بسم الله الرحمن الرحيم
ဒီမိုကရေစီဝါတွင် အရေးပါသော အဓိကကျသော အဖွဲ့အစည်းလေးခု ရှိ၏။ တဖန် ထိုအဖွဲ့အစည်းလေးခုအောက်တွင် အဖွဲ့များစွာ ရှိနေပေသည်။ ကဏ္ဍတိုင်းရှိ အဖွဲ့အစည်းတို့အားေ၇းသားတင်ပြလျှင် လွန်စွာ ရှည်လျားပြီး၊ ဖတ်ရွတ်ရာတွင် ငြီးငွေ့မှု့များ ဖြစ်ပေါ် လာမည်ကို ဆိုးရိမ်သောကြောင့် အဓိကကျသော အဖွဲ့အစည်းများ အား အကျဉ်းချုံး၍ တင်ပြပေးလိုက်ပါသည်။ ထိုအဖွဲ့အစည်းများမှာကား......
- ၁။ နိုင်ငံရေးအဖွဲ့အစည်း
- ၂။ ရွေးကောက်ပွဲအဖွဲ့
- ၃။ ဥပဒေပြဌာန်းသောအဖွဲ့
- ၄။ နိုင်ငံတော်အုပ်ချုပ်မှု့ဆိုင်ရာဥပဒေပြဌာန်းသောအဖွဲ့
နာမည်ကြားရုံဖြင့် မသိသူများအား အသိပညာတိုးပွားစေရန် ရည်ရွယ်၍ ထိုအဖွဲ့အစည်းလေးခုအား အနည်းငယ် ရှင်းပြပေးလိုပါသည်။
ဒီမိုကရေစီဝါဒဖြင့် အုပ်ချုပ်သော နိုင်ငံတိုင်းတွင် မည်သူမဆို အုပ်စုဖွဲ့၊ပါတီထောင်ခွင့်ရှိ၏။ ထိုသို့ ပါတီထောင်ရာတွင် အစိုးရဖက်မှ မည်ကဲ့သို့သော ကန့်ကွက်မှု့များ ပြုလုပ်ခွင့်မရှိပေ။ အဘယ့်ကြောင့် ဆိုသော် ပြည်သူလူထုတွင် လွတ်လပ်ခွင့် အပြည့်ရှိရမည်ဖြစ်ပြီး အုပ်ချုပ်သူမှာလည်း ပြည်သူ့ ဘက်တော်သားသာလျှင် ဖြစ်ရမည်။ ထို့ကြောင့် ပြည်သူနှစ်သက်သူအား ရွေးချယ်ခွင့် အပြည့်ရရှိရန်အတွက် လူတိုင်းတွင် ပါတီထောင်ခွင့်ရှိနေရမည်။ သို့မှသာ လွတ်လပ်မှု့အပြည့် ရှိပြီး ပြည်သူနှစ်သက်သူအား သမ္မတအဖြစ် တင်မြောက်နိုင်မည် ဖြစ်သည်။ ထိုသို့ အုပ်စုဖွဲ့ရာ၌ အခြေခံအားဖြင့် နိုင်ငံတိုင်းတွင် ပုံစံသုံးမျိုးသာ တွေ့မြင်နိုင်ပေသည်။
- ၁။ Interest Group
- ၂။ Pressure Group
- ၃။ Political Group
Interest Group ဆိုသည်မှာ အုပ်ချုပ်မှု့အာဏာရယူရန် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု မဟုတ်ပေ။ နိုင်ငံရေးအဖွဲ့အစည်းများနှင့် လုံးဝမပတ်သတ်ပဲ လူမှု့ရေးနှင့် အခြားကိစ္စများနှင့်သာ သက်ဆိုင်ပေသည်။ ၎င်းအဖွဲ့အစည်းများအား နိုင်ငံရေးဝေါဟာရတွင် Interest Group ဟုခေါ်ဆိုကြသည်။
Pressure Group ဆိုသည်မှာ အုပ်ချုပ်မှု့အာဏာရယူရန် သို့မဟုတ် ထိုင်ခုံယူရန်အတွက် ဖွဲ့စည်းထားသော အုပ်စုတစ်ခု မဟုတ်ပေ။ ထိုအဖွဲ့အစည်း၏ ရည်ရွယ်ချက်မှာ နိုင်ငံရေးဘောင်ပြင်ပ မှနေ၍ အစိုးရအား ဖိအာပေးရန်သာဖြစ်သည်။ ပြည်သူလူထု၏ တောင်းဆိုမှု့များအား ကိုယ်စားပြုတောင်းဆိုပေးသော အဖွဲ့အစည်းသာဖြစ်၏။
Political Gruop ဆိုသည်မှာ ပေါ်လစီတစ်ခုအား ကျင့်သုံးရန် ရည်ရွယ်ချက်ဖြင့် အုပ်ချုပ်ရေးအာဏာကို ရယူလိုသော အဖွဲ့အစည်း၊ပါတီဖြစ်ပေသည်။
နိုင်ငံရေးပါတီမည်သို့ဖွဲ့စည်းကြသည်ကို ကောင်းစွာသိရှိနိုင်စေရန် ဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီ ဖွဲ့စည်းကြပုံအား အနည်းငယ်တင်ပြလိုက်ပါသည်။
ဥပမာအားဖြင့်....
လူတစ်ချို့သည် နိုင်ငံတော် တိုးတက်ရေးနှင့် ပြည်သူလူထု ကောင်းစားရေး၊ အကျိုးရှိရေးအတွက် ပေါ်လစီ တစ်ခုပြဌာန်း၊ ကျင့်သုံးလိုကြသည်။ ထိုသို့ဆောင်ရွက်ရန်အတွက် မိမိကိုယ်တိုင် အုပ်ချုပ်ခွင့်အာဏာ ရရှိမှသာလျှင် အပြည်အဝ အကောင်ထည်ဖော်နိုင်မည်ဖြစ်ရာ ဦးစွာပထမ မိမိတို့၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များအား စုစည်းကာ အသင့်ပြင်ထားကြသည်။ ထို့နောက် လူအများလက်ခံလာစေရန် မိမိပါတီ၏ ရည်ရွယ်ချက် ပေါ်လစီအား အလှပဆုံးစကားလုံးများဖြင့် မဲဆွယ်စည်းရုံးကြ၏။ ဤသို့ဖြင့် ပါတီတစ်ခု ဖြစ်သွားကာ နိုင်ငံရေးဇတ်ခုံပေါ်တွင် ထိုင်ခုံယူကြလေသည်။ မှတ်ထားသင့်သော အချက်တစ်ချက်မှာ ပါတီကွဲရခြင်းသည် ပေါ်လစီမတူညီမှု့ကြောင့်သာ ဖြစ်ပေါ်လာရသောကြောင့် ပေါ်လစီ တူသော ပါတီနှစ်ခု ဖြစ်ခွင့်မရှိပေ။
ဥပမာအားဖြင့်....
လူတစ်ချို့သည် နိုင်ငံတော် တိုးတက်ရေးနှင့် ပြည်သူလူထု ကောင်းစားရေး၊ အကျိုးရှိရေးအတွက် ပေါ်လစီ တစ်ခုပြဌာန်း၊ ကျင့်သုံးလိုကြသည်။ ထိုသို့ဆောင်ရွက်ရန်အတွက် မိမိကိုယ်တိုင် အုပ်ချုပ်ခွင့်အာဏာ ရရှိမှသာလျှင် အပြည်အဝ အကောင်ထည်ဖော်နိုင်မည်ဖြစ်ရာ ဦးစွာပထမ မိမိတို့၏ ရည်ရွယ်ချက်၊ ဦးတည်ချက်များအား စုစည်းကာ အသင့်ပြင်ထားကြသည်။ ထို့နောက် လူအများလက်ခံလာစေရန် မိမိပါတီ၏ ရည်ရွယ်ချက် ပေါ်လစီအား အလှပဆုံးစကားလုံးများဖြင့် မဲဆွယ်စည်းရုံးကြ၏။ ဤသို့ဖြင့် ပါတီတစ်ခု ဖြစ်သွားကာ နိုင်ငံရေးဇတ်ခုံပေါ်တွင် ထိုင်ခုံယူကြလေသည်။ မှတ်ထားသင့်သော အချက်တစ်ချက်မှာ ပါတီကွဲရခြင်းသည် ပေါ်လစီမတူညီမှု့ကြောင့်သာ ဖြစ်ပေါ်လာရသောကြောင့် ပေါ်လစီ တူသော ပါတီနှစ်ခု ဖြစ်ခွင့်မရှိပေ။
နိုင်ငံရေးပါတီနှင့် ပတ်သတ်၍ စကားလက်ဆောင်
မြောက်များစွာသော နိုင်ငံတို့တွင် နိုင်ငံရေးပါတီများ ပုံစံအမျိုးမျိုးနှင့် ရှိကြ၏။ အချို့နိုင်ငံများတွင် One Party System ကိုသာ ကျင့်သုံးလေ့ ရှိကြသည်။ ဆိုလိုသည်မှာ ကွန်မြူနစ်ဝါဒီများ အုပ်ဆိုးသော နိုင်ငံတို့တွင် နိုင်ငံရေးပါတီတစ်ခုသာ ထားရှိပြီး နိုင်ငံတော်ဥပဒေတါင်လည်း ပါတီဖွဲ့စည်းခြင်းအား ပြင်းပြင်းထန်ထန် ပိတ်ပင်ထားကြ၏။ အချို့နိုင်ငံများတွင်မူ ပါတီနှစ်ခုသာ ထားရှိ၏။ နိုင်ငံတော်ဖက်မှ ပါတီများစွာ ရှိနေခြင်းအား ကန့်ကွက် ပိတ်ပင်ခြင်းမရှိသော်လည်း ဆန်ကာတင်စစ်ဆေးမှု့များကြောင့် ပါတီငယ်တို့မှာ လုံးဝပျောက်ကွယ်သွားရ၏။ အချို့နိုင်ငံများတွင် ပါတီကြီးငယ် မြောက်များစွာ ရှိနေပြီး ပါတီတိုင်းသည် အာဏာရရှိရေးအတွက် ကြိုးပမ်းကြလေသည်။ ထိုကဲ့သို့သော နိုင်ငံများတွင် မည်သည့်ပါတီ အနိုင်ရမည်ကို ခန့်မှန်းပြောဆိုရန်မျာ လွန်စွာခက်ခဲ၏။ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်တွင် နိုင်ငံရေးပါတီများ ဖြစ်ပေါ်ရန်မှာ အရေးမကြီးသော်လည်း လက်တွေ့အားဖြင့် နိုင်ငံတိုင်းတွင် ပါတီကြီးငယ်များစွာ ရှိနေတတ်သည်။ များစွာသော နိုင်ငံရေး ပါရဂူများ ရေးသားတင်ပြကြသည်မှာ- ဒီမိုကရေစီ စနစ်ဖြင့် အုပ်ချုပ်သော နိုင်ငံများတွင် နိုင်ငံရေးပါတီများ ရှိနေခြင်းသည် အကျိုးမဖြစ်ထွန်းစေသည့်အပြင် အကျိုးယုတ်စေ၏။ သို့သော် နိုင်ငံရေးပါတီ မရှိသော နိုင်ငံဟူ၍ မရှိသလောက်ပင် ဖြစ်နေပေတော့သည်။
ရွေးကောက်ပွဲအဖွဲ့အစည်း
ဒီမိုကရေစီဝါဒတွင် အုပ်ချုပ်သူ သမ္မတဖြစ်လာရန်အတွက် ရွေကောက်ပွဲ အဆုံးအဖြတ်မှာ လွန်စွာအရေးကြီးလှ၏။ ထို့ကြောင့် ဦးစွာပထမ ပါလီမန်အမတ်ဖြစ်လာရန် ရွေးချယ်မှု့ပြုကြသည်။ ထိုသို့ ရွေးချယ်ပြီးနောက် ပါလီမန်တွင် ခုံအများဆုံးရရှိသော ပါတီအား အုပ်ချ5ုပ်မှု့အာဏာ အပ်နှင်းလေ့ရှိသည်။ မှတ်ထားသင့်သောအချက်မှာ ဒီမိုကရေစီဝါဒတွင် ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပုံစံနှစ်မျိုးရှိသည်။
- ၁။ ကြားခံအဆင့်များ မပါပဲ တိုက်ရိုက်ရွေးချယ်မှု့
- ၂။ တိုက်ရိုက်မဟုတ်သော ရွေးချယ်မှု့
ပထမပုံစံ။ ။ အရွယ်ရောက်ပြီးသူတိုင်း အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အိုမင်းရင့်ရောနေသူဖြစ်စေ၊ လူငယ်ဖြစ်စေ မည်သို့ပင်ဖြစ်စေ မိမိ နှစ်သက်သူအား မဲပေး၍ ရွေးချယ်မှု့ပြုကြသည်။ အာဏာရယလိုသူများသည် မိမိအား လိုလားနှစ်သက်သော သူများ၏ ထောက်ခံမဲကို ရယူကာ တိုက်ရိုက်ရွေးချယ်ခြင်းခံရသော ပုံစံဖြစ်သည်။
ဒုတိယပုံစံ။ ။ တိုင်းသူပြည်သားများသည် အာဏာရယူလိုသော ပါတီအား တိုက်၇ိုက်မဲ မပေးပဲ ရွေးကောက်ပွဲ တာဝန်ခံများအား မဲပေး၍ ရွေးချယ်ခိုင်းခြင်း ဖြစ်သည်။
ရွေးကောက်ပွဲ၏ ပုံစံများ
ပထမပုံစံ...... မဲအများဆုံး ရရှိသူအား အာဏာအပ်နှင်းခြင်းဖြစ်သည်။ မဲအများဆုံးရရှိသူဟု ဆိုခြင်းမှာ ပြည်သူအများစု၏ ထောက်ခံမဲရရှိခြင်းကို ဆိုလိုခြင်းမဟုတ်ပေ။ ဥပမာအားဖြင့် ပါတီများစွာ ရှိနေပြီး ထိုပါတီတို့အနက် မောင်ဖြူ၏ ပါတီသည် ထောက်ခံမဲ ၁၅ရာခိုင်နှုန်း ရရှိထားသည်ဆိုပါစို့.... ကျန်ရှိ ၈၅ရာခိုင်နှုန်းမှာ အခြားပါတီများအတွက် ဖြစ်နေ၏။ သို့သော် မောင်ဖြူ၏ပါတီမှ လွဲ၍ ကျန်ရှိပါတီတို့သည် ထောက်ခံမဲ ၁၅ရာခိုင်နှုန်းပင် မရှိဖြစ်နေရာ မောင်ဖြူ၏ ပါတီသည် ထောက်ခံမဲ အများဆုံးရရှိထားသည်ဟု သတ်မှတ်ခံရကာ အာဏာရသွားတော့လေသည်။ အမှန်စင်စစ် ပြည်သူများ အနက် ၁၅ရာခိုင်နှုန်းသာ မောင်ဖြူအားလိုလားသူဖြစ်ပြီး ၈၅ရာခိုင်နှုန်းမှာ မောင်ဖြူအား လိုလားသူ မဟုတ်ပေ။ ထို့ကြောင့် ဤပုံစံတွင် လူနည်းစုဖြစ်သော်လည်း အုပ်ချုပ်ခွင့်ရနိုင်၏။ အဓိကမှာ ရာခိုင်နှုန်းအရ အများဆုံးထောက်ခံမဲ ရရှိခြင်းသာ ဖြစ်သည်။
ဒုတိယပုံစံ...... ပထမပုံစံတွင် တင်ပြထားသော ဥပမာ၏ ရလဒ်မှာ လွန်စွာဆိုးရွားနေပေသည်။ ၈၅ရာခိုင်နှုန်းဖြစ်သော ပြည်သူလူထု မနှစ်သက်သည့် ပုဂ္ဂိုလ်တစ်ဦး အာဏာရရှိခြင်းသည် ဒီမိုကေ၇စီ၏ အဓိကရည်ရွယ်ချက်အား ချိုးဖျက်နေသကဲ့သို့ ဖြစ်ရ၏။ ထို့ကြောင့် နိုင်ငံအသီးသီးမှ နိုင်ငံရေး ပါရဂူများသည် ပုံစံအမျိုးမျိုးဖြင့် ကြိုးစားဖြေရှင်းမှု့များ ပြုခဲ့ကြ၏။ ပြင်သစ်နိုင်ငံတွင် Second Ballot (ဒုတိယအကြိမ် မဲဆန္ဒယူခြင်း) နည်းစနစ်အား ကျင့်သုံးခဲ့ကြသည်။ ဆိုလိုသည်မှာ- မည်သည့်ပါတီမဆို ၅၁ရာခိုင်နှုန်းနှင့် အထက် ထောက်ခံမဲရရှိမှသာ အာဏာရမည်ဖြစ်သည်။ အကယ်၍ မည်သူတစ်ဦးတစ်ယောက်မှ ၅၁ရာခိုင်နှုန်းနှင့်အထက် ထောက်ခံမဲ မရရှိထားပါက ဒုတိယအကြိမ် ပြန်လည် မဲဆန္ဒရယူကာ ယှဉ်ပြိုင်ကြရ၏။ သို့သော် ဤဒုတိယအကြိမ်တွင် ၁၂ဒသမ၅ ရာခိုင်နှုန်းနှင့်အထက် ထောက်ခံမဲရရှိထားသော ပါတီတို့သာ ယှဉ်ပြိုင်ခွင့်ရှိပေသည်။ ၁၂ဒသမ၅ ရာခိုင်နှုန်းမရရှိထားသော ပါတီတို့သည် ယှဉ်ပြိုင်ခွင့် မရတော့ပဲ အခြားပါတီများသို့ မိမိပိုင်ဆိုင်ထားသော မဲများအား ပေးလိုက်ရတော့သည်။ ဤသို့ဖြင့် ဒုတိယအကြိမ်တွင် မဲအများဆုံးရရှိသည့်ပါတီအား အာဏာအပ်နှင်းကြလေသည်။
တတိယပုံစံ...... Proportionate Representation အချိုးအစားအလိုက် နေရာပေးသည့် ပုံစံဖြစ်သည်။ သို့သော် ၎င်းပုံစံအား ကျင့်သုံးရာတွင် ကွဲပြားခြားနားမှု့များ ရှိနေပေရာ အခြေခံအားဖြင့် သိသင့်သော ပုံစံလေးအား တင်ပြပေးလိုက်ပါသည်။ ဦးစွာ Ballot Paper မဲများအား ပြည်သူများ လက်ဝယ်ရောက်အောင် ဝေငှပေးကြ၏။ ထိုစာရါက်တါင် ယှဉ်ပြိုင်သည့် လူပုဂ္ဂိုလ်နာမည်အား ဖော်ပြ မထားပဲ ပါတီအမည်နှင့် ပါတီ၏ ဦးတည်ချက်တို့သာ ရေးသားထား၏။ ထို့နောက် ပြည်သူများ အား နှစ်သက်သော ပါတီအား ရွေးချယ်ခိုင်းကြ၏။ ဤသို့ဖြင့် တိုင်းသူပြည်သားများ နှစ်သက်မှု့အား ကြည့်ရှု့ကာ ရာခိုင်နှုန်းအလိုက် အစ္စဘလီတွင် ခုံပေးကြသည်။ ဥပမာ- ပါတီတစ်ခုအား ပြည်သူ ၃၀ရာခိုင်နှုန်း နှစ်သက်သည်ဆိုပါက ထိုပါတီသည် အစ္စဘလီတွင် ၃၀ရာခိုင်နှုန်း နေရာရရှိသူ ဖြစ်ပေမည်။
သို့သော် အချို့နိုင်ငံများတွင် ရွေးကောက်ပွဲရာသီေ၇ာက်လာပါက ပါတီနာမည်နှင့်အတူ ဦးစားပေးစည်းမျဉ်းစည်းကမ်းချက်တို့နှင့်အညီ ရွေးချယ်ထားသော ပုဂ္ဂိုလ်များ၏ နာမည်ကိုပါ အစဉ်လိုက် ထည့်သွင်းရေးသားကြ၏။
ဥပမာ- ပါတီအမည် ABC......
အစ္စဘလီတွင် ထိုင်ခုံမှန်းထားသူများ မောင်ဖြူ၊မောင်နီ၊မောင်ဝါ........
ပါတီ၏ဦးတည်ချက် မည်သည့်ကိစ္စများ ဆောင်ရွက်မည်၊ မည်သည့်ကိစ္စတို့အား တိုက်ဖျက်မည်........ စသည်ဖြင့်ေ၇းသားကာ မဲစာရွက်များ ဝေငှကြ၏။ ထိုပါတီတွင် ထိုင်ခံမှန်းထားသူ ၅၀ဦးရှိပြီး မဲဆန္ဒမှာလည်း ၅၀ရာခိုင်နှုန်းရရှိထားသည် ဆိုပါက အစ္စဘလီတွင် လူငါးဆယ် ထိုင်ခုံယူနိုင်မည် ဖြစ်သည်။ အကယ်၍ မဲဆန္ဒ ၅၀ရာခိုင်နှုန်း မရပဲ ၄၀ရာခိုင်နှုန်းသာ ရရှိထားပါက အောက်ဆုံးတွင် ရောက်နေသော လူဆယ်ယောက်ပြုတ်သွားကာ လူလေးဆယ်သာ အစ္စဘလီတွင် ထိုင်ခုံရမည်ဖြစ်၏။
အချို့နိုင်ငံများတွင်မူ ပါတီများအား ထိုသို့ရွေးချယ်ခွင့်(မည်သူကို အစ္စဘလီတွင် နေရာပေးထိုင်စေမည် မထိုင်စေလိုပါဟူသော ရွေးချယ်ခွင့်) ပေးပြီးနောက် ပြည်သူလူထုအား ထပ်ဆင့် ရွေးချယ်ခွင့်ပေးထား၏။ ပုံစံမှာ - ထိုင်ခုံရရန် မျှော်မှန်းထားသူများအနက် သုံးဦးအား ရွေးချယ်စေသည်။ ထိုသုံးဦးအနက် မည်သူ ပထမ၊ မည်သူ ဒုတိယ၊ တတိယ ဟူ၍လည်း သတ်မှတ်ခိုင်းကြ၏။ ထိုသို့ ရွေးချယ်စေပြိးနောက် တွင် ထောက်ခံမဲ သု့းသောင်းရရှီသော သူအား အနိုင်ပေးကြလေသည်။ ထောက်ခံမဲ သုံးသောင်း မရရှိပါက အောင်မြင်သူမဖြစ်နိုင်ပေ။ မဲများ ရေတွက်ရာတွင် စည်းကမ်းချက်တစ်ခုမှာ- ထောက်ခံမဲ သုံးသောင်းကျော် ရရှိထားသောသူ၏ ကျော်နေသော မဲအရေအတွက်မှာ အောက်၌ နေရာရထားသူထံသို့ အလိုအလျောက် ရောက်ရှိသွားခြင်းဖြစ်၏။ ဆိုလိုသည်မှာ- ပြည်သူလူထုသည် မောင်ဖြူအား ပထမ မောင်နီအား ဒုတိယ မောင်ဝါအား တတိယ သတ်မှတ်ကာ မဲများပေးကြ၏။ မဲများရေတွက်ရာ တွင် မောင်ဖြူအား ထောက်ခံမဲမှာ သုံးသောင်းခွဲဖြစ်နေသည်ဆိုပါစို့။ ဤသို့ဆိုလျှင် မောင်ဖြူ၏ ပိုနေသော ထောက်ခံမဲ ငါးထောင်သည် ဒုတိယနေရာတွင် ရှိနေသော မောင်နီထံ ရောက်ရှိ သွားမည်ဖြစ်သည်။ ဤနည်းစနစ်အား Single Transferable Vote ဟုခေါ်ဆိုကြသည်။
စာမေးပွဲအရမ်းနီးကပ်လာသောကြောင့် ဒီမိုကရေစီလေ့လာခြင်းအား ခေတ္တရပ်နားလိုက်ပါသည်။ အင်န်ရှာအလ္လာဟ် စာမေးပွဲပြီးလျှင် ပြန်လည်ခရီးဆက်မည်ဖြစ်ကြောင်း အသိပေးရင်း ယခုတစ်ပတ်အတွက် လေ့လာမှု့ခရီးစဉ်အား ခေတ္တရပ်နားလိုက်ပါသည်။
ဘရှီးလေး
မေမြို့
Post a Comment