အသိပေးခြင်း
က
Home » » တန်ဖိုးရှိသော ရွှေစကားများ(၃)

တန်ဖိုးရှိသော ရွှေစကားများ(၃)

بسم الله الرحمن الرحيم 

ဟဇရသ် အဗ်ဒွလ်ကာဒိရ် ဂျိလာနီ သခင်ကြီးရဲ့ တန်ဖိုးရှိလှတဲ့ ရွှေစကားများကို တင်ဆက်ပေးလိုက်ပါတယ်။ မြောက်များစွာသော စကားများအနက် ကျွန်တော်နှစ်သက်တဲ့ (၂၀)ကို ရွေးချယ်တင်ပြပေးတာပါ။ အရမ်းများသွားရင်လည်း မှတ်ရခက်နေမှာဆိုးလို့ :)

  1. ဦးစွာပထမ မိမိကိုယ်ကို ကောင်းအောင်ပြုပြင်ပါ။
  2. နှုတ်လျှာတွင်သာ အသိပညာရှိပါက လမ်းမှန်ပေါ်တွင် လျှောက်လှမ်းရန် မလွယ်ကူပေ။
  3. စိတ်အလိုကျ မနေထိုင်ပါနဲ့။ အလ္လာဟ်အရှင်မြတ်နှစ်သက်တဲ့ လမ်းစဉ်ပေါ်လျှောက်လှမ်းပါ။
  4. ပုံပန်းသဏ္ဍာန်လှပတင့်တယ်နေခြင်းဖြင့် တင်းတိမ်မှု့ အလျင်းမပြုပါနှင့်။
  5. ကျင့်ကြံအားထုတ်မှု့မရှိသော အသိပညာသည် အကျိုးမရှိ။
  6. ကျင့်ကြံမှု့မရှိသော သူသည် ပညာသင်ကြားနေသော်လည်း အချိန်ဖြုန်းနေသူကဲ့သို့ပင်။
  7. ဘာသာရေးလုပ်ငန်းများတွင် ဂိုဏ်းစွဲ၊မျိုးစွဲဝါဒအား မကျင့်သုံးသင့်ပေ။
  8. သောင်ဗဟ်ပြုခြင်းဖြင့် ဘေးဘလာများ ကင်းဝေးရ၏။
  9. စစ်မှန်သော အီမာန်ရှင်များအားသာ စမ်းသပ်မှု့တို့ ကြုံရ၏။
  10. တမန်တော်မြတ်(ဆွ)အား ချစ်ခင်သူတို့သည် စဉ်မြဲ စမ်းသပ်မှု့ခံရတတ်၏။
  11. အလ္လာဟ်အရှင်မြတ်အား အကြောက်တရားမထားသူတို့သည် နှစ်ဘဝလုံးတွင် ငြိမ်းချမ်းစွာ မနေထိုင်ရပေ။
  12. အသင်တို့သည် လောကီအတွက် ဖန်ဆင်းခံထားရသူများမဟုတ်။ လောကုတ္တရာအတွက် ဖန်ဆင်းခံထားရသူများဖြစ်သည်။
  13. လူချမ်းသာ၊ဆင်းရဲမွဲတေသူဟူ၍ ခွဲခြားခြင်းအလျင်းမပြုနှင့်။
  14. ညှင်းပမ်းနှိပ်စက်ခံရသူ ဖြစ်လိုက်ပါ။ သို့သော် ညှင်းပမ်းနှိပ်စက်သူ မဖြစ်စေပါနှင့်။
  15. ရည်ရွယ်ချက်မပါလျှင် လုပ်ရပ်တိုင်းသည် အချီးနှီးပင်။
  16. ဦးစွာပထမ ရှရီအသ်အား တတ်သိနားလည်သူဖြစ်အောင် ကြိုးစားပါ။ ထို့နောက် သွရီကသ်အား လိုက်စားပါ။
  17. သီးခံတရားထားရှိခြင်းသည် သက်ဝါနှင့်သဝက်ကွလ်တို့၏ အုတ်မြစ်ဖြစ်၏။
  18. ဟရာမ်ပစ္စည်း စားသုံးခြင်းဖြင့် နှလုံးသား စိတ်သုဉ်းသွားရ၏။
  19. ချစ်ဇနီးနှင့် သားသမီးများအား ရှာဖွေကျွေးမွေး၍ မိမိအတွက် အလ္လာဟ်အရှင်မြတ်ထံပါးမှ လိုရာတောင်းဆုပြုပါလေ။
  20. သေခြင်းတရားအား သတိရခြင်းသည်  ဒုက္ခခံစားရခြင်းအား သက်သာစေ၏။
ဖတ်ရှု့သူတိုင်း နာယူလိုက်နာ၊ကျင့်သုံးနိုင်ကြပါစေ။
  ဘရှီးလေး
မေမြို့
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger