အသိပေးခြင်း
က

ဒါဘာကြောင့်လဲ။



بسم الله الرحمن الرحيم

ခံစားချက်လေးတစ်ခုနဲ့ တိုက်ဆိုင်လာလို့ ဒီပို့စ်လေးကို ရေးသားဖြစ်သွားခဲ့တယ်။ အမှန်တော့ စဉ်းစားမိတာလေး တစ်ခုအဖြစ်ပေါ့။ ဘာလို့လဲဆိုတော့ ဘာသာခြားတွေရဲ့ မီဒီယာပိုင်ဆိုင်မှု့က ပတ်ဝတ်ကျင်ကို အရမ်းကို တုန်လှုပ်စေနေတယ်။ အထူးသဖြင့် ဘာသာရေးကို မလိုက်စားတဲ့ သူတစ်ချို့ကို အစ္စလာမ်နဲ့ ပတ်သတ်ပြီး မဟုတ်မမှန် သွားပုပ်လေလွင့် ပြောဆိုမှု့တွေက ဟုတ်သယောင်ယောင် ထင်မှတ်စေသည်သာမက သာသနာချစ်စိတ်၊ မျိုးချစ်စိတ်ကိုပါ ပျက်သုဉ်းစေခဲ့တယ်။ အိမ်ကြက်ချင်း အိုးမဲသုတ် အခွပ်ခံနေရတယ်။
ဒါဘာကြောင့်လဲ။

သေချာစဉ်းစားလိုက်ရင် ကျွန်တော်တို့တွေရဲ့ အားနည်းချက်တွေပါ။ ကုရ်အာန်နဲ့ ဟဒီးဆ်မှာ ပါတဲ့ အမိန့်တော်တွေကိုဆို မလိုက်နာချင်တော့ စောဒကတတ်မယ်။ ဝိနည်းနဲ့ ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ မရ ရတဲ့နည်းနဲ့ ဝှေ့ရှောင်မယ်။ နောက်ဆုံး လုပ်နေတဲ့သူတွေကိုပါ အပြစ်မြင်လာပြီး ရန်သူသဖွယ် သတ်မှတ်လာတယ်။ မီဒီယာက ပြောရင်တော့ ကောင်းကင်ကျကျမ်းထက်ကိုပင် ပိုမို ယုံကြည့်ကြတယ်။ ကြားဖူးမှာပါ ဘေးပြောတာကို မယုံနဲ့။ သွေးပြောတာကို ယုံတဲ့။ တကယ်ပဲ မှန်တဲ့စကားပါ။ မီဒီယာကို ယုံပြီး အစ္စလာမ်နဲ့ မွတ်စ်လင်မ်တွေကို အပြစ်မြင်ရင်တော့ သူ့အတွက် ကောင်းခြင်းဆိုတာ ဘယ်ရှု့ထောင့်မှာမှ ရှိမှာမဟုတ်ပါဖူး။ သာသနာ့ ပညာရှင်တွေရဲ့ စကားကို မယုံကြည်ပဲ မီဒီယာကို နားယောင်မယ်၊ ခေတ်ပညာတတ်တွေရဲ့ နောက်လိုက်မယ်ဆိုရင် ကျွန်တော်တို့တတွေရဲ့ နောက်ဆုံး ပန်းတိုင်ဟာ လမ်းမှား သို့မဟုတ် အဆုံးမမြင် ရတဲ့ ချောက်သာ ဖြစ်ရပါတော့မယ်။ ဒါကြောင့် ကျွန်တော်အနေနဲ့ နှိုင်းယှဉ်မှု့ တစ်ခုလုပ်ပြတဲ့ အနေနဲ့ ဒီပို့လေးကို ရေးသား တင်ဆက်လိုက်ရတာပါ။

မြင့်မြတ်တော်မူသော အရှင်မြတ် အလ္လာဟ် ကျွန်တော်တို့အားလုံးအား စွန္နသ်နည်းလမ်းနှင့်အညီ သာသနာ့ ပညာရှင်များရဲ့ လမ်းညွှန်ချက်အတိုင်း လမ်းမှန်ပေါ် အမြဲလျှောက်လှမ်းနိုင်ပြီး အမှားအမှန်ကို ဝေခွဲပိုင်းခြားနိုင်စွမ်း ပေးသနားတော်မူပါစေ။
ခရစ်ယှာန် မယ်သီလရှင် (Nun) တစ်ပါး မိမိ ကိုယ်ခနာ တစ်ခုလုံးအား လုံခြုံနိုင်သော အဝတ်အစား ဆင်မြန်းပါက သိက္ခာရှိသည့် အမျိုးသမီးတစ်ဦးဟု သတ်မှတ်ကြသည်။ သို့သော် မွတ်စ်လင်မ် အမျိုးသမီး တစ်ဦး အစ္စလာ့မ် အဝတ်အစား ဟိဂျာဘ် ဝတ်ဆင်သောအခါ ညှင်းပန်းနှိပ်စက်ခံနေရသည်ဟု သတ်မှတ်ကြသည်။

အဘယ့်ကြောင့်နည်း။
ယဟူဒီ ဘုန်တော်ကြီးတစ်ပါး မုတ်ဆိတ်ထားသောအခါ ဘာသာရေးနှစ်ခြိုက်သူ၊ မိမိဘာသာတရားအား လွတ်လပ်စွာ ကိုးကွယ်ရှိသည့်အတွက် မုတ်ဆိတ်ထားခြင်းဖြင့် အပြစ်မဆိုနိုင်ဟု မြင်ကြသည်။ သို့သော် မွတ်စ်လင်မ် အမျိုးသားတစ်ဥိး မုတ်ဆိတ်ထားပါက အကြမ်းဖက်ဝါဒကို နှစ်သက်သူ၊ ခေတ်မမှီသောသူဟု သတ်မှတ်ခံရသည်။

အဘယ့်ကြောင့်နည်း။
အနောက်တိုင်းသူ တစ်ဦး ကလေးများအား ပြုစုရင်း မိမိအချိန်များအား နေအိမ်၌ ကုန်ဆုံးစေခဲ့လျှင် မွန်မြတ်သော အမျိုးသမီးဟူသော ဂုဏ်ပုဒ်တစ်ခုကို ပိုင်ဆိုင်သွား၏။ သို့သော် မွတ်စ်လင်မ် အမျိုးသမီးတစ်ဦး အစ္စလာမ် လမ်းညွှန်ချက်နှင့်အညီ အိမ်၌နေ၍ အိမ်မှု့ကိစ္စအားလုံးအား စီမံဆောင်ရွက်နေလျှင် လည်းကောင်း၊ ကလေးများအား ထိန်းကျောင်း၊ပဲ့ကိုင်ပေးနေလျှင်လည်းကောင်း ထိုသူမအား ပတ်ဝန်းကျင်၌ လူမဝင်ဆန့်သူမဟူ၍ လည်းကောင်း၊ နံရံလေးဖက်အတွင်း အကျဉ်းချုပ်ခံထားရသော သူမဟူ၍ လည်းကောင်း သတ်မှတ်ကြသည်။

အဘယ့်ကြောင့်နည်း။
တက္ကသိုလ်ကျောင်းသားတစ်ဦး မိမိရည်ရွယ်ချက် ပြည့်ဝရန်အတွက် နေအိမ်အားခွဲခွာ၍ ဘော်ဒါဆောင် တွင် နေပါက အလွန်စာကြိုးစားနေသူဟု ပြောဆိုကြသည်။ သို့သော် အစ္စလာမ်ဘာသာရေးကျောင်းသား တစ်ဦး နေအိမ်အား စွန့်ခွာ၍ ပညာသင်ကြားနေပါက ပတ်ဝန်းကျင်တစ်ခုလုံး ၎င်းအား သရဲ၊သစ္ဆေအလား စိုးရိမ်၊ကြောက်လန့်သည့် အရှု့များဖြင့် ကြည့်ကြသည်။

အဘယ့်ကြောင့်နည်း။
ယဟူဒီဘာသာဝင်၊ ခရစ်ယှာန်ဘာသာဝင် သို့မဟုတ် အခြားဘာသာဝင် တစ်ဥိး အပြစ်တစ်ခု ကျူးလွန်ဖောက်ပြန်ပါက လူကိုသာ အပြစ်တင်ကြပြီး ဘာသာကို ထိခိုက်ပြောဆိုခြင်းမရှိ။ သို့သော် မွတ်စ်လင်မ် တစ်ဦး ပြစ်မှု့တစ်စုံတစ်ရာ ကျူးလွန်ခဲ့ပါမူ လူအား အပြစ်တင်မည့်အစား ဘာသာတရားကို အပြစ်တင်၊ဝေဖန်ပြောဆိုကြသည်။

အဘယ့်ကြောင့်နည်း။
အမျိုးသမီးတစ်ဦး ကောလိပ်ကျောင်းတွင် နှစ်သက်ရာ အဝတ်အစား ဝတ်ဆင်မြန်းလာပါက ဖက်ရှင် မျက်စိဖြင့် ကြည့်ကြသည်။ သို့သော် ဘာသာရေးကိုင်းရှိုင်းသူ မွတ်စ်လင်မ်အမျိုးသမီးတစ်ဦး ဟိဂျာဘ် ဝတ်ဆင် နေကားဘ်ခြုံထားလျှင် ပတ်ဝတ်ကျင်အတွက် စိုးရိမ်စရာတစ်ခု သတ်မှတ်ကြသည်။

အဘယ့်ကြောင့်နည်း။
ဘာသာခြား စစ်သားတစ်ဦး မိမိနိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးကာကွယ်ရင်း ကျဆုံးသွားပါက သတ္တိရှိသူ၊ အာဇာနည် သူရဲကောင်း အစရှိသည့် ဂုဏ်ပုဒ်တို့ဖြင့် ခေါ်ဝေါ်ကြသည်။ သို့သော် ပါလက်စ်တိုင်းန်မှ မွတ်စ်လင်မ်တစ်ဦး မိမိနိုင်ငံအတွက်၊ မိမိလူမျိုးအတွက်၊ ညှင်းပန်းနှိပ်စက် ခံနေရသော ဆွေမျိုးရင်းများအတွက်၊ ယဟူဒီတို့၏ ဘေးဒုက္ခပေးမှု့မှ လွတ်ကင်းစေရန်အတွက် အသက် စတေးပြီး တိုက်ပွဲဝင်လျှင် အကြမ်းဖက်သမား၊ အစွန်းရောက်ဝါဒကို လက်ကိုင်ထားသူ၊ စစ်သွေးကြွ ဟူ၍ ပြောဆိုကြသည်။

အဘယ့်ကြောင့်နည်း။
ကားဒရိုင်ဘာတစ်ယောက် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်း မမောင်းပဲ နှစ်သက် သလို မောင်းနှင်နေလျှင် ထိုဒရိုင်ဘာ၏ လမ်းစည်းကမ်းမလိုက်နာမှု့၊ ပေါ့လျော့်မှု့ဟု ယူဆပြောဆိုကြ၏။ သို့သော် မွတ်စ်လင်မ်တစ်ဦး ထိုသို့ မောင်းနှင်မှု့ခဲ့ပါက အစ္စလာမ်သာသနာအား မကောင်းပြော ဆိုကြသည်။

အဘယ့်ကြောင့်နည်း။
မီဒီယာ၊စာနယ်ဇင်းများနှင့် ချန်နဲလ်အမျိုးမျိုးရှိ သတင်းများအား ချွင်းချက်မဲ့ လက်ခံကြသည်။ သို့သော် ကုရ်အာန်၊ဟဒီးဆ်တော်များရှိ မိန့်ချွေချက်များကိုမူ မေးခွန်းပေါင်းစုံ ထုတ်ခါ လက်မခံကြပေ။

အဘယ့်ကြောင့်နည်း။
သူငယ်ချင်းတစ်ယောက်ရဲ့ စကားလေးကို သတိရလို့ပါ။ ကာဖေလေး ကျလ်သေရဟေ.... ကွသ်သေး ဘောင်က်သေရဟေ။ တကယ်ပါပဲ။ လသာနေတာကို မကျေနပ်လို့ခွေးဟောင်နေလည်း လကမိုက်သွားမှာမဟုတ်ပါဖူး။

ဒီမေးခွန်းတွေ အားလုံးအတွက် အဖြေမလိုလောက်ပါဖူး။ ဘာလို့လဲဆိုတော့ မမှီရင် အရသာကောင်းတဲ့ စပျစ်သီးလည်း ချဉ်သွားရတာပဲလေ။ ဆိုတော့ ကျွန်တော် ပြောပြချင်တာ တစ်ခုတည်းပါ။ မီဒီယာရဲ့ သွားပုပ်လေလွင့် ပြောဆိုမှု့တွေ၊ သွေးထိုးလှုံဆော်မှု့တွေကို နားမယောင်မိပါစေနဲ့။ သာသနာ့ ပညာရှင်များရဲ့ ပဲ့ကိုင်ထိန်းချုပ်မှု့ အောက်မှာ သာသနာ့လမ်းကို ဖြောင့်ဖြူးစွာ လျှောက်လှမ်းကြပါ။
တကယ်တော့ အခုလို ဖြစ်နေချိန်မှာ ကျွန်တော်တို့အားလုံး လက်တွဲပြီး ရင်ဆိုင်ကျော်ဖြတ်ရမယ်။ သာသနာအတွက် အနစ်နာခံရမယ်။ စတေးရမယ်။ အခုလိုအချိန်မှာ အရေးကြိးဆုံးအရာက ရန်သူနဲ့မိတ်ဆွေ ခွဲခြားတတ်ဖို့ပဲ။ သာသနာ့ပညာရှင်များကို ခေါင်းဆောင်စေပြီး လက်ရုံးရည်၊နှလုံးရည် အပြည့်အဝနဲ့ တိုက်ခိုက်နေရမှာ ဖြစ်တယ်။ အခြေအနေတွေ နေရာဒေသတွေ ပြောင်းလဲသွားလို့လည်း သာသနာ့ချစ်စိတ် ပျောက်ကွယ်မသွားဖို့ပါပဲ။ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်နေမယ်ဆိုမယ် ကျွန်တော်တို့ ဘယ်တော့မှ နင်းပြားဘဝ မရောက်ပါဖူး။ အနင်းခံရဥိးတောင် သံထက်ချွန်တဲ့ ဆူးတွေလို မခံချင်စိတ်၊ မျိုးချစ်စိတ်တွေ ရှိနေတော့ ဘယ်တော့မှ နစ်နာဆုံးရှုံးရမှာ မဟုတ်ပါဖူး။

နောက်ဆုံး နိဂုဏ်းအနေနဲ့ ကျွန်တော် စကားလေးတစ်ခွန်း ပြောခဲ့ပရစေ။
ရန်သူက ကျွန်တော်တို့ ကောင်းစားတာကို ဘယ်လိုမှ ကြည့်ရှု့ချင်မှာ မဟုတ်ဖူး။ ကျွန်တော်တို့ သာယာနေရင် ရန်သူတွေ သွေးမျက်ရည်ကြရတယ်။ ကျွန်တော်တို့ ချမ်းသာသုခရနေရင် ရန်သူတွေ စားမဝင်၊အိပ်မပျော်ဖြစ်ရတယ်။ ဒါကြောင့် ကျွန်တော်တို့ထဲမှာ အဖက်ဖက်ကနေ ဖျက်ဆီးမှု့တွေ၊ သွေးခွဲ မှု့တွေ၊ ဖြားယောင်းသွေးဆောင်မှု့တွေ အမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်နေကြတယ်။ ဒါကို သတိမမူပဲ ရန်သူကို မိတ်ဆွေမဖွဲ့မိကြပါနဲ့။ ရန်သူရဲ့ ဝဲဂယက်ထဲ မဝင်မိကြပါစေနဲ့။ ရန်သူကို ရန်သူလို့ သတ်မှတ်တာ အကြမ်းဖက်မဟုတ်ဖူး။ အကြမ်းဖက်ဆိုတာ မိတ်ဆွေနားကနေ အတင်းအဓမ ပြုတဲ့သူ ကို ခေါ်တယ်။ ရန်မူလို့ ကာကွယ်တာကို အစွန်းရောက်လို့ မခေါ်ဖူး။ အစွန်းရောက်ဆိုတာ နိုင်ငံတကာမှာ စစ်မျက်နှာဖွင့်နေတဲ့ သူတွေကို ခေါ်တာ။ ဘာသာရေး အစွန်းေ၇ာက်ဆိုတာ သဘာဝနဲ့လည်း ညီညွှတ်တယ် ဘာသာတရားကလည်း ပြဌာန်းထားတယ့် ကျင့်သုံးမှု့ကို မခေါ်ဖူး။ သဘာဝရဲ့ ဆန့်ကျင်ဖက်ကို ဘာသာတရားလုပ်ပြီး ကျင့်သုံးတာကို ခေါ်တယ်။ အိမ်ဖျက်ဖို့လာတဲ့သူကို ပြန်ခုခံတာ၊ ပါသွားတဲ့ မိမိပစ္စည်းကို ပြန်၇ယူဖို့ တိုက်ခိုက်တာ စစ်သွေးကြွမဟုတ်ဖူး။ စစ်သွေးကြွဆိုတာ နိုင်ငံတကာ လှည့်ပြီး အကြောင်းပြချက်မရှိလည်း တိုက်ခိုက်နေတဲ့ စူပါပါဝါပိုင်ထားတဲ့သူတွေကို ခေါ်တယ်။ ဘယ်မီဒီယာက ဘယ်လို ဖွင့်ဆို၊ဖွင့်ဆို ကျွန်တော်တို့တွေရဲ့ ဖွင့်ဆိုမှု့က အရှိအတိုင်းနဲ့ မြူမှုံ တစ်မှုံလောက်တောင် မကွာပဲဖြစ်ရမယ်။ မီဒီယာက အကြမ်းဖက်တယ်ပြောတိုင်း လိုက်ပြီး မသတ်မှတ်ကြနဲ့။ တကယ်တော့ မီဒီယာကို အစ္စလာမ့် ဂုဏ်ရည်ငြိုးနွမ်းစေရန်အတွက် ရည်ရွယ် တည်ထောင်ထားတာဖြစ်တယ်။ မီဒီယာကို နားယောင်ရင်တော့ စင်းနှီတုံးပေါ်က အသားတုံးလေး ဖြစ်သွား ရမယ်။

ဒီလိုမဖြစ်ချင်ရင်တော့ ..................
မီဒီယာနဲ့ ပတ်ဝန်းကျင်ရဲ့ ပြောဆိုသံကို ဥပေက္ခာပြုပြီး စစ်မှန်တဲ့ လမ်းအတိုင်း သာသနာ့ခေါင်းဆောင် များရဲ့ အလံတိုင်အောက်မှာ ကျွန်တော်တို့ လျှောက်လှမ်းလိမ့်မယ်။
ကျွန်တော်နှင့် တကွ မွတ်စ်လင်မ် အမျိုးသား၊အမျိုးသမိးအားလုံး ပုခက်အတွင်းရှိ ကလေးသူငယ်မှအစ ဆံဖြူသွားကျိုး၊ သက်ကြိးရွယ်အိုထိ စစ်မှန်သော သာသနာ့လမ်းပေါ် လျှောက်လှမ်းနိုင်ပါစေဟု ဆုတောင်းရင်း ပို့စ်လေးကို နိဂုဏ်းချုပ်လိုက်ပါတယ်။
(S.M လျှပ်စီး)
Share this article :

+ ဦး မှတ်ချက်ပေးခဲ့သည်။ + 1 comment

March 20, 2012 at 7:43 PM

ကောင်းတယ်..သိပ်ကောင်းတယ်....

အင်းးးးးးးး ဘာကြောင့်လဲတွေသိပ်များနေမှတော့.....
လျှာကိုဆွဲထုက်ဖြတ်ပစ်လိုက် ကဲမေးစမ်း မေးတဲ့ကောင်အကုန်ဖြတ်
အွမ္မသ်ကအဖြေလိုက်ရှာနေတယ် အဖြေတွေပေးရင်းပေးရင်းနဲ့
သူခိုးကိုလက်ဖျတ်ဆိုတဲ့အာယသ်ကိုသာဝီးလ်လုက်လာကြတယ်
မွရ်သဒ်ကိုမသက်ရဘူးဆိုပီးသာဝီးလ်လုပ်ပြန်တယ်
မေးခွန်းတွေသိပ်များတဲ့ကောင်တွေကိုပြန်ဖြေရင်း
လူတွေကာဖိရ်ဖြစ်သွားတာတောင်မသိလိုက်ဘူး
မွစ်လင်တွေကိုလဲအလ္လာဟ်သနားပါစေ
ဘယ်တော့မှနားလည်မလဲမသိဘူး

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger