بسم الله الرحمن الرحيم
အောင်မြင်ကျော်ကြားသူများတွင် အများနှင့်မတူ တမူထူးခြားသော အလေ့အကျင့်များ၊ ကျင့်မူဆောင်ရွက်ပုံများစွာ ရှိတတ်ကြသည်။ ထိုအချက်များအား ကျွန်တော်တို့လေ့လာမည်၊ ပြီးနောက် လက်တွေ့ကျင့်သုံးကြမည် ဆိုပါက အောင်မြင်မှု့သည် ကျွန်တော်တို့ လက်တကမ်းတွင်သာ ရှိနေကြောင်းကို သိရပေမည်။ ထိုအချက်များအနက် ဦးစွာပထမ အစကောင်းမှ အနှောင်းသေချာမည်ဆိုသော အချက်ကို အထူးသတိချပ်ရပေမည်။ အဘယ်ကြောင့်ဆိုသော် အုတ်မြစ်မခိုင်လျှင် မြင့်မားသော အဆောက်အဥိးများ ဆောက်လုပ်ရန်မဖြစ်။ အမြစ်မခိုင်သော အပင်တို့သည်လည်း လေတိုက်ဒဏ်ကို မခံနိုင်ပဲ ပြိုလဲကြရသည်။ အခြေခံမကောင်းလျှင် ကျွန်တော်တို့၏ မည်သည့်လုပ်ရပ်မဆို အချီးနှီးဖြစ်မည်သာ။
ထို့ကြောင့် ဦးစွာပထမ ကျွန်တော်တို့၏ နီယသ်အား ဆန်းစစ်မှု့ပြုရမည်။ ကျွန်တော်၏ နီယသ်ကောင်းလျှင် အကွယ်မှ အကူအညီများသည်လည်း မထင်ထားသည့်ဖက်မှပင် ရောက်ရှိလာမည်။ ထို့အတူ လောကီ၊လောကုတ္တရာနှစ်ဘဝလုံးအတွက် အကျိုးရှိနေမှသာလျှင် ကျွန်တော်တို့ ရှာဖွေနေသော စစ်မှန်သောအောင်မြင်မှု့အား ရနိုင်မည်ဖြစ်ရာ နီယသ်မကောင်းလျှင် အာခေရသ်၏ အောင်မြင်မှု့မရနိုင်။ ထိုသို့ဆိုလျှင် ကျွန်တော်တို့၏ အောင်မြင်မှု့သည်လည်း စစ်မှန်သော အောင်မြင်မှု့ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် မည်သည့်လုပ်ရပ်ကိုပင်မဆို ကျွန်တော်တို့ပြုလုပ်ကြမည်ဆိုပါက ဦးစွာပထမ မိမိ၏ နီယသ်အား ဆန်းစစ်ကြရမည်ဖြစ်သည်။ သေးငယ်သော လုပ်ရပ်များမှ ကြီးမားသော လုပ်ငန်းများအထိ အမှု့ကိစ္စဟူသရွေ့တို့တွင် နီယသ်အား အထူးသတိပြုကာ ဆန်းစစ်နေသင့်သည်။
ထို့နောက် သေချာစဉ်းစား၍ လုပ်မည့်အရာအား မည်သို့လုပ်ကိုင်မည်နည်း ဟူသောအချက်ကို စတင်ရေးဆွဲရမည်။ ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ကျွန်တော်တို့ ရေးဆွဲနေသည်ဖြစ်ရာ အဖက်ဖက်မှ ကျွန်တော့်တို့အား အကူညီပေးနေမည်ကို တွေ့ရပေမည်။ အလုပ်တစ်ခုအား စတင်ပြီးနောက် တိုးတက်ခြင်းမရှိခဲ့သော် ကျွန်တော်တို့ ချခဲ့သော အုတ်မြစ်ကို ပြန်လည်လေ့လာကြည့်ပါ။ လစ်ဟင်းမှု့ တစ်ခုခု၊ အားနည်းချက် သို့မဟုတ် ပေါ့လျော့မှု့တစ်ခုခုအား မုချတွေ့မြင်ရလိမ့်မည်။ ထိုသို့ အလုပ်တစ်ခု၏ လုပ်ကိုင်ဆောင်ရွက်ရမည့် ပုံစံရေးဆွဲရာတွင် ဥိးတည်ချက်သည် သတိပြုသင့်သော အချက်တစ်ချက် ဖြစ်သည်။ ဦးတည်ချက်မှာ တစ်ခုတည်းသာ ဖြစ်သင့်သည်။ ဂျပန်စကားပုံတစ်ခုအား အင်္ဂလိပ်စာအုပ်များတွင် တွေ့ခဲ့ဖူးသည်။ Chase one rabbit and you will get it ယုံတစ်ကောင်တည်းကို ဖမ်းပါ။ မိသွားပါလိမ့်မည်။ အချိန်တစ်ချိန်တည်းတွင် ယုံနှစ်ကောင်နောက်သို့ လိုက်ပြီး တစ်ကောင်သည် တောင်အရပ်သို့ပြေးနေမည်။ ကျန်တစ်ကောင်မှာ မြောက်အရပ်သို့ လားနေမည်ဆိုပါက ကျွန်တော်တို့သည် တောင်နှင့်မြောက်ကူးရင်း တစ်ကောင်မှ ဖမ်းမိနိုင်မည် မဟုတ်တော့ပေ။ ထိုသို့မပြုလုပ်ပဲ တစ်ကောင်တည်းနောက်သို့ လိုက်ခဲ့ပါမူ ဖမ်းမိရန်ဖြစ်နိုင်၏။
ဤအချက်မှာ သားလိုက်မုဆိုးအတွက်သာ မဟုတ်ပဲ ကျွန်တော်တို့အားလုံးအတွက် ဖြစ်သည်။ ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ကျွန်တော်တို့ ကြုံနေကြရမည်သာ ဖြစ်၏။ အလုပ်တစ်ခုအား စတင်တော့မည်ဆိုလျှင် များစွာသောအချက်များ ဥိးဏှောက်တွင် ရောက်လာတတ်၏။ ထိုအချက်များအား ရယူလိုစိတ်ဖြင့် များစွာသောအချက်အနက်မှ တစ်ချက်ကိုပင်မရလိုက်ပဲ ဆုံးရှုံးမှု့ကို ရင်ဆိုင်ရတတ်သည်။ ထို့ကြောင့် အလုပ်တစ်ခုအား စတင်တော့မည်ဆိုပါက ဦးတည်ချက်တစ်ခုတည်း သတ်မှတ်ကာ ထိုအလုပ်အား ပီပြင်စွာ အကောင်ထည်ဖော်သင့်ပေသည်။ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှု့မရှိပဲ ကျဆု့းခြင်းများနှင့် ရင်ဆိုင်ခဲ့ရလျှင်လည်း စိတ်အားငယ်၍ လက်မှိုင်ချခြင်းမပြုပဲ ပြန်လည်ကျိုးစား ရမည်ဖြစ်သည်။ လဲကျခြင်းသည် အပြစ်မဟုတ်။ ပြန်မထနိုင်ခြင်းသည်သာ ရှုတ်ချဖွယ်ဖြစ်သည်။
ကျွန်တော်တို့ ခရိးတစ်ခုသို့ သွားနေသည်ဆိုပါစို့.... ထိုခရီးတွင် သတိထားသွားနေပါလျက် အကြောင်းကြောင်းကြောင့် လဲကျသသါားသည်။ ထိုသို့ လဲကျသွားကျသွားသည်ကို ရှက်စရာ ထင်မှတ်ကာ ပြန်မထတော့ပဲ ထိုင်နေမည်ဆိုပါက ပန်းတိုင်သို့ ရောက်တော့မည်မဟုတ်။ ဘဝခရိးလမ်း တလျှောက် အောင်မြင်မှု့သည် မလဲကျခြင်းတွင်သာ ရှိသည်မဟုတ်။ လဲကျပြီးနောက် ပြန်ထရပ်ကာ ပန်းတိုင်သို့ လျှောက်လှမ်းမည်ဆိုပါက အောင်မြင်မှု့နှင့် ဝေးကွာရမည်မဟုတ်ပေ။
ထို့ကြောင့် စစ်မှန်သော အောင်မြင်မှု့အား ရယူလိုသူတိုင်းသည် ဦးစွာပထမ မိမိနီယသ်အား အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ရမည်။ ထို့နောက် ဦးတည်ချက်မများပဲ တစ်ခုတည်းကိုသာ အာရုံစူးစိုက်၍ လုပ်ကိုင်သင့်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးမှု့တစ်စုံတစ်ရာနှင့် ရင်ဆိုင်ခဲ့ရပါက လက်လျှော့်ခြင်း မပြုပဲ ပြန်လည်ကြိုးစားနေရမည် ဖြစ်သည်။ ဤသုံးခုသော အချက်အား ဦးစွာပထမ တင်ဆက်လိုက်ပါသည်။ အချိန်အားလျှင်အားသလို အားဆေးများပေးချင်သော်လည်း မအားလပ်သည့် အခြေအနေအရပ်ရပ်တို့ကြောင့် မရေးနိုင်ဖြစ်နေရ၏။ အင်န်ရှာအလ္လာဟ် ကြိုးစား၍ ဆက်လက် တင်ဆက်ပေးနိုင်ရန် အထူးကျိုးစားနေပါသည်။ စာဖတ်သူများအနေနှင့် ကျွန်တော်နှင့် ကျွန်တော်၏ မိတ်ဆွေများအားလုံးအား မိမိတို့ ဒိုအာတွင် အထူးသတိရပေးကြပါရန် မေတ္တာရပ်ခံရင်း ပို့စ်အား နိဂုဏ်းချုပ်လိုက်ရပါသည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံးအား စစ်မှန်သော အောင်မြင်မှု့ ချီးမြှင့်ပေးသနားတော်မူပါစေ။
ဘရှီးလေး
မေမြို့
Post a Comment