အသိပေးခြင်း
က
Home » , » အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု့(အဌမပိုင်း)

အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု့(အဌမပိုင်း)

အိမမ်မာလစ်က်သခင်နှင့် အဝတ်စားသစ်များဝတ်ဆင်ခြင်း
ကျွန်ုပ်တို့၏ သာသနာ့ခေါင်းဆောင်ကြီးများတွင် အကောင်းဆုံး၊ အသစ်လွင်ဆုံးအဝတ်အစားများကိုသာ ဆင်မြန်းလေ့ရှိသော ပုဂ္ဂိုလ်ကြီးများ ရှိခဲ့သည်။ အေမာမ်မာလစ်က်(ရဟေ့)သခင်ကြီး၏ အမည်နာမကို စာရှု့သူတို့ ကြားဖူးကြပေမည်။ သခင်ကြီးသည် အလွန်အဆင့်မြင့်သော ပညာရှင်များစာရင်းဝင်ပြီး၊ မဒီနာရွှေမြို့တော်တွင် နေထိုင်ခဲ့သူတစ်ဦးဖြစ်သည်။ (ထို့ကြောင့်) အိမာမု ဒါရိလ် ဟိဂ်ျရဟ် (မဒီနာရွှေမြို့တော်၏ အိမာမ်) ဟူ၍ ဘွဲ့ထူးရထားသူလည်း ဖြစ်သည်။ သခင်ကြီးနှင့် ပတ်သက်၍ တစ်နေရာတွင် ရေးသားထားသည်မှာ-
သခင်ကြီးသည် နေ့စဉ် အဝတ်အစားအသစ်တစ်စုံ ဆင်မြန်းလေ့ရှိသည်။ တနည်းအားဖြင့် သခင်ကြီးအတွက် တစ်နှစ်လျှင် အစုံပေါင်း ၃၆၀ ချုပ်ခဲ့ရသည်။ တစ်နေ့ ဆင်မြန်းပြီးသော အဝတ်သည် နောက်တစ်ကြိမ် ကိုယ်ခန္ဓာနှင့် ပြန်ထိရန် မဖြစ်နိုင်။ ဒုတိယနေ့တွင် ဒုတိယအစုံ၊ တတိယနေ့တွင် တတိယအစုံ ဝတ်ဆင်နေလေသည်။
(ဤသို့ဖြင့်) တစ်နေ့လျှင် အဝတ်တစ်စုံ ဝတ်ဆင်ခြင်းမှာ ဖြုန်းတီးခြင်းဖြစ်သည်ဟု ပုဂ္ဂိုလ်တစ်ဦးက တွေးမိကာ သခင်ကြီးအား လျှောက် ထား မေးမြန်း ခဲ့လေသည်။ ဆရာကြီးခင်ဗျား... ယခုကဲ့သို့ တနေ့လျှင် အဝတ်အစားအသစ် တစ်စုံ ဆင်မြန်းခြင်းသည် ဖြုန်းတီးမှု့တွင် ပါဝင်နေသည် မဟုတ်ပါသလား။
အိမာမ်မာလစ်က်သခင် အမိန့်ရှိသည်မှာ- ကျွန်ုပ် မည်သို့ ပြုရမည်နည်း။ ဖြစ်စဉ်မှာ- နှစ်အစရောက်လျှင် ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးသည် အကျီအစုံပေါင်း ၃၆၀ ချုပ်ပြီး အိမ်သို့ ယူလာကာ တနေ့လျှင် တစ်စုံ ဆင်မြန်းပါဟု ပြောလေ့ရှိသည်။ ကျွန်ုပ်အနေနှင့် တစ်နေ့တစ်စုံ ဝတ်ဆင်ရန် အလေးထားဆောင်ရွက်ခဲ့ခြင်း မဟုတ်။ အကယ်၍ ထိုအဝတ်အစားတို့အား လက်မခံပဲ ပြန်ပေးပါက ၎င်းပုဂ္ဂိုလ်အား စိတ်ထိခိုက်ရပေမည်။ မဝတ်ဆင်ပါက ၎င်း၏ ရည်ရွယ်ချက် ပြည့်ဝမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏ လက်ဆောင်ပေးရခြင်းမှာ ကျွန်ုပ်အနေနှင့် နေ့စဉ် အဝတ်အစားသစ်တစ်စုံဝတ်ဆင်ရန်ဖြစ်နေသည်။ ထို့ကြောင့် ကျွန်ုပ် နေ့စဉ် အဝတ်တစ်စုံ ပြောင်းလဲ ဝတ်ဆင်နေရသည်။ ချွတ်ပြီးပါက ထိုက်သင့်သူ(သူဆင်းရဲ)များအား ပေးလိုက်သည်။ ထိုသို့ပေးခြင်းဖြင့် များစွာသော အလ္လာဟ်အရှင်မြတ်၏ ကျေးကျွန်တို့ အဆင်ပြေနေသည်။ မည်သို့ပင်ဖြစ်စေ သခင်ကြီး၏ နေ့စဉ်နှင့်အမျှ အဝတ်အစားအသစ်တစ်စုံ ဆင်မြန်းရခြင်းမှာ- ပြသရန်မဟုတ်ခဲ့။ လက်ဆောင်ပေးသူအား ကျေနပ်စေရန် ဆင်မြန်းခဲ့ခြင်းဖြစ်ပေသည်။
ဟဇရသ် ထာနဝီ သခင်ကြီး၏ အဖြစ်အပျက်တစ်ခု
အလွန် အံ့အားသင့်ဖွယ်ကောင်းသော ထူးဆန်းသော အဖြစ်အပျက်တစ်ခုအား သတိရမိ၏။ ထိုအဖြစ်အပျက်အား ကျွန်ုပ်၏ ဖခမည်းတော် ဟဇရသ် မောင်လာနာ ရှဖီးအ် ဆားဗ်ထံမှ ကြားသိခဲ့ရခြင်းဖြစ်သည်။ သင်ခန်းစာယူရန်ထိုက်သော အဖြစ်အပျက်လည်း ဖြစ်လေသည်။ အဖြစ်အပျက်လေးမှာ- ဟဇရသ် မောင်လာနာ အရှဖ်အလီ ထာနဝီသခင်ကြီး၏ ဇနီးသည် နှစ်ယောက်ရှိ၏။ ဇနီးသည် အကြီးနှင့်အငယ် နှစ်ယောက်လုံး သခင်ကြီးအား ချစ်ခင်နှစ်သက်ကြ၏။ သို့သော် ဇနီးသည်အကြီးမှာ ခေတ်ဟောင်းတွင်ကြီးပြင်းလာခဲ့သူဖြစ်ပြီး၊ သခင်ကြီးအား သက်တောင့်သက်သာ ရှိနေစေရန်သာ အများဆုံး စဉ်းစားလေ့ရှိခဲ့သည်။
အီးဒ်ရောက်လာမည့် အချိန်ဖြစ်သည်။ ဇနီးသည်အကြီးသည် ပိတ်စကောင်းကောင်းဖြင့် ကုတ်အကျီတစ်ထည် သခင်ကြီးအတွက် ချုပ်ပေးရန် အတွေးဝင်လာခဲ့သည်။ ထိုခေတ်အခါ၌ အကျီစတစ်မျိုးလာခဲ့ပြီး ထိုအစသည် အရောင်အရမ်းတောက်သော (သို့မဟုတ် ငွေချည်ရွှေချည် ကဲ့သို့ အလက်များသော) အစဖြစ်သည်။ သို့နှင့် သခင်ကြီးအား မေးမြန်းခြင်း မပြုပဲ ကုတ်အကျီ ချုပ်နေတော့လေသည်။ သခင်ကြီးအား မပြောရခြင်းမှာလည်း အခြားကြောင့်မဟုတ်။ အကျီချုပ်ပြီးနောက် ရုတ်တရက် သခင်ကြီးအား ဆက်သလျှင် ရုတ်တရက် ရလိုက်သည့်အတွက် ပို၍ ပျော်ရွှင်ရမည် ဖြစ်သောကြောင့်ပင်။ ထိုခေတ်ကာလတွင် အပ်ချုပ်စက်များ မရှိ၊ လက်ဖြင့်သာချုပ်ရသောကြောင့် ရမဇန်လ တစ်လလုံး ထိုအကျီချုပ်ရင်းဖြင့် အချိန်ကုန်ဆုံးခဲ့ရသည်။ ချုပ်၍ ပြီးသွားသောအခါ အီးဒ်နေ့ည၌ သခင်ကြီးအား ဆက်သခဲ့၏။
ထို့နောက် ကျွန်မ သခင်ကြီးအတွက် ဤအကျီအား ချုပ်ခဲ့ပါသည်။ သခင်ကြီး ထိုအကျီကို ဝတ်ဆင်၍ အိးဒ်ဂါကိုသွားရန်၊ အီးဒ်နမားဇ်ဖတ်ပါရန် ကျွန်မလိုလားမိပါသည်ဟု  လျှောက်ထားခဲ့လေသည်။ (စဉ်းစားကြည့်ပါ) သခင်ကြီး၏ ဗီဇနှင့် ထို(အရောင်တောက်တောက်ကုတ်အကျီ)မှာ မည်သို့မှ မအပ်စပ်။ သခင်ကြီး၏ ဗီဇနှင့် လုံးဝ ဆန့်ကျင်ဖက်ဖြစ်နေသည်။ သို့သော် သခင်ကြီးက (မိမိစိတ်ထဲတွင် တွေးနေသည်မှာ)- အကယ်၍ ကျွန်ုပ် မဝတ်ပါဟု ငြင်းဆိုလိုက်ပါလျှင် ဇနီးသည်၏ ကြေကွဲရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ရမဇန်တစ်လလုံး ကြိုးစားချုပ်ရထားရသည်။ ချစ်ခင်သည့်အတွက်သာ ကြိုးစားခဲ့ခြင်းဖြစ်လေသည်။ ထို့ကြောင့် သခင်ကြီးက ဇနီးသည်အား နှစ်သက်ကြေနပ်စေရန် မာရှာအလ္လာဟ် အလွန်ကောင်းမွန်တဲ့ အကျီချုပ်ပေးတာပဲဟု ပြောဆိုခဲ့လေသည်။
ထို့နောက် သခင်ကြီးသည် ထိုအကျီကိုဝတ်ဆင်တော်မူပြီး အီးဒ်ဂါသို့ သွားကာ နမားဇ်ဖတ်တော်မူခဲ့လေသည်။ နမားဇ်ပြီးသောအခါ ပုဂ္ဂိုလ်တစ်ဦးက သခင်ကြီးအနားသို့လာကာ လျှောက်ထားခဲ့၏။ ဆရာကြီး ယခု ဝတ်ဆင်ထားသော အကျီသည် ဆရာကြီးအား မတင့်တယ်စေပါ။ အဘယ်ကြောင့်ဆိုသော် ဤအကျီသည် အရောင်အရမ်းတောက်နေသည်။
သခင်ကြီးမှ ပြန်လည်မိန့်တော်မူသည်မှာ- ဟုတ်တယ် နောင်တော်... အမှန်အတိုင်းပင် အသင်ပြောနေခြင်းဖြစ်တယ်။ ဒါ မင်းအတွက် လက်ဆောင်ပဲ... မင်း ဝတ်လိုက်ပါဟု ပြောဆိုရင်း အကျီကိုချွတ်ကာ ထိုသူ့အား ပေးလိုက်လေသည်။
အခြားသူအား စိတ်ကျေနပ်စေခြင်း
ထို့နောက် ဟဇရသ်ထာနဝီသခင်ကြီးသည် ဤအဖြစ်အပျက်အား ကျွန်ုပ်၏ဖခင် ဟဇရသ် မွဖ်သီရှဖီးအ်ဆားဗ်အား ပြန်ပြောပြခဲ့သည်။ ကျွန်ုပ်ထိုအကျီအား ဝတ်ဆင်၍ အီးဒ်ဂါဖက်သို့ သွားနေသည့်အချိန် မည်မျှ စိတ်ကျဉ်းကြပ်နေရသည်ကို မမေးလိုက်ပါနှင့်။ အဘယ်ကြောင့်ဆိုသော် သက်တမ်းတစ်လျှောက်လုံး ဤကဲ့သို့အကျီအား တစ်ကြိမ်ပင် ဝတ်ဆင်ခဲ့ဖူးသည်မဟုတ်။ သို့သော် ထိုအချိန်၌ အလ္လာဟ်အရှင်မြတ်၏ ဖန်ဆင်းခံတစ်ဦး ကြိုးစား၍ ချုပ်ပေးခဲ့ရာ ၎င်း ပျော်ရွှင်ပါစေဟု နှလုံးသားထဲတွင် ရည်စူးမိခဲ့သည်။ သို့ဖြစ်ရာ ၎င်း၏ စိတ်ကျေနပ်နှစ်သက်စေရန်အတွက် မိမိကိုမိမိ ဒုက္ခခံစားစေလိုက်သည်။ ဘယ်လိုအကျီဝတ်လာတာလဲဟု လူတို့ ပြစ်တင်ရှုတ်ချခဲ့ကြရာ  ထိုရှုတ်ချပြစ်တင်မှု့များလည်း ခံခဲ့ရသည်။ သို့သော် မိသားစုဝင်များ ပျော်ရွှင်စေရန် ထိုအလုပ်ကို လုပ်ခဲ့ရပေသည်။
ထို့ကြောင့် မည်သူမဆို အကောင်းထဲမှ အကောင်းဆုံးအဝတ်အစားအား မိမိစိတ်ပျော်ရွှင်မှု့ရစေရန်၊ မိမိမိသားစုဝင်များ စိတ်ကျေနပ်နှစ်သက်စေရန်၊ လက်ဆောင်ပေးသူအား ပီတိဖြာဝေစေရန် ဝတ်ဆင်ပါလေ။ ထိုသို့ပြုလုပ်ခြင်းသည် တရားတော်အရ မည်သို့မှ အပြစ်မထိုက်ပေ။ သို့သော် လူအများအမြင်တွင် မိမိသည် အထက်လွှာမှ ဖြစ်လာစေရန်၊ ဖက်ရှင်ကျကျဖြစ်စေရန်၊ လောကီသားတို့ရှေ့တွင် အဆင့်မြင့်သွားစေရန်၊ ပြသမောကြွားရန် ဝတ်ဆင်ခဲ့ပါက ထိုအဝတ်အစားသည် အဇားဗ်ကျစေမည့် အရာတစ်ခုသာဖြစ်မည်။ ထိုသို့ဝတ်ဆင်ခြင်း ဟရာမ်ဖြစ်ပေရာ ရှောင်ရှားရမည်ဖြစ်ပေသည်။

အင်န်ရှာအလ္လာဟ် လာမည့်ပို့စ်တွင် ဝတ်စားဆင်ယင်မှု့၏ တတိယမဏ္ဍိုင်အား ဖတ်ရှု့ရမည်ဖြစ်ပါသည်။
ဘရှီရွလ္လာဟ် ဖာရိုကီ
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger