဉ်းစားတွေးခေါ်ပုံသည် ကိုယ်ကျင့်တရားဆိုင်ရာ အတွေးအခေါ်၏ အခြေခံ အုတ်မြစ်အတွက် မည်မျှပင် မှားနေပါစေ၊ မကောင်းသောအရာ ဖြစ်နေပါစေ ဘာသာမဲ့ဝါဒ၏ တွေးခေါ်ပုံအား အလွန်မှန်ကန်စွာ၊ တိတိကျကျ ဖွင့်ဆိုပြသလိုက်ခြင်း ဖြစ်ပေသည်။ အမှန်ပင် ဤ "လောကတွင် ကိုယ်ကျင့်တရားဆိုင်ရာ မည်သည့်အရာမှ မရှိ" ဟူသော စကားသည် ဘာသာမဲ့ဝါဒီ တစ်ဦးအနေနှင့် ဦးနှောက်၏ နောက်လိုက်ခြင်းဖြင့် မုချရမည့် ရလဒ်ပင် ဖြစ်၏။ ထိုမှလွဲ၍ အခြား ရထိုက်တန်ရာ မရှိပေ။ ထို့အပြင် လူသား၏ ပြောဆို၊ လုပ်ကိုင်ပုံတို့အပေါ် မိမိစိတ်ရိုင်း၏ ပြင်းပြတောင်းဆိုမှု့များသာ အစိုးရမည်ဖြစ်၏။
သေချာသည်မှာ- ဘာသာမဲ့ဝါဒ၏ တွေးခေါ်ပုံနှင့် ကိုယ်ကျင့်တရားတို့သည် မည်သို့မှ တစ်ထပ်တည်းကျနိုင်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သစ်လွင်မှု့အားနှစ်ခြိုက်ခြင်း၊ ခေတ်နောက်လိုက်ခြင်း၏ ဇတ်ခုံပေါ်တွင် လူသားသည် လုပ်ရပ်တစ်ခုအား မကောင်းသောအရာဟု သိလင့်ကစား မဖြစ်မနေ ကျင့်သုံးနေရသည့် အခြေအနေများလည်း ရှိနေ၏။ ထိုသို့ ကျင့်သုံးနေရခြင်းမှာ ဘာသာမဲ့ဝါဒ၏ တွေးခေါ်ပုံအရ ထိုလုပ်ရပ်အား ငြင်းပယ်ရန် အထောက်အထားမရှိသောကြောင့်ပင် ဖြစ်၏။
ယနေ့ ဤကိစ္စများနှင့် ပတ်သက်၍ အနောက်တိုင်း အတွေးအခေါ် ပညာရှင်များ စဉ်းစားရင်း မျှော်လင့်ချက် မဲ့လာကာ ခေါင်းကိုက်နေကြရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်တွင် ဗြိတိန်နိုင်ငံ၏ ပြည်သူ့လွှတ်တော်၌ အတည်ပြုပေးခဲ့သော လိင်တူဆက်ဆံခြင်းအား နိုင်ငံတွင်းရှိ များစွာသော အတွေးခေါ် ပညာရှင်များ လက်မခံခဲ့ပေ။ ကောင်းသည်ဟုလည်း မသတ်မှတ်ခဲ့ကြ။ သို့သော် မငြင်းပယ်နိုင်ပဲ လက်ခံခဲ့ကြရသည့် အဓိက အကြောင်းမှာ- ခေတ်နှင့်အညီနေထိုင်ခြင်းဟူသော အယူဝါဒတွင် မည်သည့် မကောင်းမှု့ပင် ဖြစ်စေ လူအများကျင့်သုံးလာပြီး ရေပန်းစားလာပါက ဥပဒေအရ ခွင့်ပြုချက်ပေးရခြင်း ဖြစ်လေသည်။ ဤကိစ္စများအား ကိုင်တွယ်ဖြေရှင်းနေသော Wolfender Committee ၏ စကားများမှာ အဘယ်မျှ သံဝေဂ ယူထိုက်ပါဘိနည်း။
“Unless a deliberate attempt is made by society acting through the agency of the law to equate this fear of crime with that of sin, there Must remain a realm of private morality and immorality which in brief and crude terms is not the law’s business.”
ဆိုလိုသည်မှာ- ဥပဒေဘောင်အတွင်း နေထိုင်လျှက်ရှိသော လူ့ပတ်ဝန်းကျင်တစ်ခုမှ ရာဇဝတ်မှု့အား ကြောက်ရွံ့ခြင်းနှင့် ဘုရားပညက်တော် မလိုက်နာမှု့အား ကြောက်ရွံ့ခြင်းကို တစ်ပြေးညီ ဖြစ်စေရန် အလေးအနက် စဉ်းစားသုံးသပ်ကာ မကြိုးစားသမျှ ကာလပတ်လုံး ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ စာရိတ္တ ယုတ်ညံ့ခြင်း တို့၏ သြဇာသက်ရောက်မှု့ ကျန်ရှိနေဦးမည် ဖြစ်၏။ ဤ(ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းနှင့် စာရိတ္တ ယုတ်ညံ့ခြင်းတို့)သည် တိုတောင်းသော အနှစ်ချုပ် စကားလုံးများ ဖြစ်သော်လည်း ဥပဒေဘောင်အတွင်းမှ မဟုတ်ပေ။ (တနည်းအားဖြင့် ဥပဒေဖြင့် လုပ်ယူနိုင်သော အရာများ မဟုတ်ပေ။)
စကားချပ်။ ။ ထို့ကြောင့် လူတို့ထံတွင် ယုတ်ညံ့သော ကိုယ်ကျင့်တရားများ ဖြစ်လင့်ကစား တောင်းဆိုမှု့ ရှိလာပါက ဥပဒေအရ ခွင့်ပြုပေးရမည်သာ ဖြစ်သည်။ စာရှု့သူ စဉ်းစားကြည့်ပါလေ... ဤစကားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းနေပါသနည်း။ ထို့ကြောင့်ပင် အနောက်နိုင်ငံသားတို့၏ အကျင့်စာရိတ္တမှာ တိရိစ္ဆာန်များထက်ပင် ဆိုးရွားနေရသည်။ သို့သော် ကျွန်တော်တို့မှာကား အနောက်တိုင်း ယဉ်ကျေးမှု့ကို အထင်ကြီးကာ ရှရီအသ်တရားတော်လာ အရာများအား ဦးနှောက်တွင် ချိန်တွယ်နေကြသည်။ ခေတ်နှင့်အညီ နေထိုင်ရေးအတွက် သာသနာအား ကစားစရာ အရုပ်သဖွယ် ပြုမူနေကြသည်။ ကျွန်တော်တို့ သံဝေဂယူထိုက်သည်မှာ ဦးနှောက်အား အသာပေးကာ ချိန်ခွင်သဖွယ် အသုံးပြုလာပါက ဘာသာမဲ့ဝါဒီများနည်းတူ မကောင်းမှု့ ဟူသရွေ့ကို ကျင့်သုံးဖွယ် သတ်မှတ်လာပေမည်။ သို့ဖြစ်လျှင် ကျွန်တော်တို့၏ အစ္စလာမ်သာသနာဟူသည် ကျန်ရှိနေပါဦးမည်လော။ အိုအရှင် ကျွန်တော်နှင့်တကွ မွတ်စ်လင်မ်များအားလုံးအား ဤအဖြစ်ဆိုးများမှ ထိန်းသိမ်းပေးသနားမူပါ။ အာမီးန်
စင်စစ်သော်ကား အကယ်၍ ကောင်းခြင်း၊ဆိုးခြင်းတို့အား ပိုင်းခြား၊သတ်မှန်ရန် စဉ်းစားတွေးခေါ်ခြင်းသာလျှင် အကဲဖြတ်ဆုံးဖြတ်ပေးသူ အဖြစ် တင်မြှောက်ခံရပါက လူသားသည် ပတ်ဝန်းကျင်တစ်ခုလုံး ဒုက္ခရောက်စေနိုင်သော ခေတ်သစ်ဓလေ့တစ်ခုအား ဟန့်တားပေးနိုင်မည့် မည်သည့် မှတ်ကျောက်ကိုမဆို ဖယ်ရှားပစ်လိမ့်မည်။ သို့သာမက ဝဟီဖြင့် သိရသော ကောင်းခြင်း၊ဆိုးခြင်း စံညွှန်းသည်လည်း စဉ်းစားဥာဏ်၏ နောက်လိုက်အဖြစ် သတ်မှတ်ခံရပေလိမ့်မည်။
အင်န်ရှာအလ္လာဟ် ဆက်လက် တင်ပြပါဦးမည်။ စောင့်မျှော် ဖတ်ရှု့ပေးပါရန်နှင့် ကျွန်တော့်အား စာဖတ်သူတို့၏ တောင်းဆု ဒိုအာများတွင် အထူးသတိရပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဘရှီရွလ္လာဟ် ဖာရိုကီ
..........................................................................................................................................................
အချုပ်အားဖြင့်
သစ်လွင်မှု့နှစ်ခြိုက်ခြင်း၏ နိယာမတွင် အကောင်း၊အဆိုး ဝေခွဲဆုံးဖြတ်သည့်
အလုပ်အား ဦးနှောက်တစ်ခုတည်းသို့ တာဝန်ပေးခြင်းဖြင့် တစ်ဖက်တွင် လူသား၏
ရှင်သန်နေထိုင်မှု့ဆိုင်ရာ အချက်တစ်ချက်ပင် အကောင်းပကတိအတိုင်း
ကျန်ရှိမနေနိုင်တော့ပေ။ အခြားတစ်ဖက်တွင်လည်း ဆန့်ကျင်ဖီလာဖြစ်နေသော
တွေးမြင်သုံးသပ်ပုံတို့၏ ဝင်္ဂပါမှ ရုံးထွက်နိုင်တော့မည် မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်၏ ဦးနှောက်နှင့် တွေးခေါ်ပုံသည် အခြားတစ်ဦးနှင့် လုံးဝ မတူနိုင်ချေ။ အကြောင်းမှာ- လူသားသည် ဝဟီ၏ ရှေ့ဆောင်လမ်းပြမှု့ကင်းသော ဦးနှောက်အား လွတ်လပ်သော ဦးနှောက် (သို့မဟုတ်) အတွေးအခေါ် လွတ်လပ်မှု့ဟု မှတ်ယူကြ၏။ သို့သော် လက်တွေ့တွင် လူသားသည် မိစ္ဆာစိတ်ရိုင်းနှင့် မကောင်းသော တပ်မက်မှု့တို့၏ ကျေးကျွန်ဖြစ်သွားလေသည်။ ဤသည် အယုတ်ညံ့ဆုံးသော၊ အသေးသိမ်ဆုံးသော ကျွန်ဖြစ်ခြင်းပင်။

Post a Comment