အသိပေးခြင်း
က
Home » » ကာဒီယာနီများနှင့် ဆွေးနွေးခြင်း(၂)

ကာဒီယာနီများနှင့် ဆွေးနွေးခြင်း(၂)

بسم الله الرحمن الرحيم
الحمد لله وحده والصلوة والسلام علي نبيه محمد العربي الذي لا نبي بعده
ကိုနာစိရ်ရဲ့စာများအား အပြာရောင် ဖင့်ရေးသားထားပါသည်။
((သို့။
မူလာအိစင်မ်ဖြစ်သော မော်လာနာစိုးမင်းဦးခင်ဗျာ။
အစ္စလာမ့် နုတ်ခွန်းဆက်သမှုပုံစံဖြင့် နုတ်ခွန်းဆက်သပါတယ်။
အတ်စလာမို့အလိုက်ကွမ်း ၀ရဟ်မသွလ္လာဟ်
ကျနော်တို့ မော်လာနာစိုးမင်းဦးကို မေးလ်ကနေ စကားပြောဖို့ သေချာရေးပြထားပါတယ်ခင်ဗျား။ ဖိုရမ်အဟောင်းတွေမှာ သေချာ ရှာဖတ်ကြည့်ပါ။ မဖျက်ချသေးရင် ရှိပါသေးတယ်ခင်ဗျ။))


(ကိုသူအတွက် အင်တာနက်အသုံးပြုတဲ့နေရာမှာ အခက်ခဲရှိနေတဲ့အတွက် အချိန် စောင့်စားပေးခဲ့ရတာကို ကျွန်တော်တို့ နှစ်ဦးလုံးဖက်မှ နားလည်ပေးရန် တောင်းဆိုလိုက်ရပါသည်။)

ရေးထားတဲ့ အလွဲကလေးတွေကိုတော့ ထပ်ပြိး မပြောတော့ဖူးနော်။ ပထမလည်း ပြောပြီးသွားပြီဆိုတော့ လုံလောက်မယ်လို့ ထင်ပါတယ်။ နောက်ပြီး ဆွေးနွေးမှု့စတင်ဖို့ စည်းကမ်းသတ်မှတ်တာ ငါ့စည်းကမ်း မင်းအတွက်သာဖြစ်တယ်။ ငါလိုက်နာဖို့ မလိုဖူးဆိုတာမျိုးတော့ မဖြစ်စေချင်ဖူးဗျာ။ ဦးစွာပထမ ပြောချင်တာကတော့ ကိုနာစိရ်က ကျွန်တော်တို့ကို မွလ္လာဟ်အိစင်မ် လို့ သုံးနှုန်းတာဟာ ကိုနာစိရ်ဖြစ်စေချင်တဲ့ ကျွန်တော်တို့ကို လိုက်နာစေချင်တဲ့ စည်းကမ်းချက်နံပါတ် (၂၊၅) တို့နဲ့ ငြိစွန်းမနေဖူးလား။ မငြိစွန်းဖူးဆိုရင်လည်း အကြောင်းပြချက်လေးတော့ ပေးပါ။ နားထောင်ကြည့်ချင်လို့ပါ။ (စည်းကမ်းချက်အား အတည်မပြုခင်မို့ ရေးသားခဲ့ရင်လည်း) မွလ္လာဟ်အိစင်မ်ဆိုတဲ့ အဓိပ္ပါယ်ကို ကိုနာစိရ်ဖွင့်ဆိုတဲ့အတိုင်း ကြားသိချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီစာလုံးဟာ အရဗီသဒ္ဒါအရလည်း မှန်ကန်မှု့ ရှိမနေဖူး။ အရဗီလို့ တွေးခေါ်မိရခြင်းကတော့ အိစင်မ်ဆိုတာ အရဗီစာလုံးဖြစ်သလို မွလ္လာဆိုတာလည်း အရဗီစာလုံးဖြစ်တဲ့ မောင်လဝိယွန်မှ လူတို့ခေါ်ဝေါ်မှု့ဖြင့် ပျက်စီးလာရတဲ့ စာလုံးတစ်လုံး ဖြစ်နေလို့ပဲ။ အွရ်ဒူစာပေမှာဆိုရင်လည်း ဒီလိုအသုံးနှုံးမျိုး တစ်ခါမှ မတွေ့ဖူးလို့ပါ။ ဆိုတော့ ကိုနာစိရ်ရဲ့ ကိုယ်ပိုင်တီထွင်လုပ်ယူထားတဲ့ စာလုံးလေးကို ဘယ်လိုဖွဲ့စည်းထားတယ်၊ ဘာကြောင့် ကျွန်တော်တို့ကို ဒီလိုခေါ်ရတယ်ဆိုတာလေးကိုလေး ရှင်းပြပေးစေလိုတယ်။ ကျွန်တော်ဖက်က ကိုနာစိရ်ကို မောင်လာနာတပ်ခေါ်ပါ၊ မွလ္လာလို့ ခေါ်ပါလို့လည်း တစ်ကြိမ်တစ်ခါမှ မတိုက်တွန်းခဲ့သလို ကိုယ်တိုင်လည်း ပြောဆိုခြင်း မပြုခဲ့ပါဖူး။ ဘာကြောင့် မွလ္လာအိစင်မ်တွေကော မော်လနာတွေကော ရှုပ်နေအောင် ခေါ်တာပါလိမ့်။ ပြန်လည်ဖြေကြားပေးပါ။

((ဂျာဟီလ်များနဲ့ အွန်လိုင်း molester များရှိတဲ့ ဆိုဒ်မှာ ကျနော်တို့ ၀င်ရောက်ရေးသားခြင်း ပြုမှာမဟုတ်ပါ။ ))

ဂျာဟိလ်ဆိုတာ အာလင်မ်ရဲ့ ဆန့်ကျင်ဖက် အမည်နာမတစ်ခုဖြစ်တယ်။ ဆိုတော့ တစ်ခုလောက် သိချင်လို့ မေးပရစေဗျာ။ ကိုနာစိရ်နဲ့ကိုဇေယျာမိုးတို့ကကော အဟ်မဒီ (ကိုနာစိရ်တို့ခေါ်ဝေါ်စေချင်တဲ့ အထူးပြုနာမည်ဖြစ်မယ်လို့ ထင်လို့ပါ... အများခေါ် ကာဒီယာနီ) အာလင်မ်တစ်ယောက်လား။ နောက်ပြီး အာလင်မ်တွေချည်းပဲ ရှိတဲ့ဆိုဒ်ရယ်လို့ ရှိလို့လား။ ဂျာဟိလ်မဲ့ဆိုဒ်ဆိုတာ ရှိလို့ လား ?? သိချင်တာလေးမို့လို့ ဖွင့်ဟမေးမြန်းလိုက်တာပါ။ ဂျာဟိလ်တွေရှိလို့ ဝင်ရောက်မေ၇းသားဖူး ဆိုတာကတော့ သဘာဝမကျဖြစ်နေလို့ပါ။ တကယ်ဆိုရင် အဲ့ဒီဖိုရမ်မှာ ဆွေးနွေးသူလေးယောက်မှ အပမည်သူမှ ဝင်ရောက်ရေးသားခွင့်မရှိဖူးဆိုတာကိုလည်း ကိုနာစိရ် သိမှာပါ။ အဲ့အတွက်လည်း ကျွန်တော်ဖက်က တာဝန်ယူနိုင်ပါတယ်။ ဘယ်သူမှလည်း မရေးသားစေရပါဖူး။ ဒီနေ့ထိ အကြိမ်ရေ80ကျော် ကြည့်ရှု့ပြီးသွားသော်လည်း မည်သူမျှ ဝင်ရောက်ရေးသားခြင်း မရှိသည်ကို သက်သေအဖြစ် မြင်တွေ့နိုင်ပါတယ်။ ကိုနာစိရ်ပေးတဲ့ အကြောင်းပြချက်ကတော့ ခိုင်လုံမှု့ မရှိဖူးလို့ ထင်မြင်မိတယ်။ ကိုနာစိရ်အနေနဲ့ မိမိသာသနာ၊ ယုံကြည်ရာနဲ့ မိမိခံယူချက်ကို တင်ပြရေးသားဖို့ ယူအိုအိုင်လို အဟ်မဒီများ (အများခေါ် ကာဒိယာနီ)နည်းပါးသည့် ဆိုဒ်တစ်ခုမှာ ရေးသားခဲ့မယ်ဆိုရင် ကိုနာစိရ်ဟာ တကယ်ကို သူရဲကောင်းပီသပြီး မျိုးချစ်စိတ်ဓါတ် ရှင်သန်နေတဲ့သူတစ်ယောက်လို့ လူအများက လက်ခံလာကြမှာ။ အခုလို မေးလ်ကနေပဲ ဆွေးနွေးတယ်ဆိုတော့ အရင်မြင်တွေ့နေတဲ့ သူတွေဟာ ကိုနာစိရ်တို့နဲ့ ပတ်သတ်ပြီး ပြောစ၇ာတွေ ဖြစ်လာမှာပေါ့။ ကြောက်လို့လား၊ လူရှေ့မှာ အရှက်ကွဲမှာဆိုးတာလား၊ အလိမ်ပေါ်မှာကို လန့်တာလား အဲ့လိုတွေ မေးမြန်းလာနိုင်တယ်။ ဒါဆို ကိုနာစိရ်တို့ ဂုဏ်ရည်တွေ ပဲ့ကြွေပျက်စီးပြီး အမှောင်ထဲကသူ အလင်းကို မလာဝံ့ဖူးဆိုတဲ့ စကားပုံကို သက်သေထူပြလိုက်သလို ဖြစ်သွားမယ်။ စဉ်းစားကြည့်ပေါ့။ ဘာလုပ်သင့်သလဲဆိုတာကို။ ကျွန်တော်ဖက်ကနေတော့ (ကိုနာစိရ်တို့ဖက်ကို သေချာစဉ်းစားပေးရင်း) ယူအိုအိုင်မှာပဲ ဆွေးနွေးစေချင်တယ်။ အခြားအကြောင်းပြချက်များကြောင့် ဆိုရင်တော့ သဘောတော် အတိုင်းပါ။ မကန့်ကွက်ပါဖူး။

((ခု ဒီပြန်စာကို ရေးသားလိုက်ရတာလည်း ကျနော်တို့နာမည်တွေယူသုံးပြီး derogatory term ဖြစ်တဲ့ ကာဒီယာနီဆိုတာကို တွင်တွင်သုံးကာ (ကာဖဲရ်များက မြန်မာမွတ်စလင်မ်များကို ကုလား၊ ကုလားဟုသုံးသည့်နှယ်) မော်လာနာစိုးမင်းဦးက ပြန်ကြားစာရေးထားတာကြောင့် ဖြစ်ပါတယ်။))

အခုလို ပြန်စာရေးပေးလိုက်တဲ့အတွက်ကိုလည်း ကျေးဇူးတင်လှပါတယ်။ ကိုနာစိရ်ကို တစ်ခုလောက်တော့ ပြောပြချင်ပါသေးတယ်။ ကာဒီယာနီဆိုတဲ့ အသုံးအနှုံး၊ ဝေါဟာရကို derogatory term လို့ သတ်မှတ်တာဟာ မိမိတို့ခေါင်းဆောင်တွေရဲ့ ပတ်သတ်ဆက်နွယ်ရာကို ပုတ်ခတ်ပြောဆိုနေ သလိုဖြစ်မနေဖူးလား။ ကာဒိယာနီဆိုတာ ကျွန်တော်ပထမရှင်းပြထားသကဲ့သို့ဆိုတာ မမေ့လိုက်ပါနဲ့။ သမိုင်းမှာ ကျော်ကြားခဲ့ပြီးဖြစ်တဲ့ နာမည်တစ်ခုကို အစားထိုးဖျောက်ပစ်ချင်လောက်အောင်လည်း ဘာဆိုးကျိုးမှ မရှိပါဖူး။ နောက်ဆုံး ကိုဇေယျာမိုးကိုယ်တိုင်တောင်မှပဲ  ဂျွန်လ 3, 2012 at 12:39am အချိန်မှာ ((ကျွန်တော့်ဘက်က ပွင့်လင်းစွာ ပြောပြီးသားပါ.. brother.. ကျွန်တော်ဟာ အဟ်မဒီ မွတ်စလင် (အများအခေါ် ကာဒီယာနီ)ပါ။ )) နောက်ပြီး ကိုနာစိရ်ကိုယ်တိုင်လည်းပဲ ဂျွန်လ 3, 2012 at 12:39pm အချိန်မှာ ((အက်ဒ်မင်များ ခင်ဗျား။ ကျွန်တော်ဟာလည်း အဟ်မဒီ(တခြားလူတွေသိတာတော့ ကာဒီယာနီပေါ့ဗျာ) တစ်ယောက်ပါပဲ။))လို့ ဝန်ခံထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ကိုနာစိရ်အနေနဲ့ အမြင်ရှင်းရှင်းထားပေးပါ။ တူညီတဲ့ နာမည်နှစ်ခုမှာ တစ်ခုကို အပြစ်ပြောတာဟာ နောက်တစ်ခုကိုလည်း အကျိုးသက်ရောက်စေတယ်။ ဥပမာ ကျွန်တော့်မှာ နာမည်နှစ်ခုရှိတယ်ပေါ့။ ဘရှီရွလ္လာဟ်ဆိုတာကို သာသနာ့အသိုင်းဝိုင်းကပဲ သိတယ်။ (အဟ်မဒီကို ကိုနာစိရ်တို့ သိသလိုပေါ့) စိုးမင်းဦးကိုတော့ မြို့တွင်းမှာ ရှိတဲ့ ကာဖရ်တွေ... မွတ်စ်လင်မ်တွေ အားလုံးက သိတယ်။ (ကိုနာစိရ်တို့ကို ကာဒိယာနီလို့ လူအများသိသလိုပေါ့) အဲ့တာကို ကျွန်တော်က စိုးမင်းဦးကို derogatory term လို့သတ်မှတ်ကာ မကောင်းပြောရင် မိမိကိုယ်မိမိ မကောင်းတဲ့သူလို့ သတ်မှတ်သူဖြစ်သွားရမယ်။ မိမိကိုယ်မိမိ ဘရှီရွလ္လာဟ်ဟု မည်မျှပင်ဟစ်ကြွေးနေပါစေ အများသိတဲ့ စိုးမင်းဦးဟာ ကျွန်တော်ပါပဲ။ ဆိုတော့ ခေါင်းဆောင်တွေရဲ့ စာတွေမှာ ကာဒိယာန် ဆိုတာ ဘယ်လိုမြင့်မြတ်ပြီး လေးစားသင့် ထိုက်တဲ့ နေရာဖြစ်တယ်ဆိုတာလေးကို သတိချပ်ရင်း မိမိတို့ ခေါင်းဆောင်များနဲ့ ၎င်းတို့ရဲ့ ပတ်သတ်ရာ အရာများကို ဦးစွာပထမ စော်ကားမှု့မပြုမိပါစေနဲ့လို့ ပြောပရစေ။ ကိုယ်တိုင်စော်ကားချင် စော်ကားမယ် မင်းတို့ မစော်ကားနဲ့ဆိုရင်တော့ ကိုနာစိရ်ရေ သိပ်မဟုတ်သေးဖူး။

((ဒါကြောင့် မူလာအိစင်မ် မော်လာနာစိုးမင်းဦးခင်ဗျား။ ကျနော်များ မွတ်စလင်မ် (အဟ်မဒီ) များဘက်မှ တရားမျှတစွာ အဆိုပြုလိုတာက
၁) ကျမ်းမြတ်ကုရ်အာန်
၂) ထိုကျမ်းမြတ်ကုရ်အာန် မုက္ခပါတ်တော်အားထောက်ခံသော စစ်မှန်သည့် ဟဒီးဆ်
တို့အထောက်အထားဖြင့် အီးမေးလ်အပြန်အလှန်သဘောဖြင့်သာ ဆွေးနွေးသွားလိုပါတယ်။ ဒါ့ပြင်
၃) ကုရ်အာန်ကို ကုရ်အာန်ကသာလျှင် တိတိကျကျ အဓိပ္ပါယ်ဖွင့်သည်
ဆိုတဲ့အချက်ကိုလည်း လက်ခံပေးပါ။))

ဒီနေရာမှာ ကျွန်တော်တို့ဖက်က သတိပေးစရာလေးတွေ ရှိလာလို့ပါ။ စစ်မှန်တဲ့မွတ်စ်လင်မ်များ လက်ခံကျင့်သုံးနေတာ ကုရ်အာန်ဟဒီးဆ်အစ်ဂ်ျမာအ်ကိယာစ် ဆိုတဲ့ လေးခုပါ။ နောက်ပြီး အမိန့်တော်များ သတ်မှတ်ရာမှာ လိုအပ်လာတဲ့ သရ်ဂျီးဟ်(မည်သည့်အမိန့်ကို ဦးစားပေးရမည်၊ မည်သည့်အမိန့်ကို ဦးစားမပေးရ) စသည့် ပြုလုပ်ခြင်းတွေလည်း လိုအပ်လာပါတယ်။ ဒါတွေကို ပညာ့ရှင်များ ပြဌာန်းချက်နဲ့အညီ ဆုံးဖြတ်ဖို့အတွက်လည်း လိုအပ်တယ်။ တကယ်လို့ ကိုနာစိရ်တို့က စစ်မှန်တဲ့အစ္စလာမ်ဘာသာဝင် မဟုတ်ဖူးလို့ မိမိကိုယ်မိမိ သတ်မှတ်ထားရင်တော့ ပြောဆိုထားတဲ့ အတိုင်း ဆွေးနွေးခွင့်ရှိနေပါတယ်။ စစ်မှန်တဲ့မွတ်စ်လင်မ်တစ်ယောက်လို့လည်း သတ်မှတ်တယ် ပြီးတော့ ဘောင်အပြင်ကအတိုင်း ကျင့်သုံးချင်တယ်ဆိုရင်တော့ မွတ်စ်လင်မ်(အဟ်မဒီ)လို့ ခေါင်းစဉ်မတပ်ပဲ အဟ်မဒီ (အများအခေါ် ကာဒိယာနီ)လို့ နာမည်တပ်ပေးပါ။ စစ်မှန်တဲ့ မွတ်စ်လင်မ်လို့ ခေါ်ဝေါ်ခံချင်တယ်၊ ခေါ်ခံရခွင့် လိုချင်တယ်ဆိုရင်တော့ ကျွန်တော်များပြောသလို လေးခုလုံးကိုလိုက်နာလိုက်ပါ။ မဟုတ်ရင်တော့ အဆံမရှိ၊ အသံသာရှိတဲ့ သင်္ကြန်အမြှောက်ကြီးလို့ သတ်မှတ်ခံနေရမှာ ဆိုးလို့ပါ။ အကယ်လို့ ကိုနာစိရ်တို့ ခေါင်းဆောင်ကြီး မစ်ရ်ဇာရ် အဟ်မဒ်က ကုရ်အာန်နဲ့ဟဒီးဆ်ပဲ လက်ခံဖို့လိုတယ်လို့ ငါ့အပေါ် ဝဟီလာတော်မူတယ် ဆိုပြီး မိန့်ဆိုထားခဲ့ရင်တော့ ဟယာသိအီစာ(အလိုင်ဟိစ္စလာမ်)အကြောင်းအရာထက် ဝဟီကျလာကြောင်း မိမိနဗီဖြစ်ကြောင်း ပြောဆို၊ကြွေးကျော်ခဲ့တဲ့ ကိုနာစိ၇်တို့ ခေါင်းဆောင်ကြိးအကြောင်းကို အရင်ဆွေးနွေးရလိမ့်မယ်။ ဒါမှပဲ အဆင်ပြေမှာမို့လို့ပါ။ အဲ့လိုမှ မဟုတ်ရင်တော့ ကျွန်တော်များ တင်ပြခဲ့တဲ့အတိုင်း လေးခုကို လက်ခံပေးလိုက်ပါ။

နံပါတ်သုံးအချက်နဲ့ ပတ်သတ်ပြီးတော့ ပြောချင်တာလေးတွေရှိနေပါတယ်။ သဖ်စီးရွလ်ကုရ်အာန် ဗင်လ် ကုရ်အာန်ဆိုတာကို လက်ခံပါတယ်။ သို့သော် ပြောချင်တာလေး ရှိပါတယ်။ ဥပမာ- ဇကားသ်ဟူသော စကားလုံးအား ကုရ်အာန်ကျမ်းမြတ်တွင် ဆွဒကဟ်အတွက် သုံးနှုံးထားတာကိုတွေ့မြင်ရပါလိမ့်မယ်။ ထိုနေရာကို ကြည့်၍ နေရာတိုင်း ဇကားသ်ဟူသောစကားလုံး ပါလာတိုင်း ဆွဒကဟ်ဟု ပြောဆိုချင်လို့တော့ မရဖူး။ ထို့အတူ သတ်စ်ဗီးဟ် ဟူသောစလုံး .... အချို့နေရာတွင် နမားဇ်ဖတ်ခြင်း အဓိပ္ပါယ်တွင် သု့းစွဲထားတယ်။ ဒါကိုကြည့်ပြီး တွေ့မြင်သမျှ သတ်စ်ဗီးဟ်အား နမားဇ်အဓိပ္ပါယ်လို့တော့ သတ်မှတ်ခွင့်မရှိဖူး။ (ကိုနာစိရ်ရဲ့ ပညာတတ်ကျွမ်းမှု့အား အသိအမှတ်ပြုသည့် အနေနဲ့ ဘယ်နားမှာ ဘယ်လိုပါတယ်ဆိုတာကို မပြောပြပေးတော့ဖူး။ သိချင်တယ်ဆိုရင် လည်း ပြောပြပေးဖို့ အသင့်ပါပဲ။) အဓိက ပြောဆိုချင်တာက ဥပမာတွင် ဖော်ပြထားသကဲ့သို့ အဓိပ္ပါယ်နှစ်မျိုးနှင့်အထက် ထွက်ပေါ်နေသော စာလုံးများအား ဟဒိးဆ်၊ သဖ်စီးရ် ၊အာစါးရ် ၊ လိုဂဟ် အစရှိသည်တို့အား မှီငြမ်း၍သာ အတည်ပြုပေးရန်ဖြစ်တယ်။

((၁) ကုရ်အာန်နှင့် ယင်းအားထောက်ခံသော ဟဒီးဆ်မှအပ (အစ္စလာမ့် ကျမ်းမြတ်ကုရ်အာန် သဖ်ဆီရ် ဋီကာ ပညာရှင်ကြီးများ၏ ရှင်းလင်းချက်အကျယ်၊ အခြား ရှင်းလင်းချက် အကျယ်မှလွဲ၍*) အခြားစကားလုံး တလုံးတပါဒကိုမျှ အရေးတယူပြုလုပ် ပြန်ကြားချက်မပေးပါ။))

ဒီနေရာလေးမှာ တစ်ခုလောက် ဖြည့်စွက်ချင်တယ်။ အဲ့တာက တခြားတော့ မဟုတ်ပါဖူး ကိုနာစိရ်တို့ ခေါင်းဆောင်ကြီးနဲ့ အဟ်မဒီ (အများခေါ် ကာဒီယာနီ) ပညာရှင်များ တင်ပြခဲ့တဲ့ အချက်အလက်အချို့ကို ကျွန်တော်များ တင်ပြခဲ့သော် အထောက်အထားအဖြစ် လက်ခံမယ် ဆိုတာလေးကို ကိုနာစိရ်တို့ဖက်မှ ပွင့်လင်းစွာ ရေးသားပေးစေလိုတယ်။ လက်ခံမယ်လို့ မျှော်လင့်မိပါတယ်။

၂) ပုဂ္ဂလိကစော်ကားခြင်း၊ တပါးသူဆွေးနွေးဘက်များက လေးစားတန်ဖိုးထားသူများ(လေးစား
တန်ဖိုးထားသည့် စာပေများနှင့် အခြားအရာများ) အား စော်ကားခြင်း၊ ရှုံ့ချခြင်း၊ အမနာပပြောဆိုခြင်း၊ ခနဲ့ခြင်း၊ စောင်းချိတ်ပြောဆိုခြင်းနှင့် မဟုတ်မတရား သွားပုတ်လေလွင့် ပြောဆိုခြင်းများကို လုံးဝမပြုလုပ်ရ။

Do as i say not as i do လို့ လူအများပြောတဲ့ ပုံစံမဖြစ်ရင် ကျေနပ်လှပါပြီ။ ကိုယ်တိုင် လိုက်နာကျင့်သုံးမှု့ မရှိတဲ့မူကို ကျွန်တော့်ကို ချမပြပါနဲ့လို့လည်း ပြောချင်ပါတယ်။ လက်ခံတယ်ဆိုရင် ကိုနာစိရ် ရေးသားခဲ့တဲ့ မွလ္လာအိစင်မ် ဆိုတဲ့ အသုံးနှုံးသစ်တစ်ခုကို ရှင်းပြရင်းနဲ့ ရည်ရွယ်ချက်ကို ကျွန်တော်သိအောင် ပွင့်ပွင့်လင်းလင်း ပြန်လည်ပြောကြားပေးပါ။

၃) မြန်မာစာကို မြန်မာသဒ္ဒါနည်းကျသာ ရေးသားရန်နှင့် မလိုလားအပ်သည့် စာလုံးပေါင်းအကျကဲ့သို့သော (ဖြည့်စွက်နားလည်ပေးရန်ထိုက်တန်နေသော်လည်း) အမှားအယွင်းများကို သငယ်နှပ်စား အကျယ်တုန့်ပြန်နေမှုများ မပြုလုပ်ရန်

ဒီအချက်ကိုလည်း လက်ခံပါတယ်။ ထပ်ပြီးဖြည့်စွက်ချင်တာက ရေးသားထားသည့်အတိုင်း နားလည်ရန်နှင့် မဆိုင်သော မိမိလိုရာသို့ စွဲယူယူဆသည့်ပုံစံမျိုးကိုလည်း ရှောင်ကျဉ်ဖို့ပါ။ ရည်ရွယ်ချက် သို့မဟုတ် မရှင်းလင်းသည်ကို အပြန်လှန်မေးမြန်းခွင့်ပြုပေးဖို့ပါ။

၎) ပြန်ကြားသည့်အခါ ၂ ဦးလုံးမှ မပြန်ကြားပဲ ဘုံရေးသားထားသည့် စာတစ်စောင်တည်းသာပြန်ကြားရန်

ဒီအချက်ကိုလည်း လက်ခံပါတယ်။ အီးမေးလ်ကို ကျွန်တော့်အကောင့်ဖြစ်တဲ့ basheerlay.mm@gmail.com ကနေပဲ ပို့ပေးမှာပါ။ ကိုနာစိရ်တို့ဖက်ကလည်း သတ်မှတ်ပေးဖို့ မေတ္တာ၇ပ်ခံလိုက်ပါတယ်။

၅) တပါးသူအား နာမည်ပျက်၊ နာမည်ပြောင်ဖြင့်မခေါ်ရန်။ တပါးသူဆွေးနွေးဘက်များက လေးစားတန်ဖိုးထားသူများအားလည်း ထိုသို့ လုံးဝမပြုလုပ်ရန်။

ဒီအချက်က နံပါတ်နှစ်အချက်နဲ့ ထပ်တူပဲလို့ ထင်မြင်မိပါတယ်။ နံပါတ်နှစ်အချက်မှာ ရေးသားခဲ့တဲ့အတိုင်း ဒီမှာလည်း ဖြည့်စွက်ဖတ်ရှု့ပေးပါ။

၆) အချိန်ကို ၂ ပတ်အထိသာ ကန့်သတ်ရန်

ဒီအချက်နဲ့ ပတ်သတ်ပြီးတော့ မရှင်းတာလေး ရှိနေလို့ပါ။ မေးလ်တစ်ခုအား ဖြေကြားခြင်းကို နှစ်ပတ်အချိန်ပေးတာလား။ သို့မဟုတ် ဟယာသိအိစာ(အလိုင်ဟိစ္စလာမ်)ဆွေးနွေးမှု့အား နှစ်ပတ်အတွင်း အပြိးဆွေးနွေးဖို့ ပြောတာလား။ ပြန် လည်ဖြေကြားပေးစေလိုပါတယ်။

၇) ကိုသူ(ခ)နိုအိမ်းဆိုသည့် မူလာအိစင်မ်မှာ အဟ်မဒီများနှင့် စကားမပြောရဟူသည့် ဖသ်ဝါအား လက်ခံသူဖြစ်သော်လည်း ယခုတွင်မူ အဟ်မဒီမွတ်စလင်မ် (အစစ်အမှန်အစ္စလာမ် သာသနာဝင်များ) နှင့် စကားပြောဆွေးနွေးလိုပါသည်ဟု ဆိုလာသည့်အတွက် ယင်းအား ဖြေရှင်းချက် အလျင်ပေးရန်။
(ကိုသူ အဖြေမှာ)
ဒီမေးခွန်းဟာ ဆွေးနွေးရမည့်အဓိက ကိစ္စမဟုတ်သောကြောင့် (လက်ခံသူအဖို့ အထောက်အထားတစ်ခုမျှပင်လုံလောက်ပေသည်)ဟူသော အချက်အား ထောက်ရှု့ လျှက် အဖြေ(၂)ခုသာရေးပေးလိုက်ပေသည် ။

 (၁)  ပထမဆုံးပြောလိုသည့်အချက်မှာ  မေးခွန်းရဲ့ အခြေပြုပုံလွဲနေသည့်အတွက် မည်သည့်စာကိုမဆို သေခြာဖတ်ပြီးမှ စောဒက တတ်ပါ ဟု စေသနာသက်သက်ဖြင့်အကြံပြုလိုပါသည် ။
ကျွန်တော့်အနေနဲ့ ( အဟ်မဒီများနှင့်စကားမပြောရ ) ဟူသည့်ဖသ်ဝါကို မည်သည့်နေရာမှာ၌ တင်ခဲ့ပါသဖြင့် ကျွန်ုပ်အား ယ္ခုခဲ့ကဲ့သို့ စွပ်စွဲကာ ဖြေရှင်းချက်တောင်းနေရသနည်း?? ။
ကျွန်တော်တင်ခဲ့သည့်ဖသ်ဝါ(၂)ခုကိုပြန်လည်ဖတ်ရှု့ နိုင်ပါသေးတယ် ။
*ကာဒီယာနီနှင့်စပ်လျှင်း၍ မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ့ ချုပ်မှဆုံးဖြတ်ချက် ( http://uoigroup.net/profiles/blogs/6341740:BlogPost:310248 )
* ကာဒီယာနီ နှင့်စပ်လျဉ်း၍ အစ္စလာ့မ် ကမ္ဘာမှ ဆုံးဖြတ်သည့် ဖသ်ဝါ ။ (http://uoigroup.net/profiles/blogs/6341740:BlogPost:293846)

    အထက်ပါ ဖသ်ဝါ(၂)တွင် "စကားမပြောရ" ဟု ဘယ်နေရာတွင်ပါသနည်း ??

(၂)ဒုတိယအချက်မှာ အကယ်၍ " ကာဒီယာနီများနှင့်စကားမပြောရ " ဆိုပြီး ကျွန်တော်လက်ခံထားပါတယ်လို့  ကိုနာစိရ်တို့ က ယူဆထားတယ်ဆိုရင် အဲဒီရဲ့ အဖြေမှာ ...
အမိန့်  တစ်ခုသည် ကူယူးဒ် ၊ ရှရာအိသွ် ၊ ဟိုင်စိယားသ် ၊ အိအ်သိဘာရားသ် ၊ဟာလားသ် စသည်တို့ ကို အခြေပြုကာ ပြောင်းလွဲတက်ပေသည် ။ သာဓကပြောရလျှင် ...
ကျမ်းမြတ်ကုရ်အာန်တစ်နေရာတွင် ယဟူးဒ် နစ်ွရာများနှင့် မိတ်သင်္ဂဟပြုခြင်း ၊ မဟာမိတ်ဖွဲ့ ခြင်းကိုကခုလိုတားထားပေသည် ။
ياأيها الذين آمنوا لا تتخذوا اليهود والنصارى أولياء
بعضهم أولياء بعض ومن يتولهم منكم فإنه منهم إن الله لا يهدي القوم الظالمين

တခြားတနေရာတွင် အိဟ်လေ့ကိသားဗ်များနှင့် နေကဟ်ပြုပိုင်သည်ဟုယ္ခုကဲ့သို့ ပြောထားပါသည် ။
وَالْمُحْصَنَاتُ مِنَ الْمُؤْمِنَاتِ وَالْمُحْصَنَاتُ مِنَ الَّذِينَ أُوتُوا الْكِتَابَ مِنْ قَبْلِكُمْ

ဒီထက်ပိုရှင်းအောင်ပြောရလျှင်
ကျမ်းမြတ်ကုရ်အာန်၌ ဝက်သားစားခြင်းကို ဟရားမ်ဟုယခုကဲ့သို့ သက်မှတ်ထားပေသည် ။
حُرِّمت عليكم الميتةُ و الدم و لحم الخنزير
သို့ သော် တခြားတနေရာတွင် ဟာလသေ အိဇ်ွသွေရာရီ တွင် မသေရုံခန့် စားပိုင်သည်ဟူ၍ ယ္ခုကဲ့သို့ မိန့် ထားပေသည် ။
فمن اضطر غير باغ ولا عاد فلا إثم عليه
ဤမျှသောအဖြေသည် လက်ခံသူများအဖို့ လုံလောက်ပေမည်ဟု ယူဆလျှက် ဤအဖြေကို ဤမျှနှင့်ပင် နိဂုံးချုပ်လိုက်ပါသည်။



၈) ယခု အဟ်မဒီမွတ်စလင်မ်များဘက်မှ ဆွေးနွေးမည့်သူ ၂ ဦးမှာ အပြည်ပြည်ဆိုင်ရာ အဟ်မဒီယာမွတ်စလင်မ်အဖွဲ့နှင့် အဟ်မဒီယာမွတ်စလင်မ်အဖွဲ့မြန်မာနိုင်ငံတို့အား ကိုယ်စားပြု ဆွေးနွေးမည့် သူများ မဟုတ်ပါ။

 ကောင်းပါပြီ။ သီးသန့် နှစ်ဦးတည်းနှင့်သာ သက်ဆိုင်သော ဆွေးနွေးခြင်းလို့ မှတ်ယူပါ့မယ်။ အကယ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ အဟ်မဒီ(အများခေါ် ကာဒီယာနီ)အဖွဲ့ချုပ်ကို ဆက်သွယ်လိုပါက ဘယ်လိုအဆက်သွယ်ပြုလုပ်ရမလဲဆိုတာလေးကိုလည်း မေးထားပြီး အကြောင်းပြန်ပေးပါ။ လိုအပ်လာလျှင် မြန်မာနိုင်ငံလုံးဆိုင်ရာ အဟ်မဒီ(အများခေါ် ကာဒိယာနီ)အဖွဲ့ချုပ်နှင့် တိုက်ရိုက်ဆွေးနွေး သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးလိုက်ပါတယ်။ 

ကိုနာစိရ်ရေးသားထားသည့် အချက်များနှင့် ကျွန်တော့်ဖြည့်စွက်ချက်များအပြင်........
(က) ဆွေးနွေးမှု့အား ငြိမ်းချမ်းစွာ ဆွေးနွေးရန်၊ ကလေးဆန်ဆန် ရန်ဖြစ်နေသည့်အလား အပြောအဆို၊ အသုံးအနှုံးများအား ရှောင်ရှားရန်။
(ခ) စောကားမှု့မပါသော မိမိတို့ယုံကြည်လက်ခံထားသည့်အတိုင်း ပြောဆိုရေးသားခွင့်ပေးရန်။ ဥပမာ စလာမ်ပေးယူခြင်းကိစ္စမျိုး၊ ကိုနာစိရ်တို့ ခေါင်းဆောင်ကြီး မစ်ရ်ဇာရ်အဟ်မဒ်နှင့် အခြားအဟ်မဒီ (အများခေါ် ကာဒိယာနီ)ပညာရှင်များ နောက်တွင် ဒိုအာပုဒ်များတပ်ပေးခြင်း အစရှိသည့် ကိစ္စများ။
(ဂ) ဆွေးနွေးနေသော ခေါင်းစဉ်အောက်တွင်သာ ပြောဆို ဆွေးနွေးရန်နှင့် အခြားမလိုလားအပ်သော အကြောင်းအရာများအား ယူလာခြင်းမပြုရန်။ ထိုသို့ပြုလုပ်လာလျှင် ဖြေကြားပေးရန် မလိုအပ်ဟု လက်ခံပေးရန်။
(ဃ) မရှင်းမလင်းဖြစ်နေသောကြောင့် ပြန်လည်မေးမြန်းလာပါက အမြန်ဆုံး ပြန်လည်ရှင်းပြရန်။
(င) တဖက်လူ၏ မေးခွန်းအား ပြည့်စုံစွာ ဖြေကြားပေးရန်။ ဖြေလိုသည်များအားဖြေကြား၍ မဖြေလိုသည်များအား ကျော်သွားခြင်းမပြုရန်။ (အဖြေပေးရန် စည်းကမ်းမှာ ကိုနာစိရ်နှင့် ကျွန်တော်ဖြည့်စွက်သတ်မှတ်ခဲ့သော နံပါတ်(၁)နှင့် နံပါတ်(၃)အတိုင်းသာဖြစ်သည်)
ဤမေးလ်အား အပြည့်စုံဆုံး ပုံစံဖြင့် ရပလိုင်းလုပ်ပေးလိမ့်မည်ဟု မျှော်လင့်ရင်းးးးးးးးး

وماعلينا إلا البلاغ المبين

ဘရှီးလေး
မေမြို့
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger