အသိပေးခြင်း
က
Home » , , » မွဖ်သီသကီးဆားဗ် ဟောကြားခဲ့သော ရဗီအွလ်အောင်ဝလ်၏ ပွဲသဘင် (နောက်ဆုံးပိုင်း)

မွဖ်သီသကီးဆားဗ် ဟောကြားခဲ့သော ရဗီအွလ်အောင်ဝလ်၏ ပွဲသဘင် (နောက်ဆုံးပိုင်း)

ပထမတော့ ကိစ္စက အခမ်းအနားတွေမှာပဲ အတိုင်းအတာတစ်ခုထိအတွင်း ဖြစ်နေတယ်..... ဆိုလိုတာက.... မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဆိုင်ရာ အခမ်းအနားတွေ ဖြစ်နေတယ်....
ဒီအခမ်းအနားတွေမျာ ဘယ်လောက်ပဲ ရှရီအသ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါစေ....... ဘယ်သူကမှ ဂရုမစိုက်ကြဖူး....
သို့သော် အခုတော့ ဒီထက်ပိုလို့ ဆိုးနေပြီ.... ကြားနေ မြင်နေရတယ်..... မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဆိုင်ရာ အခမ်းအနားအတွက် အစီအစဉ်တွေလုပ်နေတယ်..... အဲ့ဒီ အစီအစဉ်တွေမှာ နမားဇ်တွေ ကဇွာဖြစ်နေတယ်..... ဘယ်သူမှ နမားဇ် ဖတ်ဖို့ အာရုံမလာဖူး....
ပြိးတော့ ည၂နာရီလောက်အထိ ဟောပြောမှု့တွေ လုပ်နေတယ်..... ဖဂျရ်နမားဇ် လွတ်ကုန်ရတယ်...
တကယ်ဆို တမန်တော်မြတ်(ဆွ)က ဘာအမိန့်ရှိထားလဲဆိုတော့...... တစ်ဥိးတစ်ယောက်ရဲ့ အစွရ်နမားဇ် လွတ်သွားခဲ့မယ်ဆိုရင်..... အဲ့ဒီသူဟာ မိမိပိုင်ဆိုင်သမျှ ဥစ္စာပစ္စည်းအားလုံး၊ မိသားစုဝင်များအားလုံး လက်လွှတ်ဆုံးရှုံးရသူပဲ ဖြစ်တယ်.....
ဒီလို ကြောက်စရာကောင်းတဲ့ ဆုံးရှုံးမှု့ကြီး ဖြစ်တယ်....
သို့သော် မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဆိုင်ရာ အခမ်းအနားအတွက် စီမံဆောင်ရွက်မှု့များမှာ နမားဇ်တွေ ကဇွာဖြစ်နေတယ်..... ငါတို့က မွန်မြတ်တဲ့လုပ်ရပ်တစ်ခုကို လုပ်ဆော်ငနေကြတာဆိုပြီးတော့ (နမားဇ်နဲ့ပတ်သက်ပြီး) ဘာမှ ဖိက်ရ်မထားတော့ဖူး.... တမန်တော်မြတ်ကြီး(ဆွ)က နမားဇ်နဲ့ ပတ်သက်ပြီး လေးလေးနက်နက် အမိန့်ရှိခဲ့တာတွေလည်း မျက်ကွယ်ပြုလိုက်ကြတယ်.......။

ထပ်ပြီး နားထောင်ပေးပါ....
မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဆိုင်ရာ အခမ်းအနားဖြစ်နေတယ်...... အဲ့မှာ လူ အစိတ်၊သုံးဆယ်လောက် နားထောင်နေကြတယ်...... သို့သော် အသံချဲ့စက်ကို တစ်ရပ်ကွက်လုံး ဆူညံနေလောက်အောင် မြှင့်ထားဖို့ အရေးကြီးတယ်လို့ သတ်မှတ်ထားတယ်.....
ဒီလိုလုပ်ရတဲ့ သဘောတရားက ဘာဖြစ်လဲဆိုတော့..... အခမ်းအနား မပြီးမချင်း ရပ်ကွက်ထဲက လူမမာ၊ အားနွဲ့သူ၊ အသက်အိုမင်းနေသူ၊ ချို့တဲ့သူတွေ အိပ်မရအောင် ဖြစ်တယ်.....။
တကယ်ဆို မြတ်နဗီ(ဆွ)ရဲ့ လက်တွေ့ကျင့်မူပုံက ဘယ်လိုရှိခဲ့လဲဆိုရင်...... ကိုယ်တော် သဟဂျွဒ်နမားဇ် ဖတ်ဖို့ အိပ်ယာမှ ထတော်မူတယ်....
ဘယ်လို ထတော်မူခဲ့လဲ????????
ဟဇရသ် အာအိရှဟ် ဆွဒ္ဒီကဟ် (ရသွေ့) သခင်မကြီး အမိန့်ရှိတော်မူတယ်.....
(အလိုသဘောက) အာအိရှဟ်သခင်မ နိုးသွားတာမျိုး မဖြစ်စေဖို့အတွက် ဖြည်းညင်းစွာ ထတော်မူတယ်.... အာအိရှဟ်သခင်မ နိုးသွားတာမျိုး မဖြစ်စေဖို့အတွက် တံခါးကို အသာအယာ ဖွင့်တော်မူတယ်......
နမားဇ်လို တာဝန်တစ်ခုမှာတောင် မြတ်နဗီ(ဆွ)ရဲ့ ကျင့်မူပုံက ဒီအတိုင်းရှိခဲ့တယ်...
ဟဒီးဆ်တော်မှာ လာရှိတယ်....
အကယ်၍ ငါကိုယ်တော် နမားဇ်နေစဉ်မှာ ကလေးငယ်တစ်ဦး ငိုယိုသံကို ကြားတော်မူမယ်ဆိုရင် နမားဇ်ကို တိုတို ဖတ်တော်မူတယ်..... ဘာကြောင့်လဲဆိုတော့ ဒီကလေးငယ်လေးရဲ့ (ငို)သံကို ကြားပြီး ကလေးမိခင် ဒုက္ခရောက်နေတာမျိုး မဖြစ်စေဖို့ ဖြစ်တယ်....။
ဒါပေမယ့် ကျွန်တော်တို့ဆီမှာတော့ လိုအပ်ချက်လုံးဝမရှိပဲ ဘာအကြောင်းပြချက်မှ မရှိပဲ နားထောင်သူ အစိတ်၊သုံးဆယ်အတွက် အသံချဲ့စက် အဆုံးတင်နေတယ်.....
အားအင်ချိနဲ့သူ... ရောဂါသည်တွေ မိမိတို့ နေအိမ်မှာ အိပ်မရအောင် ဖြစ်နေရတယ်....
ဘယ်လောက် အကုသိုလ် လုပ်ရပ်တွေ ကျူးလွန်နေလဲဆိုတာကို  စီမံခင်္န့ခွဲသူတွေ မသိဖူး.... မွတ်စ်လင်မ်ကို ဒုက္ခပေးခြင်းက ကြီးလေးတဲ့ အပြစ်အကုသိုလ်ဖြစ်တယ်.... ဒါကို ဘယ်သူမှ သတိမမူကြဖူး.....။

ကျွန်တော်တို့ရဲ့ ဒီလုပ်ရပ်တွေ အားလုံးက ဘာကို ညွှန်ပြနေလဲဆိုတော့.....
စင်စစ်မှာ နီယသ်တွေ မှန်မနေဖူး... တမန်တော်မြတ်(ဆွ)ရဲ့ သင်ကြားပို့ချမှု့တွေကို လက်တွေ့ ကျင့်သုံးဖို့ နီယသ်မရှိကြဖူး.... ရည်ရွယ်ချက်တွေက တခြားဖြစ်နေတယ်....
ကျွန်တော် တင်ပြခဲ့တဲ့အတိုင်းပါပဲ.... ပထမတော့ ကိစ္စက အခမ်းအနားအတွင်းမှာပဲ အတိုင်းအတာတစ်ခုနဲ့ (မှားယွင်းမှု့တွေ)ဖြစ်နေခဲ့တယ်...
အခုတော့ အခမ်းအနား လုပ်ရုံတင်မကပဲ လူစုလူဝေးနဲ့ လှည့်လည်တာတွေပါ လုပ်နေကြတယ်......
ဒီလိုလုပ်ဖို့ ဘာသက်သေပေးလဲဆိုတော့..... ဘယ်အုပ်စုကတော့ ဘယ်လမှာ မိမိတို့ အေမာမ်ကို သတိရပြီး လူစုလူဝေးနဲ့ လှည့်လည်တယ်.... ဒါဆို ငါတို့က မြတ်နဗီ(ဆွ)အတွက် ရဗီအွလ်အောင်ဝလ်မှာ ဘာလို့ မလှည့်ရမှာလဲ.... (ပိုပြိးထိုက်တန်တာပေါ့ လို့ အထောက်အထားပေးကြတယ်။).....။
ပုံစံက ဘယ်လိုဖြစ်သွားလဲဆိုတော့ ..... မုဟရ်ရမ်လမှာ လှည့်လည်ပွဲ လုပ်တော့ ရဘီအွလ်အောင်ဝလ်မှာလည်း လှည့်ရမယ်ဆိုပြီး အတုခိုးလိုက်တာပါပဲ....
ပြီးတော့ မိမိကိုယ်မိမိ မှတ်ယူလိုက်သေးတယ်....... ငါတို့က တမန်တော်ရဲ့ အမိန့်တော်နဲ့ အညီ လက်တွေ့ကျင့်သုံးနေတာ.... တမန်တော်မြတ်ကြီးရဲ့ အချစ်တွေကို ပေးဆပ်နေတာ.... ဂုဏ်ပြုပေးနေတာ.......။

သို့သော်... ဒီအချက်ကို နည်းနည်းလောက် စဉ်းစားကြည့်ကြပါ.....။
အကယ်၍ မြတ်နဗီ(ဆွ)ကိုယ်တိုင် ကိုယ်တော့်အတွက် လုပ်နေတာပါလို့ဆိုတဲ့ ဒီလှည့်လည်ပွဲကို မြင်ခဲ့မယ်ဆိုရင်..... ကိုယ်တော်သခင်(ဆွ) ဒါကို လက်ခံ၊ သဘောကျတော်မူမှာလား???
ကိုယ်တော်သခင်(ဆွ)ဟာ အမြဲတမ်း(အမြဲတမ်း) နောက်လိုက်သားတွေကို ထုံးလမ်းစဉ်လာအတိုင်းလုပ်တဲ့ အင်အားပြပွဲတွေ၊ လူစုလူဝေးနဲ့ လှည့်လည်တာတွေကို ရှောင်ကျဉ်ဖို့ သင်ကြားပေးတော်မူခဲ့တယ်......
ကိုယ်တော်မြတ်(ဆွ) အမိန့်ရှိတော်မူတယ်....
အပေါ်ယံ(ပြသမှု့)၊ ထုံးလမ်းစဉ်လာ ကိစ္စတွေကို မလုပ်ပဲ ငါကိုယ်တော် သင်ကြားပြသပေးမှု့ကို အတွင်းကျကျ ကြည့်ရှု့ပါ.... ငါကိုယ်တော် သင်ကြားပေးတာကို မိမိဘဝမှာ လက်တွေ့ကျင့်သုံးဖို့ ကြိုးစားပါ....

တမန်တော်မြတ်ကြီး(ဆွ)ရဲ့ စီရသ်တော်အတွက် ရဗီအွလ်အောင်ဝလ်မှာ ဒါမှမဟုတ် တခြားတစ်လလမှာ လူစုလူဝေးနဲ့ လှည့်လည်ခဲ့ပါတယ်ဆိုပြီး......
ဆွဟာဗဟ်သာဝကြီးများရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ပုံစံတူတစ်ခု ဒါမှမဟုတ် ဆင်တူတဲ့ ဥပမာတစ်ခု ဘယ်သူ ယူလာပြနိုင်လဲ????
သို့သာမက နှစ်ပေါင်း ထောင့်သုံးရာအတွင်းမှာ တစ်ဥိးဦးက ကိုယ်တော့်နာမည်နဲ့ လူစုလူဝေးလုပ်ပြီး လှည့်လည်ခဲ့တယ်လို့ အနည်းဆု့း အနည်းဆုံး နမူနာတစ်ခုလောက်ပင် ကျွန်တော် မတွေ့ခဲ့ဖူးဘူး.....
သေချာပါတယ်.... ရှီအာတွေက မုဟရ်ရမ်လမှာ မိမိတို့အေမာမ်အတွက် လူစုပြီး လှည့်လည်လေ့ရှိခဲ့ကြတယ်ဆိုတော့ ကျွန်တော်တို့ တွေးလာကြတယ်...... အဲ့ဒီပုံစံလေး ကော်ပီပွားပြီး ငါတို့လည်း လူစုနဲ့ လှည့်မယ်.......။
တကယ်ဆို မြတ်နဗီ(ဆွ)အမိန့်ရှိထားတယ်...
တစ်ဦးတစ်ယောက်ဟာ အုပ်စုတစ်ခုနဲ့ တူဆင်အောင် နေထိုင်ကျင့်ကြံခဲ့မယ်ဆိုရင် သူသည် ထိုအုပ်စုဝင်ပင်.....။

ပြီးတော့ လူစုလူဝေးနဲ့ လှည့်တာတင် မတင်းတိမ်ပဲ ထပ်တိုးပြီး (အဖျက်လုပ်ရပ်တွေကို) လုပ်ကြတယ်....
ကအ်ဗဟ်ပုံတူ လုပ်ကြတယ်....
မွန်မြတ်လှတဲ့ ရောင်ဇာ(ကိုယ်တော်၏ ကဗရ်)တော်အတိုင်း ပုံတူလုပ်ကြတယ်.....
အစိမ်းရောင် ဂွန်ဗဒ် (မတ်စ်ဂျေဒေ နဗဝီ၏ အစိမ်းရောင် အမိုးခုံး)အတိုင်း ပုံတူထုကြတယ်......
တလောကလုံးက မိန်းမ.. ကလေး.. သက်ကြီးရွယ်အို..(အားလုံး) ဒါတွေကို မင်္ဂလာရှိတယ်ဆိုပြီး မှတ်ယူပြီးတော့ လက်နဲ့ ပွတ်သပ်နေကြတယ်.....
အဲ့ဒီနေရာတွေကို သွားပြီး ဒိုအာတောင်းနေကြတယ်....
မက်ဆန္ဒတွေ တင်ပြနေကြတယ်.... ကိုးနေကြတယ်....
မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိနဲ့ စပ်လျင်းပြီး ဒါ ဘာတွေဖြစ်နေတာလဲ....???
တမန်တော်မြတ်ကြီး(ဆွ)က ရှစ်ရ်က်(ယှဉ်တွဲကိုးကွယ်မှု့)... ဗစ်ဒ်အသ်(တရားသစ်တီထွင်မှု့)နဲ့ ဂျာဟိလီယသ် (အမိုက်ခေတ်၏ အပျက်လုပ်ရပ်များ)ကို စိတ်သုဉ်းပျောက်ကွယ်စေဖို့ လောကမြေထဝီကို လာရောက်တော်မူခဲ့တယ်....
ဒီနေ့ ခင်ဗျားတို့က မြတ်နဗီ(ဆွ)ရဲ့ နာမည်တော်ကို ကိုင်ပြီး ရှစ်ရ်က်တွေ ဗစ်ဒ်အသ်တွေ လုပ်နေကြတယ်.....
တမန်တော်မြတ်ကြီး(ဆွ)ရဲ့ ရောင်ဇာတော်ဟာ တမန်တော်ကိုယ်တိုင် မိမိလက်တော်နဲ့ တည်ထားခဲ့တဲ့ဂွန်ဗဒ်နဲ့ ဘာမှ မဆိုင်ဖူး။
သို့သော်လည်း ယခုတော့ ဒါကို အလွန်မွန်မြတ်တဲ့အရာလို့ မှတ်ယူပြီး မင်္ဂလာရှိစေဖို့ တချို့က နမ်းရှိုက်နေတယ်.... တချို့က လက်နဲ့ပွတ်သပ်နေတယ်....

ဟဇရသ်အုမရ်(ရသွေ့)သခင်ကြီးဟာ (ကအ်ဗဟ်ကျောင်းတော်ရဲ့)ကျောက်နက်တုံးကို နမ်းရှိုက်တဲ့အချိန်မှာ မိန့်တော်မူခဲ့တယ်...
အို ကျောက်နက်တုံး.... သင်သည် ကျောက်တုံးဖြစ်ရုံမှအပ တခြားဘာမှမဟုတ်ဖူးဆိုတာ ကျွန်ုပ်သိတယ်..... အလ္လာဟ်အရှင်မြတ်၏ ကစမ်.... အကယ်၍ မိုဟမ္မဒ် မွတ်စ်သွဖာ (ဆွ)က အသင့်ကို နမ်းရှိုက်နေတာကို ကျွန်ုပ်မမြင်ခဲ့ဖူးဆိုရင် ကျွန်ုပ်သင့်ကို နမ်းမှာမဟုတ်ဖူး... သို့သော် ချစ်နဗီ(ဆွ)က အသင့်ကို နမ်းခဲ့တယ်.....  အဲ့ဒီ စွန္နသ်တော်ကြောင့် ငါ အသင့်ကို နမ်းရှိုက်နေခြင်း ဖြစ်တယ်....

(ဟဇရသ်အုမရ်(ရသွေ့)သခင်ကြီးကတော့) ကျောက်နက်တုံးကို အခုလို ပြောနေတယ်....
ဒီမှာတော့ ကိုယ့်လက်နဲ့ကိုယ် ဂွန်ဗဒ်လုပ်ပြီး တည်ထားတယ်.... ကိုယ့်လက်နဲ့ကိုယ် ကအ်ဗဟ်တစ်ခု လုပ်ထားတယ်...
အဲ့ဒီ(ကိုယ့်လက်နဲ့ကိုယ် လုပ်ထားတဲ့အရာ)ကို မင်္ဂလာရှိတဲ့အရာလို့ မှတ်ယူနေတယ်... အဲ့တာကို နမ်းနေတယ်.....
ဒါဟာ ..... တမန်တော်မြတ်(ဆွ)က စိတ်သုဉ်းပျောက်ကွယ်စေချင်တာတွေကို ရှင်သန်အောင်လုပ်နေတာပဲ....
(နောက်တစ်ဖက်မှာ) မီးတွေ ထွန်းနေကြတယ်... ရီကောဒင်းန်တွေ ဖြစ်နေတယ်..... သီချင်းဆိုနေကြတယ်... ပျော်ရွှင်မြူးကြွနေကြတယ်..... တမန်တော်မြတ်(ဆွ)ရဲ့ နာမည်တော်ကိုယူပြီး ဈေးပွဲတော်တွေ လုပ်နေကြတယ်...
(တကယ်တော့) ဒါတွေဟာ သာသနာကို ကစားစရာ လုပ်ဖို့ ရှိုင်သွာန် မိစ္ဆာကောင်က သင်ပေးလိုက်တဲ့ အကြောင်းခံရှာခြင်းပဲ ဖ်ြစတယ်....
အနူးအညွတ်မေတ္တာရပ်ခံချင်တာက ကျွန်တော်တို့တွေ ကိုယ့်သူကိုယ် သနားကြပါ....
တမန်တော်မြတ်ကြီး(ဆွ)ရဲ့ အထ္ထုပ္ပတ္တိရဲ့ ကြီးကျယ်မြင့်မြတ်မှု့နဲ့ ချစ်စိတ်ကို တာဝန်ကျေပွန်ကြပါ....
တာဝန်ကျေပွန်ခြင်းဆိုတာ ကျွန်တော်တို့ သက်တမ်းကို မြတ်နဗီ(ဆွ) ပြသတဲ့ လမ်းစဉ်အတိုင်း မွေးမြူကျင့်ကြံဖို့ အားထုတ်ခြင်းပဲ ဖြစ်တယ်....

တမန်တော် အထ္ထုပ္ပတ္တိ အခမ်းအနားမှာ ဘယ်သူမှ ဒီလိုနီယသ်နဲ့ မလာကြဖူး.. ငါတော့ အရင်တုန်းက တမန်တော်မြတ်(ဆွ)ရဲ့ သင်ကြားပြသမှု့နဲ့ ဆန့်ကျင်ပြီး အလုပ်ငါးဆယ်လုပ်ခဲ့တယ်... အခုတော့ အန်ညးဆုံး ဆယ်ခု စွန့်လွှတ်လိုက်မယ်....
ဒီလို ကတိပြု ဆုံးဖြတ်လိုက်တဲ့သူ ရှိလား????
ဒီလိုလုပ်ဖို့အတွ့် တမန်တော်မွေးနေ့ ကျင်းပတဲ့သူ ရှိလား???
ဒီလိုလုပ်ဖို့ ဘယ်သူမှ အသင့်မရှိဖူး.....
သို့သော် လူစုလူဝေးနဲ့ လှည့်ဖို့..... ပွဲဈေးတည်ဖို့..... (အိုးကြီးအိုးငယ်နဲ့ချက်ပြုတ်ဖို့).... မီးထွန်းဖို့.... အချိန်တိုင်း အသင့်ရှိတယ်.....
ဒီကိစ္စတွေအတွက် ဘယ်လောက်ပဲ ပိုက်ဆံကုန်နေပါစေ.... ထုတ်သုံးလိုက်မယ်...။
အချိန်ဘယ်လောက်ပဲ ပေးရပါစေ..... အချိန်ကုန်ခံလိုက်မယ်....။
ဘာလို့လဲဆိုတော့ ဒီလိုအလုပ်တွေ လုပ်ရတာ စိတ်ကို ပျော်စေတယ်....
တမန်တော်မြတ်(ဆွ)ရဲ့ စီရသ်တော်အတိုင်း လျှောက်လှမ်းရတဲ့ လမ်းစဉ်က စိတ်ရိုင်းနဲ့ရှိုင်သွာန်ကို မပျော်ရွှင်စေဖူး......
အနူးအညွတ်မေတ္တာရပ်ပါတယ်.... ကျွန်တော်တို့အားလုံး ဒီလိုလုပ်ရပ်တွေကို မလုပ်ကြပါနဲ့တော့...
တမန်တော်မြတ်ကြီး(ဆွ)ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ကြီကျယ်မြင့်မြတ်မှု့တွေနဲ့ချစ်စိတ်ကို ထိုက်ထိုက်တန်တန် ပေးစပ်ကြပါ.....။
အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့တွေ အားလုံးကို စွန္နသ်တော်တွေအတိုင်း လက်တွေ့လိုက်နာနိုင်ခွင့်စွမ်းအား ချီးမြှင့်တော်မူပါစေ....။ 
Share this article :

+ ဦး မှတ်ချက်ပေးခဲ့သည်။ + 1 comment

May 31, 2015 at 9:21 AM

ပြောတာတွေက လုပ်နေတဲ့သူ တွေရဲ့
မကောင်းကြောင်း တွေပဲ

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger