ပညာရေးမှူး၏ ခံစားချက်အား တင်ပြင်ခြင်း။
ဒိုအာပြုပြီးနောက် ပညာရေးမှူးသည်
ထို့နောက် ကျွန်ုပ်စဉ်းစားမိသည်မှာ- ဤအတိုင်းပင် ဖြစ်ခဲ့ပါက လမ်းစဉ်သစ်တစ်ရပ် ပေါ်ထွက်လာမည်မှာ ဧကန်အမှန်။ ထို့အပြင် ကျွန်ုပ်တို့ ကျောင်းတော်ကြီး၌ ထုံးလမ်းစဉ်လာ ဓလေ့တစ်ခု၊ ဗစ်ဒ်အသ်တစ်ခု စတင်ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။ ဤသို့ဖြင့် ကျွန်ုပ်သည် အတွေးရိပ်များဖြင့်သာ ဆက်တိုက် နစ်မွန်းနေရင်း အိပ်ယာဝင်ခဲ့သည်။ ထိုအချိန်တွင်လည်း တွေးတောနေခဲ့သော ပုံရိပ်များသာ ထင်ဟပ်နေရင်း နောက်ဆုံး ကျွန်ုပ်အိပ်ပျော်သွားခဲ့သည်။ မိုးသောက်လင်း၍ အိပ်ယာထသော အချိန်တွင်လည်း ကျွန်တော်တို့ ကျောင်းတော်ကြီး မည်သည့်လမ်းစဉ်ပေါ်တွင် လျှောက်လှမ်းနေရပါ သနည်း ဟူသော အတွေးရိပ်များ စွဲကျန်ရစ်နေလျှက်ရှိခဲ့၏။
နောက်ဆုံး ကျွန်ုပ်သည် (မိမိအတွေးများ၊ စိုးရိမ်စိတ်များအား မထိန်းနိုင်တော့ပဲ) မွဖ်သီဆားဗ်ထံ ခစားဝင်ေ၇ာက် လျှောက်တင်ခဲ့၏။ မွဖ်သီဆားဗ်သည် ကျောင်းတော်ကြီးနှင့် ကျွန်ုပ်တို့ ဆရာသခင်အကြီးအကဲများ၏ လမ်းစဉ်အား ရှင်းလင်းပြသခဲ့ပေးခဲ့လေသည်။ ထို့ကြောင့် မြင့်မြတ်တော် မူသော အလ္လာဟ်အရှင်မြတ် ဆရာသခင်၊ အကြိးအကဲများနှင့် မွဖ်သီဆားဗ် အား ကောင်သောအစား ချီးမြှင့်တော်မူပါစေ။ ကျွန်ုပ်သည် မနေ့က ဝမ်းနည်းပူဆွေးခဲ့ရသလောက် ယနေ့ ပျော်ရွှင်မိ၏။ အလ်ဟမ်ဒုလစ်လ္လာဟ် စွမ္မအလ်ဟမ်ဒုလစ်လ္လာဟ် မွဖ်သီဆားဗ်သည် လျှောက်လှမ်း လုစဲစဲ လမ်းစဉ်တစ်ခု၊ ဗစ်ဒ်အသ်တစ်ခုအား အမြစ်ပြတ် ချေမှုန်းပစ်ခဲ့သည်ဖြစ်ရာ ကျွန်ုပ်အနေနှင့် မွဖ်သီဆားဗ်အား ကျေးဖူးတင် စကား ပြောကြားရင်း နိဂုဏ်းချုပ်လိုက်ရပါသည်။
وا~خر دعوانا أن الحمد لله رب العالمين
ဖြည့်စွက်ရေးသားချက်များ(အပိုင်း၁)
ဖော်ပြပါ ဟောပြောမှု့ ထိုင်ဝိုင်းလေးပြိးနောက် တစ်ရက် (ဖြည့်စွက်ရေးသားနေသူ) သေးသိမ်သူ မုဟမ္မဒ် ဟမ်ဇဟ်သည် ဟဇရသ် မွဖ်သီဆားဗ်အား ဤသို့ လျှောက်ထားမေးမြန်းခဲ့ပါသည်။ ဟဇရသ် အုမရ်رضي الله عنهသခင်ကြီးသည် စူရဟ်ဗကရဟ် ခသမ်ဖြစ်သွားသောကြောင့် နွားတစ်ကောင် ချကပြုတ်ကျွေးခဲ့ကြောင်း (သမိုင်းစာအုပ်များတွင်) လာရှိထားသည်။ ထို့အတူ အေမာမ် အစ်ဗ်နေ့ ဟဂ်ျရ်رحمه الله သခင်ကြီး သည်လည်း ဖသ်ဟွလ်ဗာရီကျမ်းေ၇းသားပြုစုပြီးသွားသောအခါ အလွန်ခမ်းနား ကြီးကျယ်သော အကျွေးအမွေးတစ်ခု ပြုခဲ့ကြောင်း လာရှိထားပါသည်။ သို့ပါ၍ ဗိုခါရီကျမ်းသိမ်းပွဲ အခမ်းအနားတွင်လည်း အကျွေးအမွေးများ ပြုလုပ်ခြင်းအား အပြစ်မမြင်သင့်ပေ။ ထိုကိစ္စအား အပြစ်မြင်ခြင်းနှင့် ပတ်သတ်၍ မည်သို့မျှ နားမလည်နိုင်အောင် ဖြစ်နေရပါသည်။ ထို့အပြင်(ဟဇရသ် အုမရ်နှင့် ဟာဖစ်ဇ် အစ်ဗ်နေ့ ဟဂ်ျရ် သခင်နှစ်ပါးကဲ့သို့) ယနေ့ခေတ်တွင် ပြုလုပ်ပါက မည်သို့ ဆိုးကျိုးများ ဖြစ်လာမည်နည်း။
ထိုမေးခွန်း၏ အဖြေအား ပထမပိုင်းတွင် ဤသို့ အမိန့်ရှိခဲ့သည်။ ကျွန်ုပ်တို့၏ လုပ်ရပ်နှင့် အကြီးအကဲတို့၏ လုပ်ရပ်အား မည်သို့ နှိုင်းယှဉ်မည်နည်း။ ထိုသူတော်စင် အကြီးအကဲတို့သည် ခမ်းနားကြီးကျယ်သော လုပ်ဆောင်မှု့တစ်ခု အောင်မြင်သည့်အတွက် ပျော်ရွှင်ဝမ်းမြောက်ကြောင်း၊ ရှင်မြတ်အလ္လာဟ်အား ကျေးဇူးတင်ကြောင်း ထုတ်ဖော်မြွတ်ဟရန်အတွက် ဖိတ်ခေါ်ကျွေးမွေးမှု့ များ ပြုခဲ့ကြ၏။ ယနေ့ ကျွန်ုပ်တို့၏ လုပ်ရပ်သည် စာမဖွဲ့သော်လည်း အကျွေးအမွေးကား အတိုင်းထက် အလွန်သာပိုလျက်ရှိသည်။ ကျောင်းပြီးသူ အများစု၏ အခြေအနေမှာ စာတစ်ကြောင်းပင် မှန်ကန်တိကျစွာ မဖတ်နိုင်ပေ။ သို့သော် မိမိ ပညာမတတ်ခြင်း (တနည်း မိမိအခြေအနေနှင့်) ပတ်သတ်၍ အနည်း ငယ်မျှ သောကမထားသော်လည်း ဖိတ်ခေးကျွေးမွေးခြင်းနှင့် ပတ်သတ်၍ အလေးတမူ အရေးယူ၍ ပြုလုပ်ကြသည်။
ထိုနောက် ဆက်လက်အမိန့်ရှိသည်မှာ- ကောင်းပြီ။ (အသင်ပြောပြသကဲ့သို့ ဝမ်းမြောက်ကြောင်း ထုတ်ဖော်ပြသရန် ဟဇရသ် အုမရ်နှင့် ဟဇရသ် အစ်ဗ်နေ့ ဟဂ်ျရ်တို့၏ လုပ်ရပ်များ သမိုင်းတွင် ရှိခဲ့သည်။) ဤသို့ဆိုလျှင် ယနေ့ခေတ် ကျောင်းသားများ ငွေကြေးကောက်ခံ စုဆောင်း၍ အကျွေး အမွေးပြုသကဲ့သို့ ငွေကြေးကောက်ခံ စုဆောင်းမှု့များ သမိုင်းတွင် ရှိခဲ့ပါသလား။ ပျော်ပွဲရွှင်ပွဲ များ ပြုခဲ့ကြောင်း တွေ့မြင်ခဲ့ရပါသလား။ ဟောပြောပွဲများ ဖြစ်ခဲ့ပါသလား။ ဧည့်ခံပွဲဖိတ်စာများ ဝေခဲ့ကြပါ သလား။ (အမှန်စင်စစ်) ယခုခေတ် ကျောင်းသားများ ငွေကြေးကောက်ခံမှု့ ပြုသကဲ့သို့ (အစ္စလာမ့် သမိုင်းတွင်) လုံးဝ (လုံးဝ) မရှိခဲ့ပေ။ ထို့အပြင် (ပွဲလမ်းသဘင်တစ်ခုအဖြစ် အကျွေးအမွေး များ ပြုလုပ်ရလောက်အောင်) ဗိုခါရီကျမ်းအား ယနေ့မှ ဆုံးခန်းတိုင် ဖတ်ရွတ်ဖြစ်သည်လား။ ရှေး ယခင် နှစ်ပေါင်းများစွာကတည်းက ဗိုခါရီကျမ်းအား ဆု့းခန်းတိုင် ဖတ်ရွတ်ခဲ့ကြရာ ထိုသူတော်စင်များ သည်လည်း (ခသမ်သိမ်းပွဲအတွက်) အကျွေးအမွေးများ ပြုခဲ့ကြပါသလား။ အေမာမ် ဗိုခါရီကိုယ်တိုင် ခသမ်သိမ်းခဲ့သော်လည်း ကျွေးမွေးခဲ့ပါသလား။ (အေမာမ်ဗိုခါရီ၏) တပည့်ဖြစ်သူ မုဟမ္မဒ် ဗင်န် ယူစွဖ် ဖရ်ဗရီ ပြုခဲ့သည်ဟု ဆင့်ဆိုချက်များတွင် လာရှိပါသလား။ ဖော်ပြပါ အေမာမ် ဗိုခါရီ၏ တပည့်ကျော်တွင် တပည့်(၁၂)ဦး ရှိခဲ့ရာ ၎င်းတို့ ပြုလုပ်ခဲ့သည်ဟူ၍ ဖော်ပြထားပါသလား။ ထိုတပည့်ကျော်(၁၂)ဦးမှ ကျွန်ုပ်တို့တိုင်အောင် ခေတ်အဆက်ဆက်ရှိ သာသနာ့ ပညာရှင်များ ဗိုခါရီကျမ်း ဖတ်ရွတ်ပြီးဆုံးသည့် အတွက် အကျွေးအမွေးများ ပွဲလမ်းသဘင်များ ပြုခဲ့ကြပါသလား။ ဟဇရသ် ရှိုင်ခွလ်ဟင်န်ဒ်သည် ဗိုခါရီကျမ်းအား နှစ်ပေါင်းများစွာ သင်ကြားပေးခဲ့၇ာ ထိုသို့ ပြုလုပ်ခဲ့ပါသလား။ မောင်လာနာ အန်ဝရ်ရှာဟ် သည်လည်း ဆုံးခန်းတိုင် သင်ကြားခဲ့ပြီး ထိုသို့ ပွဲလမ်းသဘင် ပြုလုပ်ခဲ့ပါသလား။ မဇွာဟေရွလ် အိုလူးမ် ကျောင်းတော်ရှိ သာသနာ့ ပညာရှင်များ ပြုလုပ်ခဲ့ပါသလား။ သာသနာ့ အကြီးအကဲများ တစ်ဦးတစ်ယောက်မှ ထိုသို့ မပြုလုပ်ခဲ့ရာ ယခု ကျွန်ုပ်တို့ ထိုအရာအား အရေးတယူဆောင်ရွက်နေပါက အကြီးအကဲများ၏ လမ်းစဉ်နှင့် ဆန့်ကျင်နေမည် မဟုတ်ပါလော။
ထို့နောက် ပထမ စကားအား ဆက်လက်အမိန့်ရှိသည်မှာ- အရာတစ်ခု ပြုလုပ်ခဲ့ကြောင်း အတည်ဖြစ်မှု့အား (အခြေခံ၍ တင်ပြ အထောက်အထားပေးမည်ဆိုပါက) တမန်တော်မြတ်(ဆွ)အား သတိတရခြင်း၊ ဆွဟာဗဟ်များအား ချီးမွှမ်းခန်းဖွင့်ခြင်းတို့သည်လည်း တရားတော်လာ အမှု့ကိစ္စတို့ မဟုတ်ပါသလော။ ဆွဟာဗဟ်များအား ချီးမွှမ်းခန်းဖွင့်ခြင်းနှင့် ပတ်သတ်၍ ကျမ်းတော်မြတ်ကုရ်အာန်၌ပင် လာရှိထား၏။ မြင့်မြတ်တော်မူသော အရှင်မြတ် အမိန့်ရှိတော်မူသည်။
أولئك هم الراشدون
အခြားတစ်နေရာတွင်
والذين معه أشداء على الكفار رحماء بينهم تراهم ركعا سجدا يبتغون فضلا من الله ورضوانا رضي الله عنهم ورضوا عنه
ထို့နောက် တမန်တော်မြတ်(ဆွ)အားသတိတ၇ခြင်းနှင့် ပတ်သတ်၍ လာရှိသည်မှာ လူတိုင်းသိရှိသော ကိစ္စတစ်ခုဖြစ်၏။ ဤသို့ဆိုလျှင် တမန်တော်မြတ်(ဆွ)အား သတိတရခြင်းနှင့် ဆွဟာဗဟ်များအား ချီးမွမ်းခန်းဖွင့်ခြင်းအတွက် ထိင်ဝိုင်းများပြုခြင်း၊ အခန်းအနားများပြုခြင်းအား ဗစ်ဒ်အသ်တစ်ခု (သို့မဟုတ်) သာသနာ၌ မရှိသော ဗလေ့လမ်းစဉ်တစ်ခုအဖြစ် အဘယ်ကြောင့် ပြောဆိုသတ်မှတ်ကြပါသနည်း။ သာသနာ့ ပညာရှင်များသည် အဘယ့်ကြောင့် ထိုသိုမပြုကြရန် အမိန့်ရှိကြပါသနည်း။
အမှန်စင်စစ် တမန်တော်မြတ်(ဆွ)အား သတိရခြင်း သို့မဟုတ် ဆွဟာဗဟ် သာဝကများအား ချီးမွမ်းခြင်းကို ဓလေ့ထုံးစ့တစ်ခုအဖြစ် သတ်မှတ်လာသောအခါ၊ ထိုအပြင် အခြားကိစ္စများ၊ တီထွင်ဖန်တီးလုပ်ယူထားသောအရာများ ရောနှော်လာပြီး (တာဝန်ကြီးတစ်ရပ်သဖွယ်) အရေးပေး လုပ်ဆောင်လာသောအခါ ထိုကိစ္စနှစ်ခုတို့သည် (မူရင်းပုံသဏ္ဍန်ပျက်ကာ) လမ်းသစ်တစ်ခု ဗစ်ဒ်အသ်တစ်ခုသဖွယ် ဖြစ်သွားရတော့သည်။ ဤနည်းအတိုင်းပင် ယခု ဗိုခါရီ ခသမ်သိမ်းပွဲနှင့် စပ်လျဉ်း၍ အခြား(စူရဟ် ဗကရဟ် ဖတ်ရွတ်ပြီးဆုံးမှု့၊ ဖသ်ဟွလ်ဗာရီကျမ်း ပြုစုပြီးမှု့တို့ကြောင့်) အကျွေးအမွေး များပြုခဲ့သည်ကို မငြင်းပေ။ သို့သော် ကျွန်ုပ်တို့ ကြည့်ရှု့ရမည့် အချက်မှာ- ယခုကဲ့သို့ ဗိုခါရီ ခသမ်သိမ်းပွဲ ကျင်းပခြင်းသည် ဓလေ့လမ်းစဉ်တစ်ခု၊ ဗစ်ဒ်အသ်တစ်ခု၏ နယ်နိမိတ်အတွင်း ဝင်ရောက်မနေပါသလော။ သို့မဟုတ် အနာဂတ်တွင် ဗစ်ဒ်အသ်အတွင်း ဝင်ရောက်မည်ကို မစိုးရိမ်ရပါသလော။ အကယ်၍ စိုးရိမ်ရပါမူ ထိုကိစ္စအား တားမြစ်ပိတ်ပင်ရမည်သာ ဖြစ်ပေတော့သည်။
ဖေကဟ်သာသနာ့ ပညာရှင်များသည် ရှင်းလင်းတိကျစွာ ဤသို့ အမိန့်ရှိထားကြသည်။
တရားတော်မှ ခွင့်ပြုထားသော လုပ်ရပ်အားလုံးမှ မည်သည့်ကိစ္စမဆို တစ်ခုခုအား သာသနာ့ အစိတ်အပိုင်းတစ်ခုအဖြစ်လည်းကောင်း၊ စွန္နသ်တော်အဆင့် သို့မဟုတ် ဝါဂျစ်ဗ်အဆင့်မှ ဖြစ်သည်ဟု လည်းကောင်း မှတ်ယူ၊ ယုံကြည်လာလျှင် ထိုကိစ္စသည် မက်ရူးဟ်သဟ်ရီမီ၊ ပြုလုပ်ပိုင်ခွင့် မရှိသော ကိစ္စဖြစ်သွားပေသည်။ (ခွင့်ပြုထားသော ကိစ္စတစ်စုံတစ်ရာနှင့် ပတ်သတ်၍ မွတ်စ်သဟဗ် ဖြစ်ကြောင်း တရားတော်မြတ်တွင် လာရှိထားလင့်ကစား အကယ်၍ ထိုကိစ္စကို လူတို့ ဓလေ့၊လမ်းစဉ်တစ်ခု သဖွယ် ပြုလုပ်လာနိုင်သည်ဟု ထင်ရပါက သာသနာ့ ပညာရှင်များသည် ထိုကိစ္စအား တားမြစ်ပိတ်ပင်ကြ၏)
တရားတော်မှ ခွင့်ပြုထားသော လုပ်ရပ်အားလုံးမှ မည်သည့်ကိစ္စမဆို တစ်ခုခုအား သာသနာ့ အစိတ်အပိုင်းတစ်ခုအဖြစ်လည်းကောင်း၊ စွန္နသ်တော်အဆင့် သို့မဟုတ် ဝါဂျစ်ဗ်အဆင့်မှ ဖြစ်သည်ဟု လည်းကောင်း မှတ်ယူ၊ ယုံကြည်လာလျှင် ထိုကိစ္စသည် မက်ရူးဟ်သဟ်ရီမီ၊ ပြုလုပ်ပိုင်ခွင့် မရှိသော ကိစ္စဖြစ်သွားပေသည်။ (ခွင့်ပြုထားသော ကိစ္စတစ်စုံတစ်ရာနှင့် ပတ်သတ်၍ မွတ်စ်သဟဗ် ဖြစ်ကြောင်း တရားတော်မြတ်တွင် လာရှိထားလင့်ကစား အကယ်၍ ထိုကိစ္စကို လူတို့ ဓလေ့၊လမ်းစဉ်တစ်ခု သဖွယ် ပြုလုပ်လာနိုင်သည်ဟု ထင်ရပါက သာသနာ့ ပညာရှင်များသည် ထိုကိစ္စအား တားမြစ်ပိတ်ပင်ကြ၏)
ထိုနည်းအတိုင်ပင် ဒွရ်ရေမွခ်သားရ်ကျမ်း၌ ဤသို့ ရေးသားထားပေသည်။
وسجدة الشكر مستحبة به يفتى لكنها تكره بعد الصلاة لأن الجهلة يعتقدونها سنة وواجبة وكل مباح يؤدي إليه فمكروه. ففي الرد تحت قوله فمكروه الظاهر أنها تحريمية لأنه يدخل في الدين ما ليس منه ص 524
ဆိုလိုသည်မှာ- မြင့်မြတ်တော်မူသော အရှင်မြတ်အား ကျေးဇူးတင် စဂ်ျဒဟ်ပြုခြင်းသည် မွတ်စ်သဟဗ် ဖြစ်၏။ ဓမ္မသတ်မေးမြန်းလာပါက မွတ်စ်သဟဗ် ဖြစ်ကြောင်းသာ ဖြေကြားရမည်ဖြစ်သည်။ သို့သော် ၎င်းစဂ်ျဒဟ်အား နမာဇ်ပြီးလျှင် ပြုလုပ်ပါက မက်ရူးဟ်ဖြစ်ပေမည်။ အဘယ့်ကြောင့်ဆိုသော် ဘာသာရေးရာ ကိစ္စတို့နှင့် ပတ်သတ်၍ မသိနားမလည်သူများသည် ထိုစဂ်ျဒဟ်အား စွန္နသ်တစ်ခုသဖွယ်၊ ဝါဂျစ်ဗ်တစ်ခုသဖွယ် မှတ်ယူလာကြသည်။ အကြောင်းမှာကား မည်သည့်လုပ်၇ပ်မဆို သာသနာ့တော်မြတ်က ခွင့်ပြုထားသော်လည်း အထက်ဖော်ပြပါ အခြေအနေမျိုးသို့ ရောက်နိုင်လျှင် မက်ရူးဟ်ဖြစ်သွား၏။ (အလ်လာမဟ် ရှာမီဆားဗ်) အမိန့်ရှိသည်မှာ- ဖော်ပြပါ အမိန့်ပညတ်ချက်တွင် မက်ရူးဟ်ဟု သုံးစွဲထားသည်။ ထိုမက်ရူးဟ်မှာ မက်ရူးဟ်သဟ်ရီမီသာ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဤကိစ္စမှာ သာသနာတော်၌ မရှိသောအရာတစ်ခု သာသနာအတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ပေသည်။ (ထို့ကြောင့် အမိန်ပညတ်ချက်သည် ပြင်းထန်သင့်ပေသည်)
ယခုလည်း အသင်ကြည့်ပါ။ ဗိုခါရိကျမ်းသိမ်းပွဲအတွက် အကျွေးအမွေးများပြုခြင်းအား ထု့းလမ်းစဉ်လာ တစ်ခုသဖွယ် ပြုလုပ်နေကြသည် မဟုတ်ပါသလော။ စွန္နသ်တစ်ခု သို့မဟုတ် ဝါဂျစ်ဗ်တစ်ခုသဖွယ် အလေးထား အရေးတယူ ပြုနေကြသည် မဟုတ်ပါသလော။ စိတ်ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ ပြုနေ ကြသည် မဟုတ်ပါသလော။ ခွင့်မပြုထားသော နည်းစနစ်တို့ဖြင့် ငွေကြေးများ ကောက်ခံ၍ ပြုနေကြသည် မဟုတ်ပါသလော။ ပျော်ပွဲတစ်ခုသဖွယ် ဖန်တီးနေကြသည် မဟုတ်ပါသလား။ အခြားသော စာအုပ်များ ဖတ်ရွတ်ပြီးဆုံးသည့်အတွက် (အကျွေးအမွေးများ စီမံခြင်း၊ ပျော်ပွဲများဖန်တီးခြင်း အစရှိသည်တို့ကို) အလေးထားပြုလုပ်ခြင်း မရှိပဲ ဤဗိုခါရီကျမ်း အတွက်သာလျှင် ထိုသို့ ပြုလုပ်နေကြသည်မှာ အဘယ့်ကြောင့်နည်း။ အမှန်စင်စစ် ဟဒီးဆ်၏ ကျမ်းပေါင်းများစွာ ကျန်ရှိနေသေး၏။ တမန်တော်မြတ်(ဆွ)၏ မိန့်ခွန်းတော်များ ဖြစ်ရာတွင် ကျမ်းအားလုံး အတူတူပင်ဖြစ်သည်။ အကယ်၍ ဆွဟီးဟ်( ဟဒီးဆ် ပညာရှင်များ၏ ဝေါဟာရ တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ ဟဒီးဆ်တစ်ပုဒ်နှင့် ပတ်သတ်၍ ၎င်းဟဒီးဆ်အား ဆင့်ဆိုသူများသည် မှတ်ဥာဏ်ကောင်းသူများ၊ ယုံကြည်စိတ်ချရသူ များ ဖြစ်ကြပြီး ၎င်းတို့ထက် ပိုမိုစိတ်ချ၊မှတ်ဥာဏ်ကောင်းသူများ၏ ဆင့်ဆိုချက်နှင့် ဆန့်ကျင်၍လည်း မဆင့်ပြန်ကြ။ ထို့အပြင် ထိုဟဒီးဆ်တော်အား ဆင့်ဆိုခဲ့သောသူများ အစဉ်အဆက်တွင် မည်ကဲ့သို့သော လက်မခံနိုင်သည့် အချက်တစ်ချက်ကိုမှလည်း မတွေ့ရ။ ဤကဲ့သို့ ဟဒီးဆ်တော်များကို ဆွဟီးဟ် ဟဒီးဆ်တော်များဟု ခေါ်ဆိုကြသည်။) ဖြစ်သည်ကို ထောက်ထားကြည့်ရှု့ပါကလည်း မွတ်စ်လင်မ်ကျမ်း၏ ဟဒီးဆ်တော်များ ဆွဟီးဟ်ဖြစ်သည်ကို (ပညာ့ရှင်များအားလုံး) လက်ခံထားကြသည်။ ထိုမွတ်စ်လင်မ် ကျမ်း ဖတ်ရွတ်မှု့ ပြီးဆုံးသည့်အတွက် အဘယ်ကြောင့် ဤသို့ မပြုလုပ်ကြပါသနည်း။
ဖော်ပြပါ ကိစ္စမှာ ဟဒီးဆ်ကျမ်းစားများနှင့် ပတ်သတ်၍ (နှိုင်းယှဉ်ဖော်ပြခြင်းပင်) ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်၏ အကျယ်ဖွင့်ဆိုထားသော ကျမ်းများအတွက် မည်သူတစ်ယောက်မျှပင် ထိုကဲ့သို့ ပြုလုပ်ခြင်းမရှိသည်မှာ အဘယ့်ကြောင့်နည်း။ အဆိုးဆုံးသော ကိစ္စမှာ ကျမ်းမြတ်ကုရ်အာန်အား ခသမ်သိမ်း ရွတ်ဖတ်ပြီးနောက် (ဤသို့) မပြုလုပ်ကြခြင်းမှာ အဘယ့်ကြောင့်နည်း။ အမှန်စင်စစ် (ကျမ်းမြတ်ကုရ်အာန်အား ပစ်ပယ်၍ ဟဒီးကျမ်းစာများအတွက်သာ တလေးတစားပြု ပွဲလမ်းသဘင်ပြုလုပ် ကျင်းပနေခြင်းသည်) ကုရ်အာန်ကျမ်းမြတ်အား အသေးအဖွဲဖြစ်သည်ဟု မှတ်ယူရာ ရောက်ပေသည်။ ကျမ်းမြတ်ကုရ်အာန်အား မရိုသေရာ ရောက်၏။ (နှိုင်းယှဉ်ပြောဆိုရာတွင်) နှိမ့်ကျသူအား သာပိုမြင့်မြတ်သူထက် ဦးစားပေးခံနေသည် မဟုတ်ပါသလော။ အထက်၌ တင်ပြခဲ့သော ကိစ္စအားလုံးသည် (ကျွန်ုပ်တို့ ယခုပြုလုပ်နေသော) ဗိုခါရီကျမ်းသိမ်းပွဲ အခမ်းအနား၊ အကျွေးအမွေးများ စသည်တို့အား ဗစ်ဒ်အသ်တစ်ခုဖြစ်ကြောင်း၊ ဓလေ့ဆိုးကြီးတစ်ခုဖြစ်ကြောင်း ညွှန်ပြနေသည့် အထောက်အထားများပင် ဖြစ်ပေတော့သည်။
ဖြည့်စွက်ရေးသားချက် အပိုင်း၂ အား စောင့်မျှော်ဖတ်ရှု့ပေးကြပါ။
ဘရှီးလေး
မေမြို့
Post a Comment