အသိပေးခြင်း
က
Home » , » ဗစ်ဒ်အသ်တိုက်ဖျက်ရေး ဒို့အရေး(၅)

ဗစ်ဒ်အသ်တိုက်ဖျက်ရေး ဒို့အရေး(၅)



ဖြည့်စွက်ရေးသားချက်များ အပိုင်း(၂)

တိုက်ဆိုင်မှု့ကောင်းတစ်ရပ်ပင် ဖြစ်၏။ မွဖ်သီဆားဗ်၏ အထက်တင်ပြပါ မိန့်ခွန်းတော်များအား စာဖွဲ့ သီကုံးနေချိန်တွင် ကာရီတို့၏ထိပ်ခေါင် မောင်လနာ ကာရီ မုဟမ္မဒ် အစ်မာအီးလ်၏ အကြောင်းခံဖြင့် (မှတ်သားဖွယ်) ရေးသားဖော်ပြချက်တစ်ခုအား ရရှိခဲ့သည်။ ထိုရေးသားဖော်ပြချက်များမှာ အထက်၌ တင်ပြခဲ့သော မွဖ်သီဆားဗ်၏ နှုတ်ချွေမိန့်ခွန်းတော်နှင့် တသားတည်း၊ တထပ်တည်း ဖြစ်ပြီး ထောက်ခံနေ သကဲ့သို့ ဖြစ်နေသည်။ ထိုစာသားများမှာ سراج القاري ၏ဟာရှိယာဖြစ်သော غيث النفع في إجرار السبع တွင် ရေးသားဖော်ပြထားပါသည်။ ၎င်းအား စိုင်ယီဒီ အလီနူရီ ဆွဖွာကစီ စာအုပ်တိုက်မှ ရိုက်နှိပ်ဖြန့်ချိခဲ့သည်။ ယနေ့ခေတ်တွင် အစ္စလာ့မ်ကျောင်းတော်များ၌ ပြုလုပ်နေသော ဗိုခါရီခသမ်သိမ်းပွဲ အခမ်းအနားမှာ ဓလေ့ထုံးလမ်းစဉ်လာ တစ်ခုသာ ဖြစ်ကြောင်း ထိုစာသားများကို ကြည့်၍ အတည်ပြုပြော ဆိုနိုင်ပေသည်။ အဇ်ဟရ် အစ္စလာမ့် တက္ကသိုလ်ကြီးနှင့် အခြားကျောင်းများတွင် တချိန်က ထိုသို့ ပွဲလမ်းသဘင်များ ခေတ်စားခဲ့ဖူးသည်။ သို့သော် မကောင်းမြစ်တား၊ ကောင်းရာညွှန်ကြား အလုပ်ကို စဉ်မြဲတာဝန်ယူ ထမ်းဆောင်နေကြသော သူတော်စင်များက ထိုလုပ်ရပ်အား တီထွင်ဖန်တီးထားသော ဓလေ့တစ်ခု (ဗစ်ဒ်အသ်တစ်ခု)ဟူ၍ သတ်မှတ်ကာ ဆန့်ကျင်ခဲ့ကြသည်။ غيث النفع တွင် ပါရှိသော စာမူရင်းအား အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

جري على كثير من الناس على ابتداء الختم من الكوثر وهذا لا حرج فيه وإنما الحرج في أمور يفعلها حال الختم بعض من لا ينظر في خلاص نفسه لا يشك ذو بصيرة أنها لم يقصد بها وجه الله تعالي وذالك أنهم يرسلون طلبتهم ومعارفهم يدعون الناس إلي خضور ختمهم ومن لم يجب داعيهم وجدوا عليه ويعظم فرحهم إن كثر الناس لا سيما إن كانوا من الأكابر وأصحاب المناصب والأغنياء ويطرقون رؤوسهم ويخفضون أصواتهم ويمنعون جوارحهم من الحركة ولو طال بهم المجلس ولم يكونوا يفعلون مثل ذالك من قبل لرؤية الله الملك والخالق الرزاق العظيم الكبير المتعالي ويأمرون الطالب الذي يقرأ عليهم بالنظر المرة بعد المرة وربما اجتمعوا معه في محل غير محل القراءة وقرأ عليهم المرة بعد المرة ويأمرونه بالتثبت التام كل ذالك خوفا من الغلط بمحضر الناس وربما اقرؤوه بالوجوه الجائزة في الوقف لما فيه من الإغراب على الحاضرين ورتما أخروا القراءة عن وقتها المعتاد حتى يحضر فلان وفلان غير ذالك من الأغراض وفي هذا من سوء الأدب مع الله وعدم الاهتمام بنظره ما لا يخفى وإذا كان هذا التصنع ومتابعة هوى النفس وتحصيل غرض الشيطان حصل عند الختم فما فائدة زواجر القران وتشديداته التي مرت عليه وقد مات من سماعها خلق كثير ويكفينا في قبح هذا أنه أمر محدث ولم يكن من فعل من مضى قال الشيخ الجليل الصالح العارف المفاض عليه بحور من العلوم والمعارف سيدي عبد الوهاب الشعراني في كتابه "البحر المورود في المواثيق والعهود" أخذ علينا العهد أن لا نجيب قط من دعانا إلي المحافل التي يحضر فيها الأكابر حتى ختوم الدروس التي أحدثها الناس في الجامع الأزهر وغيره لما هي محتفّة به من القرائن التي يشهد غالب الحاضرين أن جميعها ما أريد بها وجه الله ولم يبلغنا أن أحدا من السلف الصالح كان يفعل ذالك (غيث النفع ص 397) علي هامش سراج القاري المبتدي

ဆိုလိုသည်မှာ- မြောက်များစွာသောလူတို့သည် ကုရ်အာန်ခသမ်သိမ်းပွဲအား စူရဟ်ကောင်စရ်မှ စတင်၍ ဖတ်ရွတ်ကာ အခန်းအနားကျင်းပကြသည်။ ဤမျှ ပြုလုပ်ခြင်းသည် အကြောင်းမဟုတ်။ သို့သော် ဆိုးရွားသော အချက်မှာ- မိမိတို့၏ နီယသ်အား စမ်းစစ်မှု့မပြုသူတို့သည် အမျိုးမျိုး၊ အဖုံဖုံသော လုပ်ရပ်တို့အား ထို(ခသမ်သိမ်းပွဲ)တွင် ပြုလုပ်နေကြသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ အလ္လာဟ်အရှင်မြတ် ၏ ကျေနပ်နှစ်သက်မှု့အား ရည်ရွယ်နေသည် မဟုတ်ကြောင်း အမြော်အမြင်ရှိသူတိုင်း သိရှိ ယုံကြည် ကြမည် ဖြစ်၏။ ဒွိဟသံသယလည်း ဖြစ်ကြမည် မဟုတ်။ အကြောင်းမှာကား- ထိုသို့ ပြုလုပ်ကြသူများ သည် မိမိတို့ ကျောင်းသားများနျင့် သီးသန့်ရွေးချယ်ထားသူများအား အခမ်းအနားသို့ လူအများအပြား လာစေရန် ဖိတ်ခေါ်စေကြသည်။ ဖိတ်ကြားမှု့ကို လက်မခံ မတတ်ရောက်ပါက စိတ်မကျေမနပ် ဖြစ်ကြသည်။ စိတ်ဆိုးကြသည်။ အကယ်၍ လူအများအပြား တတ်ရောက်ကြပြီး အထူးသဖြင့် သာသနာ့ ပညာရှင်များ၊ ဂုဏ်သရေရှိ လူကြီး၊လူကောင်းများနှင့် ဥစ္စာဓန ကြွယ်ဝချမ်းသာ သူများ တတ်ရောက်ပါက ၎င်းတို့၏ ပျော်ရွှင်မှု့မှာ အတိုင်းထက်အလွန် ဖြစ်တော့လေသည်။ ထို့အပြင် ကြွရောက် လာသူများသည် မည်မျှပင် အချိန်ကြာလင့်ကစား မိမိတို့၏ ဦးခေါင်းများအား ငုံ့ထားကြသည်။ (စကားပြောဆိုရန် လိုအပ်လာပါက) တိုးတီးစွာ ပြောဆိုကြပြီး ကိုယ်ခနာအစိတ်အပိုင်းတို့အား လှုပ်ရှားခြင်း မပြုကြပေ။ အမှန်စင်စစ် ၎င်းတို့သည် ကြီးကျယ်၊မြတ်ထွတ်တော်မူသော အရှင်မြတ် အား ထောက်ထား၍ ဤသို့ မပြုခဲ့ကြ။ ထိုအရှင်မြတ်မှာ ကျွန်ုပ်တို့၏ ဘုရင်၊ ဖန်ဆင်းရှင်၊ ရိုဇီရိက္ခာပေးသနားတော်မူသော အရှင်၊ ကြီးကျယ်မြတ်ထွတ်တော်မူသော မြင့်မားသော အရှင်ဖြစ်၏။
(ဤသည်ကို ကြည့်ခြင်းအားဖြင့် လူတို့အား ပြသရန်အတွက်သာလုပ်ကြောင်း သိနိုင်ပေသည်။)

တဖန် ခသမ်သိမ်းပွဲတွင် ဖတ်ရွတ်ရမည့် ကျောင်းသားအား အထူးစာကြည့်ထားရန် အမိန့်ပေးကြသည်။ သို့သာမက ဖြစ်လေ့ရှိသည်မှာ- ခသမ်သိမ်းပွဲ မတိုင်မှီ သီးသန့် ထိုကျောင်းသားနှင့် အတူထိုင်ကာ ထပ်ဖန်တလဲ ရွတ်ဖတ်လေ့ကျင့်ပေးကြသည်။ ထိုကျောင်းသားအား သေချာသည်ထက် သေချာအောင် ဖတ်ရွတ်လေ့ကျင့်ထားရန် အမိန့်ပေးကြသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ လူအများရှေ့တွင် မှားယွင်းမည်ကို စိုးရိမ်သောကြောင့်ပင်ဖြစ်၏။ ရံဖန်ရံခါ လူအများ အံ့အားသင့်၊ နှစ်သက်စေရန်အတွက် ခသမ်ပွဲတွင် ဖတ်ရွတ်ရမည့် ကျောင်းသားအား ရပ်နားနည်းမျိုးစုံကို သင်ကြားလေ့ကျင့်ပေးကြသည်။ ထို့အပြင် ခသမ်သိမ်းပွဲတွင် မည်သူမည်ဝါ ရောက်ရှိမလာသေးသည့်အတွက်ကြောင့်လည်းကောင်း၊ အခြား ရည်ရွယ်ချက် အမျိုးမျိုးကြောင့်လည်းကောင်း ဖတ်ရွတ်ရန် သတ်မှတ်ထားသည့် အချိန်အား နောက် ဆိုင်းလေ့ရှိကြသည်။ အမှန်စင်စစ် ဤသို့ပြုလုပ်ခြင်းသည် အလ္လာဟ်အရှင်မြတ်အား မရိုမသေ၊ မလေးမစားဆက်ဆံရာရောက်သကဲ့သို့ အရှင်မြတ် ကျွန်ုပ်တို့၏ လုပ်ရပ်များအား ကြည့်ရှု့နေသည်ကို လည်း ဂရုမစိုက်ရာရောက်ပေသည်။

ယခုကဲ့သို့ ဟန်ဆောင်မှု့ပြုခြင်း၊ မရနတ်စိတ်ရိုင်းနောက်လိုက်ခြင်းနှင့် ရှိုင်သွာန်မိစ္ဆာကောင်၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ပေးခြင်းတို့သည် ကုရ်အာန်သိမ်းပွဲ၌ တွေ့ရှိရသည်ဖြစ်ရာ ကုရ်အာန်၏ သတိပေးမှု့များ ပြင်းထန်သော တားမြစ်ချက်များသည် မည်သို့ အကျိုးရှိတော့မည်နည်း။ အမှန်စင်စစ် ထိုတားမြစ်ချက်များ၊ သတိပေးခြိမ်းခြောက်မှု့များအား ကြားနာပြီး ကွယ်လွန်သေဆုံး သွားခဲ့ရသူများ အမြောက်အများရှိခဲ့၏။ ထို့အပြင် ဖော်ပြပါ ကိစ္စရပ်များကို လွန်လေပြီးခဲ့သော ခေတ်များရှိ သာသနာ့ အကြီးအကဲများအနက် တစ်ဦးတစ်ယောက်မှ မပြုလုပ်ခဲ့ပေ။ ဤသည် ထိုကိစ္စများ၏ ဆိုးယုတ်နေခြင်းအား ညွှန်ပြပေးနေသော အထောက်အထားပင် ဖြစ်ကြောင်း လုံလောက်ပေသည်။

ရှိုင်ခ် အဗ်ဒွလ်ဝဟ်ဟားဗ် ရှဲ့အ်ရာနီသည် မိမိ၏ ကျမ်းဖြစ်သော البحر المورود في المواثيق والعهود တွင် အမိန့်ရှိထား၏။ သူတော်စင်ကြီးများ သာသနာ့ခေါင်းဆောင် အကြီးအကဲများသည် ကျွန်တော်တို့ထံမှ ကတိတောင်းခဲ့သည်။ အကြောင်းမှာ- ဂျာမေ့အ် အဇ်ဟရ် ကျောင်းတော်ကြီးနှင့် အခြားကျောင်းများတွင် လူတို့ အသစ်တီထွင်လိုက်ကြသော သင်ခန်းစာပြီးဆုံးခြင်း အခမ်းအနားဖြစ်လင့်ကစား မည်ကဲ့သို့သော အခမ်းအနား၊ ပွဲလမ်းသဘင်ပင်ဖြစ်စေ တစ်စုံတစ်ယောက်က ကျွန်တော်တို့အား တတ်ေ၇ာက်ရန် ဖိတ်ကြားလာပါက လက်ခံတက်ရောက်ခြင်း မပြုရ။ ငြင်းဆိုရမည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ (ပွဲလမ်းသဘင်ကျင်းပနေခြင်းမှာ) အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု့အား ရည်ရွယ်နေခြင်း မဟုတ်ကြောင်းကို တတ်ရောက်ဖူးသူ အများစု သိရှိကြ၏။ ထို့အပြင် (သာသနာ့ ပညာရှင်ကြီး များ) ရှေးခေတ်သူတော်ကောင်းများနှင့် ပတ်သတ်၍လည်း ထိုသို့ ပြုလုပ်ခဲ့ကြကြောင်း ဆင့်ဆိုချက် များတွင် မလာရှိပေ။

အထက်၌ တင်ပြခဲ့သော အကြောင်းအရာများ ရေးသားပြုစုပြီးသော အခါ အလ္လာဟ်အရှင်မြတ်၏ သနားဂရုနာတော်ဖြင့် ဟဇရသ် မိုဟစ်ယွစ်စွန္နဟ် မောင်လာနာ ရှာဟ်အဗ်ရာရွလ်ဟက် ဆားဗ် ထံတော်ပါးမှ ဓမ္မသတ်မေးမြန်းလွှာ တစ်စောင် ရောက်ရှိလာခဲ့ပါသည်။ (ဓမ္မသတ်မေးမြန်းလွှတ်ဟု ဆိုသော်လည်း) အမှန်စင်စစ် ထိုစာချွန်လွှာမှာ ကျောင်းတော်ကြီးရှိ ဆရာသခင်များအား အပြည့်အဝ ထောက်ခံလျက်ရှိသည်။ သာပို အကျိုးရှိစေရန်အတွက် ထိုဓမ္မသတ်မေးမြန်းလွှာနှင့် မွဖ်သီဆားဗ်၏ အဖြေပေးစာကို တင်ဆက်လိုက်ရပါသည်။

စောင့်မျှော် ဖတ်ရှု့ပေးကြပါ.......။

ဘရှီးလေး
မေမြို့
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger