အသိပေးခြင်း
က
Home » , » သိမှတ်ဖွယ်ရာ မှာတမ်းစာ

သိမှတ်ဖွယ်ရာ မှာတမ်းစာ

 بسم الله الرحمن الرحيم
ဇိုဘိုင်းရ် အလ်ကလ်ဗီသည်  မိမိ၏ သားများအား ဤသို့  မှာတမ်းစကားဆိုခဲ့၏။
အိုချစ်သားတို့... ငါသည် အသက်ရွယ်အိုမင်း၍ ဘဝနိဂုံးချုပ်ရတော့မည်။ အတွေ့အကြုံတို့သည်လည်း ငါ့အား ရင့်ကျက်စေခဲ့ပြီ။ အလုပ်ကိစ္စတို့ဟူသည် အတွေ့အကြုံနှင့် ရွေးချယ်မှု့ (အတိုင်းသာ)ဖြစ်၏။ ငါပြောမည့် စကားတို့အား ကောင်းစွာနားစွင့်၍ နားလည်ကျက်မှတ်ထားလေကုန်။

ဘေးဒုက္ခများနှင့် ကြုံဆုံလာရပါလျှင် တွေဝေခြင်းမပြုကြလေနှင့်။ ကပ်ဆိုက်ချိန်တွင် တစ်ဦးကိုတစ်ဦး နိုင်ထက်စီးနှင်း မပြုကြလေနှင့်။ ဧကန်စင်စစ် ထိုသို့ပြုခြင်းသည် ပူဆွေးဝမ်းနည်းမှု့အား ဖိတ်ခေါ်ရာမည်လေသည်။ ရန်သူအား ပျော်ရွှင်စေ၏။ ဖန်ဆင်းပြုစုစောင့်ရှောက်တော်မူသော အရှင်မြတ်နှင့်ပတ်သတ်၍ မကောင်းမြင်၊ မကောင်းတွေးခြင်းဖြစ်၏။ ထို့နောက် အသင်တို့သည် အဖြစ်အပျက်များနှင့် ပတ်သတ်၍ လှည့်စားခံရသူများ၊ ယင်းအဖြစ်ပျက်များအား ပျက်ရယ်ပြုသူများနှင့် ဂရုမစိုက်သူများ မဖြစ်ကြကုန်နှင့်။ အသို့ဆိုသော် (လောကီဖြစ်စဉ်များနှင့်ပတ်သတ်၍) ပျက်ရယ်ပြုသော အုပ်စု၊ မျိုးနွယ်ဝင်တို့သည် ထိုဖြစ်၇ပ်များ၌သာ ဒုက္ခပင်လယ်ဝေကြရသည်။ ထို့ကြောင့် အသင်တို့သည် ၎င်းအဖြစ်အပျက်များအား (သတိထား၍) စောင့်ကြည့်နေကြလေကုန်။ လောကီဘဝတွင် လူသား၏ ပမာကား .... လေသည်တော်များနှင့်တူပေသည်။ ယင်းတို့သည် ပစ်မှတ်တစ်ခုအား ဝိုင်းဝန်းပစ်ခတ်နေကြ၏။ ပစ်မှတ်သို့တိုင် မရောက်သူများရှိသကဲ့သို့ ပစ်မှတ်အား ကျော်လွန်၍ ပစ်ကြသူများလည်း ရှိ၏။ ပစ်မှတ်၏ ဝဲဘက်သို့ရောက်သွားသူများနှင့် ပစ်မှတ်၏ ညာဘက်သို့ ရောက်သွားသူများ၏ ရှိနေ၏။ (ထိုသို့လေ့ကျင့်နေရင်းဖြင့်) နောက်ဆုံးတွင် ပစ်မှတ်အား ထိမှန်သွားရလေသည်။

ဆုံးမစကားမှာ ဤမျှသာဖြစ်သော်လည်း ထိုဆုံးမစကားအား အခြေခံ၍ စကားအနည်းငယ် လက်ဆောင်ပေးလျှင် ငြင်းမည်ဟုမထင်...။
ပညာရှိတို့၏ စကားလုံးတိုင်းသည် ပြည်တန်ပတ္တမြားကဲ့သို့ အဖိုးထိုက်လှပေသည်။ စဉ်းစားလေ နက်နဲလေ... တွေးမိလေ စူးရှလေ ဖြစ်၏။ စာပေဝါသနာထုံသူများအနေနှင့် စကားတခွန်းအား နာရီပေါင်းများစွာ စာရွက်ပေါင်းများစွာ အသုံးပြုပြီး ရေးဖွဲ့သီကုံး၊ ပြောဆိုနိုင်သည်မှာ လက်တွေ့ပင်ဖြစ်ပေမည်။ ထို့အတူ ဆုံးမစကား၊ မှာတမ်းစကားနှင့် အထူးသဖြင့် ပညာရှိတို့၏စကားအား မိမိသဘောနှင့် နားလည်သည်ထက် တတ်သိနားလည်သူတို့၏ ရှင်းပြမှု့ အလင်းရောင်အောက်တွင် လျှောက်လှမ်းလိုက်နာခြင်းက သာပိုကောင်းမွန်ပေသည်။ ထို့ကြောင့် တတ်သိနားလည်သော ဆရာသခင်တို့အား မေးမြန်း၍ သိရှိသည်အား အောက်တွင် ရေးသားပေးလိုက်ပါသည်။
အထက်၌တင်ပြခဲ့သော မှာတမ်းစကားတွင် ရှောင်ရန်နှင့်ဆောင်ရန် ဟူ၍ အချက်နှစ်ချက်ပါ၏။
  • ရှောင်ရှားရန်မှာ - ဒုက္ခရောက်ချိန်တွင် တွေဝေခြင်း။ စိတ်ညစ်ခြင်း။ စဉ်းစားမှု့၏ တံခါးအား သော့ခတ်၍ ဦးဏှောက်အမှောင်ချခြင်း။ တစ်ဦးပေါ်တစ်ဦး အနိုင်ကျင့်ခြင်း။ ကြီးသူစား ငယ်သူခံစနစ်ကို ကျင့်သုံးခြင်း။ (တနည်း) လူစိတ်ကုန်ကာ တိရိစ္ဆာန်စိတ်ဝင်ခြင်း။ အဖြစ်ပျက်တစ်ခုအား အသေးအဖွဲထင်ခြင်း။ ပျက်ရယ်ပြုခြင်း။ စိတ်ချစွာ နေထိုင်ခြင်း။ မိမိအနေအထား မိမိအခြေအနေကို အမှီသဟဲပြုကာ ထိုသို့ မကြုံရနိုင်ပါဟု ကောက်ချက်ချခြင်း။ (သို့မဟုတ်) တစ်စုံတစ်ရာအား အားကိုး၍ လုံခြုံသည်ဟု မှတ်ယူခြင်း။
  • ကျင့်မူရန်မှာ စဉ်ဆက်မပြတ် ကျိုးစားအားထုတ်ခြင်း။ ရည်မှန်းချက် ပြည့်ဝသည်ထိ အစဉ်တစိုက်ပြုခြင်း။
ယနေ့ ကျွန်ုပ်တို့သည် ညှင်းပမ်းမှု့ အမျိုးမျိုးတို့အား ခံစားနေသည်။ ဒုက္ခမျိုးစုံနှင့် ကြုံတွေ့နေရသည်။ ဤအချိန်သည် တွေဝေနေရမည့်အချိန်မဟုတ်။ စိတ်ညစ်နေပြီး မစဉ်းစားပဲ လက်မှိုင်ချရမည့်အချိန်မဟုတ်တော့ပေ။ ကျွန်ုပ်တို့အားလုံး နိုးကြားသင့်ပြီး တစ်ဦးကိုတစ်ဦး ဖေးမကူညီနေရမည့် အချိန်ဖြစ်သည်။ တစ်ယောက်ဒုက္ခရောက်ချိန်ကို ကြည့်၍ ပွဲ့လန့်တုန်း ဖျာခင်းသည့်ပုံစံနှင့် မိမိလွတ်မြောက်ရေးကို ရှေးရှု့ကာ မိမိညီနောင်အား ချောက်တွန်းရမည့်အချိန်မဟုတ်တော့ပေ။ ထို့အတူ တစ်စုံတစ်ရာကို အားကိုး၍ "ငါတို့နဲ့တော့ အဝေးကြီးပါ... ငါတို့တော့ ဒီလိုမဖြစ်လာနိုင်ပါဖူး" ဟုဆိုကာ ဘေးဒုက္ခတို့အား လစ်လျူမရှု့သင့်ပေ။ "တချိန် ငါတို့ဒီလို ဖြစ်လာရင် ဘာလုပ်ကြမလဲ" ဟုတွေးတောကာ အသင့်ပြင်ထားရမည့်အချိန်ဖြစ်သည်။ ထိုသို့ အသင့်ပြင်ဆင်မှု့ မရှိပဲ သာယာသံနှင့် အေးရိပ်အောက်ခိုကာ အနားယူ၊ အပန်းဖြေနေမည်ဆိုပါက အနာဂတ်သည် ကြောက်ခမန်းလိလိ ဆိုးထိတ်စရာပင်ဖြစ်ပေလိမ့်မည်။ 

မည်သို့ပင်ဖြစ်စေ အစဉ်ငြိမ်းချမ်းနိုင်မည့် ပုံစံအား ကျွန်ုပ်တို့အားလုံး ရှာဖွေကာ အကောင်ထည်ဖော်နေရမည်ဖြစ်သည်။ အတုနှင့်အစစ် ကောင်းမွန်စွာ ခွဲခြားသိမြင်ရန်လည်း လွန်စွာမှ အရေးကြီးသည်ဖြစ်ရာ စစ်မှန်သော ငြိမ်းချမ်းမှု့မှာ အဘယ်အရာနည်းဟု တတ်သိနားလည်သူများအား မေးမြန်းအဖြေရှာနေသင့်သည်။ ဥပမာ- အမိုးလုံသော အိမ်တစ်လုံးအောက်တွင် နေထိုင်ခြင်းနှင့် တိမ်ရိပ်အောက်တွင် နေထိုင်ခြင်း။ တိမ်ရိပ်သည် သာမန်လေတိုက်ရုံနှင့် ပျက်သုဉ်းသွားမည်ဖြစ်ပြီး အိမ်ရိပ်သည် သာမာန်လေနှင့် ပျောက်ပျက်မသွားနိုင်ပေ။ သို့ဖြစ်ပေရာ ကျွန်ုပ်တို့ မည်သည့်အရိပ်အား ရွေးချယ်ကြမည်နည်း။ မုချ ကျွန်ုပ်တို့ အိမ်ရိပ်ကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။
ဤသာဓကအား ရှေ့ထား၍ အချက်တစ်ချက်ကို ကျွန်ုပ်တို့ စဉ်းစားကြည့်စို့။
ယနေ့ခေတ်တွင်တွင် ယဉ်ကျေးမှု့... ငြိမ်းချမ်းမှု့... သာယာမှု့... စည်ကားသိုက်မြိုက်မှု့... တိုးတတ်မှု့ အစရှိသည့် အလွန်လှပ ချစ်မြတ်နိုးဖွယ် စကားလုံးများစွာအား ကျွန်ုပ်တို့ ကြားနေကြရသည်။ ထိုစကားလုံးများအား အစ္စလာမ်ဘာသာတရား၏ ရေသောက်မြစ်တွင် တွေ့မြင်နိုင်သလို ဘာသာခြားတို့၏ နှုတ်မှလည်း တဖွဖွ ပြောဆိုနေသည်ကို ကြားသိနိုင်၏။ သို့သော် ကွာခြားမှု့အား အသင်ရိပ်စားမိပါသလော။ အစ္စလာမ်သာသနာ၏ ရေသောက်မြစ်တွင် တွေ့မြင်ရသော စာလုံးများ၊ အဓိပ္ပါယ်များ၊ အကျယ်ဖွင့်ဆိုမှု့များနှင့် ဘာသာခြားတို့ ဟစ်ကြွေးနေသော စာလုံးများမှာ အပေါ်ယံအားဖြင့် တူဆင်သည်ဟု ထင်ရသော်လည်း လုံးဝ(လုံးဝ) မတူကြောင်းကို သမိုင်းလေ့လာဖူးသူများ သိကြလိမ့်မည်။ 

ပမာအားဖြင့် ငြိမ်းချမ်းရေး ဟူသော စကားလုံးအား ကျွန်ုပ်တို့ အနည်းငယ်လေ့လာကြည့်ကြစို့။ ငြိမ်းချမ်းရေးသည် အစ္စလာမ် ဟူသော် အမည်နာမအတွင်း၌ပင် ပါဝင်နေသည်။ အစ္စလာမ်၏ လမ်းစဉ်ဟူသရွေ့သည်လည်း ငြိမ်းချမ်းရေး၏ ပုံဆောင်ခဲများ ဖြစ်ကြောင်း သိသာလှ၏။ ထို့အတူ အစ္စလာမ့်စနစ်ဖြင့် အုပ်ချုပ်ခဲ့သော ရာစုနှစ်များစွာတွင်လည်း ငြိမ်းချမ်းရေးတည်းသာ သမိုင်းစာအုပ်များမှ မှတ်တမ်းတင်နိုင်ခဲ့သည်။ ဤသည် စစ်မှန်သော ငြိမ်းချမ်းမှု့ဖြစ်သောကြောင့် အစ္စလာမ့်ရန်သူများကပင်လျှင် ဝန်ခံခဲ့ပြီးဖြစ်သည်။ သို့သော် ဘာသာခြားများ ဟစ်ကြွေးနေသော ငြိမ်းချမ်းမှု့အား လေ့လာကြည့်လျှင် ဆန့်ကျင်ဖက် အဓိပ္ပါယ်တစ်ခုအားသာ အကောင်ထည်ဖော်နေသည်ကို ကျွန်ုပ်တို့ မျက်မြင်ကိုယ်တွေ့ဖြစ်ပေမည်။ ၎င်းတို့၏ ငြိမ်းချမ်းရေး ပေးမှု့မှာ ကြက်ဆိုင်ရှိ လျှောင်ချိုင့်ထဲတွင် ရှိသော ကြက်များအား အစာကျွေးထားခြင်း၊ ရေတိုက်ကျွေးနေခြင်း၊ အရိပ်အောက်ထားခြင်း၊ ညဖက် မီးထွန်းပေးခြင်းတို့နှင့် အလားသဏ္ဍာန်တူပေသည်။ အချိန်တန်လျှင် သတ်ဖြတ်စားသောက်မည်မှာ ကြက်ဖြစ်နေသူများ မသိသော်လည်း လှောင်အိမ်ပြင်ပတွင် ငေးကြည့်မိနေသော အနည်းငယ်အသိဥာဏ်ရှိသူတစ်ယောက် သိနိုင်ပေသည်။ 

အချုပ်ပြောလိုသည်မှာ- မည်သူတစ်ဦးတစ်ယောက်၏ ပြောဆိုသိမ်းသွင်းမှု့အောက်တွင် လှည့်စားခံခြင်းမဖြစ်စေရန်နှင့် အစ္စလာမ်မျိုးချစ်စိတ် ရှင်သန်ထက်မြက်လာစေရန် ကြိုးစားသွားကြပြီး၊ အမှန်တရားအား မြတ်နိုးသော၊ စစ်မှန်မှု့ကို ရှာဖွေသော လူ့အသိုင်းအဝိုင်းတစ်ခု တည်ဆောက်လိုက်ကြပါ။ အင်န်ရှာအလ္လာဟ် ဆိုးထိတ်မှု့တွေ ဝေးလွင့်ပြီး သာယာအေးချမ်းစွာ ကောင်းမှု့ပွားနိုင်မည်ဖြစ်သည်။

(မှတ်ချက်။       ။ ဆုံးမစာမှာ تاريخ الأدب العربي စာအုပ်မှ ဘာသာပြန်ထားခြင်းဖြစ်ပါသည်။)

အရင်ပို့စ်မှာ အမျိုးသားများအတွက် စကားလက်ဆောင်မွန် မရှိဖူးလားလို့ မေးထားတဲ့ ကွန်မန့်လေးကို ဖြေကြားလိုက်တာပါ။ :)
ဘရှီးလေး(မေမြို့)
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger