ကျွန်တော် ဒီပိုကစ်လေးကို ရဗီအွလ်အောင်ဝလဲလ အစကတည်းက ရေးသားဖို့ ရည်စူးမိတာပါ။ သို့သော် ကျောင်းစာမေးပွဲ အတွက် ပြင်ဆင်မှု့များ ပြုနေသဖြင့် အချိန်ပေးနိုင်သလို ဖြစ်သွားခဲ့တယ်။ ယနေ့ပဲ စာမေးပွဲပြီးဆုံးသွားတော့ ရည်ရွယ်ချက်လေး ပြည့်ဝဖို့အတွက် ကလောင်ကိုင်ကာ ဆရာသခင်ကြီးများ ရေးသားပြုစုခဲ့သော စအုပ်များအား လှန်လောရှာဖွေ မှတ်သားရင်း ချစ်ညီနောင်များ အကျိုးရှိစေရန် ဤနေရန်တွင် ရေးသားတင်ဆက်လိုက်ပါတယ်။
ဦးစွာပထမ အရေးကြီးသော အချက်တစ်ချက်အား မှတ်သားထားသင့်ပေသည်။ မြောက်များစွာသော နောင်တော်တို့သည် ဤအချက်ကို သတိမထားသဖြင့် ထင်ယောင်ထင်မှားမှု့ အမျိုးမျိုးဖြစ်ကာ သာသနာ့ပညာရှင်တို့အား သာသနာပိုင်များကဲ့သို့လည်းကောင်း၊ စိတ်ရိုင်းနောက်လိုက်နေသူများကဲ့သို့ လည်းကောင်း စသည်ဖြင့် အမျိုးမျိုး ဝေဖန်သုံးသပ်နေကြသည်။ အမှန်စင်စစ် သာသနာ့ ပညာရှင်များသည် စိတ်အလိုလိုက်၍ နှစ်သက်ရာအား အမိန့်ပေးနေပြီး၊ မကြိုက်နှစ်သက်သည့် အရာတို့အား တားမြစ်နေခြင်းမဟုတ်။ အမိန့်ထုတ်ပြန်ခြင်း စည်းမျဉ်းစည်းကမ်းတို့အား အပြည့်အဝ ထောက်ရှု့ရင်း ခေတ်အလိုက်၊ နေရာဒေသအလိုက် မကောင်းမြစ်တား၊ ကောင်းရာညွှန်ကြားနေကြခြင်းပင် ဖြစ်ပေသည်။ သာသနာ့ ပညာရှင်ကြီးများသည် ဆရာဝန်များကဲ့သို့ပင်ဖြစ်ကြသည်။ ဆရာဝန်သည် လူနာ၏ အခြေအနေကို မူတည်၍လည်းကောင်း၊ ရာသီဥတုကို ထောက်ရှု့၍လည်းကောင်း ဆေးအမျိုးမျိုး ပြောင်းလဲကုသပေးလေ့ရှိသည်။ ဤကဲ့သို့ပင် သာသနာ့ ပညာရှင်များသည်လည်း ဖြစ်ပေါ်လာသည့် သာသနာ့ကိစ္စအဝဝတို့အား ပြဌာန်းထားသည့် ဥပဒေနှင့်အညီ မူသဏ္ဍာန်အမျိုးမျိုးဖြင့် ကိုင်တွယ်ဖြေရှင်းနေကြခြင်းဖြစ်သည်။ ထို့ကြောင့် သာသနာ့ပညာရှင်များ၏ လုပ်ရပ်အား ပြင်ပသဏ္ဍာန်ကို ကြည့်၍ မဟုတ်မတရားပြောဆိုလျှင် စပျစ်သီးကို လှမ်းမမှီ၍ ချဉ်သည်ဟုပြောသော မြေခွေးကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ ထို့အပြင် ကိစ္စတစ်ခုအား နှိုက်နှိုက်ချွတ်ချွတ် ဂဃနဏ မသိပဲ ပုတ်ခတ်ပြောဆိုခြင်းမှာ သာသနာ့ရှု့ထောင့်အရ မပြုပိုင်သော ကိစ္စတစ်ခုဖြစ်သကဲ့သို့ လူသားတို့ထံတွင်လည်း ဥာဏ်ရည်မမှီ၊ အသိတရားမရှိသူတစ်ယောက်၏ လုပ်ရပ်မျှသာ ဖြစ်ပေလိမ့်မည်။ တနည်းအားဖြင့် ထိုသို့ပြုလုပ်ခြင်းမှာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း၊ မျက်နှာအိုးမဲသုတ်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ ဤသည် အသိဥာဏ်ရှိသူတိုင်း ရှောင်ကျဉ်သင့်သည့် အရေးအကြီးဆုံးသော အချက်တစ်ချက်ဖြစ်ပေသည်။ ( မြင့်မြတ်တော်မူသော အလ္လာဟ်အရှင် ကျွန်တော်တို့အားလုံးအားလိုက်နာနိုင်စွမ်း ချီးမြင့် တော်သနားတော်မူပါစေ... အာမီး(န်) )
တမန်တော်မွေးနေ့ ဖြစ်ပေါ်လာပုံအား အကျဉ်းအားဖြင့် တင်ပြရသော်..
တမန်တော်မြတ်(ဆွ)၏ ခေတ်အခါသမယမှ စ၍ ဟိဂ်ျရီသက္ကရာဇ် ၆ရာစုအကုန်ထိ မည်သူကမျှ တမန်တော်မွေးနေ့ ပြုလုပ်ခဲ့ခြင်းမရှိခဲ့ပေ။ ဦးစွာပထမ ပြုခဲ့သောနှစ်မှာ ဟိဂ်ျရီသက္ကရာဇ် ၆၀၄ ဖြစ်သည်။ စွလ်သွာန် အဗူစအီးဒ် မုဇဖ္ဖရ်နှင့် အဘွလ်ခပ်သွာဗ် ဗင်န် ဒေဟ်ယဟ် တို့မှ စတင်ပြုခဲ့ကြောင်း သမိုင်းစာမျက်နှာတို့တွင် ဖော်ပြထားရှိပါသည်။ ဤသို့ပြုလုပ်ရာတွင် အချက်သုံးချက်အား အမှူးထား၍ ပြုလုပ်ခဲ့ကြသည်။
၁။ ရဗီအွလ်အောင်ဝလ်လ ၁၂ ရက်နေ့အား မွေးနေ့တော်အဖြစ် သတ်မှတ်ခြင်း။
၂။ သာသနာ့ ပညာရှင်များအား မွေးနေ့တွင် စုပေါင်းတက်ရောက်စေခြင်း။
၃။ မွေးနေ့ပွဲ ပြီးဆုံးသွားသောအခါ တမန်တော်မြတ်(ဆွ)အား အီစွာလေ့ဆဝါးဗ် ပို့သရန် ရည်စူး၍ အကျွေးအမွေးများ ပြုလုပ်ခြင်း။
စတင်ပြုခဲ့သူ ထိုသူနှစ်ဦးနှင့် ပါတ်သတ်၍ သာသနာ့ သမိုင်းပညာရှင်များတွင် အဆိုအမျိုးမျိုး ကွဲလွဲနေသောကြောင့် ၎င်းတို့နှစ်ဦးအား သာသနာ့အကျိုး သယ်ပိုးဆောင်သူများ သို့မဟုတ် သာသနာဖျက်များ ဟူ၍ တိကျစွာ ပြောဆိုမရနိုင်ပေ။ အချို့ပညာရှင်များသည် ထိုသူနှစ်ဦးအား သာသနာ့အမိန့်များအား ချိုးဖောက်သူများ၊ ဘာသာရေးဆိုင်ရာ ကိစ္စတို့တွင် လိမ်ညာပြောဆိုသူများ ဟူ၍ သတ်မှတ်ထားကြသည်။ အချို့ကမူ သူတော်ကောင်းများ၊ လူရည်မွန်များဟူ၍ အမိန့်ရှိကြသည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့နှစ်ဦးနှင့် ပါတ်သတ်၍ ကိစ္စအဝဝတို့အား ရှင်မြတ်အလ္လာဟ်မှလွဲ၍ မည်သူမျှ သာပိုသိနိုင်မည် မဟုတ်ပေ။
ထိုအချိန်မှ စ၍ မွတ်စ်လင်မ်လူထုတွင် တမန်တော်မွေးနေ့ အခန်းအနားကျင်းပခြင်းမှာ စတင်ရေပန်းစားလာခဲ့သည်။ ထို့အတူ သာသနာ့ ပညာရှင်များသည်လည်း ယင်းအကြောင်းအရာနှင့် စပ်လျဉ်း၍ ပြုပိုင်သည်၊ မပြုပိုင်သည်ကို စတင် လေ့လာသုံးသပ်၊ အမိန့်ထုတ်ပြန်ခဲ့ကြလေသည်။ သာသနာ့ ပညာရှင်ကြီး အလ္လာမဟ် ဖာကေဟာနီနှင့် ထိုခေတ်ရှိ သာသနာ့ပညာရှင်များသည် အထက်ဖော်ပြပါ အချက်သုံးချက်နှင့် တမန်တော်မွေးနေ့အထိမ်းအမှတ်ပြုခြင်းအား ပိတ်ပင်တားမြစ်ခဲ့ကြပြီး بدعة سيئة ဟုသတ်မှတ်၊ အမိတ်ထုတ်ပြန်ခဲ့ကြသည်။ သို့သော် ဘုရင်၏ လက်ပါးစေ သာသနာ့ပညာတတ်များကမူ ထိုအချက်သုံးချက်အား ပြုပိုင်ခွင့်ရှိသော အရာများဟူ၍ ပြောဆိုကြပြီး ဘုရင်ကြီး၏ ကျေနပ်မှု့ကို ရယူခဲ့ကြသည်။ ထိုခေတ်မှ စ၍ တဖြည်းဖြည်းပြောင်းလဲမှု့များ ဝင်ရောက်လာပြီး ခေတ်အဆက်ဆက်တွင် အရောင်အမျိုးမျိုး ပြောင်းလဲကာ အစ္စလာမ်သာသနာတွင် Birthday တစ်ခု ဝင်ရောက်လာခဲ့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတွင် ရှေးယခင်ခေတ်များရှိ တမန်တော်မွေးနေ့ကျင်းပပုံအား ကျွန်တော်မသိရှိပါ။ သို့သော် ကျွန်တော်ကြီးပြင်းနေထိုင်ခဲ့သော လွင်ပြင်ဦး (ခေါ်) ပြင်ဦးလွင် မြို့တွင် ပထမဆုံး ကျွန်တော်မြင်ဖူးသည်မှာ- မွေးနေ့မတိုင်မီရက်များတွင် ကစီဒဟ်ပြိုင်ပွဲများ၊ စီရသ်ပြိုင်ပွဲများ၊ အစရှိသည့် ပြိုင်ပွဲမျိုးစုံ ပြုလုပ်ပြီး မွေးနေ့မနက်ပိုင်းတွင် အစ္စလာမ်မီယာကျောင်း (ခေါ်) အ.မ.က(၃) အခြေခံမူလတန်းကျောင်းတွင် လူအများစုရုံးကာ အလံကြီးငယ်အစုံတို့ဖြင့် စတင်ထွက်ခွါကာ မြို့တစ်ပတ် ပတ်ကြသည်။ ထိုသို့ လှည့်လည်သွားကြရာတွင် နအ်ရဟ်အမျိုးမျိုးကိုလည်း ရွတ်ဆိုကြသည်။ ထို့နောက် ဒံပေါက်ထုပ်များ ပေးဝေကြပြီး နေ့လည်ဖက်တွင် မွေးနေ့ပွဲအား ပြီးဆုံးစေကြသည်။ သို့သော် နှစ်အနည်းငယ်အတွင်း ပိတ်ပင်တားမြစ်မှု့ကြောင့် ပုလဲခန်းမတွင်သာ လူအများစုဝေး၍ ဟောပြောခြင်းများ ကစီဒဟ်ဆိုခြင်းတို့အား ပြုခဲ့ကြသည်။ အချုပ်ဆိုရသော် တမန်တော် မွေးနေ့ အခန်းအနားသည် ဟိဂ်ျရီ ၆၀၄ မှစ၍ ယနေ့ခေတ်အထိ ပုံသဏ္ဍာန်အမျိုးမျိုး အသွင်ဆောင်ကာ ဖြစ်ပေါ်လာခဲ့သည်။
ဤတွင် အထူးစဉ်းစားသင့်သောအချက်မှာ - တမန်တော်မြတ် (ဆွ) ဝဖာသ်ဖြစ်ပြီး ၆ရာစုနှစ် အတွင်းတွင် မရှိခဲ့သော အရာတစ်ခုအား ပိတ်ပင်တားမြစ်ကြသူ ကျွန်တော်တို့အား တမန်တော်မချစ်သူများ ဟု သမုတ်ပြောဆိုခွင့်ရှိပါသလား။ ဤသို့ဆိုလျှင် မပြုခဲ့သော တမန်တော်၏ တပည့်အရင်းများ ဖြစ်ကြသော ကျွန်တော်တို့အားလု့း၏ လမ်းပြကြယ်များ ဖြစ်ကြသော ဆွဟာဗဟ်များအား သမုတ်ပြောဆိုရာ ရောက်ပေမည်။ သာဗေအီးန်များ သဗအ်သာဗေအီးန်များအား မဟုတ်မတရား ပြောဆိုရာ ရောက်ပေမည်။ ထို့အပြင် တမန်တော် မွေးနေ့အား တခန်းတနား ကျင်းပကြခြင်းဖြင့် မိမိကိုယ်မိမိ တမန်တော်အား ခ်ျစခင်မြတ်နိုးသူဟူ၍ ပြောဆိုခြင်း မှန်ကန်မည်လော....။ ထို့ကြောင့် ဤနေရာတွင် တမန်တော်အား ချစ်ခင်သူ မည်သူနည်းဟူသော အချက်ကို ဦးတည်၍ အနည်းငယ် ရှင်းပြပေးလိုက်ပါသည်။
မွတ်(စ်)လင်(မ်)တိုင်းတွင် တမန်တော် ချစ်စိတ် အပြည့်ရှိရမည်။ ဥစ္စာပစ္စည်း၊ သားသမီး၊ မိဘ၊ ဆွေမျိုးသားချင်းများနှင့်အတူ မိမိကိုယ်မိမိ ချစ်ခင်သည်ထက်ပင် သာပို၍ တမန်တော်အား ချစ်ခင်ရမည်။ ထိုသို့ မချစ်ခဲ့ပါက စစ်မှန်သော မိုအ်မင်(န်) သက်ဝင်ယုံကြည်သူ မဖြစ်နိုင်ပေ။ ထို့အတူ တမန်တော်အား ချစ်ခင်ပါသည်ဟု နှုတ်မှ ပြောဆိုနေခြင်းသည် ပြည့်ဝသော ချစ်စိတ်မဖြစ်နိုင်ကြောင်း အသိဥာဏ်ရှိသူတိုင်း သိရှိကြပေသည်။ ချစ်သူ၏ စကားရပ်တိုင်းကို လက်တွေ့ဘဝတွင် အကောင်အထည်ဖော်ခြင်း၊ ချစ်သူ၏ ကြေနပ်မှုကို အမိန့်နာခံခြင်းဖြင့် ရှာကြံခြင်းမှာ အဓိကကျသော အထိရောက်ဆုံးသော အချစ်သက်သေပြချက်ပင် ဖြစ်ပေသည်။ ဝမ်းနည်းစရာကောင်းသော အချက်မှာ- ကျွန်တော်တို့သည် တမန်တော်အား ချစ်သည်ဟု နှုတ်မှ အလွယ်ပြောဆိုနေကြပြီး တမန်တော် တားမြစ်ခဲ့သော အရာတို့အား ရိုက်ချိုးဖီဆန်၊ မိန့်မှာချက်များအား မလိုက်နာပဲ စိတ်ရိုင်းနောက်သို့ ကောက်ကောက်လိုက်ကာ မိုက်တွင်းနက်လျှက် ရှိနေကြခြင်းပင် ဖြစ်သည်။ တမန်တော်၏ စွန္နသ်များအား ကိုယ်ခနာတွင် နေရာပေးရန် ဝန်လေးနေကြသည်။ လူမှု့ဆက်ဆံရေးနယ်ပယ်တွင် ကျောခိုင်းထားကြသည်။ ရောင်းဝယ်ကူးသန်းရေးဆိုင်ရာ ကိစ္စတိုင်းတွင် မျက်ကွယ်ပြုထားကြသည်။ ဘဝမွေးမြူခြင်း သက်တမ်းတစ်လျှောက်လုံးတွင် အနောက်တိုင်း ယဉ်ကျေးမှု့အား အခြေခံ၍ လူတို့ ထုတ်ပြန်ထားသည့် ကျင့်ထုံးမျိုးစုံ၊ ဓလေ့မျိုးစုံအား လိုက်နာကျင့်သုံးနေကြပြီး ချစ်တမန်တော်၏ စကားများကိုမူ မျက်စိ စုံမှိတ်ပြီး မလိုက်နာပဲ နေကြသည်။ ဤသည်ကို တမန်တော်အား ချစ်မြတ်နိုးကြသူများ၊ အသက်ထက်ပို၍ တန်ဖိုးထား ချစ်ခင်ကြသူများဟူ၍ ကင်ပွန်းတပ်ပေးရမည်လော။ တစ်နှစ်လျှင် တစ်ကြိမ် ကစီဒဟ်များဆို၍ တမန်တော်၏ စီရသ်တော် အခန်းတစ်ခုအား ပြောကြား၍ အကျွေးအမွေးများ ပြုလုပ်၍ တာဝန်ကျေသည်ဟု ပြောဆိုရမည်လော။ အမှန်စင်စစ် ဤသည် အသံသာရှိပြီး အဆံမရှိသော သင်္ကြန်အမြှောက်သက်သက်ပင် ဖြစ်ပေလိမ့်မည်။ ဤသို့ဆိုလျှင် တမန်တော်မြတ်(ဆွ)အား ချစ်ခင်သူ အဘယ်သူနည်း။ အောက်တွင် နမူနာတစ်ခုအား ရေးသားပေးလိုက်ပါသည်။ ဆက်လက်ဖတ်ရှု့ပေးကြပါ.....။
ဟဇရသ် အဗ်ဒွလ်လာဘင်(န်)အုမရ် သခင်ကြီးသည် တမန်တော်မြတ်ကြီးအား စစ်မှန်သော ချစ်စိတ်ဖြင့် သက်တမ်းတစ်လျှောက်လုံးအား ချစ်တမန်တော်၏ မိန့်မှာချက်များအတိုင်း ချစ်တမန်တော်၏ ပြုမူကျင့်ကြံပုံများအတိုင်း တသွေမသိမ်း လိုက်နာခဲ့သော ဆွဟာဗီကြီးတစ်ပါးဖြစ်သည်။ ထိုဆွဟာဗီကြီး၏ သက်တမ်းတစ်လျှောက်လုံး ပြုကျင့်ခဲ့သော အချက်အလက်များအား ရေးသာရန် မဟုတ်သဖြင့် အစိတ်အပိုင်းလေး တစ်ခုအား အတိုချုံး၍ တင်ပြလိုက်ပါသည်။ သခင်ကြီးသည် ဟဂ်ျပြုရာတွင် ချစ်တမန်တော် နားခိုခဲ့သော နေရာတိုင်းတွင် နားခိုခဲ့သည်။ အပင်တစ်ပင်အောက်တွင် ချစ်တမန်တော် အရိပ်ခို၍ နားတော်မူခဲ့လျှင် ထိုအပင်အောက်တွင် အရိပ်ခို နားခဲ့သည်။ ပင်ပန်းမှု့မရှိလျှင်လည်း (တနည်း လိုအပ်ချက်မရှိလျှင်လည်း) နားခိုခဲ့သည်။ ချစ်တမန်တော် အပေါ့အလေးသွားခဲ့သော နေရာတိုင်းတွင် ထိုင်တော်မူခဲ့သည်။ လူတို့က အို အဗ်ဒွလ်လဟ် အပေါ့အပါးသွားရန်လည်း မဟုတ်ပဲ ထိုနေရာတွင် အဘယ်ကြောင့် အစီးအနှင်းမှ ဆင်း၍ ထိုင်ပါသနည်း ဟုမေးမြန်းလာသောအခါ ချစ်တမန်တော် ဤနေရာတွင် အပေါ့အပါးသွားရန် ထိုင်တော်မူခဲ့သည်ဟု ဖြေကြားခဲ့သည်။ (အလ္လာဟုအက်ဗရ်) တမန်တော်မြတ်(ဆွ) အားချစ်ခင်သူများမှာ တမန်တော် ပြုကျင့်ခဲ့သော အသေးအကြိး အမှု့ကိစ္စတိုင်းအား ထပ်ချပ်မခွာ ပြုကျင့်ကြသည်။ ကျွန်ုပ်တို့သည် အမိန့်တော်များကိုပင် လိုက်နာရန် ဝန်လေးနေကြသည်။ ထို့ထက်ပိုဆိုးသည်ကား ဆင်ပါးစပ်နှမ်းပက်၍ ဗိုက်ပြည့်မည်ဟု ထင်ခြင်းပင်ဖြစ်ပေသည်။
ထို့ကြောင့် ကျွန်တော် ပြောပြလိုသော အချက်မှာ- ချစ်သည်ဟု နှုတ်ဖြင့်ပြောဆိုခြင်း (ပွဲလုပ်၍ ပြောသည်ဖြစ်စေ၊ တစ်ဦးတည်း ရေရွတ်နေသည်ဖြစ်စေ) သည် အဓိကကျသော အချက်မဟုတ်။ တမန်တော်ကို ချစ်လျှင် တမန်တော်၏ မိန့်မှာချက်များအား တသွေမတိမ်း ကျင့်သုံးလိုက်နာရမည်။ သို့မှသာ ကျွန်တော်တို့သည် စစ်မှန်သော ချစ်မြတ်နိုးကြသူများ ဖြစ်ကြမည်။
အထက်တွင် တမန်တော်အား မည်သူချစ်ခင်သနည်း ဟူသော စဉ်းစားသင့်သည့် အချက်ကို တင်ပြပြီးနောက် ယခုတဖန် ပွဲသဘင်ကျင်းပခြင်းနှင့် အစ္စလာမ် စပ်ဆက်မှု့ရှိပါသလား ဟူသော အချက်ကို တင်ပြပေးလိုပါသည်။
ပွဲသဘင်ကျင်းပခြင်း နှင့် အစ္စလာမ် စပ်ဆက်မှု့ရှိပါသလား။ အထူးသဖြင့် နှစ်ပတ်လည်အသွင်ဆောင်သော တမန်တော်မွေးနေ့ အခန်းအနားကျင်းပခြင်းသည် သာသနာ၏ အစိတ်ပိုင်း တစ်ခု ဖြစ်ပါသလား။အစ္စလာမ် သာသနာမှ လွဲ၍ ကျန်ဘာသာခြားတို့တွင် နှစ်ပတ်လည် ပွဲများ ရှိကြပါသည်။ မိမ်တို့ ခေါင်းဆောင်ကြီးများ၏ နှစ်ပါတ်လည် မွေးနေ့များ၊ အနိစ္စရောက်သည့်နေ့များ၊ နှစ်ပါတ်လည် ထုံးလမ်းစဉ်လာများ အမျိုါ်မျိုး ရှီကြသည်။ ခရစ်ယှာန်များသည် တမန်တော် အီစာဖွားမြင်သည့်နေ့တွင် မွေးနေ့ပွဲကျင့်ပကြသည်။ ထို့အတူ အခြားဘသာဝင်များသည်လည်း မိမိတို့အား ရှေ့ဆောင် လမ်းပြခေါ်ဆောင်သွားခဲ့ကြသော ခေါင်းဆောင်များ၏ မွေးနေ့ပွဲများကို ကျင်းပကြသည်။ အခြားအလြားသော နှစ်ပတ်လည်ပွဲများ၊ ထုံးလမ်းစဉ်လာများကိုလည်း ကျင်းပလေ့ရှိကြသည်။ ဤသည်ကို ကြည့်၍ ကျွန်တော်တို့သည်လည်း တမန်တော်မွေးနေ့ ကျင်းပမည်ဆိုပါက ဗနီအစ္စရာအိလ်များ တမန်တော် မူစာထံတော်မျ ရုပ်ထုကိုးကွယ်ရန် တောင်းဆိုသက့သို့ ဖြစ်ပေမည်။ ချောလဲသူများနှင့်အတူ ရောထိုင်လိုက်သူမှာ ရွှံ့ပေ၊ ရေရွှဲသည်မှအပ အခြား ရလဒ်ကောင်း ရလာမည်မဟုတ်။ အိုင်တွေ့တိုင်း လူးချင်စိတ်ရှီပါက အနည်းဆုံးအဆင့် ချေးအိုင်၊ သေးအိုင်တို့အား ရှောင်ရှားသင့်သည်။ တမန်တော်အား ချစ်ခင်၍ ဒရူးဒ်ပို့သခြင်း၊ အီဆွာလေဆဝါဘ် ပို့သခြင်း၊ တမန်တော်မြတ်၏ အထ္ထုပ္ပတ္တိအား ပြောဆိုဟောပြောခြင်းမှာ အလွန်ကောင်းမွန်သော လုပ်ရပ်တစ်ခု ဖြစ်ပါသည်။ သို့သော် ဖာလူဒါနှင့် မစင်အား ရောလျှက် မသုံးဆောင်သင့်ပေ။
အစ္စလာမ် သာသနာတွင် နှစ်ပတ်လည် အခန်းအနားများကျင်းပခြင်းမရှိခဲ့။ ထိုသို့ မပြုလုပ်ရခြင်းမှာလည်း အဓိကအားဖြင့် အချက်နှစ်ချက်ကြောင့်ပင် ဖြစ်သည်။
၁။ အစ္စလာမ်သာသနာသည် ရုပ်ပြသက်သက်၊ ဟိတ်ဟန်ပြသရုံသက်သက် သင်ကြားပေးသော သာသနာမဟုတ်ပေ။ တမန်တော်ကို ချစ်ပါသည် ဟူ၍ အသံချဲ့စက် အဆုံးဖွင့်ကာ ဟစ်ကြွေးနေခိုင်းသည့် သာသနာမဟုတ်။ အစ္စလာမ်သာသနာသည် နှလုံးသားတို့အား တမန်တော်၏ ချစ်စိတ်မွေးမြူစေပြီး လက်တွေ့ဘဝတွင် မြတ်တမန်တော် မိန့်မှာသည့်အတိုင်း ပြုကျင့်နေထိုင်ရန်သာ သင်ကြားပေးခဲ့သည်။ ကျားသားရေခြုံ၍ လူရှိန်စေရန် အမိန့်မပေး။ ကျားစိတ်ရှိရန်သာ သင်ကြားပေးခဲ့သည်။ မိတ်ကပ်လိမ်း၍ အလှဆင်ခြင်းကို မသင်ပေးခဲ့။ နှလုံးသားလှရန်၊ စာရိတ္တကောင်းရန်သာ ဟောကြားပြသပေးခဲ့သည်။
၂။ အခြားဘာသာတို့တွင် ပွဲလမ်းသဘင် ကျင်းပရန်အတွက် တစ်နှစ်လျှင် သုံးလေးငါးရက်သာ ရှိသည်။ ရွှေစာရွက်များပေါ်မှ အစ္စလာမ့်သမိုင်းသည်ကား ထိုသို့မဟုတ်။ မြတ်နဗီ မီးရှုးသန့်စင်ချိန်မှ စ၍ အစ္စလာမ် သာသနာ ပြန့်ကျက်ကွန့်မြူးလာသည့် အချိန်ကာလ တစ်လျှောက်လုံးတွင် တစ်ရက်သည် တစ်ရက်ထက် သာပိုအရေးကြိးပြီး သမိုင်းဝင်မော်ကွန်း ထိုးခဲ့သည်။ ထို့ကြောင့် နှစ်ပတ်လည် အခန်းအနားများ ကျင်းပနေမည်ဆိုပါက မွတ်(စ်)လင်(မ်) တို့တွင် ပွဲသဘင် ကျင်းပခြင်းမှ အပ အခြားအလုပ်များ လုပ်ကိုင်ရန် အချိန်ရှိနိုင်မည်ပင်မဟုတ်။
မည်သည့် ရှု့ထောင့်ကပင်မဆို အစ္စလာမ် သာသနာ၏ အမိန့်ပညတ်ချက်များအား ကြည့်ရှု့ပါလေ။ အစ္စလာမ်သာသနာသည် ပွဲလမ်းသဘင် ကျင်းပခြင်းအား နှစ်သက်သည်ဟူ၍ တွေ့ရမည်မဟုတ်။ အစ္စလာမ့် ဥပဒေ၊ အစ္စလာမ့် ပြဌာန်းချက်တိုင်းသည် လူသားတို့၏ အတွင်းပိုင်း ပြုပြင်ရေး၊ နှလုံးသားမှ အညစ်အကြေးများ ကင်းစင်ရေးနှင့် အတူ မြတ်နဗီ၏ မိန့်မြွတ်ချက်များအား တသွေမတိမ်း လိုက်နာရန်သာ သင်ကြားပေးနေခြင်း ဖြစ်သည်။ တမန်တော်အား ချစ်သည်ဟု အကြောင်းပြ၍ ပွဲသဘင်ပြုလုပ်ခြင်းမှာ အစ္စလာမ်သာသနာတော်မှ သင်ကြားပေးထားသော အလုပ်တစ်ခု မဟုတ်ပေ။ အမှန်စင်စစ် အစ္စလာမ် သာသနာမှ သင်ကြားပေးထားသည်မှာ စွန္နသ်တော်များကို မိမိဘဝ တစ်လျှောက်လုံး လိုက်နာကျင့်သုံးခြင်းဖြင့် တမန်တော်ကို ချစ်ကြောင်း ပြသရန်သာ ဖြစ်သည်။
အစ္စလာမ် သာသနာသည် ဝမ်းမြောက်ပျော်ရွှင်ရမည့်နေ့များ ဟူ၍ နေ့ထူးရက်မြတ်နှစ်ခုအား သတ်မှတ်ပေးထားပါသည်။ အီးဒ်လေး ခေါ် အီဒွလ်ဖသ်ွရ် နှင့် အီးဒ်ကြီး ခေါ် အီဒွလ်အဒ်ွဟာ တို့ဖြစ်ကြသည်။ ထိုနေ့များ အပြင် ကျန်ရက်တစ်ရက်ရက်အား အီးဒ်ဟူ၍ မည်သူတစ်ဦးတစ်ယောက်မှ သတ်မှတ်ပိုင်ခွင့် မရှိပေ။ တမန်တော် မွေးနေ့ စတင်ဖြစ်ပေါ်လာချိန်မှ စ၍ အမျိုးမျိုးသော ဆန်းသစ်တီထွင်မှု့များ ဝင်ရောက်လာခဲ့ပါသည်။ သို့သော် မည်သူကမျှ ထိုနေ့အား အီဒ်ဟူ၍ မသတ်မှတ်ခဲ့ကြပေ။ ခေတ်ကာလ ပြောင်းလဲလာသည်နှင့်အမျှ လူတို့၏ စိတ်များတွင် ဘာသာရေး ဝင်ရောက်စွက်ဖက်မှု့ ပြောင်းလဲမှု့ အရေးတော်ပုံမီးများ တဟုန်းဟုန်း တောက်လောင်လာခဲ့သည်။ ကမ္ဘာပေါ်ရှိ မွတ်စ်လင်မ်တိုင်းသိသော အီးဒ်အသုံးအနှုံးအား တရားတော်တွင် မရှိခဲ့သော အစ္စလာမ့်မူဝါဒတို့နှင့် လားလားမျှမဆိုင်သော နေ့တစ်နေ့အတွက် သုံးစွဲ၊ပြောဆိုရန် အသင့်ဖြစ်လာကြသည်။ သတိမမူ ဂူမမြင် သတိမူက မြူပင်မြင်နိုင်ကြောင်း လက်တွေ့ကြည့်လိုပါသလား။ ဤနေရာတွင် ကွင်းကွင်းကွက်ကွက် ကျွန်တော်တို့ ကြည့်ရှု့နိုင်ပေသည်။
တမန်တော်မြတ်(ဆွ)၏ မွေးနေ့အား အီဒ်ဟူ၍ သတ်မှတ်လိုပါက တမန်တော် သက်ရှိထင်ရှား ရှိစဉ်ကတည်းကပင် သတ်မှတ်ပေးမည် ဖြစ်သည်။ သို့မဟုတ် နှစ်သက်ကြောင်း အရိပ်အမြိတ် ပြုပေးခဲ့မည် ဖြစ်သည်။ ကျန်ရှိ ဆွဟာဗဟ်များ ထိုအချက်အား အကော်ငအတည်ဖော်ကာ အွမ္မသ်ထုတစ်ခုလုံးအတွက် တတိယအီးဒ်အား သတ်မှတ်ပေးလိုက်မည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆွဟာဗဟ်များသည် တမန်တော်မြတ်ကြိး၏ နှစ်သက်ကြောင်း မြွတ်ဟခဲ့သော ကိစ္စတိုင်းအား ကိုယ်တိုင်လိုက်နာကျင့်သုံးခဲ့သည့် အွမ္မသ်အားလည်း လမ်းပြပေးခဲ့ကြသည်။ ဤသို့ဆိုလျှင် ယနေ့ခေတ်တွင် ဖြစ်ပေါ်နေသော တတိယအီးဒ်နှင့် ပါတ်သတ်၍ ဖြစ်နိုင်ချေ နှစ်ခုသာ ရှိတော့သည်။ တစ်ခုမှာ အစ္စလာမ်သာသနာတွင် အီးဒ်နှစ်ခုသာ ရှိပြီး တတိယအီးဒ် မရှိပေ။ (တနည်း) ကျွန်တော်တို့အားလုံး လမ်းမှားပေါ်တွင် လျှောက်နေကြပြီး အစ္စလာ့မ်ဝေါဟာရ တစ်ခုအား ပြောင်းလဲသုံးစွဲနေကြသည်။ ဒုတိယ ဖြစ်နိုင်ချေမှာ (နအူဇုဘစ်(လ်)လာ) ကျွန်တော်တို့သည် တမန်တော် ဖွားမြင်သန့်စင်လာသော နေ့အတွက် အီးဒ်နေ့သဖွယ် ပျော်ရွှင်သတ်မှတ်ကြပြီး ခလီဖဟ်ကြီးလေးပါး၊ ဆွဟာဗဟ်သာဝကကြီးများအပါအဝင် ဟိဂ်ျရီ ခြောက်ရာစုအတွင်းရှိ အစ္စလာမ့် ခေါင်းဆောင်များသည် တမန်တော် ဖွားမြင်သန့်စင်လာသည့်နေ့အတွက် ပျော်ရွှင်ဝမ်းမြောက်ခြင်း မရှိခဲ့ပေ။
ထို့အပြင် ကျွန်တော်တို့ အထူးသတိထားသင့်သည့် အချက်တစ်ချက်မှာ- တမန်တော်မွေးဖွားသည့်နေ့စွဲနှင့် ပတ်သတ်၍ သမိုင်းပညာရှင်များ၊ စီရသ်အကျော်အမော်များတို့ထံတွင် အကွဲအလွဲရှိ၏။ အချို့ပညာရှင်များသည် ရဗီအွလ်အောင်ဝလ် (၈)ရက်၊ အချို့ကမူ ရဗီအွလ်အောင်ဝလ် (၉)ရက်၊ အချို့ပညာရှင်ကြီးများသည် ရဗီအွလ်အောင်ဝလ် (၁၂)ရက် ဟူ၍ ရေးသားပြောဆိုခဲ့ကြသည်။ အကျော်ကြားဆုံး အဆိုမှာ- ရဗီအွလ်အောင်ဝလ် (၁၂)ရက်ပင် ဖြစ်ပေသည်။ သို့သော် တမန်တော် ဝဖာသ်ဖြစ်သည့်နေ့နှင့် ပါတ်သတ်၍ ရဗီအွလ်အောင်ဝလ် (၁၂)ရက်သာ ဖြစ်ကြောင်း တညီတညွှတ်တည်း ရေးသားပြောဆိုကြခဲ့သည်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့ အသစ်သတ်မှတ်လိုက်သော အီးဒ်နေ့တွင် တမန်တော် ဝဖာသ်ဖြစ်တော်မူခဲ့သည်။ အကယ်၍ တစ်ဦးတစ်ယောက်က ကျွန်တော်တို့အား မွေးနေ့အတွက် ပျော်နေကြတာလား။ ဒါမှမဟုတ် ဝဖာသ်ဖြစ်မှု့အပေါ် ပျော်ရွှင်နေကြတာလား။ မွေးနေ့အတွက် ပျော်နေသည်ဆိုပါက မွေးနေ့အတွက် ပျော်ရွှင်ရန် အသင့်ဖြစ်ပြီး ဝဖာသ်ဖြစ်မှု့အပေါ် ဝမ်းနည်းကြေကွဲရန် အသင့်မရှိကြတာလား။ ဟု မေးမြန်လာပါက မည်သို့ ဖြေဆိုကြမည်နည်း။
အချုပ်ဆိုရသော် တမန်တော်မွေးနေ့တွင် ပြုကျင့်သမျှသော မကောင်းမှု့တို့အား အမြစ်လှန်ပစ်ရန်အတွက် ကျွန်တော်တို့၏ လမ်းပြများဖြစ်ကြသော သာသနာ့အကြီးအကဲများ မွဖ်သီဆာဗ်ကြီးများသည် တမန်တော်မွေးနေ့အား ဗစ်(ဒ်)အသ်ဟူ၍ သတ်မှတ်ကာ မပြုပိုင်သောအရာဖြစ်ကြောင်း တရားတော်လာ ကိစ္စမဟုတ်ကြောင်း ရှောင်ကျဉ်ရမည့်အရာဖြစ်ကြောင်း သတ်မှတ်ပြောဆိုကြခြင်း ဖြစ်ပါသည်။ အောက်တွင် တမန်တော်မွေးနေ့ အပေါ်အခြေခံ၍ ဖြစ်ပေါ်လာသော ဆိုးကျိုးများအချို့ကို တင်ပြပေးရင်း တမန်တော်မွေးနေ့နှင့် အစ္စလာမ် ဟူသော ပို့စ်အား နိဂုဏ်းချုပ်လိုက်ပါသည်။
- ၁။ ထိုနေ့တွင် တမန်တော်မြတ်(ဆွ) လာသည်ဟု ပြောဆို၊ ခံယူခြင်း၊
- ၂။ ပရ်ဒါမဲ့ အမျိုးသမီးများ တက်ရောက်ခြင်း၊
- ၃။ အမျိုးသမီး၊ အမျိုးသား ရောနှောသွားခြင်း၊
- ၄။ တမန်တော် ဝဖာသ်ဖြစ်မှု့အပါ် ဝမ်းနည်းရမည့်အစား ပျော်ရွှင်နေသည်ဟု သက်ရောက်ခြင်း၊
- ၅။ ရွှေခေတ်ရှိ ဆွဟာဗဟ်၊ သာဗီအီး(န်)တို့ မပြုခဲ့သော လုပ်ရပ်အား သာသနာ့ဘောင်သွင်းခြင်း၊
- ၆။ အနောက်တိုင်း ယဉ်ကျေးမှု့အား အတုယူခြင်း၊
- ၇။ တမန်တော်မွေးနေ့ ပြုသဖြင့် မိမိတို့သာ နဗီတမန်တော်ကို ချစ်သည်ဟု ပြောဆိုခြင်းကြောင့် မွေးနေ့မပြုခဲ့သူ ဆွဟာဗဟ်တို့အား စွပ်စွဲပြောဆိုရာရောက်ခြင်း၊
- ၈။ အီးဒ် ဟူသော သသနာ့ အသုံးအနှုံးအား သတ်မှတ်ထားသည့် နေ့အပြင် ကျန်နေ့တွင် သုံးစွဲခြင်း၊ (ဤသည် သဟ်ရီဖွဒ်ဒီး(န်) ဘာသာရေးကိစ္စ တစ်စုံတစ်ရာအား ပြောင်းလဲခြင်း မည်၏)
- ၉။ တမန်တော်မြတ်၏ ချီးမွမ်းခန်းဖွင့်ရာတွင် ရှစ်ရ်က် အသုံးအနှုံးများ ပါဝင်ခြင်း၊
- ၁၀။ တမန်တော်၏ စီရသ်တော်အား လက်တွေ့လိုက်နာရန် မကြိုးစားပဲ နှစ်ပတ်လည် မွေးနေ့ပွဲ ကျင်းပခြင်းဖြင့် လုံလောက်သည်ဟု သတ်မှတ်လာခြင်း၊
- ၁၁။ ငွေကြေး အမြောက်အများအား ဖြုန်းတီးခြင်း၊
- ထို့အပြင် မြောက်များစွာသော ဆိုးကျိုးများ ကျန်ရှိနေပေသေးသည်။ ဤနေရာတွင်မူ ဖော်ပြပါအချက်များကို ကြည့်၍ သံဝဂယူရန် လုံလောက်မည်ဟု ယူဆမိသောကြောင့် ပို့စ်အား အဆုံးသတ်လိုက်ရပါသည်။
وا~خر دعوانا أن الحمد لله رب العالمين
မိုအ်မင်န်တိုင်း၏ဒိုအာလိုလားသူ
ဘရှီးလေး
မေမြို့
+ ဦး မှတ်ချက်ပေးခဲ့သည်။ + 1 comment
) ကုရ်အာန် (၁၄း၅)
အလ္လဟ်နေ့တော်များကို ထိုသူတို့အားသတိပေးလျက်ရှိလော့။
ဤအာယသ်တော်အား တဖ်စိရ်ဖွင့်ဆိုရာတွင်နာစာအီကျမ်း၊ မွတ်စ်နဒ် အဟ်မဒ် ကျမ်း နှင့် ဗိုင်ဟကီ ၏ ရှူအူဗူလ်အီမာန် တို့၌ ဟဒီးဆ်တော်တစ်ရပ်ဖေါ်ပြထားသည်မှာ အိဗ်နုကအဗ်(ရသွီ) ဆင်ပြန်သည်။ မဟာတမန်တော်မြတ် ကြီး(ဆွ) မိန့်တော်မူသည်မှာ အလ္လဟ်နေ့တော်များသည် အလ္လဟ်အရှင်မြတ်ကျေးဇူးပြုတော်မူသော နေ့ရက် ၊အလ္လဟ်သက်သေလက္ခဏာ၏ နေ့ရက် ပင်။ မဟာတမန်တော် မြတ် ၏ဖွားမြင်မှုသည် ကြီးမားသော ကျေးဇူးတော်ပင် ။ (တဖ်စီရ် ရုးဟုလ် မအာနီကျမ်း)
(ခ) ဟဒီးဆ်
မွတ်စလင်ကျမ်း၌ ကတာဒါ အန်ဆွာရီ (ရသွီ) ၏ ဆင့်ပြန်ချက် ၌ ဖေါ်ပြထားသည်မှာ မဟာတမန်တော်မြတ် ကြီး(ဆွ) အား တနလာင်္နေ့၌ ဆွီယာမ် စောင့်ရခြင်း အကြောင်းအရင်းနှင့်ပတ်သက်၍ လျှောက်ထားမေးမြန်းသောအခါ ကိုယ်တော်မြတ်က “ ယင်းသည် ငါတမန်တော် ၏ မွေးနေ့ဖြစ်သောကြောင့် လည်းကောင်း ငါကိုယ် တော် ကို စေလွှတ်တော်မူသောနေ့ဖြစ်သောကြောင့် လည်းကောင်း ” ဟု ဖြေဆိုတော်မူ၏။
(မှတ်ချက်။ ဤဟဒီးဆ်ကို ကတာဒါ(ရသွီ) အပြင် အာအိရှာ၊ အုစာမာဗင်ဇိုက်ဒ်၊ အဗူဟုရိုင်ရမ်(ရသွီ) တို့က ဆင့်ပြန်ထားကြပြီး မွတ်စလင် ၊အဗူဒါဝူဒ် ၊နဆာအီ၊နှင့် မွတ်စ်နဒ်အဟ်မဒ် ကျမ်းတို့တွင် ဖေါ်ပြထား၏ ။ ဘာသာပြန်သူ)
အီဗ်နူအာဗာစ် ၊ အိဗ်နုဂျာဗရ် တို့၏ ဆင့်ပြန်ချက်အရ ကိုယ်တော်မြတ် သည် ဆင်နှစ် ရဗီအောင်ဝလ်လ ၁၂ရက်နေ့ တနင်လာနေ့တွင် ဖွားမြင်ခဲ့၏ ။ (မဟာတမန်တော် မြတ်ကြီး ၏ ဖွားမြင်ခဲ့သည့်နေ့ရက်မှာ ရဗိအုလ်အောင်ဝလ်လ ၁၂ရက်နေ့ဖြစ်ကြောင်း ၊ အိဗ်နုဟစ်ရှာမ် ၏ စီရသုလ်နဗ၀ီယာကျမ်း၊ အိဗ်နုဂျရီးရ် သုလ် ကုဗ်ရာ ကျမ်း၊ အိဗ်နုခွလ်ဒွမ် ၏ သာရီးခ်ကျမ်းတို့တွင်ဖေါ်ပြ၏ ။ ရှေးခေတ် သမိုင်း ပညာရှင် အားလုံး ကလည်း တညီတညွတ်တည်း လက်ခံ၏။ နှောင်းခေတ် တွင် မဟ်မူဒ်ပါရှား၊ အလ်ဖလကီ ၏ နက္ခတ္တ နည်းဖြင့် ပြန်လည် စိစစ်မှုကို ရှစ်ဗ်လီနုအ်မာနီ နှင့် မဟ်မူဒ်အလ်ဒူရီ စသော နှောင်းခေတ် သမိုင်းပညာရှင် တို့က လက်ခံ၍ ရဗီအောင်ဝလ် ကိုးရက်ဟု ဆိုကြရာမှ နေ့စွဲအကွဲအလွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ကိုယ်တော်မြတ် ဟိဂျရသ် ရွှေ့ပြောင်းတော်မူ ရာနေ့နှင့် ၀ဖားသ်ပြုတော်မူရာနေ့ မှာလည်း ရဗီအုအောင်ဝလ် ၁၂ရက်ပင်ဖြစ်သည်။ မဟာတမန်တော်မြတ်ကြီးက မိမိ၏မွေးနေ့ သည် ထူးခြားသော နေ့မြတ် ဖြစ်ကြောင်း ယင်းဟဒီးဆ်တော်က ထောက်ပြနေသည်။
Post a Comment