بسم الله الرحمن الرحيم
အဲဟ်ရာမ် ဝတ်ဆင်၍ တားမြစ်ချက်များ ရှောင်နိုင်ခွင့် မရခဲ့လျှင်.....
လောကီစည်းစိမ်အား စွန့်၍ ဟရာမ်အား ရှောင်ရှားပါ။
နှုတ်လျှာဖြင့် လဗ်ဗိုင်က် ဆိုခွင့်မရခဲ့လျှင်......
နှလုံးသားဖြင့် စဉ်မြဲ လဗ်ဗိုင်က် (သတ်စ်ဘီးဟ်) ဆိုနေပါ။
ကအ်ဗဟ်ကျောင်းတော်တွင် သဝါးဖ်လှည့်လည်ခွင့် မရခဲ့လျှင်......
နှလုံးသားဖြင့် ကွရ်အာန်ဥယျာဉ်တွင် လည်ပတ်ပျော်မွေ့နေပါ။
စအီ(စွဖာနှင့် မရ်ဝဟ် ပြေးခြင်း) ပြုခွင့်မရခဲ့လျှင်......
ကောင်းမှု့တို့အား သူ့ထက်ငါအပြိုင် အပြေးအလွှားပြုလုပ်ပါ။
မိနာ၌ အိပ်စက်ခွင့် မရခဲ့လျှင်.....
မိမိအိမ်၌ အမိန့်နာခံသူအဖြစ် အိပ်စက်ပါ။
သတ်မှတ်ထားသော အရဖဟ်ကွင်းပြင်တွင် ရပ်နားခွင့် မရခဲ့လျှင်.....
အရှင်မြတ် သတ်မှတ်ပေးထားသော စည်းဘောင်အတွင်းနေထိုင်ပါ။
မိနာတွင် သားကောင်ဇဗဟ်ပြုခွင့် မရခဲ့သော်.....
မိမိစိတ်ရိုင်းအား ဇဗဟ်ပြုလုပ်၍ နေပါ။
ရှိုင်သွာန်အား ကျောက်ခဲဖြင့် ပေါက်ခွင့်မရခဲ့လျှင်.....
၎င်းအား အမိန့်ဖီဆန်၍ ဒုက္ခပေးနေပါ။
ကအ်ဗဟ်တွင် ဇစ်က်ရ်၊ဒိုအာ ပြုခွင့် မရခဲ့လျှင်.....
လူအများအိပ်ချိန် မိုးသောက်ယံတွင်ပြုပါ။
အရဗီကဗျာ တစ်ပုဒ်၏ ဆိုလိုရင်းကို ရေးထားခြင်းဖြစ်သည်။
ဘရှီးလေး(မေမြို့)
Post a Comment