အသိပေးခြင်း
က
Home » » ဗိုင်အသ်ဆိုသည်မှာ...

ဗိုင်အသ်ဆိုသည်မှာ...


بسم الله الرحمن الرحيم
ဒီပို့စ်လေးကို မွတ်စ်လင်မ် အမျိးသား အမျိုးသမီးများအား ဗိုင်အသ်နှင့် မိတ်ဆက်ပေးရန်အတွက် ရည်စူး၍ ရေးသားလိုက်ရပါသည်။ အတတ်နိုင်ဆုံး မြန်မြန်တင်ရန် ရည်ရွယ်ခဲ့သော်လည်း အားအင်ချိနဲ့သည့် ကျွန်တော်သည် မိမိ ကိုယ်ရေးကိုယ်တာ ကိစ္စများ၊ အခြားအခြားသော အကြောင်းပြချက်မျိုးစုံတို့၏ ကွန်ယက်မှ ရုံးမထွက်နိုင် ဖြစ်နေခဲ့သည်။ သို့သော် မြင့်မြတ်တော်မူသော အရှင်မြတ်၏ အသနားတော်ဖြင့် ယနေ့ ဤပို့စ်လေးအား ရေးသားခွင့် ရရှိခဲ့ပါသည်။
ပို့စ်အား အစမပြုခင် အချို့အချက်လက်များကို ဦးစွာ တင်ပြလိုပါသည်။ ယင်းတို့မှာ....

၁။ ဤပို့စ်အား ရေးသားရခြင်းမှာ မည်သူတစ်ဦးကိုမျှ ဝေဖန်တိုက်ခိုက်ရန် ရည်ရွယ်ခြင်းမဟုတ်။ အများအကျိုးကို မျှော်ကိုး၍ ရေးသားနေခြင်းသာ ဖြစ်သည်။ မသိနားမလည်သည်များကို မေးမြန်းသည်မှအပ အခြား စောဒကများအား လုံးဝဖြေကြားပေးမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဗိုင်အသ်သည် လူသာမန်များအားအတွက်ပင် မဆိုနှင့်.. ဆူဖီသူတော်စင်များ ထံတွင်ပင်လျှင် အရေးကြီးသော ကိစ္စမဟုတ်။ သာသနာ၏ အရေးကြီးသော အခန်းကဏ္ဍတို့အား ဆွေးနွေး၍ ရွှေထက်တန်ဖိုးရှိသော အချိန်ကို သုံးစွဲနေရခြင်းမှာ ဂုဏ်ယူစရာပင်။ သို့သော် မပြောပလောက်သော ကိစ္စရပ်များတွင် အငြင်းအခုံပြုနေခြင်းမှာ အလုပ်မရှိသူတို့ မှီဝဲရာ စိတ်အဟာရဖြည့်စေမည့် အလုပ်တစ်ခု ဖြစ်သော်လည်း ကျွန်တော့်အတွက်မူ ထိုအရာသည် အဆိပ်တစ်ခုဖြစ်မည်မှာ မလွဲဧကန်။

၂။ ယနေ့ခေတ်တွင် သာသနာတော်၏ ဘောင်အပြင်မှ ကိစ္စဟူဟူသရွေ့အား ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အကျိုးအနည်းငယ်ပင်ရှိသည်ဖြစ်စေ၊ အကျိုးယုတ်နေသည်ဖြစ်စေ မည်မျှပင်ခက်ခဲနေစေကာမူ လိုက်နာကျင့်သုံးရန် ကျွန်တော်တို့ အသင့်ရှိကြသည်။ အထူးသဖြင့် အနောက်တိုင်း ယဉ်ကျေးမှု့အား မိမိဘဝအတွင်း ပုံတူကူးပြောင်း ကျင့်သုံးရန် ငွေကြေးများ ကုန်ကျခံ၊ အချိန်များစွာကို သုံးစွဲရန် ဝန်မလေးကြ။ ဤသို့ ပြုလုပ်ခြင်းအား ဖက်ရှင်ဟူ၍လည်းကောင်း၊ ခေတ်မှီသော ဓလေ့ဟူ၍လည်းကောင်း သတ်မှတ်ကာ အဆိပ်သင့်ခံ၍ ဘဝကိုမွေးမြူနေကြသည်။ သို့သော် သာသနာတော်မှ ပြဌာန်းထားသည့် အမိန့်ပညတ်ချက်များအား လိုက်နာရန်မဆိုထားနှင့်။ ပြုကျင့်နေသူတို့အား ကဲ့ရဲ့ပြစ်တင်ရှုံ့ချနေကြပေသည်။ ရှိနေသည့် အရာတို့အား မရှိဟုထင်ကြသည်။ မရှိသော အရာတို့အား အသစ်တီထွင်ကြသည်။ ထို့ကြောင့် ဤပို့စ်တွင် ဗိုင်အသ်သည် တရားတော်ဘောင်အတွင်းမှ အမှု့ကိစ္စတစ်ခုဖြစ်ကြောင်းအား အသိပေးရေးသားသွားမည် ဖြစ်ပါသည်။

၃။ လူအများစသည် မိမိတို့စိတ်သဘောထားနှင့် တိုက်ဆိုင်ပါက ထိုအုပ်စုသာလျှင် လမ်းမှန်ပေါ်တွင် ရှိ၍ ကျန်အုပ်စုများ (မိမိနှင့် သဘောထားခြင်းမတိုက်ဆိုင်သော အုပ်စုများ)အား လမ်းမှားတွင်လျှောက်နေကြသည်ဟု အယူအဆကျဉ်းမြောင်းစွာ ဆုံးဖြတ်တတ်ကြသည်။ ဤနေရာတွင် အစ္စလာမ့်ဘောင်အပြင်မှ လမ်းမှားဝါဒီများ ယဟူးဒ်၊နစွာရာတို့၏ ပြုစားမှု့ခံနေရသော အဆိပ်သင့်ဝါဒီတို့အား မဆိုလိုပေ။ ထိုအုပ်စုများအား လမ်းမှားတွင်လျှောက်နေကြသူများဟူ၍ ပြောရန် ကျွန်တော်တို့အားလုံးအပေါ်တွင် တာဝန်ရှိနေသည်။ ဆိုလိုသည်မှာ- တမန်တော်မြတ် (ဆွ) သည် လမ်းမှန်တည်းသို့ဟူသော မီးရှုးတိုင်အောက်တွင် အခန်းကဏ္ဍများခွဲ၍ ကြိုးပမ်းတော်မူခဲ့သည်။ ဝဖားသ်ဖြစ်ပြီးနောက် ဆွဟာဗဟ်သာဝကကြီးများအား ထိုတာဝန်အသီးသီးအား ခွဲဝေပေး၍ ကြိုးစားစေတော်မူခဲ့သည်။ ယနေ့ထိတိုင် ထိုတာဝန်များအား အချို့သည် သဗ်လီးဂ်လုပ်၍လည်းကောင်း၊ အချို့သည် ကျောင်းများဖွင့်၍ သာသနာ့ပညာများပို့ချဖြင့်လည်းကောင်း၊ အချို့သည် ကာဖရ်များအား တိုက်စစ်၊ခံစစ် အခြေခံနှစ်ရပ်ဖြင့် ဂျီဟာဒ်လုပ်၍လည်းကောင်း၊ အချို့သည် ခါန်ကာဟ်များဖွင့်၍လည်းကောင်း တာဝန်အသီးသီးယူ၍ သာသနာ့အကျိုးထမ်းပိုးလျှက်ရှိကြသည်။
သို့သော် သဗ်လီဂ်သာလျှင် လမ်းမှန်သည်။ ခါန်ကာဟ်သာလျှင် လမ်းမှန်သည်.. စသည်ဖြင့် ဘောင်ခတ်မကြည့်ရှု့သင့်ပေ။ ဖော်ပြပါ အချက်တို့သည် သာသနာ့လုပ်ငန်းတာဝန်များ ဖြစ်ကြပြီး အကျိုးရှိသည့်လုပ်ငန်းများ ဖြစ်ကြရာ ကျွန်တော်တို့အနေနှင့် တတ်စွမ်းသည့်ဖက်မှ ကူညီရိုင်းပင်းသင့်ပေသည်။ မည်သူ့ကိုမျှ မကောင်းမမြင်သင့်။ မပုတ်ခတ်သင့်။ အချုပ်အားဖြင့် မှတ်သားသင့်သည်မှာ သာသနာ့လုပ်ငန်းများ ကျိုးပမ်းရာတွင် မိမိတတ်စွမ်းသည်ကို တတ်အားသရွေ့အစွမ်းကုန် ကြိုးစားသင့်ပြီး၊ အခြားသော တာဝန်များအားထမ်းဆောင်နေကြသူများကို မကောင်းမြင်၊ ပုတ်ခတ်ခြင်းများပြု၍ အနှောက်ယှက်မပြုသင့်ပေ။
ဆက်လက်ရေးနေပါသည်။ စောင့်မျှော်ဖတ်ရှု့ပေးကြပါ.......။
ဘရှီးလေး
မေမြို့
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger