အသိပေးခြင်း
က
Home » , » လေတိုက်တိုင်း မယိမ်းရ။ (၆) (ဥပဒေရေးဆွဲခြင်း)

လေတိုက်တိုင်း မယိမ်းရ။ (၆) (ဥပဒေရေးဆွဲခြင်း)

၃။ Legislature ဥပဒေရေးဆွဲသူများအဖွဲ့

ဒီမိုကရေစီစနစ် အုပ်ချုပ်ရေးတွင် ထိုအဖွဲ့အစည်းသည်လည်း အရေးပါဆုံးသော အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့၏။ မူရင်းအဓိပ္ပါယ်အရ ဥပဒေရေးဆွဲသူများအဖွဲ့အစည်းဟူ၍ အဓိပ္ပါယ်ရပြိး ပါလီမန် သို့မဟုတ် အစ္စဘလီဟု ခေါ်ဆိုကြသည်။
ပါလီမန်ဟူသည် လူအများ အပြန်အလှန် မိမိတို့ စူးစမ်းလေ့လာမှု့အား တင်ပြသော နေရာကိုခေါ်ဆို၍ အစ္စဘလီ၏ အဓိပ္ပါယ်မှာ စုဝေးရာနေရာ ဖြစ်သည်။
၎င်းအဖွဲ့အစည်း၏ တာဝန်မှာ- ဥပဒေရေးဆွဲခြင်းနှင့် ထုတ်ပြန်ကျင့်သုံးစေခြင်းဖြစ်သည်။ တိုင်းပြည်တွင် မည်သည့်ဥပဒေ ထုတ်ပြန်သင့်သည်ကို အပြန်အလှန် ညှိနှိုင်းတိုင်ပင်ကာ အများဆုံးဖြတ်ချက်အပေါ် မူတည်၍ ဥပဒေပြဌာန်မှု့ ပြုကြသည်။ ထို့အတူ တိုင်းပြည်၏ ပေါလစီများနှင့် ပတ်သတ်၍လည်း ၎င်းအဖွဲ့အစည်းကသာ တာဝန်ယူပြဌာန်းကြရသည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ရာတွင် Legislature အဖွဲ့အစည်းအား အဆင့်အမြင့်ဆုံးအဖွဲ့အစည်း ဟူ၍ သတ်မှတ်ကြခြင်းဖြစ်၏။
 ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သောနိုင်ငံများတွင် ၎င်းအဖွဲ့အစည်းအား ပုံစံနှစ်မျိုးဖြင့် တွေ့မြင်နိုင်ပေသည်။
၁။ Unicameral
၂။ Bicameral
Unicameral ဟူသည်မှာ တိုင်းပြည်အုပ်ချုပ်ရာတွင် ဥပဒေရေးဆွဲပြဌာန်းသော အဖွဲ့အစည်းတစ်ခုတည်းသာ ထားရှိပြိး ထိုအဖွဲ့အစည်းဖက်မှ ထုတ်ပြန်လိုက်သော ဥပဒေအား တိုင်းပြည်တွင် ကျင့်သုံးစေကြသည်။
Bicameral ဟူသည်မှာ အထက်လွှတ်တော် အောက်လွှတ်တော်ဟူ၍ နှစ်ဖွဲ့ပါရှိသော ပုံစံကိုခေါ်ဆိုသည်။
ထိုသို့ အထက်လွှတ်တော်၊ အောက်လွှတ်တော်ဟူ၍ နှစ်ဖွဲ့ထားရှိရသည်နှင့် ပတ်သတ်၍ အနည်းငယ်ရှင်းပြရသော်-
ပထမအချက်မှာ- အောက်လွှတ်တော်ရှိ အမတ်များအား ရွေးချယ်တင်မြှောက်ရာတွင် ဥပဒေရေးဆွဲခြင်းဆိုင်ရာ ပညာရပ်များ၏ တတ်ကျွမ်းမှု့အပေါ် မမူတည်ပေ။ ထို့ကြောင့် ယင်းအမတ်များတွင် စိတ်လိုက်မာန်မာပြုခြင်းများစွာ ရှိနေတတ်၏။ ထို့အတူ ယင်းအမတ်များသည် မိမိပါတီ၏ ဖိအားပေးမှု့များ အောက်တွင် ရုန်းထွက်မနိုင် ဖြစ်နေတတ်၏။  စိတ်လိုက်မာန်ဖြစ်သွားသောကြောင့်လည်းကောင်း၊ ပါတီ၏ဖိအားပေးမှု့ကိုမခံနိုင်၍ လုပ်မိသွားသောကြောင့် လည်းကောင်း တိုင်းပြည်နှင့် ပြည်သူ့အတွက် အကျိုးမရှိသော ဥပဒေများကို ကြိမ်ဖန်များစွာ ရေးဆွဲလာခဲ့ကြသည်။
သို့နှင့် ဤကဲ့သို့ ပြဿနာများအား ဖြေရှင်းပေးနိုင်ရန် လွှတ်တော်တစ်ခု ထပ်မံလိုအပ်လာတော့လေသည်။ ပထမလွှတ်တော်မှ ပြဌာန်းလိုသော ဥပဒေများအား စိစစ်ပေးရန်၊ သုံးသပ်ပေးရန် နည်းနာတကျ ဆုံးဖြတ်ပေးနိုင်ရန်အတွက် ဒုတိယလွှတ်တော်ဟူ၍ ပေါ်ပေါက်လာခဲ့ရလေသည်။ ရလဒ်အားဖြင့် အောက်လွှတ်တော်၏ ပြဌာန်းလိုသော ဥပဒေများအား ပြန်လည်သုံးသပ်ခြင်း၊ ဆွေးနွေးတိုင်ပင်ညှိနှိုင်းကြခြင်းများကြောင့် ဥပဒေတစ်ခုသည် အလျင်စလို မပေါ်ပေါက်လာပဲ တိကျသည့် ပုံစံအသွင်ဆောင်လာခဲ့၏။ အဓိကအားဖြင့် လိုအပ်ချက်တစ်ခုအား ဖြည့်ဆည်းပေးခြင်းပင်ဖြစ်ပေမည်။
သို့သော် အထက်လွှတ်တော်ဟူသည် အရည်အချင်းများနှင့် ပြည့်စုံသော၊ အမှန်တကယ်စစ်မှန်သော ကျွမ်းကျင်သည့် ပညာရှင်များ ဖြစ်နေရန် အလွန်အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော် ကိစ္စတစ်ခုနှင့် ပတ်သက်၍ အောက်လွှတ်တော်တွင် ကျွမ်းကျင်သူ နည်းပါးနေခြင်း၊ မရှိခြင်းကြောင့် ဆုံးဖြတ်ခွင့် အာဏာအား အထက်လွှတ်တော်သို့ပေးထားသည်။ အထက်လွှတ်တော်တွင်လည်း အောက် လွှတ်တော်နည်းတူ ဖြစ်နေမည်ဆိုပါက ကွပ်လပ်ဖြည့်ရာ မရောက်နိုင်တော့ပေ။
ဒီမိုကရေစီဝါဒဖြင့် အုပ်ချုပ်သော နိုင်ငံအများစုတွင် အထက်လွှတ်တော်အမတ်အဖြစ် ရွေးချယ်ရာတွင် လိုအပ်သော အရည်အချင်းများအပေါ် မမူတည်နေသောကြောင့် အထက်လွှတ်တော်၏ အဓိကရည်မှန်းချက် ပျက်ပျယ်နေရလေသည်။
ဒုတိယအချက်မှာ- တစ်ခုထက်ပိုသော ပြည်နယ်နှင့်တိုင်း ရှိနေသည့် နိုင်ငံတိုင်းတွင် ပြည်နယ်နှင့်တိုင်း သတ်မှတ်မှု့မှာ သာတူညီမျှ သတ်မှတ်ထားခြင်းမဟုတ်ပေ။ ကြီးသည် ငယ်သည်ဟူ၍ ရှိစမြဲပင်။ ထို့အတူ ဘာသာစကား၊ ယဉ်ကျေးမှု့ တို့မှာလည်း ကွပြားခြားနားတတ်ကြသည်။
ဥပမာအားဖြင့်- ရှမ်းပြည်နယ်သည် ကယားပြည်နယ်ထက်ပို ကြီးသကဲ့သို့ လူဦးရေသိပ်သည်းမှု့မှာလည်း မတူညီပေ။ သို့ဖြစ်ရာ အောက်လွှတ်တော် အမတ်များ တက်လာသောအခါ လူဦးရေများသော ပြည်နယ်နှင့်တိုင်းမှ အမတ်များ များနေတတ်ပြီး၊ သေးငယ်၍ လူဦးရေနည်းသော ပြည်နယ်နှင့်တိုင်းတို့မှ အမတ်ဦးရေ နည်းနေတတ်၏။
ရလဒ်မှာ- ပြည်နယ်ကြီးတစ်ခု၏ အမတ်များသည် ဧရိယာသေးငယ်သော ဒေသ၏ ပြည်သူများအား မထောက်ထားပဲ၊ လူနည်းစု၏ ရပိုင်ခွင့်ကို ချိုးဖောက်ကာ ဥပဒေရေးဆွဲမှု့များ ပြုလုပ်လာလေသည်။ ထို့အတူ အခြားတစ်အုပ်စုမှာ- ပြည်နယ်သေးငယ်၍ အမတ်ဦးရေ နည်းနေသောကြောင့် ၎င်းတို့၏ ရေးဆွဲပြဌာန်မှု့သည် အမြဲတစေ အပယ်ခံဥပဒေ ဖြစ်နေရလေသည်။ ထို့ကြောင့် ပြည်နယ်နှင့်တိုင်း အားလုံး၏ လူဦးရေ သိပ်သည်းမှု့ကို အခြေမခံပဲ အမတ်အရေအတွက် ညီမျှသော လွှတ်တော်တစ်ခု လိုအပ်လာတော့လေသည်။
အချုပ်အားဖြင့် လူနည်းစုတို့၏ ရပိုင်ခွင့်အား ထိန်းသိမ်းစောင့်ရှောက်ပေးရန်၊ လူများစု၏ လက်ဝါးကြီးအုပ်မှု့ကို ဟန့်တား၊ကာကွယ်ပေးရန်အတွက် အထက်လွှတ်တော်ဟူ၍ ဖြစ်လာတော့လေသည်။
မြောက်များစွာသော နိုင်ငံတို့တွင် ဤအချက်အား ရှေးရှု့၍ အထက်လွှတ်တော်၊ အောက်လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ခု ထားရှိ ကျင့်သုံးကြ၏။ သို့သော် အံ့သြဖွယ်ကောင်းသည်မှာ- တဖက်တွင် ဒီမိုကရေဝါဒီတို့၏ အထက်လွှတ်တော်ထားရခြင်း၏ ရည်ရွယ်ချက်သည် လူနည်းစု၊ ပြည်နယ်ငယ်လေးများ၏ ရပိုင်ခွင့်အား ကာကွယ်ပေးရန်ဖြစ်သော်လည်း တခြားတဖက်တွင်မူ ထိုရည်ရွယ်ချက်အား အကောင်ထည်ဖော်နိုင်ရန် လိုအပ်သည့် ဆုံးဖြတ်ခွင့်အာဏာအား အထက်လွှတ်တော်သို့ မပေးထားပေ။ အထက်လွှတ်တော်သည် နာမည်အားဖြင့် အထက်စီးတွင်ရှိသော်လည်း အာဏာသက်ရောက်မှု့တွင် အောက်လွှတ်တော်ထက် များစွာ ချိနဲ့နေပေသည်။
မြောက်များစွာသော နိုင်ငံတို့တွင် ဥပဒေတစ်ခုအား အောက်လွှတ်တော်မှ အတည်ပြု၍ အထက်လွှတ်တော်သို့ တင်လိုက်ပါက အထက်လွှတ်တော်၏ အမတ်များက ထို တင်ပြမှု့အား မသင့်တော်ဟု ထင်မြင်လျှင် ပြန်လည် စိစစ်ရန်အတွက် အောက်လွှတ်တော်သို့ ပြန်လည်ပေးအပ်ကြရသည်။ သို့သော် အထက်လွှတ်တော်တွင် ပယ်ချခွင့်အာဏာ မရှိပေ။ ဒုတိယအကြိမ် ပြန်လည် သုံးသပ်ပြီးနောက် ထိုဥပဒေအား အထက်လွှတ်တော်သို့ ပြန်လည်တင်ပြရန် မလိုတော့ပဲ အလိုအလျောက် အတည်ဖြစ်သွားလေသည်။
မှတ်ချက်။        ။ အချို့နိုင်ငံများတွင် ဤသို့မဟုတ်ပဲ အထက်လွှတ်တော်အား အခွင့်အရေးပိုပေးထားသည်လည်း ရှိ၏။ အောက်လွှတ်တော်၏ အဆိုတင်သွင်းမှု့အား အထက်လွှတ်တော်မှ ဖြည့်စွက်ပြဌာန်းလိုပါက ဖြည့်စွက်ချက် ထည့်သွင်းပြီး အောက်လွှတ်တော်သို့ ပြန်လည်သုံးသပ်စေကြသည်။ အောက်လွှတ်တော်ရှိ အမတ်များက ထိုဖြည့်စွက်ချက်များအား လက်ခံနိုင်လျှင် ထိုအဆိုတင်သွင်းမှု့အား ပြဌာန်းအကောင်အထည်ဖော်ကြလေသည်။ အကယ်၍ အထက်လွှတ်တော်၏ ဖြည့်စွက်ချက်များအား အောက်လွှတ်တော်က လက်သင့်မခံသော် လွှတ်တော်နှစ်ခု စုပေါင်းကာ အစည်းအဝေးပြုလုပ်ကြရ၏။ ထို့နောက် ထောက်ခံမဲ၊ ကန့်ကွက်မဲကို ကြည့်ရှု့ကာ ဆုံးဖြတ်ပြဌာန်းကြလေသည်။
ဤကဲ့သို့ နိုင်ငံများတွင် အထက်လွှတ်တော်သည် အခြားနိုင်ငံများ၏ အထက်လွှတ်တော်နှင့် ယှဉ်လျှင် လုပ်ပိုင်ခွင့်အာဏာများသည်ဟု သတ်မှတ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ အထက်လွှတ်တော်၊ အောက်လွှတ်တော်ဟူ၍ လွှတ်တော်နှစ်ခု ထားရှိခြင်းနှင့် ပတ်သက်၍ နိုင်ငံအသီးသီးရှိ နိုင်ငံရေးပါရဂူကြီးများသည် စောဒကတက်လိုခဲ့ကြသည်။ သို့သော် နိုင်ငံအများစုမှာ ထိုလွှတ်တော်နှစ်ခုထားရှိသည့် စနစ်ဖြင့်သာ အုပ်ချုပ်နေကြသောကြောင့် အားနည်းချက်ကို အနည်းငယ် ထုတ်ဖော်လေ့ရှိကြပြီး ထိုစနစ်အား အကောင်းမြင်ခဲ့ကြသည်။ သင့်တော်သည်ဟု ကောက်ချက်ပေးခဲ့ကြသည်။ ၎င်းတို့အတွက် ကြိုးဆွဲရာကနေခြင်းမှအပ ဆန့်ကျင်ပြောဆိုရန် လုံးဝ မရည်သန်နိုင်ခဲ့ပေ။
ဤသည် လူ့အခွင့်အရေးအား အပြည့်အဝပေးသည်ဟုဆိုသော ဒီမိုကရေစီဝါဒ၏ ပုံရိပ်တစ်ခုပင်ဖြစ်ပေသည်။
ဤ ကဏ္ဍတွင် နိဂုံးချုပ်အားဖြင့် တင်ပြလိုသည်မှာ- ဒီမိုကရေစီစနစ် အုပ်ချုပ်ရေးတွင်  Legislature ဥပဒေရေးစွဲသူများအဖွဲ့သည် အမြင့်မားဆုံးသော အဖွဲ့အစည်းဟု သတ်မှတ်ခံထားရသည်။ ဒီမိုကရေစီဝါဒီများထံတွင် ထိုအဖွဲ့အစည်းသည် အပြစ်ကင်းစင်သော၊ အမှားမလုပ်သော အဖွဲ့အစည်းဟု ရှု့မြင်ခံရထားသည်။
သို့သော် အမေရိကန်နှင့်အင်္ဂလန်တို့သည် မတူအမြင်ထားရှိကာ ကွဲပြားလုပ်ရပ်များဖြင့် ဆရာမတင်၊ လမ်းပြမခန့်စနစ်အား ကျင့်သုံးခဲ့ကြလေသည်။
အင်္ဂလန်နိုင်ငံတွင် ပါလီမန်၏ ဥပဒေပြဌာန်းမှု့၊ အဆိုတင်သွင်းမှု့တို့အား နိုင်ငံ၏ မည်သည့်အဖွဲ့အစည်းမဆို ကန့်ကွက်ပိုင်ခွင့် လုံးဝ မရှိချေ။ အကြောင်းမှာ- ပါလီမန်သည် အမှားမလုပ်နီုင်သော အဖွဲ့အစည်းဖြစ်ပေသည်။
အမေရိကတွင်မူ ပါလီမန်သည် လုပ်ပိုင်ခွင့်အာဏာရ အဖွဲ့အစည်းတစ်ခု ဖြစ်သော်လည်း ယင်းပါလီမန်၏ ပြဌာန်းမှု့၊ အဆိုတင်သွင်းမှု့တို့အား ကန့်ကွက်လိုက ကန့်ကွက်နိုင်ပေသည်။ ရုံးတော်တွင် ထိုကိစ္စအား စိစစ်ပြီး အမှန်တကယ်ပင် ထိုဥပဒေသည် နိုင်ငံတော်၏မူဝါဒ၊ ပြည်သူများ၏ အခြေခံရပိုင်ခွင့်တို့နှင့် ဆန့်ကျင်နေသည်ဟု သတ်မှတ်လိုက်ပါလျှင် ထိုဥပဒေသည် အပယ်ခံဥပဒေဖြစ်သွားပေမည်။
ဤ ဒုတိယပုံစံစနစ်အား Judicial Review ဟု ခေါ်ဆိုပေသည်။
ဥပဒေ ရေးဆွဲသူများအဖွဲ့အကြောင်းမှာ ဤမျှသာ......။
အင်န်ရှာအလ္လာဟ် ဆက်လက်၍ နိုင်ငံတော်၏ဥပဒေအကြောင်း ဆက်လက်တင်ပြပေးပါမည်။

နိုင်ငံရေးဝေါဟာရ အသုံးအနှုံးများအား မှားယွင်းစွာ အသုံးပြုမိပါက နားလည်ဖတ်ရှု့ပေးပြီး ထောက်ပြပေးပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
ဘရှီရွလ္လာဟ် ဖာရိုကီ

Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger