အသိပေးခြင်း
က
Home » , » လေတိုက်တိုင်းမယိမ်းရ(၄)

လေတိုက်တိုင်းမယိမ်းရ(၄)


ဒီမိုကရေစီ ရေပန်းစားလာပုံ

ဒီမိုကရေစီ ရေပန်းစားလာရခြင်းမှာ အဓိကအားဖြင့် အချက်နှစ်ချက်ပေါ်တွင် မူတည်၏။ ထိုအချက်နှစ် ချက်၏ အကြောင်းခံဖြင့် ဒီမိုကရေစီဝါဒ ကွန့်မြူးလာပြီး ကမ္ဘာတခွင် ပျံ့နှံ့သွားခဲ့သည်။ တစ်ခုမှာ အမေရိက၏ လွတ်လပ်ရေးရခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ပြင်သစ်တော်လှန်ရေး ပေါ်ပေါက် လာခြင်းဖြစ်သည်။ ထိုအချက်နှစ်ချက်သည် လွန်စွာ ရှည်လျားလှသော သမိုင်းဖြစ်ရပ်များဖြစ်သောကြောင့် ကျွန်တော်အတိုဆုံး၊ အကျဉ်းဆုံးပုံစံဖြင့်သာ တင်ပြနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အကျယ်တဝန့် သိလိုများအနေနှင့် အခြားသမိုင်းစာအုပ်များတွင် လေ့လာရန်သာ တိုက်တွန်းလိုက်ရပါသည်။
  
အမေရိက လွတ်လပ်ရေး
အမေကတိုက်အား စတင်တွေ့ရှိခဲ့သူမှာ ကိုလံဘတ်ဖြစ်ကြောင်း ကျွန်ုပ်တို့ သမိုင်းစာမျက်နှာများ လှန်ကြည့်ခိုက် သိရှိခဲ့ပြီး ဖြစ်ပေမည်။ ရေကြောင်းသစ်ရှာဖွေရေး ခေါင်းစဉ်အောက်တွင် နိုင်ငံတကာမှ သူ့ထက်ငါအပြိုင် ကြိုးစားနေစဉ် အိန္ဒိယပြည်သို့ ရေလမ်းကြောင်းစတင် ဖော်ထုတ်ခဲ့သူနှင့် အမေရိကတိုက်သို့ ရောက်ရှိသွားခဲ့သူ ကိုလံဘတ်တို့မှာ ထင်ရျားကျော်ကြားခဲ့သော ပုဂ္ဂိုလ်နှစ်ဦးဖြစ်ကြသည်။ ထိုခေတ်ကာလတွင် အိန္ဒိယနှင့် အနီးတဝိုက်ရှိ နိုငငံများသို့ စီးပွားေ ရးလမ်းကြောင်း ဖောက်ရန် အနောက်တိုင်းနိုင်ငံပေါင်းစုံမှ လိုလားနေကြသည်။ သို့သော် ထိုအချိန်တွင် စူးအက်တူးမြှောင်းလည်း မရှိ။ ကုန်ကြောင်းခရီးမှာလည်း လွန်စွာခက်ခဲလှရာ ရေလမ်းဖြင့် အိန္ဒိယပြည်သို့ ရောက်မည့်လမ်းကြောင်းကို သက်စွန့်ကျိုးပမ်းရင်း ရှာဖွေခဲ့ကြရသည်။ များစွာသောသူတို့သည် ပန်းတိုင်မရောက်၊ ရည်ရွယ်ချက် ပျက်ပျယ်ကာ အရှုံးများနှင့် ရင်ဆိုင်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ကိုလံဘတ်နှင့် အိန္ဒိယပြည်သို့ ရေလမ်းကြောင်း ရှာဖွေတွေ့ခဲ့သူ ဝက်စ်ကိုဒီဂါးမား (ဗာစကိုဒဂါးမား) တို့မှာ အောင်မြင်ကျော်ကြားသူများအဖြစ် သမိုင်းတွင် အောင်လံထူနိုင်ခဲ့ကြသည်။ ဂုဏ်ယူဖွယ်ကိစ္စတစ်ခုမှာ ၎င်းနှစ်ဦးလုံးအား လမ်းပြခဲ့သူမှာ အရဗ်ရေကြောင်းကျွမ်းကျင်သူများ သာ ဖြစ်ခဲ့သည်။ အမေရိကတိုက်အား ရှာဖွေတွေ့ပြီးနောက် နိုင်ငံတော်တော်များများမှ ကုန်ကူး သန်းရောင်းဝယ်ရန်လည်းကောင်း၊ နယ်မြေချဲ့ထွင်ရန်လည်းကောင်း စသည့်ရည်ရွယ်ချက်များစွာဖြင့် တဖြည်းဖြည်း ပြောင်းရွှေ့နေထိုင်လာကြသည်။ ပေါ်တူဂီ၊ ပြင်သစ်၊ ဒက်ခ်ျ အစရှိသော နိုင်ငံတိ့သည် အမေရိကတိုက်တွင် နယ်မြေချဲ့ထွင်များ ပြုလုပ်ခဲ့ကြသော်လည်း အင်္ဂလိပ်လူမျိုးတို့ထက် မသာပိုခဲ့ပေ။ ထို့ကြောင့်ပင်လျှင် အမေရိက၏ နယ်မြေအများစုအား ကိုလိုနီပြုသိမ်းပိုက်ခဲ့ပြီး နှစ်ပေါင်းများစွာတိုင် အုပ်ချုပ်ခဲ့ကြသည်။ အင်္ဂလိပ်လူမျိုးတို့သည် အမေ၇ိက၌ ကုန်စည်ကူးသန်း ရောင်ဝယ်ဖောက်ကား မှု့ ပြုကြသကဲ့သို့ အုပ်ချုပ်သူများ ဖြစ်သည့်အလျောက် ပြည်သူများထံမှ အကောက်ခွန်များ လည်း ကောက်ခံခဲ့ကြသည်။ ဤသို့ဖြင့်  ဒီမိုကရေစီဝါဒ ရိပ်ရိပ်ပေးထွန်းလာချိန်  အင်္ဂလိပ်တို့သည် အမေရိကပြည်သူများထံမှ အကောက်ခွန်တိုးမြှင့်ကောက်ခံရန် အမိန့်ထုတ်ပြန်ခဲ့ကြရာ ပြည်သူများ မခံမရပ်နိုင်ဖြစ်ပြီး အကောက်ခွန်မပေးရေး ဒို့အရေး ခေါင်းစဉ်အောက်တွင် အင်္ဂလိပ်အစိုး၇အား  ဆန္ဒပြထကြွ ပုန်ကန်ခဲ့ကြတော့လေသည်။ ထိုထကြွပုန်ကန်မှု့၏မီးမှာ အကောက်ခွန်ကိစ္စတစ်ခုတည်းကို သာ လောင်ကျွမ်းစေခဲ့သည် မဟုတ်ပဲ တဖြည်းဖြည်း အရှိန်ကောင်းလာကာ အုပ်ချုပ်မှု့ပိုင်းဆိုင်ရာ ကိစ္စများအထိ လောင်ကျွမ်းစေခဲ့၏။ ကိုယ်ပိုင်အုပ်ချုပ်မှု့အား တောင်းဆိုခဲ့ကြပြီး လွတ်လပ်ရေး တိုက်ပွဲ ဝင်ခဲ့ကြသည်။ နောက်ဆုံးတွင် အမေရိက လွတ်လပ်ရေး ဖခင်ကြီး ဂျော့ရှ်ဝါရှင်တန်သည် အောင်လံ လွှင့်ထူကာ လွတ်လပ်ရေးရရှိသွားပြီ ဖြစ်ကြောင်း ကြေငြာခဲ့၏။ ထိုကြေငြာချက်အား Declaration Of Independence ဟုခေါ်ဝေါ်ကြသည်။ ထိုကြေငြာချက်တွင် လူသားသည် မိခင်ဝမ်းဗိုက်မှ လွတ်လပ်သူအဖြစ် မွေးဖွားလာခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းအား ကျွန်ပြုလုပ်ပိုင်ခွင့် မရှိပေ။ လူသားအားလုံးသည် လွတ်လပ်သူများသာ ဖြစ်ကြသည် ဟူ၍ ဟောပြောခဲ့သည်။ ထို့အပြင် အမေရိကရှိ အကွဲကွဲဖြစ်နေသော ပြည်နယ်များအား စုစည်း၍ ပြည်ထောင်စု နိုင်ငံတော်သစ်တစ်ခုအဖြစ် အုပ်ချုပ်ကြမည်။ လူသားတိုင်းသည် မိမိအခွင့်အရေးအား အပြည့်အဝ ရရှီရမည် စသည်ဖြင့် ဒီမိုကရေစီ၏ ဦးတည်ချက်များအား ထည့်သွင်းကြေငြာခဲ့သည်။
ဤသည် ဒီမိုကရေစီ စနစ်ဖြင့် စတင် အုပ်ချုပ်ခဲ့ခြင်းပင် ဖြစ်သည်။

သို့သော် အမေရိက လွတ်လပ်ရေးရမှု့၊ ဒီမိုကရေစီပုံစံဖြင့် စတင်အုပ်ချုပ်မှု့တို့မှာ ဥရောပနိုင်ငံများသို့ ရိုက်ခတ်ခြင်း မပြုနိုင်ငံပေ။ ဥရောပတိုက်တွင် ဒီမိုကရေစီဝါဒ ပျံ့နှံ့ကူးစက်လာရခြင်း မှာ ပြင်သစ်တော်လှန်ရေးသာ ဖြစ်၏။ ပြင်သစ်တော်လှန်ရေး ဖြစ်ပေါ်လာခဲ့သည်မှာ အမေရိက လွတ်လပ်ရေးရပြိး ၁၂နှစ်အကြာခန့်တွင် ဖြစ်၏။ ထိုတော်လှန်ရေး ဖြစ်ပေါ်ပြိးနောက် ဒီမိုကရေစီဝါဒသည် ဒီရေအလား လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး လူအများလက်ခံသော ဝါဒတစ်ခု ဖြစ်သါားခဲ့တော့လေသည်။

ပြင်သစ်တော်လှန်ရေးသမိုင်းသည်လည်း လွန်စွာ ရှည်လျားသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သမိုင်း စာမျက်နှာအချို့အား ဖတ်ရှု့ဖူးသူတိုင်း သိပေမည်။ စာရေးသူ၏ ရည်ရွယ်ချက်သည် ခေါင်းစဉ် တင်ပြလျှင် ပြည့်ဝနိုင်သော်လည်း မှတ်စုတစ်ခုသဖွယ် ဤနေရာ၌ အကျဥ်းချုံးတင်ပြပေးလိုက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရှည်လျားလှသော သမိုင်းဖြစ်ရပ်များအား မလေ့လာနိုင်သူ အချိန်မပေးနိုင်သူ များလည်း ရှိကြပေမည်။ အတိုဆုံးပုံစံဖြင့် မှတ်သားလွယ်ရန် တင်ပြပေးခြင်းဖြင့် မလေ့လာနိုင်သူများ ဗဟုသုတတိုးပွားစေနိုငသည်ဟု မျှော်လင့်ရသောကြောင့်  ပြင်သစ်တော်လှန်ရေးသမိုင်းအား ဤနေရာတွင် အနည်းငယ်ရေးသားပေးလိုက်ပါသည်။ သိရှိ၊ ဖတ်ရွတ်ဖူးသူများအနေနှင့် သီးခံဖတ်ရှု့ပေးရန်၊ မသိသေးသောသူများသည်လည်း ဤမျှနှင့် မတင်းတိမ်ပဲ သမိုင်းစာအုပ်များတွင် အကျယ်တဝန့်လေ့လာ ကြပါရန် တိုက်တွန်း မေတ္တာ၇ပ်ခံလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် သမိုင်းဟူသည် ကျွန်ုပ်တို့ အတွက် သင်ခန်းစာကောင်းများပင် ဖြစ်သည်။ ရှေးယခင်ခေတ်များရှိ လူသားတို့အကြောင်းအရာ များသည် ယနေ့ခေတ်တ်ွင ကျွန်ုပ်တို့အတ်ွက အဖိုးမဖြတ်နိုင်သော ရတနာများပင်ဖြစ်၏။ သို့သော် အဖိုးတန်ရတနနာဟူသည် လွယ်လင့်တကူ ကောက်ယူနိုင်သော ကျောက်ခဲများမဟုတ်။ ရရှိရန် အချိန်ပေးရသည်။ အပင်ပန်းခံရသည်။ ထို့ကြောင့် အထူးတိုကတွန်း ပြောကြားလိုသည်မှာ သမိုင်းလေ့လာရန် အချိန်ပေးပါ။ သမိုင်းစာအုပ်များအား ရှာဖွေစုဆောင်း၍ နောင်လာနောင်သားများအား အကျိုးဖြစ်ထွန်းစေပါ။ မိမိကိုယ်တိုင်လည်း ဖတ်ရှု့မှတ်သား နီးစပ်ရာ မိတ်ဆွေများအားလည်း ပြော ကြားနေပါ။
(မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အတွက် ဖတ်ရှု့လေ့လာသမျှ အကျိုးဖြစ်ထွန်းစေတော်မူပါ။)

ပြင်သစ်တော်လှန်ရေး

၁၇၈၉ ခုနှစ်အထိ ပြင်သစ်ပြည်နှင့် ဥရောပတိုက်ရှိ နိုင်ငံများတွင် ဘုရင်စနစ်ရှိနေခဲ့သည်။ ထိုအချိန်၌ ပြင်သစ်ပြည်၏ ဘုရင်မှာ လူဝီဖြစ်သည်။ လူဝီအမည်ဖြင့် ဘုရင်များစွာ အုပ်ချုပ်ခဲ့သောကြောင့် လူဝီတစ် လူဝီနှစ် ဟူ၍ နံပါတ်စဉ်တပ်ကာ ခေါ်ဝေါ်ခဲ့ကြသည်။ ယခုတင်ပြနေသော လူဝီမှာ လူဝီ၁၆ ဖြစ်၏။ ယခင်ပို့စ်များတွင် ဘုရင်စနစ်အုပ်ချုပ်ရေးနှင်း ပတ်သတ်၍ ဖတ်ရှု့ပြီးပေမည်။ ထိုအတိုင်းပင် လူဝီ၁၆သည်၏ ခေတ်တွင်လည်း အုပ်ချုပ်ခဲ့၏။ ဆိုလိုသည်မှာ- ဘုရင်သည် အမိန့်တစ်ခု ထုတ်ပြန်ရန် မည်သူနှင့်မျှ တိုင်ပင်ရန်မလိုအပ်။ အစည်းအဝေးပြုခြင်း မပြုခြင်းမှာ ဘုရင်၏ ဆန္ဒသက်သက်သာ ဖြစ်၏။ သို့သော် လူဝီ၁၆၏ လက်ထက်တွင် တိုင်ပင်ခံအဖွဲ့အစည်းတစ်ခု ထားရှိပြီး ထိုအဖွဲ့အစည်းအား Senate General ဟုခေါ်ဝေါ်ကြသည်။ ထိုအဖွဲ့အစည်းတွင် လူသုံးစားသုံးလွှာ ပါဝင်၏။
  • ၁။ ချက်စ်ကျောင်းတော်၏ အကြီးအကဲများ။
  • ၂။ လယ်ရှင်မြေရှင်၊ အရင်းရှင်များ။
  • ၃။ သာမာန်လူတန်းစားများ။

ထိုသို့ဖွဲ့စည်းထားသော်လည်း အဖွဲ့အစည်းတစ်ခုအသွင်မဆောင်ပဲ အဖွဲ့သုံးဖွဲ့ကဲ့သို့ ဖြစ်နေသည်။ အဘယ့်ကြောင့်ဆိုသော် အစည်အဝေးဆင့်ခေါ်ရာတွင် လူတန်းစားသုံးခုလုံးသည် တပြိုင်တည်း တစ်နေ၇ာတည်းတ်ွင တက်ရောက်ရသည်မဟုတ်ပဲ အလှည့်ကျတတ်ရောက်ရသည်။ထို့အပြင် ၎င်းလူသုံးလွှာအနက် သာသနာပိုင်များနှင့် အရင်းရှင်တို့သည် လက်ဝါးခြင်းရိုက် ပါတနာပြုထားသောကြောင့် သာမန်လူတန်းစားတို့၏ စကားမှာ လုံးဝအကျိုးမသက်ရောက်ပဲ ပြောဆိုသမျှ သဲထဲရေသွန် ဖြစ်နေရ၏။ ဒုတိယအချက်မှာ ထိုသို့ အစည်းအဝေးခေါ်ခြင်းမှာ ဘုရင်၏ ဆန္ဒတော် အတိုင်းသာဖြစ်နေခြင်းပင်။ အလိုရှိလျှင် ဆင့်ခေါ်ပြီး များစွာသော အခြေအနေတို့တွင် ဆင့်ခေါ်ခြင်းမပြုခဲ့။

ဤသို့ဖြင့် ၁၈ရာစုနှောင်းပိုင်းသို့ ရောက်လာသောအခါ လူအများ ဦးဏှောက်တွင် ဒီမိုကရေ၏ အတွေးအခေါ် စတင်ဝင်ရောက်လာ၏။ ထို့ကြောင့် ပြည်သူလူထုသည် စီးနိတ်ဂျန်ရယ်လ် ဆင့်ခေါ်ရန် အတွက် တောင်းဆိုမှု့များ ပြုလုပ်လာကြသည်။ ထိုခေတ်၌ အုပ်ချုပ်နေသော လူဝီဘုရင်သည် လွန်စွာ အသုံးဖြုန်းကြီးသူ တစ်ဦးဖြစ်ရာ ပြည်သူများထံမှ အကောက်ခွန် ပိုမိုတောင်းခံရန် ရည်ရွယ်ချက်ဖြင့် ပြည် သူလူထု၏ ထိုတောင်းဆိုမှု့အား လိုက်လျောခဲ့လေသည်။ လိုက်လျောရခြင်းမှာလည်း အခြား အကြောင်းကြောင့် မဟုတ်ပေ။ သမိုင်းအတွေ့အကြုံများအရ သာသနာပိုင်များနှင့် အရင်းရှင်တို့အား မျက်စိတစ်မှိတ်အတွင်း သိမ်းသွင်းနိုင်ပြီး မည်သည့်ကိစ္စကိုမဆို အတည်ပြုနိုင်သောကြောင့်ပင် ဖြစ်၏။ လူဝီသည် မိမိအတွေးများဖြင့် ပျော်ရွှင်ပီတိဖြစ်နေပြီး ပြည်သူလူထု၏ အကြံအစည်အား သတိ မပြုနိုင်ဖြစ်နေခဲ့၏။

အစည်းအဝေး ဆင့်ခေါ်ရန်ဖြစ်လာသောအခါ တိုင်းသူပြည်သားများ၏ တောင်းဆိုမှု့တို့သည် ဘုရင်၏ အိပ်မက်အား စတင်လွင့်ပျယ်စေတော့လေသည်။ ၎င်းတို့၏ တောင်းဆိုမှု့မှာ- အစည်းအဝေးတွင် သာမန်လူတန်းစား ပြည်သူများ၏ အရေအတွက်မှာ သုံးပုံတစ်ပုံသာ ရှိနေသောကြောင့် မတရားမှု့ များစွာ ဖြစ်နေရ၏။ ထို့ကြောင့် သာသနာပိုင်များ၊ အရင်းရှင်များ၏ အရေအတွက်နှင့် ညီမျှရန် ကျွန်ုပ်တို့ သာမန်ပြည်သူတို့၏ အရေတွက်ကို တိုးပေးရမည်ဖြစ်သည်။ တိုင်းသူပြည်သားများ၏ မငြိမ်သက်သော အခြေနေကို ရိပ်စားမိသော လူဝီဘုရင်သည် ထိတ်လန့်မှု့များစွာ ဖြစ်လာသောကြောင့် ထိုအချက်ကို လက်ခံပေးလိုက်၏။

ထိုသို့လက်ခံပေးပြိးနောက် ပြည်သူများသည် ငြိမ်သက်မှု့ဖြစ်မလာပဲ ပို၍ပင် ဆူပူလာကြတော့လေသည်။ ထို့နောက် ထပ်မံ တောင်းဆိုကြသည်မှာ- လူတန်းစားတစ်ခုစီ သီးသန့်ခေါ်ယူခြင်း မပြုပဲ တပြိုင်တည်း အုပ်စုမခွဲပဲ အစည်းအဝေးတက်ရောက်စေပြီး မဲများသော အဆိုအား အတည်ပြုပေးရမည်။ ဤသို့ဆိုလျှင် အစည်းအဝေးတွင် သာမန်လူတန်းစား၏ တင်ပြပြောဆိုလာမှု့အား ငြင်းပယ်ရန်လုံးဝ မဖြစ်နိုင်တော့ပေ။ အရေအတွက်မှာလည်း တိုးထားပေးသည်ဖြစ်ရာ ထိုဒုတိယတောင်းဆိုမှု့အား ဘုရင်ကြီးသည် လုံးဝမခံနိုင်ဖြစ်နေရ၏။ တိုင်းသူပြည်သားများသည် ဘုရင်ကြီး၏ လက်မခံနိုင်မှု့ အခြေအနေအား ရိပ်စားမိလာသောအခါ တစ်နေရာတွင် စုဝေးခဲ့ကြ၏။ ထို့နောက် တင်ပြလိုသော ဖြစ်စေချင်သော အရာတို့အား မည်သူနှင့်မှ တိုင်ပင်ဆွေးနွေးမှု့ မပြုပဲ ဆုံးဖြတ်မှု့များ ပြုလုပ်ကြတော့လေသည်။ National Assembly ဟူသော စကားလုံးမှာလည်း ထိုအချိန်မှ စတင်ဖြစ်ပေါ်လာခဲ့သည်။


ထို့ကြောင့် လူဝီဘုရင်သည် မည်သို့မှ မပြုနိုင်တော့ပဲ မိမိတိုင်းသူပြည်သူများအား အင်အားသုံးကာ နှိမ်နှင်းခဲ့တော့လေသည်။ စုဝေးအစည်းအဝေး ပြုနေသော အဆောက်အဦးအား စစ်တပ်ဖြင့် ဝန်းရံထားပြီး မည်သူ့ကိုမျှ ဝင်ခွင့်မပေးခဲ့ပေ။ သို့သော် ပြည်သူလူထုမှာ အခြားနေရာတွင် အစည်းအဝေးအား ဆက်လက်ကျင်းပမည်ဟုဆိုကာ တင်းနစ်ကွင်းတစ်ခုဆီသို့ ဦးတည်သွားခဲ့ကြသည်။ ထို့နောက် မိမိလူများအား စုစည်း၍ ကျင်းပလိုသော အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးတွင် ဥပဒေအသစ်အားလည်း ထည့်သွင်းခဲ့ကြ၏။ အမှန်စင်စစ် ထိုဥပဒေမှာ Montesquieu ၏ လုပ်ပိုင်ခွင့်အာဏာအား ခွဲခြားလုပ်ကိုင်စေခြင်း အယူဝါဒအပေါ် အခြေခံထားခြင်းပင်ဖြစ်သည်။ ပြည်သူလူထု လွတ်လပ်ရေးအတွက် အဓိကကျသော အခန်းကဏ္ဍတို့အား အသင့်ပြင်ဆင်မှု့ ပြုထားကြသည်။ ဘုရင်စနစ်အား ဖြုတ်ပစ်ခြင်း မပြုကြသော်လည်း ထိုနည်းစနစ်အသစ်တွင် ဘုရင်အား ဥပဒေနှင့်အညီ အုပ်ချုပ်ခွင့်အထိသာ အခွင့်အရေးပေးထားကြ၏။ ကျန်ရှိသော အခြား လုပ်ငန်းဆောင်တာများအား တိုင်းသူပြည်သားများအနက် တတ်သိ ကျွမ်းကျင်သူများအား တာဝန်ပေးထားကြသည်။ ဤသည်မှာ ပြင်သစ်ပြည်အတွက် ဒီမိုကရေစီ၏ မိုးသောက်ယံအချိန်ဖြစ်တော့လေသည်။

ထိုသို့ တင်းနစ်ကွင်းတွင် အစည်းအဝေးဖြစ်နေခိုက် များစွာသော လူတို့သည် ဘုရင်နန်းတော်သို့ ချီတက်သွားပြီး ဘုရင်အား အစည်းအဝေးဖြစ်ရာနေရာသို့ အတင်းကြပ်ခေါ်ဆောင်လာကြသည်။ ထို့နောက် ဘုရင်ကြီးရှိနေစဉ် မိမိတို့ ဖြစ်ချင်သော ပြည်သူ့လွတ်လပ်ခွင့်များအား အတည်ပြုခဲ့ကြသည်။ ဘုရင်ကြီးသည်လည်း မည်သို့မှ ထွက်ပေါက်မရတော့ပဲ ရနေသော အာဏာဖြင့် တင်းတိမ်နေရတော့လေသည်။

သို့သော် နောက်ပိုင်းတွင် ဘုရင်ကြီးသည် မိမိအခြေအနေတို့အား ပြန်လည်လေ့လာသုံးမိရာ လွန်စွာဆိုးရိမ်မှု့များ ဖြစ်လာတော့လေသည်။ ယခုင့ါအား ရာထူးတစ်ခုသာ ပေးထားသည်။ မနက်ဖြန် ငါ၏ အခြေအနေ မည်သို့ဖြစ်မည်နည်း။ ဘုရင်အဖြစ်မှ ဖြုတ်ချခံရကာ သေးသိမ်နေရတော့မည်လား။ စသည်ဖြင့် အတွေးပေါင်းစုံ၏ ရိုက်နှက်ဒဏ်အား ခံစားနေရတော့သည်။ နောက်ဆုံး ဘုရင်ကြီးသည် မည်သို့မျှ မတွေးတောနိုင်ဖြစ်ကာ ဂျာမနီနိုင်ငံရှိ ဘုရင်အား တိတ်တစိတ် အကူညီတောင်းခံခဲ့၏။ အကယ်၍ ပြည်သူများ အုံကြွလာခဲ့ပါက မိမိစစ်တပ်အား လွှတ်ပေးရန် လျှို့ဝှက်ပေးစာများ ပြုခဲ့၏။ ဂျာမနီနိုင်ငံရှိ ဘုရင်သည်လည်း မိမိအခြေအနေအား ဆိုးရိမ်မိကာ ထိုအကူညိတောင်းမှု့အား လှိုက်လှိုက်လဲလဲ လက်ခံခဲ့၏။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံ၏ ပြည်သူလူထု အုံကြွမှု့သည် အိမ်နီးချင်း နိုင်ငံသို့ လွယ်ကူစွာ ကူးစက်လာနိုင်သည်။ ထို့ကြောင့်  မိမိပုလ္လင်အား ဆက်လက် ထိန်းသိမ်းထားနိုင်ရန်အတွက် အကောင်းဆုံးမှာ ပြည်သူများအား နှိမ်နှင်းထားခြင်းသာဖြစ်ပေမည်။

 သို့သော် လူဝီဘုရင်ကြီး၏ ကံကောင်းခြင်းနေမင်း ပျောက်ကွယ်စပြုနေပြီဖြစ်ရာ ၎င်းနှင့် ဂျာမနီဘုရင်တို့၏ အကြံအစည်အား တော်လှန်ရေးခေါင်းဆောင်များ သိရှိသွားခဲ့လေသည်။ ထို့နောက် ဤသတင်းအား ပြည်သူများကြားတွင် ဖြန့်ပေးလိုက်ရာ တော်လှန်ရေးမီး ဟုန်းဟုန်းတောက် ရတော့လေသည်။ ဘုရင်ကြီးသည် မိမိတိုင်းသူ ပြည်သားများအား ကွပ်မျက်ရန်အတွက် တိုင်းတပါးအကူညီပင် တောင်းခံထားကြောင်း၊ ပြည်သူလူထု၏ လွတ်လပ်မှု့ ရပိုင်ခွင့်တို့အား မတရားပိတ်ပင်ရန်အတွက် ကြံစည်နေကြောင်း စသည်ဖြင့် စွပ်စွဲချက်များစွာဖြင့် ဘုရင်ကြီးအား ဖမ်းဆီးချုပ်နှောင်ကာ အကျဉ်းထောင် သွင်းခဲ့ကြလေသည်။

ဘုရင်ကြီးအား အကျဉ်းထာင်သွင်းပြီးနောက်တွင် နဂိုအတိုင်း ဘုရင်အား ဆက်လက်ရာထူးပေးရန် မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် တိုင်းပြည်အုပ်ချုပ်ရေးအတွက် ရာထူးခန့်အပ်ရန် လွှတ်တော်အစည်းအဝေး တစ်ခု ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေး၏ ဆုံးဖြတ်ချက်ဖြင့် ဥပဒေသစ်တစ်ခုအား ပြဌာန်း၍ အဖွဲ့တစ်ဖွဲ့အား ဖွဲ့စည်းသတ်မှတ်ခဲ့ကြပြိး ထိုအဖွဲ့အစည်းအား Convention ဟုခေါ်ဝေါ်ကြသည်။ ဤသည် ပြင်သစ်ပြည်ကြီး၏ ဒီမိုကရေစီသို့ လျှောက်လှမ်းရန် ဒုတိယခြေလှမ်းဖြစ်ခဲ့၏။


ထိုအဖွဲ့အစည်း ဖွဲ့စည်းပြီးနောက် ဘုရင်လူဝီအား ဂျာမနီနိုင်ငံဘုရင်နှင့် လျှို့ဝှက်ဆက်သွယ်မှု့၊ တိုင်းသူပြည်သားများအား ကွပ်မျက်ရန် ကြံရွယ်မှု့ စသည့် စွဲချက်များတင်ကာ သေဒဏ်ပေး ခဲ့ကြလေသည်။ ထိုသို့ဖြင့် ပြင်သစ်ပြည်တွင် ဘုရင်စနစ် နိဂုဏ်းချုပ်သွားရတော့ပေသည်။

သို့သော် တော်လှန်ရေးအဖွဲ့အစည်းများလက်ဝယ်သို့ အုပ်ချုပ်မှု့ရောက်လာသောအခါ ၎င်းတို့သည် စနစ်တကျကိုင်တွယ်နိုင်စွမ်း မရှိသည့်အပြင် အချင်းချင်းတွင် ပဠိပက္ခများစွာဖြစ်နေရပြီး တိုင်းပြည်အား ကောင်းမွန်စွာ မအုပ်ချုပ်နိုင်ခဲ့ကြပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် တိုင်းပြည်အုပ်ချုပ်ရေးတာဝန်အား ယခုမှ စတင်တာဝန်ယူဖူးသူများ ဖြစ်နေကြ၏။ အတွေ့အကြုံမရှိသည့် မကျွမ်းကျင်သည့် လုပ်ငန်းအား တာဝန်ယူနေရသောကြောင့် အဖက်ဖက်မှ အားနည်းမှု့များ ရှိနေပြီး၊ အချင်းချင်းတွင်လည်း စည်းလုံးမှု့မရှိပဲ ကိစ္စတိုင်းတွင် ကွဲလွဲနေခဲ့ကြသည်။

ဤသို့ဖြင့် ဘုရင်စနစ်ပျက်သုဉ်းပြီးနောက် ပြည်သစ်ပြည်တွင် စစ်ပွဲများစွာ ဖြစ်ပွားခဲ့ရပြီး တိုင်းပြည်မှာလည်း ဆူပူထကြွ သောင်းကျန်းသူများ၏ ပျော်မွှေ့ရာ စားကျက်တစ်ခုဖြစ်ခဲ့ရ၏။ သနားဖွယ် ပြည်သူလူထုမှာ ဘုရင်စနစ်ပြန်ရောက်လျှင် ကောင်းလေစွဟူ၍ပင် တမ်းတမိခဲ့ကြသည်။ နောက်ဆုံးတွင် တိုင်းပြည်အုပ်ချုပ်ရေး၊ ငြိမ်ဝပ်ပိပြားရေးးအတွက် စစ်တပ်၏ အကူအညီအား ရယူခဲ့ကြသည်။ ထိုခေတ်တွင် စစ်တပ်၏ အကြီးဆုံးရာထူးအား ရရှိထားသူမှာ နပိုလီယန် (Napoleon Bonaparte) ဖြစ်၏။ နပိုလီယန်သည် တိုင်းပြည်ကြီးအား ပဲ့ကိုင်ထိန်းသိမ်းခဲ့ပြီးနောက် တိုင်းပြည်၏ အခြေအနေမှာ ပုံမှန်ဖြစ်လာခဲ့တော့လေသည်။ တိုင်းသူပြည်သားများသည် Convention အမည်ရ အဖွဲ့အစည်း၏ အုပ်ချုပ်ပုံအား မျက်ဝါးထင်ထင် မြင်ခဲ့ကြသောကြောင့် ဘုရင်စနစ်ဖြင့်သာ ပြန်လည်အုပ်ချုပ်သင့်သည်ဟုဆိုကာ နပိုလီယန်အား ဘုရင်ခန့်အပ်လိုက်ကြသည်။

သို့သော် နပိုလီယန်သည် ဘုရင်အမည်ကိုသာ ခံယူ၍ သက်ဦးဆံပိုင်စနစ်ဖြင့် မအုပ်ချုပ်ခဲ့ပေ။ ကျွန်ုပ်အား တိုင်းသူပြည်သားများသည် ပုလ္လင်ထက် စံမြန်းစေခဲ့ကြသည်။ လုပ်ပိုင်ခွင့်ရာထူးအားလုံးကိုလည်း အပ်နှင်းခဲ့ကြသည်။ အမှန်စင်စစ် ဤသို့ဖြစ်ပေါ်လာရခြင်းမှာ တော်လှန်ရေးအဖွဲ့အစည်းများ၏ အတွေးအခေါ်ကြောင့်သာ ဖြစ်၏။ ထို့ကြောင့် တိုင်းသူပြည်သား၏ လွတ်လပ်ခွင့်အား အပြည့်အဝပေးမည်ဟု မြွတ်ဟပြောကြားခဲ့လေသည်။

နပိုလီယန်သည် ပြည်တွင်းရှိ မငြိမ်သက်မှု့များအား ဟန့်တားခဲ့ပြီး ပြည်ပရန်သူများအား လည်း နှိမ်နှင်းအောင်မြင်ခဲ့လေသည်။ သို့သော် အင်္ဂလိပ်အား တိုက်ခိုက်မှု့ပြုရာတွင် နပိုလီယန်၏ စစ်တပ်မှာ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရ၏။ ထိုသို့ စစ်ရှုံးပြိးနောက်တွင် နပိုလီယန် ကွယ်လွန်အနိစ္စရောက် သွားခဲ့သည်။ နပိုလီယန် မရှိသည့်နောက်တွင် တိုင်းပြည်ကြိးသည် တတိယအကြိမ်မြောက် ဒီမိုကရေစီသို့ ခြေလှမ်းလှမ်းတော့လေသည်။ သို့သော် ယခုတစ်ကြိမ် ခြေလှမ်းလှမ်းခြင်းသည် ပထမနှင့်ဒုတိယအကြိမ်တို့ကဲ့သို့ မဟုတ်ပဲ ကျစ်လစ်ခိုင်မာသော အဖွဲ့အစည်းများဖွဲ့၍ လှမ်းခဲ့ခြင်းဖြစ်ရာ အောင်မြင်မှု့အလံအား လွှင့်ထူနိုင်ခဲ့ကြသည်။

၎င်းတို့၏ အဓိကအခြေခံ အုတ်မြစ်မှာ
  • ၁။ တိုင်းသူပြည်သားများ၏ လွတ်လပ်မှု့ 
  • ၂။ လုပ်ပိုင်ခွင့်အာဏာ ခွဲဝေလုပ်ကိုင်စေခြင်း 
  • ၃။ နိုင်ငံရေးနှင့် ဘာသာရေးခွဲခြားစေခြင်း တို့ဖြစ်သည်။ 

ထိုအောင်မြင်မှု့၏ ရလဒ်သည် ပြင်သစ်ပြည်ကြီးတစ်ခုတည်းအတွက်သာ မဟုတ်ပဲ ဥရောပနိုင်ငံများ အားလုံးကိုပင် အကျိုးသက်ရောက်စေခဲ့၏။ ထိုသို့ဖြင့် ကမ္ဘာမြေပေါ်တွင် ဒီမိုကရေစီခေါ် အယူဝါဒ တစ်ခု ပြန့်နှံ့ သွားခဲ့တော့လေသည်။

ဤသည် စာရေးသူတင်ပြလိုသော ဒီမိုကရေစီ ရေပန်းစားလာပုံ သမိုင်းအကျဉ်း၏ နိဂုဏ်းဖြစ်သည်။ ဒီမိုကရေစီအကြောင်းအား ဆက်လက်လေ့လာတင်ပြနေဦးမည်ဖြစ်ပါသည်။ စောင့်စား ဖတ်ရှု့ပေးပါရန်နှင့် ကျွန်တော့်အား မိမိတို့ဒိုအာများတွင် အထူး သတိရကြပါရန် .....
  

ဘရှီးလေး
မေမြို့





Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger