အသိပေးခြင်း
က
Home » » Online Monthly Journal

Online Monthly Journal

အလ်ဟမ်ဒုလစ်လာဟ်..... မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အသနားတော်၊ ကျေးဇူးတော်၊ ပေးကမ်းရက်ရောမှု့တို့ကြောင့် ကျွန်တော်တို့ ထိုင်ဝိုင်းသားတွေ အားကြိုးမာန်တက်နဲ့ လစဉ်စာစောင်လေးတစ်ခုကို အခက်အခဲများစွာနဲ့ ထုတ်ဝေနိုင်ခဲ့လိုက်ပါတယ်။ ဒီအတွက် ပါဝင်ရေးသားသူများကို ဦးစွာပထမ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစေလို့ ထိုင်ဝိုင်းလေး၏ တာဝန်ခံများအားလုံး ကိုယ်စား၊ စာစောင်ဖြစ်မြောက်ရေး တာဝန်ခံများအားလုံးကိုယ်စား ပြောကြားလိုပါတယ်။ ဒုတိယအနေနဲ့ စာစောင်လေးကို လုပ်သလိုမဖြစ်နိုင်တော့တဲ့အတွက် ဖြစ်သလိုလုပ်လိုက်ရတယ်။ ဒါကြောင့် စာမူပေးပို့သူများရဲ့ တန်ဖိုးရှိတဲ့ စာတွေကို လှပအောင် ခြယ်သမပေးနိုင်ခဲ့တဲ့အတွက်၊ ကျွန်တော့်ကြောင့် အမှားတွေ ပိုသွားရတဲ့အတွက် စိတ်မကောင်းခြင်းများစွာနဲ့ ခွင့်လွှတ်ပေးပါလို့ တောင်းပန်စကားဆိုလိုက်ပါတယ်။ တကယ်တော့ တန်ဖိုးရှိလှတဲ့ စာမူပေးသူများဟာ မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေထဲမှ ကပ်ဖဲ့ကာ မရမက မဖြစ်မနေ ပါဝင်ရေးသားပေးခဲ့တဲ့အတွက် ရွှေနဲ့ထွင်းပြီး အလှဆင်မယ်ဆိုရင်တောင် စာမူများရဲ့ တန်ဘိုးမြင့်မားမှု့ကြောင့် ညီမျှတဲ့ပေးဆပ်ခြင်း၊ လိုက်ဖက်တဲ့ စီခြယ်ခြင်း မဖြစ်နိုင်ပါဖူး။ စာမူပေးပို့တဲ့ သူငယ်များကို အထူးကျေးဇူးရှိပါတယ်....။
လောလောဆယ်တော့ Google Doc က အဆင်ပြေဆုံးမို့ တစ်နေရာမှာပဲ အပ်လုဒ်လုပ်ထားပါတယ်။ ဒေါင်းလုဒ်လိုချင်တယ်ဆိုရင်တော့ ဒီမှာနှိပ်ပြီး ရယူနိုင်ပါတယ်။
လက်လှမ်းမှီရာ သူငယ်ချင်းများကို ထိုင်ဝိုင်းလေးသို့လည်းကောင်း၊ လစဉ်စာစောင်အတွက်လည်းကောင်း ဖိတ်ပေးကြပါရန်နှင့် မိမိတို့ကိုယ်တိုင်လည်း စတင်ရေးရန်အတွက် ဆုံးဖြတ်ထားကြပါရန် တိုက်တွန်းလိုက်ပါတယ်။ တကယ်တို့ ကျွန်တော်တို့ ထိုင်ဝိုင်းလေးဟာ တတ်မြောက်သူများကို စင်တင်ပေးပြီး နာမည်ကြီးအောင် လုပ်နေတာ မဟုတ်ပါဖူး။ မတတ်သူတွေကို လမ်းပြ၊ လက်တွဲခေါ်ရင်း သင်ကြားပေးနေတဲ့ ထိုင်ဝိုင်းလေးသာ ဖြစ်တယ်။ ဒါကြောင့် အားငယ်နေဖို့မလိုပဲ အားရှိဖို့၊ စိတ်ဝင်စားဖို့သာလိုတယ်လို့ မှတ်ချက်ပေးမိပါတယ်။ အခုလိုနေရာမျိုးမှာ လက်တွေ့ကျကျ သင်ယူမှု့ မလုပ်ဖူးဆိုရင် ကျွန်တော်တို့ ဘယ်လိုနေရာ၊ ဘယ်အချိန်မျိုးမှာ လေ့လာသင်ယူနိုင်ဦးမှာလဲ။ နောက်မှဆိုတဲ့ ရွှေ့ဆိုင်းမှု့ဟာ အချိန်ကြာလာသည်နှင့်အမျှ ဆိုးကျိုးများလာမှာ ဖြစ်တယ်။ ကောင်းမှု့လုပ်ဖို့ နှောင့်နှေးမနေပါနဲ့။ တစ်လမှာ တစ်မျက်နှာတော့ ရေးနိုင်အောင် ကြိုးစားကြပါလို့ ဝိုင်းတော်သူ/သား အားလုံးကို တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
လာမယ့်လအတွက် ရေးသားပေးပို့ချင်တယ်ဆိုရင်တော့........
(က) ကိုယ်တိုင်ရေးပို့စ် သို့မဟုတ် ကိုယ်တိုင် ဘာသာပြန်
(တိုင်ပင်န်ရိုက်ပြီး အေဖိုးစာမျက်နှာဖြင့်တစ်မျက်နှာမှ ခြောက်မျက်နှာအထိသာ)
(ခ) ဖော်ပြစေလိုသော ကလောင်အမည် သို့မဟုတ် လိုဂိုဓါတ်ပုံ
(ဂ) နေရပ်လိပ်စာ
(ဃ) သီးခြားဒီဇိုင်းဖြင့် ဖော်ပြလိုပါက ကိုယ်ပိုင်ဒီဇိုင်း
စသည်တို့အား mmfarooq@mmolama.com သို့ ပေးပို့နိုင်ပါသည်။
အရဗီလ(၁၅)ရက်နေ့တွင် စာစောင်ထုတ်နိုင်ရန်အတွက် အရဗီလဆန်း(၇)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ကြပါ
ဒီလ ကျွန်တော်တို့ ထိုင်ဝိုင်းလေးရဲ့ ပထမဆုံးစာစောင်လေးမှာ အမှားများစွာနဲ့ ပြီးဆုံးခဲ့တဲ့အတွက် အဆင်မပြေဖြစ်ခဲ့ရင် မားဖ်လုပ်ပေးပါလို့ မေတ္တာရပ်ခံလိုပါတယ်။ ဝိုင်းတော်သားများအနေနဲ့ အမှားအယွင်းများကို ဤပို့စ်အောက်တွင်ဖြစ်စေ၊ mmfarooq@mmolama.com သို့ဖြစ်စေ အသိပေးစေလိုပါတယ်။ ဒါမှလည်း မှားယွင်းပြီးသား အမှားတစ်ခုကို ထပ်မမှားတော့မှာ ဖြစ်တယ်။ အကြောင်းကတော့ ကျွန်တော်တို့တွေဟာ အမှားကင်းဖို့ကို မကြိုးစားနိုင်ပဲ အမှားနည်းအောင်သာ ကြိုးစားနိုင်ခဲ့လို့ပါ။ တဖြည်းဖြည်းချင်း အမှားနည်းရင်း သွားနေရာမှ အမှားအနည်းဆုံးဖြစ်လာအောင် အင်န်ရှာအလ္လာဟ် အထူး ကြိုးစားတင်သွားရန် အားတင်းထားကြောင်း သတင်းကောင်းပြောကြားရင်း
အိုအရှင်- ကျွန်တော်မျိုးတို့၏ ဤကြိုးစားမှု့အား လက်ခံတော်မူပါ။ နှစ်ဘဝအတွက် အောင်မြင်မှု့၏ အကြောင်းခံပြုပေးသနားတော်မူပါ။ အမှားအယွင်းများအားလုံးအား ခွင့်လွှတ်ချမ်းသာပြီး အနာဂတ်ရဲ့ တိုးတက်ရေး လှေကားအဖြစ် ပြောင်းလဲပေးသနားတော်မူပါ။

Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger