بسم الله الرحمن الرحيم
ဆယ်ခုသော အချက်များဖြင့် သောင်ဗဟ်ပြုနေသင့်သည်။- ၁။ အသိဥာဏ်မဲ့သူများနှင့် ဝေးဝေးနေခြင်း။
- ၂။ တရားမဝင် ရယူထားသော ပစ္စည်းအား စွန့်လွှတ်ခြင်း။
- ၃။ မာနရှင်များအား အသိမှတ်မပြုပဲ မျက်နှာလွဲ၍နေခြင်း။
- ၄။ စိတ်လိုအင်ရမက်များအား မျက်ကွယ်ပြုထားခြင်း။
- ၅။ ကောင်းမှု့များအား လျှင်မြန်စွာပြုခြင်း။
- ၆။ မကောင်းမှု့တစ်စုံတစ်ရာပြုခဲ့ပါက ထိုမကောင်းမှု့နှင့် ပတ်သတ်၍ ကောင်းစွာနားလည်ပြီး ရွံမုန်းခြင်း။
- ၇။ ထိုမကောင်းမှု့များအစား ကောင်းမှု့များအား ရွေးချယ်ပြုကျင့်ခြင်း။
- ၈။ တပါးသူ၏ ရပိုင်ခွင့်အား မတရားရယူခဲ့သော် ပြန်လည်ပေးအပ်ခြင်း။
- ၉။ ဥစ္စာပစ္စည်းနှင့် ကောင်းမှု့ကုသိုလ်အား စဉ်မြဲရှာဖွေနေခြင်း။
- ၁၀။ ဥစ္စာပစ္စည်းပိုင်ဆိုင်ခဲ့သော် မရှိဆင်းရဲသားများအား ခွဲဝေပေးခြင်း။
ဟဇရသ် ဟစန် رضي الله عنه သခင်ကြီး အမိန့်ရှိသည်။
ကိုယ်ကျင့်တရား ကောင်းမွန်ခြင်းသည် အချက်ဆယ်ချက်ပေါ်တွင် မူတည်နေသည်။
- ၁။ နှုတ်လျှာ၏ မှန်ကန်စွာ ပြောဆိုမှု့။
- ၂။ မှားယွင်းနေသူများ(ကာဖရ်များ)နှင့် စစ်မက်တိုက်ခိုက်ရာတွင် ပြင်းထန်စွာတိုက်ခိုက်တတ်ခြင်း။
- ၃။ တောင်းရန်းသူ၏ လိုအင်ဆန္ဒအား ဖြည့်စည်းပေးခြင်း။
- ၄။ ဆွေမျိုးအဆက်သွယ်ထားခြင်း။
- ၅။ အိမ်နီးနားချင်းအား စောင့်ရှောက်ခြင်း။
- ၆။ (တရားတော်မှ သတ်မှတ်ပေးထားသော) လူ့အခွင့်အရေးအား ဂရုစိုက်ခြင်း။
- ၇။ ဧည့်ဝတ်ကျေပွန်ခြင်း။
- ၈။ ရည်မွန်စွာ ဆက်ဆံခြင်း။
- ၉။ ရှက်တတ်ခြင်း။
- ၁၀။ ကောင်းမွန်စွာ အစားပေးခြင်း။
ကောင်းမှု့တို့၏ ရတနာသိုက် ဆယ်ခုရှိသည်။
- ၁။ လမ်းမှန်တွင် ပြည့်ပြည့်ဝဝ စစ်မှန်စွာရပ်တည်ခြင်း။
- ၂။ ဖန်ဆင်းခံများနှင့် တရားမျှတစွာ ဆက်ဆံခြင်း။
- ၃။ မိမိကိုယ်မိမိ ထိန်းချုပ်ခြင်း။
- ၄။ သာသနာ့ပညာရှင်များအား မြတ်နိုးချစ်ခင်ခြင်း။
- ၅။ အတတ်ပညာရှင်များအား ဂုဏ်ပေးခြင်း။
- ၆။ မိမိထက် ငယ်ရွယ်သူများအား သနားကြင်နာခြင်း။
- ၇။ သူငယ်ချင်းများနှင့် သင့်မြတ်စွာနေခြင်း။
- ၈။ ရန်သူများမှ ဘေးရန်ကင်းစွာ နေထိုင်ခြင်း။
- ၉။ မရှိဆင်းရဲသားများအား ရက်ရောခြင်း။
- ၁၀။ အသိဥာဏ်မဲ့သူများအား ပဲ့ပြင်ဆုံးမပေးခြင်း။
ရှောင်ကျဉ်သင့်သော မကောင်းမှု့ဆယ်ခုရှိသည်။
- ၁။ လိမ်လည်ပြောဆိုခြင်း။
- ၂။ စုံးပယောဂပြုခြင်း။
- ၃။ စွပ်စွဲပြောဆိုခြင်း။
- ၄။ တိရိစ္ဆာန်များအား ရိုက်နှက်ခြင်း။
- ၅။ မှားယွင်းနေသူအား ထောက်ခံခြင်း။
- ၆။ လှည့်စားခြင်း။
- ၇။ အပြစ်မရှိသူအား ဒုက္ခပေးခြင်း။
- ၈။ ယုံကြည်ကိုးစား၍ အပ်နှံထားသည့်အရာအား အလွဲသုံးသုံးစားပြုခြင်း။
- ၉။ နောက်ကွယ်မှ ရန်လိုခြင်း။
- ၁၀။ ဘုရားသခင်(နေနှင့်လ)အား မကျေနပ်အောင် ပြုခြင်း။
အလ္လာဟ်အရှင်မြတ်ထံတော်ပါးတွင် အသိဥာဏ်ထက်ပို၍ ကောင်းမွန်သောအရာ မရှိ။
အသိဥာဏ်ပြည့်ဝရန်အတွက် အရည်အချင်းဆယ်ခုလိုအပ်သည်။ ၎င်းတို့မှာ-
- ၁။ လူတိုင်းသည် ၎င်းနှင့်ပတ်သတ်၍ ငြိမ်းချမ်းနေခြင်း။
- ၂။ ၎င်းထံမှ လမ်းမှန်အား ရယူနိုင်ခြင်း။
- ၃။ အခြေနေတိုင်းတွင် ကျေနပ်နေပြီး၊ အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင်နေခြင်း။
- ၄။ လိုအပ်သည်မှ အပ ကျန်အရာတို့အား အလ္လာဟ်အရှင်မြတ် လမ်းတော်တွင် သုံးစွဲခြင်း။
- ၅။ ချို့တဲ့စွာနေထိုင်ခြင်းကို အဖော်မွန်ပြု၍ မိမိကိုယ်မိမိ အထင်ကြီးခြင်း၊မာနကြိးခြင်းတို့မှ ရှောင်ကျဉ်ခြင်း။
- ၆။ လောကီပိုင်ဆိုင်မှု့အနက် တစ်စုံတစ်ခုဆုံးရှုံးသွားခြင်းအား သိက္ခာမဲ့သွားခြင်းထက် ကောင်းသည်ဟု မှတ်ယူခြင်း။
- ၇။ တစ်စုံတစ်ရာမေးမြန်းခံရပါက စိတ်မဆိုးခြင်း၊ ဖြေဆိုရန် စေးနည်းတွန့်တိုမှု့မပြုခြင်း။
- ၈။ အိမ်၌ရှိနေစဉ် လိုအပ်ချက်ရှိနေသူ ရောက်လာပါက လက်မဲ့ပြန်မလွှတ်ခြင်း။
- ၉။ တပါးသူ၏ ပေးကမ်းမှု့အား သေးငယ်လင့်ကစား ကြီးသည်ဟုမှတ်ထား၍ မိမိပေးကမ်းမှု့အား ကြီးကျယ်လင့်ကစား သေးငယ်သည်ဟုမှတ်ယူခြင်း။
- ၁၀။ လူတိုင်းအား မိမိထက် သာသည်၊ ကောင်းသည်ဟု မှတ်ယူခြင်း။
ဘရှီးလေး
မေမြို့
Post a Comment