အသိပေးခြင်း
က
Home » , , , » ဟဒီးဆ်တော်များ အပိုင်း(၁)

ဟဒီးဆ်တော်များ အပိုင်း(၁)



بسم الله الرحمن الرحيم
ဒီပို့စ်လေးကို အမြည်းသဘောနဲ့ တင်ပေးတာပါ။ ဟဒီးဆ်တော် ငါးပုဒ်လျှင် ပို့စ်တစ်ခုအဖြစ်၊
သို့မဟုတ် ရှည်လျှင် သုံးပုဒ်အား ပို့စ်တစ်ခုအဖြစ်
ဆက်လက်တင်သွားပေးမည် ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ကြပါစေ.....။
ဘရှီးလေး(မေမြို့)

(1)
ဒွရ်ရေ့မန်စူးရ်ကျမ်း အတွဲ(၂) စာမျက်နှာ (၁၅၃)တွင် ဟဇရသ်အနက်စ် (ရသွေ့)သခင်၏ ဆင့်ပြန်ချက်အား တင်ပြထားသည်။ သခင်ကြီးအမိန့်ရှိသည်မှာ- (ဆိုလိုရင်းအား တင်ပြခြင်းဖြစ်ပါသည်။)

အမျိုးသမီးအချို့ မြတ်နဗီထံပါး ခစားဝင်ရောက်ကာ ဤသို့လျှောက်ထားခဲ့ကြသည်။ အိုကိုယ်တော်...! အမျိုးသားများသည် ဂျီဟားဒ်ပြုခြင်းဖြင့် ကျွန်တော်မျိုးမတို့ထက် အကျိုးကုသိုလ်ပိုမို ရရှိလျှက်ရှိနေ၏။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်လမ်းတော်တွင် ဂျီဟားဒ်ပြုခြင်းနှင့် ညီမျှသော အခြားကျင့်ဝတ်တစ်စုံတစ်ရာရှိလျှင် ပြသတော်မူပါ။ ထိုအခါ တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်မှာ - နေ့စဉ်လုပ်ကိုင်နေသော အိမ်မှု့ကိစ္စများအား တာဝန်ချနေခြင်းသည် အလ္လာဟ်လမ်းတော်၌ ဂျီဟားဒ်ပြုခြင်း၏ အဆင့်အတန်းနှင့် ညီမျှပေသည်။
ရှင်းလင်းချက်။ ။ ဖော်ပြပါ ဟဒီးဆ်တော်တွင် အမျိုးသမိးတို့၏ မြင့်မြတ်မှု့၊ ဂုဏ်သိက္ခာအား အထူးဖော်ကျူးထားပေသည်။ အမျိုးသားနှင့် အမျိုးသမီးတန်းတူ အကျိုးကုသိုလ်ရသော်လည်း အမျိုးသမီးများ၏ အခွင့်အရေးအား သက်တောင့်သက်တာဖြင့် ပြည့်ပြည့်ဝဝပေးထားကြောင့် သိနိုင်၏။ အမျိုးသားများသည် နေပူကျဲကျဲတွင် ရန်သူနှင့် သူသေကိုယ်သေ စစ်မက်တိုက်ခိုက်မှ ကြီးကျယ်လှသော အကျိုးစဝါးဗ်အား ရရှိ၏။ သို့သော် အမျိုးသမီးများအတွက်မူ အိမ်၌နေ၍ နိစ္စဓူဝပြုလုပ်နေရသော အိမ်မှု့ကိစ္စအား တာဝန်ကျေပွန်ခြင်းဖြင့် ထိုကြီးကျယ်လှသော အကျိုးကုသိုလ်အား ရရှိ၏။ ဂျီဟားဒ်တွင် မောင်တစ်ထမ်း မယ်တစ်ရွက် ပြုနေရန်မလိုအပ်ပေ။ ဤသည်မှာ အစ္စလာမ်သာသနာ၏ အမျိုးသမီးများအပေါ် သက်ညှာသော ပြဌာန်းချက်တစ်ခုသာဖြစ်ပေသည်။ အခြားသာသနာများတွင် ထိုသို့ သက်ညှာခွင့်အား လု့းဝတွေ့ရှိရမည် မဟုတ်ပေ။ ထို့ကြောင့် ယောက်ကျားမိန်းမ ရင်ပေါင်တန်းခြင်းဖြင့် မိန်းမတို့ဂုဏ်ရည် မြှင့်တင်ရမည်ဆိုသော ယဟူးဒ်နစွာရာတို့၏ သွေးဆောင်ဖြားယောင်းမှု့ အား ကောင်းစွာနားလည်သင့်သည်။ အစ္စလာမ်သာသနာသည် အမျိုးသမီးတို့အား ပင်ပန်းမှု့မရှိစေပဲ အမျိုးသားများနှင့် တန်းတူအကျိုးကုသိုလ်ပေးထား၏။ ၎င်းတို့၏ ဆောင်ပုဒ်မှာ ယောက်ကျားများ အချောင်ခို၊ အမျိုးသမီးများအား ပင်ပန်းစေပြီး၊ ကြိးမားလှသော အကျိုးကုသိုလ်တို့အား ဆုံးရှုံးစေခြင်းသာ ဖြစ်တော့ပေသည်။

ဒုတိယအချက်မှာ- အမျိုးသမီးတို့အား အိမ်မှု့ကိစ္စများတွင် ပေါ့လျော့်ခြင်းမပြုကြရန် သတိပေးခြင်းဖြစ်၏။ အကြောင်းမှာ- အိမ်မှု့ကိစ္စများ မပြုလုပ်ပဲ ထိုင်နေပါလျှင် ကြီးကျယ်လှသော ဂျီဟားဒ်၏ အကျိုးစဝါးဗ်များမှ လက်မဲ့ဖြစ်ရမည်။ ထို့အပြင် အလုပ်မလုပ်ပဲ ထိုင်ပါများလာလျှင် ပျင်းရိခြင်းစွဲကပ်လာတတ်သည်။ ထို့ကြောင့် အိမ်မှု့ကိစ္စတို့အား မပျင်းမရိ အားကျိုးမာန်တက်ပြုနေရမည်ဖြစ်သည်။

တတိယအချက်မှာ- အမျိုးသမီး၏ ဂုဏ်အိနြေ္ဒ၊သိက္ခာသည် အိမ်၌နေခြင်းတွင်သာ ရှိ၏။ ထို့ကြောင့်ပင်လျှင် တရားတော်မြတ်သည် အမျိုးသမိးတိ့၏ ဂုဏ်သိက္ခာ၊အိနြေ္ဒကို ထောက်ရှု့၍ အလွန်ကြီး ကျယ်လှသော ဂျေဟားဒ်၏ အကျိုးကုသိုလ်အား အိမ်၌နေခြင်းဖြင့် ရရှိစေခြင်းဖြစ်သည်။

(2)
ဟဇရသ်အနက်စ် (ရသွေ့)သခင် ထံမှ ဆင့်ဆိုချက်လာရှိသည်။ တမန်တော်မြတ် (ဆွ) မိန့်တော်မူသည်မှာ- မည်သူမဆို အလ္လာဟ်အရှင်မြတ်ထံမှ ဂျန္နသ်ရရန်သုံးကြိမ်တောင်းဆိုခဲ့ပါက ဂျန္နသ်သည် "အိုအရှင် ထိုသူ့အား ဂျန္နသ်ချီးမြှင့်တော်မူပါ။" ဟူ၍ အလ္လာဟ်အရှင်မြတ်ထံ လျှောက်ထားတောင်းဆိုပေးမည်။ (ထို့အတူ) မည်သူမဆို ဂျဟန္နမ်မှ ကင်းလွတ်ခွင့်အား သုံးကြိမ်တောင်းခံခဲ့ပါမူ ဂျဟန္နမ်သည် "အိုအရှင် ထိုသူ့အား ဂျဟန္နမ်မှ ကင်းလွတ်ခွင့်ပေးသနားတော်မူပါ" ဟူ၍ လျှောက်ထားပေးမည် ဖြစ်သည်။ သိရ်မိဇီကျမ်း

ရှင်းလင်းချက်။ ။

၁။ တထိုင်တည်း သုံးကြိမ်ဖြစ်စေ၊ နေရာခြား၍ ဖြစ်စေ မည်သို့ပင်ဖြစ်စေ လိုချင်စိတ်ဖြင့် ထပ်ခါတလဲ တောင်းဆိုခြင်းအား ဆိုလိုပေသည်။
၂။ အကြိမ်အားဖြင့် သုံးကြိမ်သည် ဟဒီးဆ်တော်၏ စာသားအရ သိရသော်လည်း ထပ်ဖန်တလဲ ကြိမ်ဖန် များစွာ တောင်းဆိုနေသင့်သည်။ အဘယ့်ကြောင့်ဆိုသော် ဟဇရသ် အဘူဟုရိုင်ရဟ် (ရသွေ့) သခင်ကြီးထံမှ <((နေ့စဉ် ၇ ကြိမ်))> ဟူ၍ အခြား ဟဒီးဆ်ကျမ်းများတွင်လာရှိနေသည်။
၃။ ဂျန္နသ်နှင့် ဂျဟန္နမ်တို့၏ လျှောက်ထားတောင်းဆိုပေးမှု့ဟူသည်
မှာ လက်ခံခြင်းခံရသော တောင်းဆိုမှု့ သကဲ့သို့ ဖြစ်ပေသည်။
၎။ လွယ်လွယ်နဲ့ ကျက်မှတ်လွယ်တဲ့ အရဗီလို ဒိုအာတိုလေးကို တင်ပြပေးတာပါ။ ဘယ်ဘာသာနဲ့ မဆို ဘယ်လိုစာကလုံးနဲ့မဆို တောင်းခံလို့ရပါတယ်။
اللهم إني أسئلك الجنة و أعوذ بك من النار
အလ္လာဟွမ္မ အင်န်နီ အက်စ်အလို့ကလ်ဂျန္နသ
ဝအအူးဇုဗိက မိနန်နားရ်

ဘရှီးလေး
မေမြို့
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger