ဒုတိယအချက်ကတော့..... မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိတင်ပြပွဲ၊ အခမ်းအနားတွေ
နေရာတကာမှာ ပြုလုပ်ကျင်းပနေကြတယ်..... တမန်တော်မြတ်ကြီး(ဆွ)ရဲ့
အထ္ထုပ္ပတ္တိကို တင်ပြနေကြတယ်... ဒါပေမယ့် အဓိကအချက်အချာကျတာက.....
အလုပ်တစ်ခုက ဘယ်လောက်ပဲ ကောင်းသည်ထက် ကောင်းပါစေ.... အလုပ်လုပ်တဲ့သူရဲ့
နီယသ်က မကောင်းခဲ့ဖူးဆိုရင် သူ့နှလုံးသားထဲမှာ စစ်မှန်တဲ့ တွန်းအား၊
လှုံ့ဆော်မှု့တွေ ရှိမလာနိုင်ဖူး... သူလုပ်တဲ့ အလုပ်ကလည်း အကျိုးမဲ့၊
အချီးအနှီးသာ ဖြစ်နေမယ်..... သို့သာမက တခါတရံ နစ်နာဆုံးရှုံးစေမယ့်၊
အကျိုးယုတ်စေမယ့်အရာ ဖြစ်သွားတတ်တယ်......
(နမူနာအားဖြင့်) ကြည့်ပါလေ.... နမားဇ်ဟူသည်ကား အဘယ်မျှ ကောင်းသော ကျင့်ကြံခြင်း ဖြစ်ပါသနည်း.... အလ္လာဟ်အရှင်မြတ်ကို ခဝပ်ကိုးကွယ်ခြင်း ဖ်ြစတယ်..... ကုရ်အာန်နဲ့ ဟဒီးဆ်တော်တွေမှာ နမားဇ်နဲ့ ပတ်သက်တဲ့ အကျိုးကုသိုလ်တွေ ပြည့်လျှံနေအောင် ဖော်ပြ ထားတယ်....
သို့သော်.... လူတစ်ယောက်က နမားဇ်ဖတ်တာကို..... ကောင်းမွန်၊ မွန်မြတ်တဲ့ မွတ်သကီ၊ ဘာသာတရား ကိုင်ရှိုင်းသူလို့ လူတွေ မှတ်ယူလာစေရန် ဖတ်ခဲ့မယ်ဆိုရင်..... ရှင်းပါတယ်... သူ့ရဲ့နမားဇ်တွေဟာ အလဟသတ်၊ အချီးအနှီးပဲ ဖြစ်ပါလိမ့်မယ်.... သို့သာမက အဲ့လို နမားဇ်ဖတ်ခြင်းဟာ အကျိုးကုသိုလ် ရမယ့်အစား ပြောင်းပြန် အကုသိုလ် ကျူးလွန်ရာရောက်မယ်.....
ဟဒီးဆ်တော်မှာ တမန်တော်သခင်(ဆွ)အမိန့်ရှိတော်မူတယ်..... မည်သူမဆို လူတွေကို ပြစားဖို့ နမားဇ်ဖတ်ခဲ့မယ်ဆိုရင် သူဟာ အလ္လာဟ်အရှင်မြတ်နဲ့အတူ အခြားတစ်ယောက်ကို ယှဉ်တွဲကိုးကွယ်နေသကဲ့သို့ပဲ ဖြစ်မယ်...
ဘာကြောင့်လဲ ဆိုတော့ အဲ့ဒီလူက မြင့်မြတ်တော်မူသော အလ္လာဟ်အ၇ှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှု့ ရယူဖို့ဖတ်တာ မဟုတ်ဖူး..... ဖန်ဆင်းခံတွေကို နှစ်သက်စေချင်လို့ ဖ်ြစတယ်...... ဖန်ဆင်းခံတွေထဲမှာ မိမိရဲ့ သက်ဝါ...... မိမိရဲ့ ကောင်းမွန်၊မွန်မြတ်မှု့ရဲ့ အရှီန်အဝါ ရယူနိုင်ဖို့ ဖတ်နေတာ... ဒါကြောင့် သူဟာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်နဲ့အတူ ဖန်ဆင်းခံကို ရှစ်ရ်က် လုပ်နေသကဲ့သို့ ဖြစ်တယ်.....
(နမားဇ်ဖတ်ခြင်းဟာ) ဘယ်လောက် မွန်မြတ်တဲ့ အလုပ်ဖြစ်ပါသလဲ.... သို့သော် နီယသ်လေး တစ်ချက်မှားလိုက်တာနဲ့ အလကား ဖြစ်သွားရတယ်.... ပြောင်းပြန်အသွင်ဖြစ်ပြီး အကုသိုလ်အထမြောက်ဖို့ အကြောင်းခံဖြစ်သွားရတယ်......
ဒီအတိုင်းပါပဲ.... . မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိကို ကြားနာခြင်း၊ ဟောကြားခြင်းကလည်း.....
အကယ်၍ လူတစ်ယောက်အနေနဲ့ . မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိကို ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့.... ကောင်းမွန်တဲ့ နီယသ်နဲ့.... ကောင်းမွန်တဲ့ စိတ်ဆန္ဒတွေနဲ့ နားထောင်မယ်... ပြောပြမယ် ဆိုရင်..... ဒီအလုပ်ဟာ သံသယမဲ့ အလါန်ကော်ငးတဲ့ အလုပ်ဖြစ်တယ်.... အကျိုးကုသိုလ်ရမယ့် အလုပ်ဖြစ်တယ်..... ကောင်းချီးမင်္ဂလာတွေ ရစေမယ့် အကြောင်းခံ ဖြစ်တယ်..... ဘဝသက်တမ်းမှာ ပြောင်းလဲမှု့ကို ယူဆောင်လာပေးမယ့် အလုပ်ပဲဖြစ်တယ်....
သို့သော်.... အကယ်၍ လူတစ်ယောက်ဟာ . မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိကို စစ်မှန်၊ကောင်းမွန်တဲ့ နီယသ်နဲ့ နားမထောင်ဖူး.... စစ်မှန်၊ကောင်းမွန်တဲ့ နီယသ်နဲ့ မပြောပြဖူး.... သူ့ရဲ့ နှလုံးသားထဲမှာ အခြားအခြားသော ရည်ရွယ်ချက်တွေ၊ ပစ်မှတ်တွေ ဖုံးကွယ်နေပြီး အဲ့တာတွေကို အကောင်အထည်ဖော်ဖို့ . မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိ ဟောပြောပွဲ ကျင်းပခဲ့မယ်..... အခမ်းအနား လုပ်ခဲ့မယ်ဆိုရင်.....
ညီနောင်အပေါင်းတို့...... ဒါဟာ အလွန်တရာ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ရောင်းဝယ်မှု့ပဲ ဖြစ်တယ်..... ဘာကြောင့်လဲဆိုတော့..... အပေါ်ယံအားဖြင့် မြင်နေရတာက သူဟာ အလွန်ကောင်းမွန်တဲ့ အလုပ်ကို လုပ်နေတယ်... သို့သော် အတွင်းကျကျ သိရလိုက်တာက အဲ့ဒီရဲ့ ပြောင်းပြန် အကုသိုလ်ရဲ့ အကြောင်းအခံဖြစ်စေမယ့် အလုပ်ကို လုပ်နေတယ်... မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ရဲ့ အဇားဗ် (ပြစ်ဒဏ်ခတ်မှု့).... အိသားဗ် (ပြစ်တင်ရှုတ်ချမှု့)ရဲ့ အကြောင်းခံကို လုပ်နေတာဖြစ်တယ်....
ဒီအချက်ကို ရှေ့ဝယ်ထားပြီး ကျွန်တော်တို့ မိမိကိုယ်မိမိ သုံးသပ်လေ့လာပြီး ကြည့်လိုက်ပါ..... ဖြူစင်တဲ့နှလုံးသား.... ကောင်းမွန်တဲ့ စိတ်ထားလေးတွေနဲ့ ကိုယ့်သူကိုယ် ကြည့်လိုက်ပါ.....
ကရာချီမှ ပေရှာဝရ်အထိ (ဒေသတစ်လျှောက်လုံး)မှာ ဖြစ်နေတဲ့ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေကို ဦးစီးမှု့ ပြုနေတဲ့ နာယကအဖွဲ့ဟာ .......
အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်ဖို့ ပွဲတွေလုပ်နေတာလား....?
မြတ်နဗီ(ဆွ)ရဲ့ နောက်လိုက်ခြင်းကို ရည်ရွယ်နေတာလား....?
တမန်တော်မြတ်ကြီး(ဆွ)ရဲ့ သင်ကြားပို့ချခဲ့တာတွေကို နားထောင်ဖို့ အခမ်းအနားလုပ်နေတာလား....?
မိမိတို့သက်တမ်းမှာ (ထိုသင်ကြားမှု့နဲ့ကိုက်ညီတဲ့)စံချိန်ညွှန်းမှီ ဖြစ်လာအောင် ကြိုးစားနေတာလား.....?
အလ္လာဟ်အရှင်မြတ်ရဲ့ အချို့ကောင်းမွန်တဲ့ ဗန်ဒါတွေ(ကျေးကျွန်များ)ကတော့ ဒီလို စိတ်ထားမျိုး ရှိပါလိမ့်မယ်....။ သို့သော် ..... အများလုပ်ထုံးကို ကြည့်လိုက်ပါက အခမ်းအနား ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုက တခြားဖြစ်နေတာကို တွေ့ရလိမ့်မယ်....
နီယသ်တွေ တခြားဖြစ်နေတာကို တွေ့ရလိမ့်မယ်..... ဒီအခမ်းအနားမှာ ပါဝင်ဆင်နွှဲပြီးတော့ မြတ်နဗီ(ဆွ)ရဲ့ စွန္နသ်တော်တွေပေါ်မှာ လက်တွေ့ကျင့်သုံးနိုင်ဖို့ ကြိုးစားကြမယ်လို့ နီယသ်မထားထားကြဖူး.....
နီယသ်က ဘာဖြစ်နေလဲဆိုတော့..... ရပ်ကွက်ထဲက အဖွဲ့အစည်းတစ်ရှိမယ်..... အဲ့ဒီအဖွဲ့အစည်းက.....
မိမိတို့ သြဇာအာဏာ သက်ရောက်မှု့ ခိုင်မြဲစေရန်အတွက် အခမ်းအနား ကျင်းပကြတယ်......
တမန်တော်မြတ်(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဆိုင်ရာ အခမ်းအနားလုပ်လိုက်မယ်ဆိုရင် ငါတို့ အဖွဲ့အစည်း နာမည်ကြီးသွားမယ် ဆိုတဲ့ အတွေးအခေါ်ဖြစ်နေတယ်.....
တချို့ အုပ်စုတွေက . မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဆိုင်ရာ အခမ်းအနားဘာကြောင့် ကျင်းပရလဲဆိုတော့....
အခမ်းအနားလုပ်ခြင်းကို အကြောင်းခံပြီးတော့ ငါတို့ အဖွဲ့အစည်းက အလွန် ခမ်းနားစွာ ကျင်းပခဲ့တယ်....
အဆင့်မြင့်၊နာမည်ကြီးတဲ့ တရားဟောဆရာတွေကို ခေါ်ခဲ့တယ်.....
လူတွေ အများကြီး တက်ရောက်ခဲ့တယ်.....
တက်ရောက်လာတဲ့လူတွေက ကောင်းမွန်ကြောင်း ပြောဆိုကြမယ် (အစရှိ သဖြင့်) ချီးမွှမ်းခံချင်လို့ ဖြစ်တယ်......။
တချို့နေရာတွေမျာ အခမ်းအနား ဘာကြောင့် ပြုလုပ်နေလဲဆိုတော့.... ကိုယ် ပြောချင်တဲ့စကား ပြောဖို့အတွက် နေရာမရဖူး..... နိုင်ငံရေးစကားတွေ ဒါမှမဟုတ် သင်းကွဲ၊ဂိုဏ်းကွဲများဆိုင်ရာ စကားတွေ... ဒီလိုစကားတွေက လမ်းဘေးပလက်ဖောင်းမှာ ထုတ်ဖော်ပြောလို့ မရဖူးဆိုတော့... မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဆိုင်ရာ အခမ်းအနားကို ကျင်းပလိုက်ကြတယ်..... ပြီးတော့ စိတ်ကျေနပ်တဲ့အထိ ပြောဆိုကြတယ်.... အခမ်းအနား အစမှာတော့ မြတ်နဗီ(ဆွ)ရဲ့ ချီးမွှမ်းခန်း... ဂုဏ်ထူးများဖွင့်ဆိုခန်းရဲ့ သုံးလေးကြောင်း တင်ပြမယ်.... ပြိးတာနဲ့ ဟောပြောမှု့ တစ်ခုလုံးမှာ မိမိ ရည်ရွယ်ချက်တွေကို တင်ပြကြတယ်.... မိမိနဲ့ ဆန့်ကျင်တဲ့ အဖွဲ့အစည်းပေါ်ကို စာလုံးအနုမြူကျဲကြတယ်.... ဒီလို ရည်ရွယ်ချက်မျိုးတွေနဲ့ အခမ်းလုပ်နေကြတာ ဖြစ်တယ်။
နောက်ထပ် စဉ်းစားသင့်တဲ့အချက်က... အကယ်၍ တကယ်ပဲ ဖြူစင်တဲ့ နှလုံးသားနဲ့...... မြတ်နဗီ(ဆွ)ရဲ့ သင်ကြားပြသမှု့တွေအပေါ်မှာ လိုက်နာကျင့်သု့းဖို့ ရည်ရွယ်ချက် ထားခဲ့လို့..... အခုလို အခမ်းအနားလုပ်တယ်ဆိုရင်....ကျွန်တော်တို့တွေရဲ့ လုပ်ရပ်ဟာ တခြားပုံစံနဲ့ ဖြစ်နေမှာပါ....။
အိမ်တစ်အိမ်မှာ တမန်တော်မွေးနေ့ အခမ်းအနားကျင်းပနေတယ် ဆိုပါစို့....။ မိတ်ဆွေသင်္ဂဟထဲက တစ်ဦးဦး သို့မဟုတ် ဆွေမျိုးသားချင်း တစ်ယောက်ယောက်က ဒီပွဲမှာ မပါခဲ့ဖူးဆိုရင်......
သူ့ကို ထိုးနှက်ပြောဆိုနေကြတယ်.....
မကောင်းပြောဆို သမုတ်ကြတယ်....
သူနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှု့တွေ လုပ်နေကြတယ်......
ဒီ အခမ်းအနားမှာ ပါဝင်ဆင်နွဲကြတဲ့သူတွေရဲ့ နီယသ်ကလည်း တမန်တော်မြတ်(ဆွ)ရဲ့ အထ္ထုပ္ပတ္တိကို နားထောင်ဖို့ မဟုတ်ဖူး.... လက်တွေ့ ကျင့်သုံးကြဖို့ မဟုတ်ဖူး...... နီယသ်က ဘာဖြစ်နေလဲဆိုတော့.....
အခမ်းအနားကျင်းပသူတွေ မိမိကို စိတ်မဆိုးစေရန် ဖြစ်တယ်....
အခမ်းအနားကျင်းပသူတွေရဲ့ နှလု့းသားထဲမှာ မကျေနပ်ချက်တွေ မဖြစ်လာစေရန် ဖြစ်တယ်....
အလ္လာဟ်အရှင်မြတ်ကို ကျေနပ်စေဖို့ မစဉ်းစားဖူး...
အခမ်းအနားကျင်းပသူတွေကို ကျေနပ်စေဖို့ပဲ စဉ်းစားနေတယ်။
တချို့လူတွေက အခမ်းအနားမှာ ဘာကြောင့် ပါဝင်ဆင်နွဲရလဲဆိုတော့....
အခမ်းအနားမှာ ဘယ်ဆရာ ဟောကြားမှာ ဖြစ်တယ်.....
နည်းနည်းလောက် သွားကြည့်လိုက်ပါဦးးမယ်....... ဆရာ ဘယ်လို တရားဟောမလဲ။
ကြားဖူးတာတော့ ဆရာက တော်တော် ခံစားချက်အပြည့်နဲ့ စပါယ်ရှယ်ဟောတဲ့ ဆရာဖြစ်တယ်...
တကယ်ကို သိမ့်သိမ့်တုန်အောင် ဟောပြောနိုင်တဲ့သူဖြစ်တယ်..... (စသည်ဖြင့်)
ပုံစံက ဘာဖြစ်နေလဲဆိုတော့.... ဗယာန်(ဟောကြားမှု့)ကို အရသာခံဖို့ သွားနေတာဖြစ်တယ်.... ဟောကြားမှု့ရဲ့ ပုံစံကို ခန့်မှန်းနိုင်ဖို့ သွားနေတာ ဖြစ်တယ်.... ဘယ်ဆရာကတော့ ဘယ်လို ကဗျာတွေ သီကြူးသီကြူးပြီး ဟောကြားတာ..... အကြောင်းအရာတွေ ဘယ်လောက် တင်ပြခဲ့တာကို ကြည့်ဖို့(နားထောင်ဖို့) သွားနေတာဖြစ်တယ်....။
တချို့လူတွေက မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဆိုင်ရာ အခမ်းအနားကို ဘာကြောင့် ပါဝင်ဆင်နွှဲနေရလဲဆိုတော့....
သွားလိုက်တာပေါ့ကွာ.... ဒီနေ့ ဘာအလုပ်မှလည်း ရှိတာမဟုတ်ဖူး.... အချိန်တွေ ပိုနေတယ်..... အခမ်းအနား တစ်ခုခုမှာ သွားလိုက်ရင် တိုင်းမ်ပတ်စ် လေးတော့ ဖြစ်သွားမယ်...
မြောက်များစွာသော လူတွေက ဘာကြောင့် ပါဝင်ဆင်နွှဲနေရလဲဆိုတော့...
အိမ်မှာ နေရတာ ငြီးငွေ့နေတယ်... ရပ်ကွက်ထဲမှာ အခမ်းအနားဖြစ်နေတာပဲ.... သွားလိုက်တာပေါ့.... အဲ့ဒီမှာ နည်းနည်းလောက် သွားထိုင်လိုက်မယ်.... စိတ်ပါသလောက် ထိုင်လိုက်မယ်..... စိတ်မပါတော့ဖူးဆိုတော့ ထပြန်လာလိုက်တာပေါ့....
ဒီအချက်တွေကို ထောက်ရှု့ခြင်းအားဖြင့် ရည်ရွယ်ချက်က မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိကို သင်ကြားနာယူဖို့ မဟုတ်ဖူး (ဆိုတာ သိရတယ်။) ရည်ရွယ်ချက်က ဘာဖြစ်နေလဲဆိုတော့ တိုင်းမ်ပတ်စ်လုပ်ဖို့ ဖြစ်နေတယ်.....
တကယ်တော့ တခါတရံ ဒီလို တိုင်းမ်ပတ်စ်လုပ်ဖို့ သွားတာလည်း အကျိုးရှိတတ်ပါတယ်... အလ္လာဟ်... ရစူလ်အကြောင်းတွေ နားထဲရောက်သွားမယ်... အဲ့ဒါကို အကြောင်းခံပြီး လူတစ်ယောက်ရဲ့ ဘဝသက်တမ်း ပြောင်းလဲသွားတတ်တယ်..... တကယ်လဲ ဒီလို အဖြစ်အပျက်တွေ ဖြစ်ခဲ့ဖူးတယ်...
သို့သော် ယခု ကျွန်တော် ပြောနေတာက နီယသ်အကြောင်းဖြစ်တယ်... သွားတဲ့အချိန် နီယသ်တွေ မှားနေတာကို တင်ပြနေခြင်း ဖြစ်တယ်... မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိကို ကြားနာပြီး လက်တွေ့ကျင့်သုံးဖို့ မရည်ဖူး (ဆိုတာကို တင်ပြနေခြင်းဖြစ်တယ်....။)
အင်န်ရှာအလ္လာဟ် ဆက်လက် တင်ပြပါဦးမည်....။

ဘရှီရွလ္လာဟ် ဖာရီုကီ
မေမြို့
Post a Comment