الأيام ဟူသော စာလုံး၏ အဓိပ္ပါယ်မှာ ရက်များ ဖြစ်သည်။ ထိုစာလုံးအား ကျမ်းမြတ်ကုရ်အာန်၌ တစ်နှစ်ပတ်လည်ရှိ ၃၆၅ရက်နှင့် အညီ ဖော်ပြထားပါသည်။
اليوم ဟူသော စာလုံး၏ အဓိပ္ပါယ်မှာ ရက် ဖြစ်သည်။ ထိုစာလုံးအား ကျမ်းမြတ်ကုရ်အာန်၌ လတစ်လ၏ ရက်အရေအတွက်နှင့် အညီ ၃၀ကြိမ် ဖော်ပြထားပါသည်။
القمر ဟူသော စာလုံး၏ အဓိပ္ပါယ်မှာ ငွေသောတာလမင်း ဖြစ်သည်။ ထိုစာလုံးအား ကျမ်းမြတ်ကုရ်အာန်၌ အစ္စလာမ့်ပြက္ခဒိန်၏ လများ အရေအတွက်နှင့်အညီ ၁၂ကြိမ် ဖော်ပြထားပါသည်။
الشهر ဟူသော စာလုံး၏ အဓိပ္ပါယ်မှာ လ ဖြစ်သည်။ ထိုစာလုံးအား ကျမ်းမြတ်ကုရ်အာန်၌ နှစ်တစ်နှစ်ရှိ လများ အရေအတွက်နှင့် အညီ ၁၂ကြိမ် ဖော်ပြထားပါသည်။
العقاب (ပြစ်ဒဏ်) ဟူသော စာလုံးအား ၁၁၇ကြိမ် ဖော်ပြထားပြီး၊ المغفرة (ခွင့်လွှတ်ခြင်း) ဟူသော စာလုံးအား ပြစ်ဒဏ် အရေအတွက်၏ နှစ်ဆ၂၃၄ကြိမ် ဖော်ပြထားပါသည်။
အီမာန်နှင့်ကွဖ်ရ် ဟူသော စာလုံးအား ၂၅ ကြိမ်စီ ညီမျှစွာ ဖော်ပြထားပါသည်။
ဒွန်ယာနှင့်အာခိရသ် ဟူသော စာလုံးတို့အား ၁၁၅ ကြိမ်စီ ညီမျှစွာ ဖော်ပြထားပါသည်။
ရှိုင်သွာန်နှင့်မလာအိကဟ်ကောင်းကင်တမန်များ ဟူသော စာလုံးအား ၈၈ကြိမ်စီ ညီမျှစွာ ဖော်ပြထားပါသည်။
လူများနှင့်နဗီများဟူသော စာလုံးတို့အား ၅၀ကြိမ်စီ ညီမျှစွာ ဖော်ပြထားပါသည်။
အမျိုးသားများနှင့်အမျိုးသမီးများဟူသော စာလုံးအား ၂၄ကြိမ်စီ ညီမျှစွာ ဖော်ပြထားပါသည်။
ရှင်သန်နေထိုင်ခြင်းနှင့် ကွယ်လွန်သေဆုံးခြင်း ဟူသော စာလုံးတို့အား ၁၄၅ကြိမ်စီ ညီမျှစွာ ဖော်ပြထားပါသည်။
ကောင်းကျိုးနှင့်ဆိုးကျိုး ဟူသော စာလုံးအား ၁၆၇ကြိမ်စီ ညီမျှစွာ ဖော်ပြထားပါသည်။
ကောင်ကင်များဟူသော စာလုံးအား ကောင်ကင်၏အရေအတွက်နှင့်အညီ ၇ကြိမ် ဖော်ပြထားပါသည်။
ပင်လယ်သမုဒ္ဒရာဟူသော စာလုံးအား ၃၂ကြိမ် ဖော်ပြထားပြီး၊ မြေကြီးဟူသော စာလုံးအား ၁၃ကြိမ်သာ ဖော်ပြထားပါသည်။ မြေကြီးသည် ကမ္ဘာ၏ ၂၈.၈၈၈ ရာခိုင်နှုန်းရှိပြီး ရေမှာ ၇၁.၁၁၁ ရာခိုင်နှုန်းရှိကြောင်း ရည်ညွှန်းခြင်းပင်ဖြစ်သည်။
မှတ်ချက်။ ။ ကုရ်အာန်၏ စစ်မှန်မှု့သည် သုတေသီများ၏ လေ့လာစမ်းစစ်ချက်ပေါ် မမူတည်။ လေ့လာမှု့ လွဲသွားနိုင်သော်လည်း ကုရ်အာန်ကျမ်းသည် အစဉ်အမြဲ မှန်ကန်နေမည်သာဖြစ်သည်။ လေ့လာမှု့နှင့် လွဲနေပါက လူသား၏ လေ့လာမှု့တွင်သာ အပြစ်ဖြစ်မည်။
ဤအချက်အလက်တို့သည် ကအ်ဗဟ်ကျောင်းတော်၏ ရှေ့ဆောင်ဆရာကြီး ရှိုက်ခ်စိုဒိုက်စ် ပေ့ဂ်ျမှ တင်ပြထားသည်အား တဆင့်ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။
ဘရှီရွလ္လာဟ် ဖာရိုကီ

Post a Comment