အသိပေးခြင်း
က
Home » , , » မွဖ်သီသကီးဆားဗ် ဟောကြားခဲ့သော ရဗီအွလ်အောင်ဝလ်၏ ပွဲသဘင် (ဘာသာပြန် ၃)

မွဖ်သီသကီးဆားဗ် ဟောကြားခဲ့သော ရဗီအွလ်အောင်ဝလ်၏ ပွဲသဘင် (ဘာသာပြန် ၃)

ကျမ်းမြတ်ကုရ်အာန်မှာ အမိန့်ရှိထားတယ်..... အသင်တို့အတွက် ရစူလွလ္လာဟ်(ဆွ)ရဲ့ ဘဝသက်တမ်းမှာ အလွန်ကောင်းမွန်တဲ့ စံနမူတွေရှိတယ်....

မြတ်နဗီရဲ့ သန့်ပြန့်စင်ကြယ်လှတဲ့ ဘဝသက်တမ်းဟာ လမ်းပြမီးတိုင်ဖြစ်တယ်..... လမ်းမှန်ပြသခြင်းရဲ့ စာချွန်လွှာဖြစ်တယ်... လှပကောင်းမွန်တဲ့ စံနမူနာ ဖြစ်တယ်...... ပြည့်ဝတဲ့ နမူနာတစ်ခုဖြစ်တယ်...

သို့သော် လူတိုင်းအတွက် နမူနာမဟုတ်ဖူး.....။ အလ္လာဟ်အရှင်မြတ်ကို ကျေနပ်နှစ်သက်စေလိုသူအတွက် နမူနာဖြစ်တယ်.... အာခေရသ်နေ့မှာ သာယာလှပစေဖို့ လိုလားသူတွေအတွက် နမူနာဖြစ်တယ်.... တမလွန်နေ့နဲ့ ပတ်သက်ပြီး အပြည့်အဝ သက်ဝင်ယုံကြည်တဲ့သူအတွက် ဖြစ်တယ်.... အလ္လာဟ်အရှင်မြတ်ကို များမြောင်စွာ သတိ,တရသူအတွက် ဖြစ်တယ်....

ဒါကြောင့် လူတစ်ယောက်မှာ ဒီလိုအရည်အချင်းတွေ၊ ဝိသေသတွေရှိမှ မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဟာ လမ်းမှန်ပြသခြင်းရဲ့ စာချွန်လွှာ၊ ပို့ချချက်ဖြစ်ပါလိမ့်မယ်။

သို့သော် လူတစ်ယောက်မှာ ဒီလိုအရည်အချင်းတွေ မရှိဖူး..... အလ္လာဟ်အရှင်မြတ်ကို နှစ်သက်စေဖို့ မရည်သန်ဖူး.... အာခေရသ်နဲ့ ပတ်သက်ပြီး ယုံကြည်ကိုးစားမှု့ မပြုဖူး..... တမလွန်ဘဝကို သာယာစေဖို့ ဒီအလုပ်ကို မလုပ်ခဲ့ဖူး.... ပြီးတော့ အလ္လာဟ်အရှင်မြတ်ကို များစွာ သတိ,တရမှု့ မပြုလုပ်ဖူး ဆိုရင်......

သူ့အတွက် မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဟာ လမ်းမှန်ပြသပေးမယ့် စာချွန်လွှာ(ပို့ချချက်)ဖြစ်လာမယ်ဆိုတာ ဘာဂရန်တီမှ ရှိမှာမဟုတ်ဖူး.....။

မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဟာ အဗူဂျဟလ်ရဲ့ ရှေ့မှာလည်း ရှိခဲ့တယ်.... အဗူလဟဗ်ရဲ့ ရှေ့မှာလည်း ရှိခဲ့တယ်..... အိုမိုင်ယဟ် ဗင်န် ခလဖ်ရဲ့ ရှေ့မှာလည်း ရှိခဲ့တယ်.....

သို့သော် အဲ့ဒီလူတွေဟာ မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိကနေ မည်သည့်အကျိုးကျေးဇူးမှ မယူနိုင်ခဲ့ဖူး.....

ဆိုလိုတာက မြေကြီးကိုက သုံးစားမရဖူး..... အဲ့ဒီ သုံးစားမရတဲ့ မြေကြီးမှာ ဟေဒါယသ်ရဲ့ မျိုးစေ့ ချဖို့မဖြစ်နိုင်ခဲ့ဖူး..... သီးနှံ ဖြစ်ထွန်းတဲ့မြေ လုံးဝ မဖြစ်နိုင်ဖူး.....။

ဒါကြောင့် လူတစ်ယောက်ရဲ့ နှလုံးသားမှာ ရှင်မြတ်အလ္လာဟ်ကို နှစ်သက်စေဖို့ ရည်ရွယ်ချက် မရှိဖူး.... အာခေရသ်ကို လှပစေဖို့ မရည်ရွယ်ခဲ့ဖူး..... အလ္လာဟ်အရှင်မြတ်ကို သတိ,တရခြင်း သူ့နှလုံးသားမှာ မရှိခဲ့ဖူးဆိုရင်.....

ဘယ်လို ပုံစံမျိုးနဲ့မှ မိမိသက်တမ်းမှာ မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိကနေ အကျိုးခံစားနိုင်မှာ မဟုတ်ဖူး။

ဒါတွေကို ကြည့်ခြင်းအားဖြင့် သိရတာက....

ကျွန်တော်တို့ ယခုမြင်တွေ့နေရတဲ့ (မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဆိုင်ရာ အခမ်းအနား) မြင်ကွင်းတွေမှာ များသောအားဖြင့် ကျွန်တော်တို့ နီယသ်တွေ မှားနေတယ်....

အဲ့ဒီ(နီယသ်မှားခြင်း)ရဲ့ ရလဒ်ကတော့..... ထောင်ပေါင်းများစွာသော ဟောကြားတင်ပြမှု့တွေ နားထောင်တယ်..... များစွာသော အခမ်းအနားတွေ တက်ရောက်တယ်.... ဒါပေမယ့် ဘဝသက်တမ်းက ပထမ ရှိနေမြဲပုံစံအတိုင်း ယခုလည်း ရှိနေဆဲ ဖြစ်နေရတယ်.... အကုသိုလ်ကျူးလွန်ချင်စိတ်ဟာလည်း အရင်ကအတိုင်းပဲ အခုထိ ရှိနေမြဲဖြစ်ရတယ်..... နည်းနည်းလေးမှ ပြောင်းလဲလာတာမရှိဖူး......။

(ပိုဆိုးတာက.....)

အဲ့ဒီ မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိခေါင်းစဉ်အောက်မှာ ကျင်းပနေတဲ့ အခမ်းအနားထဲမှာပင် တမန်တော်မြတ်ကြီး(ဆွ)ရဲ့ အမိန့်တော်တွေနဲ့ လုံးဝ ဆန့်ကျင်နေတာတွေကို ကျွန်တော်တို့ လုပ်နေကြတယ်.....

နှစ်ဘဝသခင်(ဆွ)ရဲ့ နာမည်တော်ကို ယူလာတယ်..... ပြီးတော့ တမန်တော်မြတ်(ဆွ)ရဲ့ စွန္နသ်တော်တွေကို..... လမ်းညွှန်ပြသမှု့တွေကို ပျက်ရယ်ပြုနေကြတယ်..... (တကယ်ဆို) အဲ့ဒီအရာတွေကို တမန်တော်မြတ်(ဆွ) ဆောင်ကြဉ်းလာတာပါ....။

ဘယ်လိုဖြစ်လဲဆိုတော့.... ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အခုဆိုရင် ရောပြွန်းနေတဲ့ လူစုလူဝေးကြီး ဖြစ်နေတဲ့ အခမ်းအနားတွေ များစွာ ဖြစ်နေတယ်..... မိန်းမ၊ ယောင်္ကျား အတူတူထိုင်နေကြတယ်..... ပြီးတော့ မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိကို တင်ပြမှု့ ဖြစ်နေတယ်။

တမန်တော်မြတ်ကြီး(ဆွ)ကတော့ အမျိုးသမီးတွေကို အမိန့်ရှိတော်မူတယ်..... အကယ်၍ အသင်မတို့ နမားဇ်ဖတ်မယ်ဆိုရင် ဗလီမှာ ဖတ်မယ့်အစား အိမ်မှာ ဖတ်ကြပါ....။ အိမ်ရဲ့ လူမြင်သာတဲ့ အကာအရံမရှိတဲ့နေရာမှာ ဖတ်မယ့်အစား ကာရံထားတဲ့အခန်းတခုမှာ ဖတ်ကြပါ......။ အဲ့ဒီအခန်းထက်ပိုကောင်းတာတော့ လုံးဝလူမမြင်တဲ့ အခန်းကျဉ်းလေးမှာ ဖတ်ကြပါ.....။

အမျိုးသမီးတွေအတွက် မြတ်နဗီ(ဆွ)က ဒီအမိန့်ပေးနေတယ်.... သို့သော် အဲ့ဒီနှစ်ဘဝသခင်(ဆွ)ရဲ့ အကြောင်းအရာကိုပဲ တင်ပြနေတဲ့ အခမ်းအနားမှာ အမျိုးသား၊ အမျိုးသမီး ရောနေတယ်....။

လှပခြယ်သမှု့တွေအပြည့်နဲ့၊ (ဒီဇိုင်းအမျိုးမျိုးနဲ့) ပရ်ဒါမရှိပဲ အမျိုးသမီးတွေ တက်ရောက်နေကြတယ်.... အမျိုးသားတွေလည်းပဲ ရှိနေတယ်.......။  မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိကို ဘယ်လိုပျက်ရယ်ပြုမိနေလဲဆိုတာကို ဘယ်သူမှ မတွေးမိဖူး။

တမန်တော်မြတ်(ဆွ)က အမိန့်ရှိထားတယ်.....

ငါကိုယ်တော်ကို စေလွှတ်လိုက်ရတဲ့ ရည်ရွယ်ချက်တွေထဲက အရေးကြီးတဲ့ တစ်ခုဟာ...... ဗာဂျာမှုတ်သူများ ... ပလွေမှုတ်သူများ... မြူးတူးကခုန်၊ တီးမှုတ်ပစ္စည်းအားလုံးကို ဒီလောကနေ ဖယ်ရှားပစ်ဖို့ပဲ ဖြစ်တယ်.....။

သို့သော် (ဝမ်းနည်းစရာကောင်းတာက) ဒီနေ့ တမန်တော်မြတ်ကြီး(ဆွ)ရဲ့ နာမည်ကို ယူပြီး အခမ်းအနားတွေ ဖြစ်နေတယ်.... ပွဲလမ်းသဘင်တွေ ဖြစ်နေတယ်.... အဲ့ဒီ အခမ်းတွေမှာ မြူးတူးကခုန်၊ တီးမှုတ်ပစ္စည်းတွေနဲ့ နအသ်ဖတ်နေကြတယ်.... ကဝါလီရှရီးဖ် ဖတ်နေကြတယ်... ကဝါလီနဲ့အတူ ရှရီးဖ်(မွန်မြတ်သော)ဆိုတဲ့ စာလုံးကိုပါ တွဲလိုက်ကြပြီ.....

အဲ့ဒီ အခမ်းအနားတွေမှာ harmonium တီးနေတယ်..... မြူးတူးကခုန်မှု့တွေ ဖ်ြစနေတယ်.....။

တခြား သီချင်းတွေနဲ့ တမန်တော်မြတ်(ဆွ)အတွက် ဖတ်တဲ့ နအသ်(ကဗျာ၊အလင်္ကာ)တွေမှာ ဘာကွာခြားမှု့မှ မရှိတော့ဖူး.....

မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိနဲ့ ပတ်သက်ပြီး ပျက်ရယ်ပြုခြင်းမှာ ဒီထက်ပိုဆိုးတာ ရှိပါဦးမလား။

ဒီအပြင် ရေဒီယို၊ တယ်လီဗေးရှင်းတွေမှာ အမျိုးသမီးတွေနဲ့အမျိုးသားများ တွဲပြီးတော့ နအသ်တွေ ဖတ်နေကြတယ်....

တယ်လီဗေးရှင်း ကြည့်တဲ့ ပုဂ္ဂိုလ်တွေက ပြောပြတယ်...... အမျိုးသမီးတွေက ခြယ်သမှု့အပြည့်နဲ့ တယ်လီဗေးရှင်းမှာ လာကြတယ်တဲ့။

ဒါဟာ မြတ်နဗီ(ဆွ)ရဲ့ သန့်ပြန်လှတဲ့ အထ္ထုပ္ပတ္တိအပေါ်၊ မြတ်နဗီ(ဆွ)ရဲ့ သင်ကြားပို့ချမှု့တွေအပေါ် လှောင်ပြောင်၊ပျက်ရယ်ပြုခြင်း တစ်မျိုးသာလျှင် ဖြစ်တယ်.....

အမျိုးသမီးများနဲ့ ပတ်သက်ပြီး ကုရ်အာန်ကျမ်းတော်မြတ်မှာ လာရှိတယ်..... ဆိုလိုရင်းက.....

အမိုက်ခေတ်ကလို အသင်မတို့ ခြယ်သမှု့ပြုပြီး အမျိုးသားတွေရှေ့ မလာကြနဲ့(မသွားကြနဲ့)...

ဒီနေ့ အဲ့ဒီ အမျိုးသမီးတွေပဲ မိတ်ကပ်နဲ့ ခြယ်သမှု့(အမျိုးမျိုး)လုပ်ပြီး အမျိုးသားတွေ ရှေ့ကိုလာနေတယ်.... ပြီးတော့ တမန်တော့်အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး နအသ်ဖတ်နေကြတယ်....

မြတ်နဗီ(ဆွ)အတွက်ဖတ်တဲ့ ကဗျာကို...... မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိကို မတရားလုပ်တဲ့နေရာမှာ ဒီထက်ပိုဆိုးတာ ရှိနိုင်ပါသေးလား ??????

အကယ်၍ ခင်ဗျားတို့က ဒီကိစ္စတွေကြောင့် အလ္လာဟ်အရှင်မြတ်ရဲ့ ရသ်မသ်တွေ ခင်ဗျားတို့ဆီလာမယ်လို့ ထင်နေတယ်ဆိုရင် ခင်ဗျားတို့လောက် အလှည့်ခံစားနေရတဲ့သူ နောက်ထပ် ရှိမှာမဟုတ်ဖူး.....

တမန်တော်မြတ်(ဆွ)ရဲ့ စွန္နသ်တော်တွေကို စွန့်ပယ်ပြီး...... တမန်တော်မြတ်(ဆွ)ရဲ့ သင်ကြားပြသချက်တွေရဲ့ ဆင်္န့ကျင်ဖက်လုပ်ပြီး..... မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိကို ဆန့်ကျင်ပြီး..... လှောင်ပြောင်ပျက်ရယ်ပြုပြီးတော့လည်း
ခင်ဗျားအနေနဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ရဟ်မသ်တော်တွေကို မျှော်လင့်ချက်ထားနေမယ်ဆိုရင်.... ဒီထက်ပိုပြီး လွဲမှားနေတာ... ဒီထက်ပိုပြီး လှည့်စားခံနေရတာ ဒီလောကမှာ နောက်ထပ်တခြား ရှိမှာ မဟုတ်တော့ဖူး။

အလ္လာဟ်အရှင်မြတ်ထံပါးမှာ ခိုလှုံမိပါတယ်... ဒါတွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အဇားဗ်ကို.... ပြစ်တင်ရှုတ်ချမှု့ကို လက်ယက်ခေါ်နေတဲ့ ကိစ္စတွေပဲ ဖြစ်တယ်..... လုပ်ရပ်တွေက တမန်တော်ရဲ့ အမိန့်ကို ဖီဆန်တ့ လုပ်ရပ်တွေ ဖြစ်တယ်.......

(လုပ်တော့လည်း) တမန်တော်မြတ်ကြီး(ဆွ)ရဲ့ အထ္ထုပ္ပတ္တိကို တင်ပြပြောဆိုတဲ့ အချိန်မှာ လုပ်နေကြတာ ဖြစ်တယ်။

နောက်ဆုံးပိုင်းသို့.......

(ဆက်တိုက် တင်သွားမလို့ပါပဲ.... ကရာချီတစ်ခုလုံး နက်တွေ၊ဖုန်းတွေ ဖြတ်တောက်ထားတဲ့အတွက် တင်ခွင့်ရဖူး ဖြစ်သွားတယ်.... နောက်ကျသွားတဲ့အတွက် မားဖ်လုပ်ပါ.....။ အခုလည်း လိုင်းက မရှိဖူး ခလုပ်နှိပ်ပြီး တစ်ရေးအိပ်လို့ရတဲ့ ကွန်နရှင် ဖြစ်နေတယ်...။ စာရှည်နေလို့ နှစ်ပိုင်းခွဲတင်လိုက်တယ်...။ ကျွန်တော်တို့တွေအားလုံးကို လိုက်နာကျင့်သုံးနိုင်စွမ်း ပေးသနားတော်မူပါစေ.....။)
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger