အသိပေးခြင်း
က
Home » , » ဗစ်ဒ်အသ်တိုက်ဖျက်ရေး ဒို့အရေး(၃)

ဗစ်ဒ်အသ်တိုက်ဖျက်ရေး ဒို့အရေး(၃)



نحمده ونصلي على رسوله الكريم أما بعد ! فقال رسول الله صلي الله عليه وسلم إن خير الأمور عوازمها وشر الأمور محدثاتها وكل بدعة صلالة أو كما قال صلي الله عليه وسلم

လေးစားအပ်ပါသော ဆရာများ၊ ချစ်ခင်မြတ်နိုးရသော ကျောင်းသားများ......
ကျွန်ုပ်သည် မိန့်ခွန်းပြောကြားရန်၊ တရားဟောကြားရန်အတွက် ယခု ထိုင်နေသည် မဟုတ်။ ငိုယိုရန်အတွက်သာ ထိုင်နေခြင်းဖြစ်၏။ မိမိအခြေအနေနှင့် ပတ်သတ်၍ ဝမ်းနည်းကြောင်း၊ ပူဆွေးသောကရောက်မိကြောင်းကို ထုတ်ဖော်ပြသရန်အတွက်သာ ထိုင်နေခြင်းသာဖြစ်၏။ ကျွန်ုပ်တို့ သိရသည်မှာ- အသင်တို့သည် ဗိုခါရီခသမ်သိမ်းပြီးနောက် ကဆီဒဟ်များ ဖတ်ကြမည်။ အကျွေး အမွေးများ ပြုကြမည်။ တီထွင်ဖန်တီးထားသော လမ်းမှားလုပ်ရပ်များကို လုပ်ကြမည်။ အမှန်စင်စစ် ထိုသို့ ပြုလုပ်ခြင်းမှာ ကျွန်ုပ်တို့၏ သာသနာ့ခေါင်းဆောင်များ၊ အကြီးအကဲများ ရွေးချယ်လျှောက်လှမ်း သကဲ့သို့ မဟုတ်။ အကြီးအကဲများသည် ဤကိစ္စနှင့် ပတ်သတ်၍ ဖုံးကွယ်သိုဝှက်စွာသာ ပြုကြ၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ နှလုံးသားတွင် إخلاص (အစ်ခ်လာစ်) (တင်းပြည့်ကျပ်ပြည့်) ရှိနေသည်။ မည်သည့်လုပ်ရပ်မဆို إخلاص (အစ်ခ်လာစ်)နှင့် ဆက်စပ်နေပါက ထိုအလုပ်တွင် ဖုံးကွယ်သိုဝှက်မှု့ကို အလေးထား အရေးတယူပြုသင့်သည်။ ကျွန်ုပ်တို့၏ သာသနာ့ ပညာရှင် အကြီးအကဲများသည် ဤဗိုခါရီခသမ်သိမ်းခြင်းအား ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား အများသိအောင် ပြုလုပ်ခြင်းနှင့် ကဗျာအလင်္ကာဖတ်ရွတ်၍ ပျော်ပွဲများပြုခြင်းမှ ရှောင်ရှားခဲ့ကြသည်။

မောင်လာနာ အရှ်ရဖ်အလီ ထာနဝီ ဆားဗ်အား အွမ္မသ်တစ်ရပ်လုံးမှ ဟကီမွလ်အွမ္မသ်ဟု ခေါ်ဝေါ် တင်စားကြသည်။ အဘယ်မျှ ကြီးကျယ်သော အာလင်မ်ဖြစ်ခဲ့သနည်း။ စာအုပ်ပေါင်း ၁၃၀၀ ရေးသားခဲ့သည်ဟု ပြောစမတ်ပြုခံခဲ့ရသည်။ ဘာသာရပ်တိုင်းတွင် စာအုပ်များ ရေးသားခဲ့သည်။ အလွန်ထင်ရှား ကျော်ကြားသော၊ တစ်ဖက်ကမ်းခတ် ထူးချွန်ခဲ့သော အာလင်မ် တစ်ပါးဖြစ်ခဲ့ရာ နှစ်ပေါင်းလေးရာအတွင်း မောင်လာနာ အရှ်ရဖ်အလီ ထာနဝီကဲ့သို့ ပညာရှင် တစ်ပါးမှ မပေါ်ထွန်းခဲ့ဟု ဆိုနိုင်ပေသည်။ ဒီယိုဗန်ကျောင်းတွင် ပညာ့နို့ချိုရည် သောက်သုံး၍ အာလင်မ် ဖြစ်ခဲ့သည်။ အာလင်မ်ဘွဲ့ပေးရန် အချိန်နီးကပ်လာသောအခါ ဟဇရသ် ထာနဝီ သခင်ကြီးသည် မိမိအတန်းဖော် သူငယ်ချင်းများအား အတူခေါ်ကာ ဆရာဖြစ်တော်မူသော ဟဇရသ် မောင်လာနာ ယအ်ကူးဗ်ဆားဗ်ထံ ဝင်ရောက်ခစားကာ ဤသို့ လျှောက်တင်ခဲ့၏။ ဆရာကြီးခင်ဗျားးးး ဤ ဘွဲ့နှင်းသဘင်အား ရပ်တန့်တော်မူပါ။ သို့မဟုတ်ပါက ကျွန်တော်တို့ကဲ့သို့ လူများအား ဘွဲ့နှင်းသဘင်အခန်းအနားပြု၍ ဘွဲ့လက်မှတ်များပေးခြင်းဖြင့် ကျော်ငးတော်ကြီး နာမည် ပျက်သွားရပါလိမ့်မည်။ ထို့အပြင် ကျွန်ုပ်တို့အား ဘွဲ့လက်မှတ် မချီးမြှင့်ပါနှင့်။ ကျွန်ုပ်တို့သည် ဤဘွဲ့လက်မှတ်နှင့် ထိုက်တန်ကြသူများ မဟုတ်ပါ။

မောင်လာနာ အရှ်ရဖ်အလီ ထာနဝီ ဆားဗ်သည် အလွန်ကြီးကျယ်သော ပြိုင်စံရှား အာလင်မ်ကြိး တစ်ပါး ဖြစ်ခဲ့သော်လည်း မိမိနှင့် ပတ်သတ်၍ အတွေးအခေါ်မှာ ဤသို့ ဖြစ်ခဲ့၏။ ထို့ကြောင့် ပင်လျှင် မြင့်မြတ်တော်မူသော အရှင်မြတ်က ၎င်းအား အဘယ်မျှ မြင့်မားသော အဆင့်အတန်း ချီးမြှင့်မြှောက်စားခဲ့သည်ကို ကျွန်ုပ်တို့ ကြည့်ရှု့နိုင်ပေသည်။

ဟဇရသ် ရှာဟ်အဗ်ဒွလ်ဂနီ ဖူးလ်ပူရီဆားဗ်သည် ဟဇရသ်ထာနဝီ၏ ခလီဖဟ်များအနက်မှ တစ်ပါးအပါအဝင် ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့၏ ဖသဟ်ပူရီးဆားဗ် (ဟဇရသ် ရှာဟ်ဝစွီယွလ္လာဟ် ဖသ်ဟ်ပူရီးဆားဗ်အား ဆိုလိုခြင်းဖြစ်သည်။) အမိန့်ရှိခဲ့သည်။ ဟဇရသ် မောင်လာနာ အဗ်ဒွလ်ဂနီဆားဗ် သည် ထောင်ပေါင်းများစွာသောသူတို့အနက်မှ တစ်ဦးဖြစ်သည်။ ဆိုလိုသည်မှာ ထောင်ပေါင်းများစွာသော သာသနာ့ ပညာရှင်၊ သူတော်စင်များအနက်မှ ရှားပါးတစ်ဦးဖြစ်သည်။ ဟဇရသ် ဖသဟ်ပူရီသည် များစွာသော သသနာ့ပညာရှင်များအား မော်လဝီ ထက်ပို၍ ဂုဏ်ပုဒ်တပ်ကာ ခေါ်လေ့မရှိ။ မော်လဝီ သွိုင်ယစ်ဗ်၊ မော်လဝီ အလီမြားန်၊ မော်လဝီ မန်ဇူးရ်၊ မော်လဝီ အဗ်ရားရ် ဟူ၍သာ ခေါ်လေ့ရှိသည်။ သို့သော် ဟဇရသ် ဖူးလ်ပူရီ၏ နာမည်အား ဟဇရသ် မောင်လာနာ ဟု ခေါ်တော်မူခဲ့သည်။ ကြီးကျယ်လှပါသော သသနာ့ ပညာရှင်များ ကြွမြန်းလာပါက ဟဇရသ် ဖသဟ်ပူရီးသည် စာသင်ခုံ(မက်စ်နက်ဒ်)မှ ဆင်း၍ တွေ့လေ့မရှိ။ ထိုင်နေမြဲသာ ထိုင်နေလေ့ရှိ၏။ ရောက်လာသော သာသနာ့ပညာရှင်များသည် ဝပ်တွား၍ ရိုသေသမှု့ဖြင့် ဆရာကြီးရှေ့တွင် ထိုင်ကြသည်။ သို့သော် ဖူးလ်ပူရီး ဆားဗ် ကြွမြန်းလာပါက ဟဇရသ် ဖသဟ်ပူရီးသည် မိမိနှင့်အတူ စာသင်ခုံတွင် နေရာပေး၍ ထိုင်စေခဲ့သည်။

ဟဇရသ် ဖူးလ်ပူရီးဆားဗ် အမိန့်ရှိခဲ့သည်။ လုံမပျိုလေး တစ်ဦး၏ မင်္ဂလာဆောင် ဖြစ်ခဲ့၏။ ထုံးလမ်းစဉ်လာ ရှိသည်မှာ- သူတို့သမီးအား ချယ်သမှု့ပြုရန် မိတ်ဆွေသူငယ်ချင်းများ လာကြရ၏။ အမျိုးမျိုး၊ အဖုံဖုံ အလှအပများ ဆင်မြန်းပေးကြရ၏။ သို့ဖြစ်ပေရာ လုံမပျိုလေး၏ သူငယ်ချင်းများ ရောက်လာပြီး ရေချိုး သန့်စင်ပေးကြတော့သည်။ လှပထည်ဝါသော အဝတ်များ ဆင်မြန်းပေးခဲ့ကြသည်။ လက်ဝတ်ရတနာများ လည်း ဝတ်ဆင်ပေးခဲ့ကြသည်။ အချုပ်ဆိုရသော် အကောင်းမွန်ဆုံး၊ အလှပဆုံးဖြစ်အောင် ချယ်သပေးခဲ့ကြသည်။ ထိုသို့ ချယ်သပြင်ဆင်ပေးပြီးနောက် လုံမပျိုလေးအား ချီးမွန်းမြောက်စားပြောဆို ကြတော့လေသည်။ သူငယ်ချင်းတစ်ယောက်က နင်အရမ်းကို လှနေတာပဲ ဟူ၍ ပြောလေရာ နောက်တစ်ယောက်က နောက်တစ်မျိုး၊ နောက်တစ်ယောက်က နောက်တစ်မျိုးဖြင့် လုံမပျိုလေးအား ချီးမွန်းနေကြသည်။ ထိုသို့ ချီးမွန်းနေသည်ကို ကြားပြီး လုံမပျိုလေး၏ ပါးပြင်ထက် မျက်ရည်မြစ်နှစ်စင်း တသွင်သွင်စီးလာတော့လေသည်။ သူငယ်ချင်းများက ဘာဖြစ်တာလဲကွာ ဒါက ပျော်ရွှင်ဖွယ်၊ ကြည်နူးဖွယ် ကောင်းတဲ့ ကိစ္စပဲလေ... မငိုပါနဲ့ကွာနော် ဟု နှစ်သိမ့်ပြောဆို ရင်း မေးမြန်းကြခဲ့ကြသည်။ ထိုအခါ လုံမပျိုလေးက- ငါအရမ်း စိုးရိမ်နေတယ်ဟာ... သူတို့သားအတွက် ဒီလိျုွှေ အပေါ်ယံ ချယ်သမှု့တွေတော့ လုပ်လိုက်ပါပြီ... ဒါပေမယ့် သူ့ကို ဘယ်လို သက်ရောက်စေမလဲ ဆိုတာ မသိရဖူး။ လှတယ်ထင်မလား ဘယ်လိုထင်နေမလဲမသိဖူး။ နင်တို့ ချီးမွမ်းတာတာတွေကို ဘယ်လိုမှ အတည်ပြုလို့ မရဖူးလေ.. ယောက်ကျားက င့ါကို ချီးမွမ်းတယ်ဆိုရင်တော့ ဝမ်းသာပီတိဖြစ်ရမှာပေါ့.. ဟု ပြန်လည် ပြောဆိုခဲ့လေသည်။ ဟင်ဒီစကားပုံတစ်ခုရှိသည်မှာ- သူတို့သား လိုလားနှစ်သက်သူသာလျှင် ဇနီးသည် ဖြစ်ရ၏။ ကျွန်ုပ်တို့သည်လည်း ထိုသို့ပင် စဉ်းစားတွေးခေါ် သုံးသပ်သင့်ပေသည်။ သူတော်စင် ဆရာ့ဆရာများ လက်ခံပေးနိုင်မည်လော ဟူ၍ စဉ်းစားမိခဲ့ကြပါလျှင် ကျွန်ုပ်တို့၏ လုပ်ရပ်များသည် အခြားပုံစံ ဖြစ်သွားပေလိမ့်မည်။ ယခုကဲ့သို့ ခုံပေါက်၊ မြူးတူး ပေါက်က ရလေးဆယ် ပြုလုပ်ကြမည် မဟုတ်တော့ပေ။

ဗိုခါရီကျမ်း ဖတ်ရွတ်မှု့ ပြီးဆုံးခြင်း အခန်းအနားအတွက် အသင်တို့သည် ဤလုပ်ရပ်အဖုံဖုံ အား ပြုလုပ်ကြသည်။ ဗိုခါရီကျမ်းအား အေမာမ်ဗိုခါရီသခင်ကြီးက မည်သို့ ပြုစုရေးသားခဲ့ပါသနည်း။ ခုနှစ်သိန်းသော ဟဒီးဆ်တော်များမှ ၃၅၀၀ခန့်သော ဟဒီးဆ်ကို ရွေးချယ်၍ ပြုစုရေးသားခဲ့၏။ ထိုသို့ ရွေးချယ်မှု့ပြုရာတွင်လည်း ၁၆ နှစ်တိုင် ကြာညောင်းခဲ့လေသည်။ နှစ်ပတ်လည်လုံး ရိုဇာဥပုဒ် စောင့်ထိန်းခဲ့ရှာသည်။ ထို့အပြင် ဟဒီးဆ်တစ်ပုဒ် မရေးသားမှီ ရေချိုး၍ နမားဇ်နှစ်ရကသ် ရွတ်ဖတ်တော်မူခဲ့၏။ နှလုံးသားတွင် (ရေးသားမည့် ဟဒီးဆ်နှင့် ပတ်သတ်၍ နှမ်းစေ့ခန့်မျှ) သံသယ မရှိတော့မှ ထိုဟဒီးဆ်တော်အား ဗိုခါရီကျမ်းတွင် ရေးသားခဲ့၏။ ထိုသို့ဖြင့် ဗိုခါရီကျမ်းရေးသားရာတွင် နဖ်လ် နမားဇ်ပေါင်း ၇၀၀၀၀၀(ခုနှစ်သိန်း) ကိုလည်းကောင်း၊ ၁၆နှစ်တိုင် ရိုဇာဥပုဒ် စောင့်ထိန်းခြင်းကို လည်းကောင်း ပြုတော်မူခဲ့သည်။ ထိုသို့ ရိုဇာစောင့်ထိန်းခဲ့သည်ကိုလည်း အိမ်သူအိမ်သားများ မသိရှိအောင် ဖုံးကွယ်ထားတော်မူခဲ့၏။ အစားအသောက်များ ယူလာကြပါက (ရိုဇာစောင့်ထိန်းထားသည့် အတွက်) ပြန်လည်ပေးလိုက်ခြင်း မပြုခဲ့။ အစားအသောက်လာပေးသူ ပြန်သွားသာအခါမှ ဆာလောင် မွတ်သိပ်နေသူ ဆင်းရဲသားတစ်ဦးအား ခေါ်၍ တိတ်တဆိတ် ကျွေးမွေးတော်မူခဲ့သည်။ ဤနည်းအတိုင်း ဗိုခါရိကျမ်းတော်ာကီးအား အစ်ခ်လာစ်အပြည့်နှင့် ရေးသားခဲ့ရာ မည်ကဲ့သို့ လက်ခံခြင်း ခံခဲ့ရသနည်း။ ကျမ်းတော်မြတ် ကုရ်အာန်ပြီးလျှင် အမှန်ဆု့းသော ကျမ်းတစ်ဆောင်အဖြစ် မှတ်ယူခံရသည်။
أصح الكتب بعد كتاب الله عز وجل الصحيح للإمام البخاري ဟူ၍လည်းကောင်း၊ ما تحت أديم السماء مثله ဟူ၍လည်းကောင်း ပြောစမတ်ပြုခံခဲ့ရသည်။ အဓိပ္ပါယ်မှာ- ကျမ်းတော်မြတ်ကုရ်အာန် ပြီးလျှင် အမှန်ကန်ဆုံး၊ အတိကျဆုံးကျမ်းမှာ အေမာမ်ဗိုခါရီ၏ စွဟီးဟ်ကျမ်းပင်ဖြစ်သည်။ မိုးကောင်းကင်ပြာကြီးအောက်တွင် ဗိုခါရီကဲ့သို့ စာအုပ်တစ်အုပ် မရှိပေ။ ဤသို့ လက်ခံနှစ်သက်ခံခဲ့ ရခြင်းနှင့် အဆင့်အတန်း မြင့်မားသွားခြင်းတို့သည် အေအမ်ဗိုခါရီ၏ အစ်ခ်လာစ်ကြောင့် ဖြစ်ပေါ်လာသော မင်္ဂလာကောင်းချီး၊ ရလဒ်များပင် ဖြစ်ပေသည်။

ကျွန်ုပ်တင်ပြနေသည်မှာ- ယခု ကျွန်ုပ်သည် ဤနေရာ၌ မိန့်ခွန်းပြောကြားရန် ထိုင်နေသည်မဟုတ်။ ငိုယိုရန်သာ ထိုင်နေခြင်းဖြစ်သည်။ အသင်တို့သည် ကျွန်ုပ်တို့၏ ခေါင်းဆောင်ကြီးများ၊ သာသနာ့ ပညာရှင် အကြီးအကဲများ ပြုကျင့်ခဲ့သော လမ်းစဉ်နှင့် သွေဖီ၍ ဗစ်ဒ်အသ်တစ်ခုအား ကျူးလွန်နေကြသည်။ လမ်းစသ်အသစ်တစ်ခုအား တီထွင်နေကြသည်။ ဆရာသခင်ကြီးများသည် (ဗိုခါရီ ခသမ်သိမ်းပွဲအတွက်) ကဆီဒဟ်များမဖတ်ရွတ်ခဲ့ကြ။ (ထိုသို့ ဗိုခါရီ ခသမ်သိမ်းပွဲအတွက်) ကဆီဒဟ်များ ဖတ်ရွတ်ခြင်းသည် ဆရာသခင်ကြီးများ၏ လမ်းစဉ်နှင့် ဆန့်ကျင်နေသော ဗစ်ဒ်အသ်တစ်ခုသာ ဖြစ်၏။ ထို့အပြင် အသင်တို့သည် မိမိတို့ ပြုလုပ်ရန် ရှိသော ကိစ္စတစ်ခုနှင့် ပတ်သတ်၍ ကျောင်းတာဝန်ခံများအား (ပြုလုပ်ခွင့်ရှိသည် မရှိသည်ကို) မေးမြန်းသင့်ပေသည်။ ခွင့်တောင်းသင့်ပေသည်။ ခေါင်းဆောင်၏ အမိန့်နာခံခြင်းသည် ကျွန်ုပ်တို့ ပြုကျင့်ရမည့် ဖရဇ်တာဝန်များအနက် တစ်ရပ်ဖြစ်ပေသည်။ ဟဒီဆ်တော်မြတ်တွင် ဤသို့ လာရှိထားသည် မဟုတ်ပါသလော။
عليكم بالسمع والطاعة وإن أمر عليكم عبد حبشي ဆိုလိုသည်မှာ- ဟဗ်ရှီ(ကပ္ပလီ)ကျေးကျွန်တစ်ဥိး အသင်တို့အား ဥိးစီးဥိးဆောင် ပြုနေလင့်ကစား အမိန့်စကားနာခံပြီး လိုကနာကျင့်သုံးကြလေကုန်။ (အခြား) ဟဒီးဆ်တော် တစ်ပုဒ်တွင် ဤသို့ လာရှိထား၏။ عن العرباض بن سارية قال صلى بنا رسول الله صلى الله عليه وسلم ذات يوم ثم أقبل علينا بوجهه فوعظنا موعظة بليغة ذرفت منها العيون ووجلت منها القلوب فقال رجل يا رسول الله كأن هذه موعظة مودع فأوصنا فقال أوصيكم بتقو الله والسمع والطاعة وإن كان عبدا حبشيا فإنه من يعش منكم بعدي فسيري اختلافا كثيرا فعليكم بسنتي وسنة الخلفاء الراشدين المهديين تمسكوا بها وعضوا عليها بالنواجذ وإياكم ومحدثات الأمور فإن كل محدث بدعة وكل بدعة ضلالة
ဆိုလိုသည်မှာ- တနေ့တွင် တမန်တော်မြတ်(ဆွ)သည် ကျွန်ုပ်တို့အား ဦးဆောင်ပြု၍ နမားဇ်ဝတ်ပြုပြီးနောက် ကျွန်ုပ်တို့ဖက်သို့ မျက်နှာလှည့်ကာ ထိရောက်ပြောင်မြောက်လှသည့် တရားရေအေး တိုက်ကျွေးတော်မူခဲ့သည်။ ထိုဟောကြားမှု့ကြောင့် မျက်ဝန်းတို့သည်လည်း ထိန်းမနိုင်ဖြစ်ကာ မျက်ရည်များ တသွင်သွင် စီးခဲ့ရသည်။ နှလုံးသားများသည်လည်း တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ ဆွဟာဗဟ်တစ်ဦးသည် တမန်တော်မြတ်(ဆွ)အား ဤသို့ လျှောက်ထားခဲ့ပါ၏။ အို...မြတ်နဗီ။ ဤဆုံးမသြဝါဒတော်သည် နှုတ်ဆက်ခွဲခွာနေသောသူ၏ ဆုံးမသြဝါဒနှင့် တူဆင်နေ၏။ ထို့ကြောင့် ကျွန်တော်တို့အား (သာပို၍) မှာတမ်းမှု့ ပြုပေးတော်မူပါ။ တမန်တော်မြတ်(ဆွ) အမိန့်ရှိခဲ့သည်မှာ- ငါ(နဗီသည်) အသင်တို့အား သက်ဝါတရားထားရန် လည်းကောင်း၊ အကယ်၍ အသင်တို့အား ဟဗ်ရှီကျေးကျွန် အုပ်ချုပ်နေလင့်ကစား ၎င်း၏အမိန့်ကို နာခံ၊လိုက်နာ၊ကျင့်သုံးလည်းကောင်း မှာတမ်းတော်မူသည်။ အကြောင်းမှာ- ငါကိုယ်တော် မရှိသည့်နောက်ပိုင်းတွင် အသင်တို့အနက်မှ တစ်ဦးတစ်ယောက် သက်ရှိထင်ရှားရှိနေပါက ထိုသူသည် မြောက်များစွာသော ကွဲလွဲမှု့တို့အား တွေ့မြင်ရလတံ့။ ထို့ကြောင့် အသင်တို့အပေါ် တာဝန်ရှိသည်မှာ- ငါကိုယ်တော်၏ စွန္နသ်တော်များနှင့် ခိုလဖာအေရာရှိဒီးန် တို့၏ လမ်းစဉ်ကို နောက်လိုက်ကြလေကုန်။ စွဲမြဲစွာ ဆုပ်ကိုင်ထားကြလေကုန်။ အံသွားများဖြင့် ကိုက်ထားကြလေကုန်။
(عضوا عليها بالنواجذ ဟူသည် အရဗီဝေါဟာရ တစ်ခုဖြစ်သည်။ ၎င်းအား ဒုက္ခရောက်နေသောအခါ စွဗရ်ပြုလုပ်၍ မိမိလုပ်နေသည့်လုပ်ရပ်အား မစွန့်လွှတ်ရန်အတွက်လည်းကောင်း၊ လုပ်ရပ်တစ်ခုအား ပီပြင်စွာ အကောင်ထည်ဖော်ရန်အတွက် လည်းကောင်း၊ အရာတစ်ခုအား ရယူရန် မက်ထားခြင်း.... စသည့် အဓိပ္ပါယ်များအတွက် ပြောဆိုရေးသားလေ့ရှိသည်။)
ထို့နောက် အသင်တို့ ရှောင်ရှားရမည်မှာ- တီထွင်ဖန်တီးထားသော အမှု့ကိစ္စဟူရွေ့ပင် ဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် တီထွင်ဖန်တီးထားသော အမှု့ကိစ္စတို့သည် ဗစ်ဒ်အသ်များဖြစ်ပြီး၊ ဗစ်ဒ်အသ်ဟူဟူသရွေ့တို့သည် လမ်းမှားခြင်းသာဖြစ်၏။

အသင်တို့ တစ်စုံတစ်ခု ပြုလုပ်ရန် (စိတ်ဆန္ဒ) ဖြစ်လာပါက မောင်လာနာ အဗ်ဒွရ်ရဟီးမ်ဆားဗ် အား မေးမြန်းသင့်သည်။ ၎င်း၏ ခွင့်ပြုချက် ယူသင့်သည်။ မိမိတို့၏ အကြီးအကဲတစ်ဦးဦး အား မေးမြန်းသင့်သည်။ ကျောင်းတော်ကြီးတွင် အသင်တို့၏ ဆရာများရှိနေကြသည်။ တစ်ဦးမှ မရှိခဲ့လျှင်လည်း ကျွန်ုပ်အား တိုက်ရိုက် မေးမြန်နိုင်သည်။ အသင်တို့သည် ကျွန်ုပ်အား မေးမြန်းမှု့ပင်လျှင် မပြုလုပ်ကြပဲ မိမိတို့၏ စိတ်ဆန္ဒအတိုင်း (ဤကိစ္စကို) ပြုခဲ့ကြသည်။ မိမိအကြီးအကဲတစ်ဦးဦးအား မသိစေရန် ဖုံးကွယ်၍ ပြုလုပ်ခြင်းမှာ ထိုအလုပ် မှားယွင်းနေကြောင်း ပြသနေခြင်းသာ ဖြစ်၏။
ကျွန်ုပ်သည် ဤအချိန်၌ မိမိ အပြစ်ကင်းရှင်းကြောင်း၊ တာဝန်ကင်းကြောင်းကို ထုတ်ဖော်ပြောကြားချင်၏။ အသင်တို့ ကျူးလွန်သော ဗစ်ဒ်အသ်တွင် ကျွန်ုပ်နှင့် ချစ်လှစွာသော ကျော်ငးဆရာများ ပါဝင်ဆင်နွဲသည် မဟုတ်။ ကျောင်းတာဝန်ခံများသည် ဤကိစ္စနှင့် ပတ်သတ်၍ ကြေနပ်နှစ်သက်ကြသည် မဟုတ်။ ကျွန်ုပ်တို့ အားလုံးသည် အပြစ်ကင်းကြောင်း ထုတ်ဖော်ပြသကြမည်သာ ဖြစ်ကြ၏။ တမန်တော်မြတ်(ဆွ)သည် أنا براء مما فعل خالد بن الوليد ဟူ၍ အမိန့်ရှိသကဲ့သို့ ကျွန်ုပ်သည်လည်း أنا براء مما فعلوا ဟုပြောဆို၏။ ကျွန်ုပ်တို့ အားလုံးသည် ထိုလမ်းမှားလုပ်ရပ်အားနှင့် ပတ်သတ်ခြင်းမရှိ။ ထို့အပြင် (ယခု အသင်တို့ပြုနေသော လမ်းစဉ်သစ်သည်) ကျွန်ုပ်တို့ ကျောင်းတော်၏ မူဝါဒလည်း မဟုတ်။ ကျော်းတော်ကြီးတွင် အသင်တို့ ပြုလုပ်နေသောလုပ်ရပ်များ တစ်ကြိမ်တစ်ခါပင် မဖြစ်ခဲ့ပေ။ အသင်တို့သည် မပိုင်သော၊ တားမြစ်ပိတ်ပင်ထားသော လမ်းစဉ်ဖြင့် ငွေကြေးများ စုဆောင်း၍ အချိုမုန်းများ ဝေကြသည်။ ပြင်ပမှ ဧည့်သည်များ ဖိတ်ကြားကြသည်။ ဤသို့သော လုပ်ရပ်များသည် ကျွန်ုပ်တို့၏ ခေါင်းဆောင်ဆရာသခင်၊အကြီးအကဲများ၏ လုပ်ရပ်နှင့် ဆန့်ကျင်ဖက် ဗစ်ဒ်အသ်တစ်ခုသာ ဖြစ်တော့ပေသည်။

မောင်လာနာ မဟ်မူးဒ်ဟစန်ဆားဗ် ဒီယိုဗန်ကျောင်းမှ ကျောင်းပြီးသောအခါ ဆရာဖြစ်သူ မောင်လနာ ကာစင်မ် နာနိုသဝီဆားဗ်သည် "မနက်ဖြန်မှစ၍ အသင်ပြရမည်" ဟူ၍ အမိန့်ရှိခဲ့သည်။ မောင်လာနာ မဟ်မူးဒ်ဟစန်ဆားဗ်သည် ဤအမိန့်တော်ကိုကြားပြီးနောက် ထိုနေရာမှ ကိုယ်ယောာင်ဖျောက်ကာ ပုံးအောင်းနေတော့လေသည်။ ၁၅ရက်တိုင် ရှာဖွေမှု့များပြုပြီးနောက် တစ်နေရာတွင် မောင်လနာ မဟ်မူဒ်ဆားဗ်အား ရှာတွေ့ရာ ဆရာကြီးထံ ခေါ်ဆောင်လာခဲ့ကြသည်။ ဆရာကြီးသည် မဟ်မူးဒ်ဆားဗ်အား "အသင်ကို စာသင်ရန် ပြောခဲ့သည် မဟုတ်သလား။ ဘယ်ပျောက်သွားတာလဲ" ဟူ၍ မေးမြန်းခဲ့ရာ မဟ်မူးဒ်ဆားက "ဆရာကြီးခင်ဗျားးး ကျွန်တော်သည် ဘာမှ တတ်ကျွမ်းသူလည်း မဟုတ်။ ဘာမှ သိသူလည်း မဟုတ်။ ကျွန်တော် ဘာသင်ပေးနိုင်မည်နည်း။" ဟူ၍ ပြန်လည် လျှောက်ထားခဲ့၏။ ဆရာကြီက "တတ်တာ မတတ်တာ ဘာမှလာမပြောနဲ့...။ အသင် ကျွန်ုပ်စကားကို နားထောင်ရမည်သာ ဖြစ်သည်။ သွားထိုင်ပြိး စာသင်ပေတော့" ဟု အမိန့်ရှိခဲ့သည်။ စံနမူနာ အတုယူကြလေကုန်။ ကျောင်းပြီးသည့်အချိန်တွင် မောင်လာနာ မဟ်မူးဒ်ဆားဗ်၏ အခြေအနေ မည်သို့ရှိခဲ့သနည်း။ မောင်လာနာ အရှ်ရဖ်အလီ ထာနဝီနှင့် မောင်လနာ အန်ဝရ်ရှာဟ်တို့၏ ဆရာဖြစ်ခဲ့သည့်တိုင်အောင် ပညာအဆင့်အတန်း မြင့်မားခဲ့သော်လည်း မိမ်ကိုယ်မိမိ မည်သို့ တွေးခေါ် သုံးသပ်ခဲ့သနည်း။ ကျွန်ုပ်တို့၏ အခြေအနေမှာကား ထိုဆရာသခင်ကြီးများနှင့် တစ်ခြားစီပင် ဖြစ်နေတော့ပေသည်။ အသင်တို့ထဲတွင် ဗိုခါရီကျမ်း၏ စာကြောင်းတစ်ကြောင်းကို မှန်ကန်စွာ မဖတ်တတ်သူပင်ရှိနေသည်။ အုပ်စုတစ်စု ပျက်စီးမှု့နှင့် ရင်ဆိုကြုံတွေ့လာလျှင် ၎င်းတို့ ပျက်စီးရခြင်း၏ အကြောင်းခံမှာ ကစီဒဟ်များ၊ တေးဂီတများ ဟစ်မြူးခြင်းသာ ဖြစ်ပေသည်။ (ဆိုလိုသည်မှာ- အုပ်စုတစ်စုအပေါ် အဇားဗ် ကျရောက်တော့မည် ဆိုလျှင် ထိုအုပ်စုတို့သည် တေးဂီတများ၊ ကမှုတ်တီးခုံခြင်း စသည့်လုပ်ရပ်များအား အတိုင်းထက် အလွန် နှစ်သက်လာကြသည်။ ထိုကြောင့်ပင်လျှင် ၎င်းတို့ ပျက်စီးခဲ့ကြရသည်။)

ဤမိန့်ခွန်းတော်များ မြွတ်ဟပြီးနောက် မွဖ်သီဆားဗ်သည် ဘွဲ့နှင်းသဘင်တွင် ကျောင်းသားများ ရွတ်ဖတ်ရန် ပြင်ဆင်ထားသော ကဗျာအား ကျောင်းပညာရေးမှုးထံမှ တောင်းခဲ့သည်။ "ဘာတွေ ဆိုထားလဲ ကြည့်ထားရအောင်...။" ဟု အမိန့်ရှိကာ ထိုကဗျာအား အသံကျယ်ကျယ်ဖြင့် စတင် ရွတ်ဖတ်တော့လေသည်။
ကဗျာ၏ ဆိုလိုရင်းမှာ-

နှုတ်ဆက်လိုက်ပါတယ်***ကျွန်တော်တို့ ဥယျာဉ်လေးရယ်....။
စွန့်ခွာရတော့မယ်***ကျွန်တော်တို့ ပန်းခြံလေးရယ်....။
စွန့်လွှတ်ရတော့မယ်***ကျွန်တော်တို့ နေထိုင်ရာနေရာလေးရယ်....။
ခွဲခွာရတော့မယ်***ကျွန်တော်တို့ မွေးရပ်မြေလေးရယ်....။

မွဖ်သီဆားဗ် အမိန့်ရှိသည်မှာ- الودع ဆိုသော စကားလုံးအား ဝမ်းနည်းပူဆွေးမှု့ ထုတ်ဖော်ပြသရာတွင် သုံးလေ့ရှိသည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် သိနိုင်သည်မှာ- ကျောင်းတော်ကြီးနှင့် ခွဲခွာရသည့်အတွက် လွန်စွာ ဝမ်းနည်းကြေကွဲနေကြရသည်။ သို့သော် ကျောင်းသားတစ်ယောက်တိုင်း၏ စိတ်ထဲတွင် "အကယ်၍ စာမေးပွဲ မေးခွန်း ဆယ်စောင်အား တစ်ရက်ထဲ ဖြေဆိုရလျှင် ကောင်းလေစွ" ဟုသာ တွေးနေလိမ့်မည်။ အိမ်ပြန်ရန်အတွက် ယခုကတည်းမှ ရင်ခုန်စောင့်စားနေမည်သာ။ စိတ်ထဲတွင်မရှိသော ဝမ်းနည်းမှု့များအား ကဗျာအလင်္ကာတို့ဖြင့် ထုတ်ဖော်ပြသနေပြီး (နှလုံးသားများ) အတွင်း၌ ပျော်ရွှင်ပီတိများ ဖြစ်နေကြခြင်းသည် နေဖာက်တစ်မျိုးသာ ဖြစ်ပေတော့သည်။

သာသနာ့ ပညာရှင်များသည် ရမဇန်လမြတ်၏ နောက်ဆုံး ဂျွမ်အဟ်တွင် အလ်ဝေဒါအ်ပြုခြင်း (ကြေကွဲနှုတ်ဆက်ခြင်း)အား မက်ရူးဟ်ဟု သတ်မှတ်ထားကြသည်။ ထိုသို့ မက်ရူးဟ်ဟူ၍ သတ်မှတ်ရခြင်း၏ ဇစ်မြစ်မှာ- ဟဒီးဆ်တော်များတွင် (ထိုသို့ ပြုလုပ်ခဲ့ကြသည်ဟု) မလာရှိခြင်းနှင့် နေဖာက် ပါဝင်နေခြင်းပင် ဖြစ်သည်။ နှလုံးသားများတွင် စိတ်ဆန္ဒ ဖြစ်နေသည်မှာ- ရမဇန်လမြတ် လျှင်မြန်စွာ ကုန်ဆုံးသွားပြီး (ရိုဇာ၊ဥပုဒ်စောင့်ထိန်းခြင်းမှ) ကင်းလွတ်သွားရန်သာဖြစ်သည်။ အမြင်အားဖြင့် လွန်စွာ ဝမ်းနည်းကြေကွဲကြောင်းကို ထုတ်ဖော်ပြသနေခြင်း သက်သက်ပင် ဖြစ်၏။
ထို့နောက် မွဖ်သီဆားဗ်သည် ကဗျာအား ဖတ်ရွတ်ရင်း ဤအပိုဒ်သို့ ရောက်လာသောခါ အမိန့်ရှိ၏။

ဤကဗျာသည် မှန်ကန်လွန်းလှ၏။ အမှန်ပင် လက်မဲ့ဖြစ်ရင်း သွားနေကြသည်။ ဤဝမ်းနည်းပူဆွေးမှု့မှာ စစ်မှန်သော ဝမ်နည်းဖွယ်ရာတစ်ခုပင် ဖြစ်၏။ ထိုနည်းတူစွာ ကဗျာအပိုဒ်လေးငါးပိုဒ်အား ဖတ်ရွတ်ပြိးနောက် (ကဗျာစာရွက်အား) ပြန်ပေးခဲ့သည်။ ထို့နောက် ဒိုအာပြုလုပ်ကြရန် အမိန့်ရှိပြီး ဤသို့ တောင်းဆု၊ဒိုအာ ပြုခဲ့၏။ အလ္လာဟ်အရှင်မြတ် ကျွန်ုပ်တို့အား အစ်ခ်လာစ်နှင့် မှန်ကန်တိကျသော နားလည်သဘောပေါက်မှု့အား ချီးမြှင့်တော်မူပါစေ။

ဤတွင် မွဖ်သီဆားဗ်၏ ဘယာန်ပြီးဆုံးသွားပါသည်။

အိုအရှင်- ကျွန်တော်နှင့်တကွ သာသနာ့ပညာရှင်များ၊ သာသနာ့ညီအစ်ကို၊မောင်နှမများ အားလုံးအား ဆရာသခင်ကြီး၏ ဒိုအာတွင် ပါဝင်အကျိုးသက်ေ၇ာက်စေတော်မူပါ။ ကျွန်တော်တို့အားလုံးအား သာသနာ့အသိပညာ ကြွယ်ဝစေပြီး အမှားအမှန် ဝေခြားပိုင်းဖြတ်နိုင်စွမ်း ချီးမြှင့်တော်မူပါ။ (အာမီးန်)

ဆက်လက်၍ တင်ပြမည်မှာ- ပညာရေးမှုး၏ ခံစားချက်များနှင့် မောင်လာနာ မိုဟမ္မဒ် ဟမ်ဇဟ်၏ ဖြည့်စွက်ရေးသားချက်များ ဖြစ်သည်။ စောင့်မျှော်ဖတ်ရှု့ပေးကြပါရန်နှင့် ဒိုအာတွင် အထူးသတိရကြပါရန် ပန်ကြားရင်း ဤအပတ် ကြာသပတေးနေ့ ဘာသာပြန်ဆိုမှု့ကို ရပ်နားလိုက်ရပါသည်။
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger