အသိပေးခြင်း
က
Home » » ရှီအာအကြောင်း သိကောင်းစရာများ (၂)

ရှီအာအကြောင်း သိကောင်းစရာများ (၂)






ဟိုနေ့က ကျွန်တော်တင်ထားတဲ့ ဒီပို့စ်လေး မှာ သကီယဟ်ဆိုတာလေးကို တွေ့လိုက်ကြပြီး မိတ်ဆွေအများစုက သကီယဟ်ဆိုတာ ဘာတဲ့လဲ။ အဲ့ဒီအကြောင်းနဲ့ ပတ်သတ်ပြီးနည်းနည်း ကျယ်ကျယ်လေးသိချင်ပါတယ်တဲ့။ ပြီးတော့ဒီကိစ္စဟာ မွတ်စ်လင်မ်တိုင်း သိသင့်တဲ့ ကိစ္စတစ်ခုလည်းဖြစ်နေတယ်။ ဒီကိစ္စကို မသိဖူးဆိုရင် ကျွန်တော်တို့ ရှီအာတွေရဲ့ လိမ်လည်လှည့်ဖြားမှုကို ဆက်ခံနေရမှာလေ။ ဒါကြောင့်ပဲ ကျွန်တော် သကီယဟ်အကြောင်းကို အရင်ရေးပေးလိုက်တာပါ။

ရှီအာနှင့်သကီယဟ်

ရှီအာတို့ထံတွင် ကစ်သ်မာန်နှင့်သကီယဟ်သည် အလွန်အရေးကြီးသော အဓိကကျသော မဏ္ဍိုင်များဖြစ်သည်။ ၎င်းတို့၏ ခြစားနေသော ယုံကြည်ချက်များသည် ထိုအချက်နှစ်ချက်ပေါ်၌သာ မူတည်နေ၏။
ကစ်သ်မာန် كتمان ဟူသည် အရဗီစာပေ၌ ဖုံးကွယ်ခြင်းဟု အဓိပ္ပါယ်ရသည်။ ရှီအာဝေါဟာရဆိုင်ရာ အဓိပ္ပါယ်မှာ မိမိ၏ယုံကြည်ချက်၊ ခံယူချက်၊ လျှောက်လှမ်းရာလမ်းစဉ်အား တစ်ပါးသူမသိအောင် ဖုံးကွယ်ထားခြင်း၊ တပါးသူ၏ရှေ့တွင် မပြောပြခြင်း ဖြစ်သည်။
သကီယဟ် تقية ဟူသည် အရဗီစာပေ၌ ကာကွယ်ခြင်း၊ဟန်ဆောင်ခြင်းဟု အဓိပ္ပါယ်ရသည်။ ရှီအာဝေါဟာရဆိုင်ရာ အဓိပ္ပါယ်မှာ မိမိ၏ ပြောဆို၊ပြုမူ၊ကျင့်ကြံပုံအား အမှန်တိုင်းမလုပ်ပဲ ရှေ့လူပြုသည့်အတိုင်း ရေလိုက်ငါးလိုက် နေထိုင်ပေးခြင်း၊ ပြောဆိုပေးခြင်း ဖြစ်သည်။
ဤအချက်နှစ်ချက်သည် ရှီအာတို့၏ အကီဒဟ်အေမာမသ်နှင့် ဒွန်တွဲလျက် ရှိသည်။ ဆိုလိုသည်မှာ- အေမာမသ်အား လက်ခံယုံကြည်သူသည် ဤအချက်နှစ်ချက်အား မပြုကျင့်ပဲ ရှီအာမဖြစ်နိုင်ပေ။


ကျွန်တော်၏လေ့လာမှု့ နယ်ပယ်အတွင်းမှ ပြောရလျှင် ကမ္ဘာပေါ်ရှိ မည်သည့်ဘာသာ၊သာသနာမဆို မိမိ၏ ယုံကြည်ချက်အား အရှိအတိုင်း ထုတ်ဖော်ပြသရန်သာ တိုက်တွန်းထားသည်။ မည်သည့်ခေါင်းဆောင်ကမျှ မိမိတို့၏ ယုံကြည်ချက်အား ဖုံးဖိထားရန် ဆော်သြမှုမပြုခဲ့ပေ။ ဥပမာအားဖြင့် ခရစ်ယှာန်တို့တွင် သုံးပါးတစ်ဆူ ယုံကြည်ချက် (Trinitarion Doctrine) သို့မဟုတ် (Tri-Unity) ကိစ္စမှာ ယနေ့တိုင် ရှင်းပြ၍ မရနိုင်သော၊ အသိဥာဏ်ရှီသူများ လက်မခံနိုင်သော အယူအဆ၊ယုံကြည်ချက်တစ်ခု ဖြစ်သည်။ သို့သော် ၎င်းယုံကြည်ချက်အား ဖုံးဖိ၍မထား။ မည်သူမျှ လက်မခံလျှင်နေပါစေ မိမိ၏ ယုံကြည်ချက်ဖြစ်ကြောင်း ကမ္ဘာ့လူသားထု တစ်ရပ်လုံးသိအောင် ယုံကြည်လက်ခံကျင့်သုံးနေကြသည်။

ဤအတိုင်းပင် ဂျူးလူမျိုးများ၊ ဗုဒ္ဓဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များ အစရှိသည့် လူမျိုးတိုင်းသည် မိမိယုံကြည်ချက်အား ပွင့်လင်းစွာ ပြောဆိုကာ ကျင့်သုံးနေကြသည်။ ထို့ကြောင့် ကမ္ဘာ့အထူးဆန်းဆုံး သတ္တ၀ါများအား ပြပါဟု မေးမြန်းလာပါက ရှီအာတို့အား လက်ညှိးညွှန်ထိုး ပြသလိုက်ပါ။ အသင်၏အဖြေ မှားယွင်းမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် လူတိုင်းသည် မိမိတို့၏ယုံကြည်ချက်အား ဂုဏ်ယူဝင့်ကြွားစွာ အများရှေ့တွင် ထုတ်ဖော်ပြသကြသည်။ သရဲဘောကြောင်သူ၊ မိမိကိုယ်မိမိ ယုံကြည်မှုမရှိသူများသာ မိမိယုံကြည်ချက်၊ ရပ်တည်ချက်တို့အား မထုတ်ဖော်ပဲ သေးငုံနှုတ်ပိတ်နေကြမည်။


သကီယဟ်နှင့် ကစ်သ်မာန် ဖြစ်ပေါ်လာပုံ


ဟဇရသ်အလီသခင်မှစ၍ ရှီအာတို့၏ ဧကဒသမ အေမာမ်ကြီး ဟစန်အက်စ်ကရီသခင်အထိ မည်သူကမျှ မိမိသည် အေမာမ်ဖြစ်ကြောင်း ကြွေးကျော်ထားခြင်း အလျင်းမရှိခဲ့ပေ။ ဤအချက်အား ငြင်းချက်ထုတ်လိုပါက သမိုင်းအထောက်အထားအပြည့်အစုံဖြင့် ဆွေးနွေးနိုင်ပါသည်။ ထိုအေမာမ်ကြီး (၁၁)ပါးလုံးသည် ဟဂ်ျကဲ့သို့သော လူဦးရေအများဆုံး စုဝေးသည့်အချိန် အခါတွင်လည်းကောင်း၊ မြို့သူမြို့သားများ အများစု စုဝေးတတ်သော အီးဒ်နှစ်အီးဒ်နှင့် သောကြာနေ့မြတ်တွင်လည်းကောင်း မိမိအေမာမ်ဖြစ်ကြောင်း အလျင်းမပြောဆိုခဲ့။ ထို့ပြင် အကီဒဟ်အေမာမသ်နှင့် ပါတ်သတ်၍ တစ်စုံတစ်ရာ မိန့်ချွေခဲ့သည်လည်း မရှိပေ။

ယင်း၏ဆန့်ကျင်ဖက် ဟဇရသ်အလီသည် ခလီဖဟ်ကြီးသုံးဦးအား ဗိုင်အသ်ယူ၍ (၂၄)နှစ်တိတိ ထိုခလီဖဟ်ကြီးများအား ထောက်ခံနေခဲ့သည်။ ခလီဖဟ်ကြီး လေးပါး၏ ခေတ်လွန်သောအခါ ဟဇရသ် ဟစန်၊ ဟဇရသ် ဟူစိုင်းန်တို့သည် ဟဇရသ်မိုအာဝေယဟ်၏ ခေလာဖသ်အား ထောက်ခံ၍ နောက်လိုက်များ အဖြစ်သာ နေခဲ့ကြသည်။ မိမိအေမာမ်ဖြစ်ကြောင်း တစ်ကြိမ်မျှပင် ပြောဆိုခဲ့ခြင်းမရှိ။ ထိုကဲ့သို့ပင် အလီဗင်န်ဟိုစိုင်းန် (ဇိုင်နွလ်အာဗေဒီးန် သခင်ကြီး ဟု လူသိများသည်)မှဟစန်အက်စ်ကရီ သခင်အထိ အေမာမ်အားလုံးသည် မိမိအေမာမ်ဖြစ်ကြောင်း အလျင်းမပြောဆိုခဲ့ကြပေ။ သို့သော် ရှီအာတို့ထံတွင် အကီဒဟ်အေမာမသ်သည် သောင်ဟီးဒ်နှင့် ရေစာလသ်ကဲ့သို့ အရေးပါသော၊ အဓိကကျသော ယုံကြည်ချက် ဖြစ်နေပေသည်။ ဤသို့ဆိုလျှင် ထိုအကီဒဟ်နှင့် ပါတ်သတ်၍ အေမာမ်ကြီး (၁၁)ပါးလုံးသည် အဘယ်ကြောင့် မပြောဆိုခဲ့ပါသနည်း။ ယင်းအေမာမ်ကြီးများ၏ ထုတ်ဖော်မပြောဆိုခြင်းသည် ရှီအာတို့၏ အကီဒဟ်အား မှားယွင်းနေသည်ဟု ပြောဆိုလိုက်ခြင်းပင်ဖြစ်သည်။
သို့သော် ထိုမေးခွန်း၏အဖြေအတွက် ရှီအာတို့သည် သကီယဟ်နှင့် ကစ်သ်မာန်အား တီထွင်ခဲ့ကြလေသည်။
ဟစ်ဂ်ျရီ သက္ကရာဇ်ပထမရာစုနှစ်ဆုံးပိုင်းတွင် ရှီအာတို့၏ခေါင်းဆောင် အေမာမ် ဘာကစ်ရ်နှင့် အေမာမ် ဂျအ်ဖရ်ဆွာဒီက်တို့သည် ရှီအာအစ္စနာအရှ်ရီယဟ် ဂိုဏ်းအတွက် အကီဒဟ်အေမာမသ်မည်သော တိုင်တစ်လုံးဖြင့် တဲစုတ်တစ်ခုအား ဆောက်ခဲ့ကြသည်။ ထို့နောက် မိမိတို့ ဆောက်တည်ထားသော ရှီအာအစ္စနာအရှ်ရီယဟ်တဲစုတ်ကြီးအား မပြိုလဲစေရန်အတွက် သကီယဟ်နှင့် ကစ်သ်မာန်အား ထောက်ပံ့တိုင်များသဖွယ် အသုံးပြုခဲ့ကြသည်။ ရှီအာတို့ပြောဆိုကြသည်မှာ အလ္လာဟ်အရှင်မြတ်နှင့် အလ္လာဟ်အရှင်မြတ်၏ရစူလ်သည် ထိုအေမာမ်များအား ဤသို့အမိန့်ရှိခဲ့သည်။ အသင်တို့သည် အကီဒဟ်အေမာမသ်အား ဖုံးကွယ်ထားကြပါလေ။ လူတို့အား အသိပေးခြင်းမပြုကြနှင့်။ ထို့ကြောင့် အေမာမ်များအားလုံးသည် အေမာမသ်နှင့်ပါတ်သတ်၍ လူအများရှေ့တွင် မပြောကြားခြင်းဖြစ်သည်။ (တနည်း) ကစ်သ်မာန် လုပ်ခဲ့ကြသည်။ ထို့အပြင် အေမာမ်များအားလုံးသည် သက်တမ်းတစ်လျှောက်လုံး မိမိတို့၏ ယုံကြည်ချက်အားဆန့်ကျင်၍ သကီယဟ်သုံးကာ လူအများ ဘိုင်အသ်ယူသကဲ့သို့ ဘိုင်အသ်များလည်း ယူခဲ့ကြသည်။ نعوذ بالله
အချုပ်ဆိုရသော သကီယဟ်နှင့် ကစ်သ်မာန်သည် အကီဒဟ်အေမာမသ်အား မှန်ကန်သောအကီဒဟ် ဖြစ်စေရန် တီထွင်လိုက်ရခြင်းဖြစ်သည်။
ယခုလောက်ဆို.... မိတ်ဆွေများလည်း သကီယဟ်နှင့် ကစ်သ်မာန် မည်သို့ဖြစ်ပေါ်လာသည်..... အဘယ့်ကြောင့် ဖြစ်ပေါ်လာရသည် ကို သိရှိသွားလောက်ပြီပေါ့။ ရှီအာအေမာမ်ကြီးတွေရဲ့ ပြောဆိုပုံလေးတွေကို ဆက်ပြီး လက်ဆင့်ကမ်းပရစေဦး။ အထောက်အထားတစ်ခုလည်း ဖြစ်သွားတာပေါ့။ တော်ကြာ ရှီအာတွေက ပြောနေဦးမယ်....။ မင်းချစ်ဦးတစ်ယောက် အထောက်အထားမရှိပဲ ဘာတွေရေးနေတာလဲ မသိဖူး...။ သကီယဟ် ... ငါတို့လည်း မကြားဖူးပါဘူး။ ကစ်သ်မာန်ဆိုတာ ဘာလဲ... ရှီအာမှာ မရှိပါဖူး လို့.....။ အင်းလေ....။ ဒါတွေက ဖြစ်တတ်ပါတယ်။ ကိုယ်စီးနေတဲ့မြင်း အထီးလား၊ အမလား မသိတော့....။ အမေးခံရမှ ငုံ့ကြည့်နေရတယ်.... အထီးလား၊ အမလားဆိုတာ။ ဒါပေမယ့် မြင်းစီးကလည်း မကျွမ်းကျင်တော့ အရမ်းလည်း ငုံ့မကြည့်နိုင်ဖူး။ ဒီတော့ ဘေးကလူကပဲ .... ဟဲ့ကောင် မင်းစီးနေတာ ဘာဟ ... ဆိုတော့မှပဲ သိတာမျိုးပေါ့။


အအင်မ်မာအေမအ်စူမီးန်တို့ ဘာမိန့်ကြသလဲ။


ရှီအာတို့၏ အားအထားအရဆုံး၊ အလေးစားရဆုံးကျမ်း တစ်စောင်ဖြစ်သည့် أصول الكافي (အိုစူလေကာဖီ)ကျမ်းတွင် باب الكتمان ကစ်သ်မာန် ကဏ္ဍ ဟူ၍ သီးသန့်ပါရှိ၏။ နမူနာအဖြစ် ဖတ်ကြည့်ကြတာပေါ့။



قال أبو عبد الله عليه السام يا سليمان إنكم علي دين من كتمه أعزه اه و من أذاعه أذله الله أصول الكافي رقم الصفحة 485

ဆိုလိုသည်မှာ- အဗူအဗ္ဗဒွလ်လာအမိန့်ရှိသည်။ အို.. ဆိုလိုင်မာန်။ အသင်တို့သည် ဤကဲ့သို့သော သာသနာပေါ်တွင် လျှောက်လှမ်းနေကြသည်။ အကြင်မည်သူမဆို ထိုသာသနာအား ဖုံးကွယ်ထားလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူအား အဇ်ဇသ် ဂုဏ်သိက္ခာကို ချီးမြှင့်မည်။ မည်သူမဆို ထိုသာသနာအား အများသိအောင် ဖြန့်ချီမည်ဆိုပါက ထိုသူ့အား သေးသိမ်စေမည်ဖြစ်သည်။

အိုစူလေကာဖီကျမ်း စာမျက်နှာ (၄၈၅)


အေမာမ်ဘာကစ်ရ်၏ရေ၀ါယသ်အား သားဖြစ်သူ အေမာမ်ဂျအ်ဖရ် ဆင့်ဆိုခဲ့သည်။ ဖခင်ကြီးသည် ရှီအာဂိုဏ်း၏အရေးပါ အရာရောက်သူများအား အမိန့်ရှိခဲ့သည်။

إن أحب أصحابي إلي أورعهم وأفقههم وأكتمهم لحديثنا أصول الكافي ص 486

ဆိုလိုသည်မှာ- ကျွန်ုပ်သည် မိမိ၏ အဆွှေတော်များအနက် ဤသို့သောသူအား ပို၍ချစ်ခင်နှစ်သက်သည်။ ထိုသူသည် အားလုံးထက်ပို၍ ရှောင်ကျဉ်တရားအားကောင်းသူ၊ အားလုံးထက်ပို၍ နားလည်သဘောပေါက်သူ၊ အားလုံးထက်ပို၍ ကျွန်တော်တို့၏စကား (ရှီအာအကီဒဟ်များ)ကို ဖုံးကွယ်နိုင်သူဖြစ်သည်။

အိုစူလေကာဖီကျမ်း စာမျက်နှာ (၄၈၆)


ထိုကျမ်းထဲ၌ သကီယဟ်သည်လည်း အခန်းကဏ္ဍတစ်ခုအဖြစ် သီးသန့်ပါရှိ၏။ လေ့လာကြည့်ကြရအောင်......။


عن أبي عمير الأعجمي قال قال لي أبو عبد الله عليه السام يا أبا عمير تسعة أعشار الدين في التقية ولا دين لمن ا تقية له أصول الكافي ص 482


ဆိုလိုသည်မှာ- အဗူအိုမိုင်းရ် အအ်ဂျမီဆင့်ဆိုခဲ့သည်။ ကျွန်ုပ်အား အဗူအဗ္ဗဒွလ်လာ အမိန့်ရှိသည်မှာ- (ရှီအာ) သာသနာ၏ ၁၀ပုံ ၉ပုံသည် သကီယဟ်၌ရှိသည်။ သကီယဟ်မရှိသူအဖို့ သာသနာလည်းမရှိပေ။


အိုစူလေကာဖီကျမ်း စာမျက်နှာ ၄၈၂



عن جبيب بن بشر قال أبو عبد الله عليه السام سمعت أبي يقول لا والله ما علي وجه الأرض شئ أحب إلي من التقية يا حبيب إنه من كانت له تقية رفعه الله يا حبيب من لم تكن لهتقية وضعه الله أصول الكافي ص 483

ဆိုလိုသည်မှာ ဟဘီးဘ် ဗင်န် ဗရှရ် ဆင့်ဆိုခဲ့သည်။ အဗူအဗ္ဗဒွလ်လာ (အေမာမ်ဂျအ်ဖရ်) အမိန့်ရှိခဲ့သည်။ ကျွန်ုပ်သည် ဖခင်ကြီး(အေမာမ် ဘာကစ်ရ်) ဤသို့အမိန့်ရှိနေသည်ကို ကြားသိခဲ့ရ၏။ အလ္လာဟ်အရှင်မြတ်၏ကစမ်.... ကျွန်ုပ်အဖို့ ကမ္ဘာမြေပြင်၌ သကီယဟ်ထက် ပိုမိုနှစ်သက်ဖွယ်ရာ မရှိ။ (ဆက်လက်၍ အေမာမ်ဂျအ်ဖရ် အမိန့်ရှိသည်မှာ) အို ဟဘီးဘ် အကြင်သူ၌သကီယဟ်ရှိပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူအား အဆင့်တန်းမြင့်မားစေမည်။ အို ဟဘီးဘ် အကြင်သူ၌သကီယဟ်မရှိပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူအား အဆင့်တန်းနိမ့်ကျစေမည်။

အိုစူလေကာဖီကျမ်း စာမျက်နှာ ၄၈၃


(ပို့စ်ရှည်သွားမည်ကို စိုးရိမ်၍ နမူနာများအား နှစ်ခုစီသာ ရေးသားတင်ပြ လိုက်ပါသည်။ )

အရမ်းအံ့သြစရာကောင်းသော နောက်တစ်ခုကို သိစေချင်လို့ မျှဝေလိုက်ဦးမယ်။ ဖတ်ကြည့်ကြပါဦး။
قال الصادق عليه السلام لو قلت إن تارك التقية كتارك الصلوة لكنت صادقا وقال عليه السلام لا دين لمن لا تقية له
ဂျအ်ဖရ်စွာဒီက်ပြောပြသည်မှာ- အကယ်၍ အသင်သည် သကီယဟ်ကို စွန့်လွှတ်သူအား နမာဇ်စွန့်လွှတ်သူကဲ့သို့ ဖြစ်သည်ဟု ပြောဆိုပါက အသင်သည် မှန်ရာကိုဆိုသောသူ ဖြစ်၏။

ရှီအာနဲ့ သကီယဟ်အကြောင်းကို ဒီနေ့ဒီလောက်နဲ့ပဲ နိဂုဏ်းချုပ်ခွင့် ပြုပါလို့ တောင်းပန်ပရစေ။ပြောစရာတွေတော့ ကျန်သေးတယ်။ သကီယဟ်ကို ရှီအာအချင်းချင်းမှာတောင် သုံးလို့ပိုင်တာတို့.... သကီယဟ်ကို အခွင့်ခါသင့်တိုင်း သုံးလို့ရတာတို့...... သကီယဟ်ရဲ့ အကျိုးကျေးဇူးတို့ ... သကီယဟ် မလုပ်လို့ အလ္လာဟ်အမျက်ထိတာတို့ ဘာတို့ ပေါ့။ ကျွန်တော်လည်း သူတို့ စာအုပ်တွေဖတ်ရတာ စိတ်ပျက်လာပြီဗျာ။ အားလုံး ပေါက်ကရတွေချည်းပဲ။ ဘယ်လိုလုပ်မလဲ မသိရင် အလိမ်ခံနေရဦးမယ်လေ။





မွတ်စ်လင်မ်များအား လေးစားလျှက်


မင်းချစ်ဦး

Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger