ကဲ…… martyr လာပါပြီ။
မျက်စေ့တော့ မနောက်ကျနဲ့ဦး။ အမှန်တွေကို ပြောဖို့လာတာပါ။
မှားတာများပါခဲ့ရင် တိုက်ရိုက်လာပြီး ပြောရုံမက ခေါင်းရိုက်ခွဲမယ်ဆိုလည်း ခံပါမယ်။
This’s my promise. Martyrs do not die.
အေး အကယ်လို့ မှန်ခဲ့တယ်ဆိုလို့ရှိရင် ရှီအာဂိုဏ်းဘာမှန်းမသိပဲ သူများယောင်လို့ လိုက်ယောင်နေတဲ့ ချာတိတ်တွေကို အစ္စလာမ်သာသနာဖက်သို့ လာပြီး စစ်မှန်တဲ့ အစ္စလာမ်ဆိုတာကို လာရောက်သင်ယူလိုက်ပါ လို့ ပြောလိုတယ်။
၁။ ဆွဟာဗဟ်သာဝများအပေါ် ထားရှိတဲ့ ရှီအာအစ်နာအရှ်ရီယဟ်များ၏ ယုံကြည်ချက်။
ရှီအာများ၏ ယုံကြည်ချက်များသည် သေးသိမ်ယုတ်ညံ့မှုများ၊ ဆဲဆိုတိုင်းထွာမှုများ၊ ဆွဟာဗဟ်များအား ကာဖရ်ဟု ပြောဆိုခြင်းများ၊ တမန်တော်၏ ချစ်ဇနီး ဟဇရသ် အာအေရှာနှင့် ဟဖ်စဟ်သခင်မတို့အား ဆဲဆို၊ရိုင်ပြမှုများနှင့် ပြည့်လျှံနေသည်။ ရှီအာများသည် အချို့သော ဆွဟာဗဟ်များမှအပ ကျန်ဆွဟာဗဟ်အားလုံးအား ကာဖရ်ဖြစ်သည်ဟု သမုတ်ခဲ့ကြသည်။
الشيعة في الميزان:محمد جواد مغنية، دار الشروق، بيروت–القاهرة ص440 တွင် ရေးသားထားသည်မှာ- ဆွဟာဗဟ်များတွင် သာမာန်လူသားများကဲ့သို့ပင် လူဆိုး၊ လူကောင်း၊ မှန်ကန်သူ ယုတ်ညံ့သူ ဟူ၍ရှိပေသည်။ ဤစာသားတွင် မှန်ကန်သောသူနှင့် ကောင်းမွန်သောသူမှာ ဟဇရသ်အလီနှင့် ရှီအာများကိုရည်ရွယ်ပြီး၊ မကောင်းသောသူ၊ ယုတ်ညံ့သောသူမှာ ဟဇရသ် အဘူဘကရ်၊ အုမရ်၊ အွတ်စ်မာန် رضي الله عنهم أجمعين တို့အား ဗိုင်အသ်ယူခဲ့ကြသော ဆွဟာဗဟ်များကို ရည်ရွယ်ပေသည်။ အကယ်၍ ရှီအာတွေရဲ့ စာအုပ်များနဲ့ ၎င်းတို့၏ အေမာမ်များဖက်မှ ဆင့်ဆိုထားသော ဟဒီးဆ်များအား လေ့လာမည်ဆိုပါက ဆွဟာဗာဟ်များအား ဆဲဆိုထားခြင်းများစွာကို တွေ့ရှိရမည်ဖြစ်သည်။
ရှီအာရေ၀ါယသ်တစ်ခုတွင် လာရှိသည်မှာ ဆွဟာဗဟ်သုံးပါး(စလ်မာန် ဖာရစီ၊ မစ်က်ဒါးဒ်၊ အဘူဇရ် ဂဖာရီ رضي الله عنهم أجمعين)မှအပ ကျန်ဆွဟာဗဟ်အားလုံးတို့သည် တမန်တော်ဝဖာသ်ဖြစ်ပြီးနောက် မွရ်သဒ်ဖြစ်ကုန်သည်။ အချို့ဆင့်ဆိုချက်များတွင် ဟဇရသ် အမ်မားရ် ဘင်န် ယာစိရ်နှင့် အချို့ဆွဟာဗဟ်များအား မွရ်သဒ်မဖြစ်သူများတွင် ထည့်သွင်းသတ်မှတ်ထားသည်။
ကဲ….ကြည့်။ martyr မဟုတ်တာတွေကို လုပ်ဇတ်ခင်းပြီး ပြောနေတာလား။ ဟုတ်တာတွေကို ထုတ်ခါပြောနေတာလား။ လျှာအရိုးမရှိတိုင်း တလွဲတွေဆော်နေတာလား။ အထောက်ထားတွေနဲ့ ပြောနေတာလား။ တစ်ခုတော့မှတ်ထား…….။ အထောက်အထားမရှိပဲ martyr ပါးစပ်က တစ်ခုမှမထွက်စေရဖူး။ martyr ပြောတာရဲ့ ဆန့်ကျင်ဖက် တစ်စုံတစ်ခုများ တွေ့ခဲ့ရင် martyr မျက်နှာနဲ့ မင်းတို့ဖိနပ်။
This’s my promise. Martyrs do not die.
Martyr ပြောတာတွေကို ရှီအာစာအုပ်တွေမှာ ကြည့်ကြစို့။
ذكر الكليني عن جعفر عليه السلام:"كان الناس أهل ردة بعد النبي، صلى الله عليه وسلم، إلا ثلاثة، فقلت:من الثلاثة؟ فقال: المقداد بن الأسود، وأبو ذر الغفاري، وسلمان الفارسي".(الكافـي-الروضة- 8/245)
ဆိုလိုသည်မှာ- ကလီနီသည် ဂျအ်ဖရ်မှတဆင့် တင်ပြသည်မှာ...... တမန်တော်မြတ်(ဆွ)၏နောက်ပိုင်းတွင် လူသုံးဦးမှအပ ကျန်အားလုံး မွရ်သဒ်များဖြစ်သွားခဲ့ကြသည်။ ကျွန်ုပ်က ထိုသူသုံးဦးသည် မည်သူများဖြစ်ကြပါသနည်း ဟု မေးမြန်းရာ သခင်က ၁။ မစ်က်ဒါဒ် ဘင်န် အက်စ်ဝက်ဒ် ၂။ အဗူဇရ် ဂဖာရီ ၃။ စလ်မာန်ဖာရစီ ဖြစ်သည်ဟု အမိန့်ရှိခဲ့သည်။ ကာဖီကျမ်း 8/245
عن أبي جعفر عليه السلام قال:إن رسول الله صلى الله عليه وآله لما قبض صار الناس كلهم أهل جاهلية إلا أربعة: علي، والمقداد، وسلمان، وأبو ذر( بحار الأنوار:المجلسي 333،351/22، 236/28، تفسير العياشي 1/199).
ဆိုလိုသည်မှာ- အဗူဂျအ်ဖရ်အမိန့်ရှိသည်မှာ တမန်တော်မြတ်(ဆွ) ၀ဖားသ်ဖြစ်တော်မူသွားသောအခါ လူလေးဦးမှအပ ကျန်သူတို့သည် ဂျာဟေလီယဟ်၏ သားကောင်များဖြစ်ကုန်ကြသည်။ (ထိုသူလေးဦးမှာ) အလီ၊ မစ်က်ဒါဒ်၊ စလ်မာန်နှင့် အဗူဇရ်တို့ဖြစ်ကြသည်။
وذكر المجلسي فـي(حق اليقين ص 522) أنه قال لعلي بن الحسين مولى له:"لي عليك حق الخدمة فأخبرني عن أبي بكر وعمر؟ فقال:إنّهما كانا كافرين، والذي يحبهما فهو كافر أيضا"
ဆိုလိုသည်မှာ- မဂ်ျလီစီရေးသားတင်ပြထားသည်မှာ ..... အလီဗင်န် ဟူစိုင်းန်အား တစ်ဦးကလျှောက်ထားခဲ့သည်။ ကျွန်တော်၏အပေါ် သခင့်အား ပြုစုရန် တာဝန်ဝတ္တရားရှိသည်။(အရဗ်တို့၏ ရိုသေသမှုပြုရာတွင် သုံးနှုံးသော စကား) ကျွန်တော့်အား အဗူဘကရ်၊အုမရ်နှင့် ပါတ်သတ်၍ ပြောပြပါလေ။ ထိုအခါ အလီဗင်န်ဟူစိုင်းန် အမိန့်ရှိသည်မှာ- မုချဧကန် ထိုသူနှစ်ဦးသည် ကာဖရ်သာလျှင်ဖြစ်သည်။ ထိုသူနှစ်ဦးအား ချစ်ခင်သူများသည်လည်း ကာဖရ်များပင်ဖြစ်ချေသည်။ ဟက်ကွလ်ရကီးန်ကျမ်း 522
وفـي تفسير القمي عند قوله تعالى:"وينهى عن الفحشاء والمنكر والبغي"قالوا: الفحشاء أبو بكر، والمنكر عمر، والبغي عثمان
ဆိုလိုသည်မှာ- ကျမ်းမြတ်ကွရ်အာတွင် လာရှိသည်မှာ ““ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ထင်ရှားစွာသော စက်ဆုပ်ရွံ့ရှာဖွယ်များမှလည်းကောင်း ၊ မကောင်းမှုများမှ လည်းကောင်း ၊ မတရားမှုများမှလည်းကောင်း မြစ်တားတော်မူလေသည်။”” ဤနေရာ၌ စက်ဆုပ်ရွံ့ရှာဖွယ်ရာ ဆိုသည်မှာ အဗူဘက်ရ်သခင်ဖြစ်သည်။ မကောင်းမှု ဟူသည်မှာ အုမရ်ဖြစ်ပြီး၊ မတရားမှုဟူသည် အွတ်စ်မာန်ဖြစ်သည်။ သဖ်စီးရ် ကွမ်မီကျမ်း
၂။ ရှီအာများထံတွင် ဆွဟာဗဟ်တို့အား နှစ်မျိုးခွဲထားမှု့။
ပထမအမျိုးအစား။ ။ ဟဇရသ်အဗူဘက်ရ်၊ ဟဇရသ်အုမရ်နှင့် ဟဇရသ် အွတ်စ်မာန် رضي الله عنهم أجمعين တို့နှင့် အတွေးအခေါ်တူညီသော၊ ၎င်းတို့အား ထောက်ခံအားပေးသော၊ ၎င်းတို့ကို ဗိုင်အသ်ယူခဲ့သောအုပ်စု။
ဒုတိယအမျိုးအစား။ ။ ဟဇရသ်အဗူဘက်ရ်၊ ဟဇရသ်အုမရ်နှင့် ဟဇရသ် အွတ်စ်မာန် رضي الله عنهم أجمعين တို့၏ ခေလာဖသ်အား မထောက်ခံပဲ ခေလာဖသ်အား ဟဇရသ်အလီနှင့်သာ သက်ဆိုင်ကြောင်း၊ ခေလာဖသ်သည် ဟဇရသ်အလီထံမှ လုယူခံထားရကြောင်း ပြောဆိုခဲ့ကြသူများအုပ်စု။ ဤအုပ်စု၏ အရေအတွက်၊ အမည်နာမနှင့် ပါတ်သတ်၍ ရှီအာတို့ထံတွင် အကွဲအလွဲရှိသောလည်း ဆွဟာဗဟ်သုံးဦး၏ အမည်နာမတွင် အကွဲလွဲမရှိပေ။ ထိုဆွဟာဗဟ်သုံးဦးမှာ- ၁။ မစ်က်ဒါဒ် ဘင်န် အက်စ်ဝက်ဒ် ၂။ အဗူဇရ် ဂဖာရီ ၃။ စလ်မာန်ဖာရစီ တို့ဖြစ်သည်။
၃။ မိခင်မွန်ကြီး ဟဇရသ်အာအေရှာ သခင်မကြီးနှင့် ပါတ်သတ်၍ သွားပုပ်လေလွင့် ပြောဆိုမှု။
အကယ်၍ မိတ်ဆွေများအနေနှင့် ကိုယ်တိုင် ရှီအာတို့၏ စာအုပ်များနှင့် ၎င်းတို့၏ သွားပုပ်လေလွင့် ပြောဆိုထားသော ဆင့်ဆိုချက်များအား လေ့လာမည်ဆိုပါက မိခင်မွန်ကြီး ဟဇရသ်အာအေရှာသခင်မ၏ အီမာန်၊ ကိုယ်ကျင့်တရား၊ သန့်ပြန့်စင်ကြယ်မှု၊ မှန်ကန်မှုတို့အား လုပ်ကြံစွပ်စွဲ၊ မတရားပြောဆိုထားသည်ကိုသာ တွေ့ရမည် ဖြစ်သည်။ သခင်မကြီးအား ကာဖရ်ဖြစ်သည်ဟု ပြောဆိုထားသော ရှီအာပညာရှင်များစွာ ရှိသည်။ ဤခေတ်တွင်လည်း အီရတ်နိုင်ငံမှ မွဂ်ျသဗာ ရှီရာဇီ..... ကူဝိတ်နိုင်ငံမှ ယာစိရ်ဟဘီးဘ်........ အီဂျစ်နိုင်ငံမှ ဟစန် ရှဟာသဟ်တို့သည် အဓိက သရုပ်ဆောင်များဖြစ်သည်။
ဟစ်ဂ်ျရီ ၁၄၃၁ ရမဇန်လ ၁၇ ရက် သောကြာနေ့ 27/AUG/2010 အင်္ဂလန်နိုင်ငံလန်ဒန်မြို့၌ هيئة خدام المهدي အမည်ဖြင့် အခန်းနားတစ်ခု ကျင်းပခဲ့သည်။ ထိုအခန်းနား ကျင်းပမှု၏ အကြောင်းအရင်းမှာ ထိုနေ့ရက်တွင် တမန်တော်မြတ်(ဆွ)၏ ချစ်ဇနီး ဟဇရသ်အာအေရှာ သခင်မကြီး အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ခံယူတော်မူခဲ့သည်။ ထို့အတွက်သာလျှင် ၎င်းတို့သည် ပျော်ရွှင်မှု အထိမ်းအမှတ်အဖြစ် ထိုအခန်းနားအား ခမ်းနားစွာကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုအခန်းနား၌ ရှီအာအကြီးအကဲများလည်းတတ်ရောက်ခဲ့ကြသည်။ ထိုထဲတွင် ကာဖရ်၊ ဇင်န်ဒီးက်၊ ခါစိရ် ခဗီးဆ် (ယာစိရ် ဟဘီးဘ်) ဆိုသော လူတစ်ယောက်က ဟဇရသ်အာအေရှာနှင့် ပါတ်သတ်၍ ဤကဲ့သို့ ပြောဆိုသမုတ်ခဲ့သည်။ ***عاءشة في النار အာအေရှာသည် ဂျဟန္နမ္မီဖြစ်သည်ဟု ရိုင်းပြစွာ သမုတ်ခဲ့သည်။
အာအေရှာသည် အလ္လာဟ်နှင့် တမန်တော်၏ ရန်သူဖြစ်သည်။
***အာအေရှာသည် တမန်တော်မြတ်အား သတ်ဖြတ်ခြင်းဖြင့် မိမိ၏အပြစ်များအား ပြည့်ဝစေခဲ့သည်။
***အာအေရှာသည် ဟဇရသ်ဖာသွေမဟ်သခင်မအား ငိုကြွေးရသည်အထိ ညှင်းပန်းနှိပ်စက်မှု ပြုခဲ့သည်။
***အာအေရှာသည် အလီသခင်နှင့် ဖာသွေမာသခင်မတို့၏ ၀ဖားသ်ဖြစ်မှုအပေါ် ၀မ်းမြောက်ဝမ်းသာဖြစ်ခဲ့သည်။
***အာအေရှာသည် ဟစန်သခင်၏ ဂျနာဇဟ်အား မျှားဖြင့် ပစ်ခတ်ခဲ့သည်။
***အာအေရှာသည် မွတ်စ်လင်မ် သုံးသောင်း သတ်ဖြတ်ခံရမှုတွင် အဓိကတရားခံဖြစ်သည်။
***အာအေရှာသည် တမန်တော်မြတ်(ဆွ)၏ ဟဒီးဆ်တော်များအား လုပ်ကြံပြောဆိုခဲ့သည်။
***အာအေရှာသည် မာရိယဟ် ကစ်ဗ်သွီယဟ်သခင်မအား ဇေနာကျူးလွန်သူ၊ မဟုတ်မတရားပြောဆိုသူဟု စွပ်စွဲခဲ့သည်။
ထို့ကြောင့်ပင်လျှင် ၎င်းခဗီးဆ်အား ကူဝိတ်နိုင်ငံမှ နယ်နှင်ဒဏ်ပေးခဲ့ရာ အင်္ဂလန်နိုင်ငံ၌ သွားရောက်ခိုလှုံနေထိုင်နေခံရသည်။ ယခုကဲ့သို့ ရိုင်းစိုင်းစွာ သွားပုပ်လေလွင့်ပြောဆိုမှုများသည် ရှီအာများအဖို့ အသစ်အဆန်းမဟုတ်ပေ။ နိစ္စဓူဝ ပြုမူကျင့်ကြံနေရသော ကိစ္စသာလျှင်ဖြစ်သည်။
يقول شيخ الطائفة لدى الشيعة أبو جعفر الطوسي في (كتابه الاقتصاد فيما يتعلق في الاعتقاد ص 36):"عائشة كانت مصرة على حربها لعلي، ولم تتب وهذا يدل على كفرها وبقائها عليه".(وذكر ذلك البياضي في الصراط المستقيم 1/187).
ဆိုလိုသည်မှာ- အာအေရှာသခင်မသည် အလီသခင်နှင့် စစ်မက်ဖြစ်ပွါးရန်သာ မြဲမြံစွာရပ်တည်ခဲ့သူဖြစ်သည်။ ထို့အပြင် (မိမိလုပ်ရပ်အပေါ် နောင်တရကာ) သောင်ဗဟ်လည်း မလုပ်ခဲ့ပေ။ ဤကိစ္စသည် အာအေရှာသခင်မ ကာဖရ်ဖြစ်ကြောင်းကို ညွှန်ပြနေသည်။ အစ်က်သေစွာဒ်ကျမ်း စာမျက်နှာ ၃၆။ စွေရာသွလ်မွစ်သကီးမ် တွဲ၁၊ စာမျက်နှာ ၁၈၇။
(ဒီနေ့တော့ ကျွန်တော် ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါတယ်။ အင်န်ရှာအလ္လာဟ် ဤအကြောင်းအရာနှင့်ပတ်သတ်၍ ဆက်လက်ရေးသားပေးသွားဖို့ ကြိုးစားပေးပါ့မယ်။ ကျွန်တော်ရေးထားတဲ့စာတွေ အားလုံးက ကျွန်တော့်အာဘော်မဟုတ်ပဲ ရှီအာများ၏ ကျမ်းစာများမှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်သည်။ ဤသည်ကို လာ၍ ရှီအာဂိုဏ်းအား ပုတ်ခတ်ပြောဆိုသည်ဟု မထင်စေလိုပါ။ အများအကျိုးကို ရှေးရှု့၍ ၎င်းတို့၏ ကျမ်းစာများအား မဖတ်ချင်သောလည်း ဖတ်၊ ၎င်းတို့၏ သမုတ်မှုများအား မရေးချင်လည်း ရေးသားနေခြင်းသာဖြစ်သည်။ သို့မှသာ အမှောင်ကျနေသောသူများ အလင်းကို တွေ့မြင်၍ အလင်းရှိရာသို့ လျှောက်လှမ်းလာနိုင်မည်ဖြစ်သလို အလင်း၌လျှောက်လှမ်းနေကြသူများသည်လည်း အမှောင်ကိုမြင်၍ ဆိုးရိမ်ထိတ်လန့် သတိချပ်မိသွားမည်ဖြစ်သည်။)
မွတ်စ်လင်မ်ညီနောင်များအား လေးစားလျှက်
Martyr
(Martyrs do not die)
Post a Comment