بسم الله الرحمن الرحيم
တမန်တော်သခင်၏ သက်တော်(6)နှစ်ပြည့်မြှောက်သောအခါ မိခင်အာမိနာဟ် သခင်မသည် ဆွေမျိုးများနှင့် တွေ့ဆုံရန်အတွက် မဒီနာမြို့သို့ထွက်လာခဲ့သည်။ အွမ်မေ့အိုင်မန် သခင်မအားလည်း မိမိနှင့်အတူခေါ်ဆောင်လာပါသည်။ ဒါရွန်နာဗေဂဟ် အမည်ရှိသောနေရာတွင် ရပ်နားခဲ့ပြီး ဖခင်၏ကဗရ်တော်အားပြသ ခဲ့လေသည်။ အပြန်လမ်းခရီးတွင် အာမိနာဟ်သခင်မသည် ရုတ်တရက်နာမကျန်းဖြစ်လာသည်။
အပြစ်မဲ့သောကိုယ်တော်သခင်၏စိတ်ဒုက္ခကိုတွေးတောကြည့်ပါ. အခြားမြို့တွင် ဂရုဏာနှင့် ချစ်ခင်ယုယမှုတို့၏ မီးအိမ်ငြိမ်းသွားတော့မည် ကိုတွေ့နေရသည်။ မိခင်မွန်အတွက် နားမလည်နိုင်အောင်ရှိနေလိမ့်မည်။ ပူဆွေးသောကများနှင့်လည်း နစ်မွန်းလျှက်ရှိနေပေလိမ့်မည်။ အာမိနာဟ်သခင်မသည်လည်း သက်တမ်းကုန်ဆုံးတော့မည်ကို သိရှိသောအခါ မိမိမျှော်လင့်ချက်တို့ ဆုံဆည်းရာ ကိုယ်တော်သခင်၏ မျက်နှာတော်ကိုသာလျှင် ကြည့်နေလျှက်ရှိနေသည်။ ကိုယ်တော်သည် မိခင်မွန်၏ခေါင်းရင်းနားတွင် ထိုင်နေပေသည်။ မိခင်မွန်သည်ကိုယ်တော်အား ရင်ခွင်ထဲသို့ထည့်ကာ ကြိမ်ပေါင်းများစွာ နမ်းရှိုက်ခဲ့သည်။ မျက်လုံးတွင်လည်း ခွဲခွာမှုတို့၏ မျက်ရည်ချောင်းစီးတွင်နေသည်။ မုဝါဟိဘေ လုဒ်နီယာကျမ်းတွင် ဆင့်ပြန်ချက် တစ်ခုလာရှိပေသည်။ မိခင်မွန်သည်နောက်ဆုံး အချိန်တွင် အောက်ပါစာသားတစ်ချို့အား ရွှတ်ဆိုသွားခဲ့ပါသည်။
بارك الله فيا من غلام انّ الصبح ما الصون فى المنام
فانت مبعوث الى الانام من عند ذى الجلال والاكرام
فانت مبعوث الى الانام من عند ذى الجلال والاكرام
ဆိုလိုသည်မှာ- အို ချစ်သား အလ္လာဟ်အရှင်မြတ်သည် အသင့်အား ကောင်းချီးမင်္ဂလာ ချီးမြှင့်တော်မူပါစေ။ နံနက်မိုးသောက်လင်းချိန်သည် အိပ်မက်ရှိ အဖြစ်ပျက်တို့အား ထိန်းသိမ်းပေးနိုင်စွမ်း မရှိပေ။
(မိခင်မွန်ကြီးသည် သားတော်မြတ်နဗီနှင့် အတူနေထိုင်ရန် မက်ဆန္ဒများစွာရှိခဲ့သော်လည်း
အိပ်မက်နှင့် အလားသဏ္ဍန်တူဆင်နေ၏။ သေခြင်းတရားသည် ထိုအိပ်မက်အဖို့
မိုးသောက်လင်းချိန် ဖြစ်သွားရလေသည်။)
အသင်သည် မြင့်မြတ်တော်မူသော၊ ဂုဏ်ပေးလေးစားထိုက်သော အရှင်မြတ်ထံမှ လူသားများထံသို့
စေလွှတ်ခြင်းခံရသောသူ ဖြစ်ပေသည်။
(မိခင်မွန်ကြီးသည် သားတော်မြတ်နဗီနှင့် အတူနေထိုင်ရန် မက်ဆန္ဒများစွာရှိခဲ့သော်လည်း
အိပ်မက်နှင့် အလားသဏ္ဍန်တူဆင်နေ၏။ သေခြင်းတရားသည် ထိုအိပ်မက်အဖို့
မိုးသောက်လင်းချိန် ဖြစ်သွားရလေသည်။)
အသင်သည် မြင့်မြတ်တော်မူသော၊ ဂုဏ်ပေးလေးစားထိုက်သော အရှင်မြတ်ထံမှ လူသားများထံသို့
စေလွှတ်ခြင်းခံရသောသူ ဖြစ်ပေသည်။
အာမိနာဟ်သခင်မသည် မကာမေ့အဘ်ဝါအမည်ရှိသောနေရာတွင် ကွယ်လွန်သွားပါသည်။ ကိုယ်တော်သည် မိမိလက်ငယ်လေးများဖြင့် မိခင်၏ကဗရ်ထဲသို့မြေကြီးထဲသွင်းခဲ့ပါသည်။ လမ်းခရီးတွင် ကွယ်လွန်သောမိခင်အတွက် မျက်ရည်များဖြင့် အိမ်သို့ပြန်လာခဲ့လေသည်။ ကိုယ်တော်သခင်(ဆွ) ဟိုဗိုင်ဒီယာဟ် စာချုပ်ချုပ်ဆိုရန်သွားစဉ် မိခင်မွန်၏ကဗရ်သို့ရောက်ရှိသွားလေရာ ကဗရ်အားပြုပြင်မူ များပြုလုပ်ပေးခဲ့ပါသည်။ စီရသ်တော်တွင်လာရှိသည်မှာ ကိုယ်တော်သခင် ကဗရ်ကိုပြုပြင်ခဲ့စဉ်က အဘယ်မျှငိုကြွှေးခဲ့မှု မုတ်ဆိတ်တော်များသည်ပင် စိုရွှဲသွားခဲ့ပါသည်။ ထိုမြင်ကွင်းကိုမြင်သော ဆွဟာဗာများသည်လည်း ငိုကြွေးခဲ့ကြပါသည်။ ကိုယ်တော်အမိန့်ရှိသည်မှာ-“အိုဆွဟာဗာဟ်အပေါင်းတို့ ဒီနေ့ငါကိုယ်တော်သည် မိခင်၏ရင်ခွင်အား သတိရလွမ်းဆွတ်လျှက်ရှိနေသည်။ ငါကိုယ်တော် ငိုကြွေးနေသော ဒီနေရာတွင် တစ်ချိန်က ငါကိုယ်တော်၏နှလုံးသားသည်လည်း ငိုကြွေးခဲ့ပါသည်။”
မိခင်ကွယ်လွန်ပြီးနောက် အဘိုးတော်စပ်သူ အဗ္ဗဒွလ်မွတ်သွလိဗ်သည် ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်။ ဘိုးတော်အဗ္ဗဒွလ်မွတ်သွလိဗ်သည် တမန်တော်အား ယုယုယယဖြင့် ပြုစု ပျိုးထောင်ခဲ့ပါသည်။ မိမိသားသမီးများထက်ပင် ပိုမိုချစ်ခင်ခဲ့သည်။ မိဘမဲ့သောကိုယ်တော်အတွက် ထူထဲ လှသော အ၇ိပ်ကောင်းတစ်ခုဖြစ်ခဲ့သည်။ သက်တော်8နှစ်ပြည့်မြှောက်ချိန်မှာတော့ ထိုအရိပ်သည် လည်းကိုယ်တော်အား စွန့်ခွာသွားပါသည်။ အွမ်မေ့အိုင်မန်သခင်မ အမိန့်ရှိခဲ့သည်မှာ ဘိုးတော်အဗဒွလ်မွတ်သွလိဗ်၏ဂျနာဇာအား မယူခဲ့စဉ်အခါက ကိုယ်တော်သည် မျက်ရည်များစီးကျလျှက် ဂျနာဇာ၏နောက်မှလိုက်ပါလာ ခဲ့လေသည်။
بنت فضيلة الشيخ المفتى إلياس
Post a Comment