အသိပေးခြင်း
က
Home » , , » မွဖ်သီသကီးဆားဗ် ဟောကြားခဲ့သော ရဗီအွလ်အောင်ဝလ်၏ ပွဲသဘင် (ဘာသာပြန် ၁)

မွဖ်သီသကီးဆားဗ် ဟောကြားခဲ့သော ရဗီအွလ်အောင်ဝလ်၏ ပွဲသဘင် (ဘာသာပြန် ၁)

بسم الله الرحمن الرحيم
ကျွန်တော်တို့ ထိုင်ဝိုင်းလေးရဲ့ အကြီးမားဆုံး ရည်မှန်းချက်ဖြစ်တဲ့ တရားရေအေး တိုက်ကျွေးမှု့ကို ဘယ်လိုပဲ အမြင်မကြည်၊ မကြည်။ ဘယ်လိုပဲ အရောင်ဆိုး၊ ဆိုး။ အင်န်ရှာအလ္လာဟ် တိုက်ဆိုက်လာသော နေ့ရက်များရဲ့ကဏ္ဍကို ကျွန်တော်အမြဲရှင်သန်နေအောင် ထားပေးမှာပါ။ ဘယ်လောက်ပဲ အခက်ခဲတွေ ဖြစ်နေပါစေ၊ ဘယ်လိုပဲ အကြပ်အတည်းဖြစ်နေပါစေ အင်န်ရှာအလ္လာဟ် ကျွန်တော် ဘရှီးလေး ဝိုင်းတော်သားများအတွက် အမြဲ အသင့်ဖြစ်နေမှာပါ။ (အချိန်တွေ ဘရကသ်ရှိအောင် အထူးဒိုအာ လုပ်ပေးကြပါ။)
တချို့မိတ်ဆွေတွေက စောဒက တက်ချင်တက်မယ်။ ဘရှီးလေးက ပေါ့စတစ်ဗ် အမြင်မထားဖူး။ နက်ဂတစ်ဗ် အမြင်ထားတယ်။ အားနေရင် ဆန့်ကျင်ရေးစာပဲ ထိုင်ရေးနေတယ်လို့ ပြောချင်ပြောကြမယ်။ ပြောချင် ပြောကြပါစေ။ တကယ်တော့ ကျွန်တော်က အရမ်းနုညံ့ပြီး၊ နားလည်ပေးနိုင်လွန်းတဲ့လူတစ်ယောက်ပါ။ ကျွန်တော့်မှာ ဘယ်သူ့ကိုမှ တိုက်ခိုက်လိုစိတ်၊ နက်ဂတစ်ဗ် အမြင်မျိုး၊ ကွဲလွဲလိုစိတ် လုံးဝမရှိပါဖူး။ ဖြစ်နိုင်ရင် မွတ်စ်လင်မ်တွေအားလုံးကို တစ်စုတစ်စည်းတည်း လမ်းမှန်ပေါ်မှာ စုစည်းချင်သူတစ်ယောက်ပါ။ ဒါကြောင့်ပဲ ကျွန်တော်အနေနဲ့ မအားလပ်တဲ့အချိန်တွေကြားကနေ၊ စာမေးပွဲတန်ရှန်ကို ခဏဖယ်ပြီး၊ ကိုယ်ရေးကိုယ်တာတွေကို ခဏခေါက်ထားပြီးတော့ ဖြောင့်မတ်သောလမ်းကို လျှောက်လိုသူများနဲ့ အမှန်တရားကို နှစ်သက်သူများအတွက် အားဆေးတစ်ခွက်လာ တိုက်ကျွေးနေတာပါ။
ပြန်ကြည့်လိုက်မယ်ဆိုရင် ..... ကျွန်တော်တို့တွေဟာ အစ္စလာမ်ဆိုတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ လမ်းမပေါ်ကြီးပေါ်က သာသနာ့ခရီးသည်တွေပါ။ ဖြောင့်မတ်တဲ့ အစ္စလာမ့်လမ်းမှာ ဆူးတွေ့ရင် ကိုယ်တိုင်ရှောင်သွားလို့ရပေမယ့် နောက်ကလူတွေ ဒီဆူးကို မဆူးအောင် ကျွန်တော်အတက်နိုင်ဆုံး ဖယ်ရှားရလိမ့်မယ်။ ချိုင့်တွေ့ရင် ဖို့ပေးခဲ့ရမယ်။ လမ်းချိုးတွေ တွေ့လာရရင် မှတ်တိုင်ထားခဲ့ပြီး လမ်းပြဆိုင်းဘုတ်ချိတ်ပေးခဲ့ရမယ်။ အဖျက်သမားများ၏ လုပ်ရပ်များကြောင့် လမ်းမညီခဲ့ရင် နောက်ကလူအတွက် သက်သာမှု့ရစေဖို့ လမ်းညီညာဖြောင့်ဖြူးစေဖို့ ပြင်ဆင်ပေးခဲ့ရမယ်။
သာသနာ့ ခေါင်းဆောင်ကြီးများက နောက်လူတွေ မပင်မပန်း ခရီးဆက်နိုင်ပါစေဆိုပြီး အရိပ်ရပင်၊ အသီးစားပင်တွေကို စိုက်ပျိုးခဲ့တယ်။ တချို့လူတွေက စားစရာတစ်နှပ်စာအတွက်နဲ့ ဒီအပင်တွေကို မီးသွေးဖုတ် ရောင်းခဲ့တယ်။ တချို့ကလည်း အနောက်တိုင်းမှာ ပလပ်စတစ်သစ်ပင်စိုက်တာ ဘယ်တော့မှ အရွက်မကြွေဖူးဆိုပြီး အပင်အစစ်နဲ့ ပလပ်စတစ်အပင်တွေကို လဲပစ်တယ်။ တစ်ချို့ကျတော့လည်း ဘုမသိဘမသိနဲ့ လမ်းလယ်ခေါင်မှာ နိုးအန်ထရီ ဘုတ် လာထောင်တယ်။
ဆိုတော့ ကျွန်တော်ပြောချင်တာက အစ္စလာမ် သာသနာဆိုတဲ့ ဖြောင့်မတ်တဲ့ လေးမကြီးဟာ အဖျက်သမားအုပ်စုကြောင့်၊ ဘာသာခြားများရဲ့ တိုက်ခိုက်မှု့များကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း၁၄၀၀ အရင်ကလို မဟုတ်တော့ဖူး။ လျှောက်လာရင်းနဲ့ ဖယ်ရှားရတာတွေလုပ်ရသလို၊ ပြုပြင်ပေးရတာကိုလည်း လုပ်နေရတယ်။ လိုအပ်တဲ့နေရာမှာ အမြဲတမ်းအတွက် အသုံးပြုနိုင်မယ့် လမ်းပြဆိုင်းဘုတ်လေးတွေ ထားနေရတယ်။ ကျွန်တော်အနေနဲ့ ဒီနေ့အထိ အလ်ဟမ်ဒုလစ်လာ ရေးသားနိုင်ခဲ့သမျှ ဒီရည်ရွယ်ချက်တွေကြောင့်ပဲ ဖြစ်တယ်။ (ဒီထက်ပိုပြီး ရေးသားတင်ပြပေးနိုင်ဖို့ အမြဲဒိုအာမှာ သတိရပေးပါ။) တိုက်ဆိုင်လာတဲ့ နေ့ရက်များမှာ စာရှု့သူနဲ့ မတိုက်ဆိုင်တာ ရေးသားခဲ့ရင် ပညာရှင်ပီသစွာ ကျမ်းကိုး၊ကျမ်းကားနဲ့ ဆွေးနွေးလိုမယ်ဆိုရင် အင်န်ရှာအလ္လာဟ် ကျွန်တော်အချိန်ပေးနိုင်သလောက် ဆွေးနွေးတင်ပြပေးပါ့မယ်။
မိတ်ဆွေ...။ တယူမသန်ပါနဲ့....။ သွေးအေးအေး၊ ခေါင်းအေးအေးနဲ့ စဉ်းစားပါ....။ ဘယ်သူ ပြောနေတယ်ဆိုတာထက် ဘာကို ချပြပြောဆိုနေတယ်ဆိုတာကို ကြည့်ပါ....။ လိုက်မမှီလို့ ထုံးလမ်းစဉ်လာအတိုင်းပဲ ကောင်းပါတယ်လို့ အလွယ်မတွေးပါနဲ့....။ လိုက်မမှီရင် စောင့်ခေါ်နေပါတယ်....။ မောနေရင် ရေသောက်အနားယူလိုက်ပါဦး....။ ခရီးကြမ်းကို လျှောက်ရလို့ မလိုက်ချင်ဖူး မလုပ်လိုက်ပါနဲ့.... မနက်ဖြန် ကေယာမသ်နေ့မှာ ပိုမိုပင်ပန်းနေရလိမ့်မယ်....။ ပျော်ချင်သေးတယ်ဆိုပြီး နောက်မှာ သာသနာနဲ့ မညီညွှတ်တဲ့ ပါတီပွဲတွေ၊ မွေးနေ့ပွဲတွေ မကျင်းပနေပါနဲ့.... အရေးယူခံရမှာကိုလည်း ကြောက်လိုက်ပါဦး။
မိတ်ဆွေ...။ ထုံးလမ်းစဉ်လာဆိုတာ ကောင်းကင်ကျကျမ်းမဟုတ်ပါဖူး။ မိရိုးဖလာကျင့်ထုံးတိုင်းကို အစ္စလာမ့်လမ်းစဉ်လို့ မသတ်မိပါစေနဲ့။ အစ္စလာမ့်လမ်းစဉ်ကို ကုရ်အာန်၊ ဟဒီးဆ်မှာ ရှာဖွေပါ။ သူတော်စင်တွေရဲ့ ကျင့်ကြံအားထုတ်မှု့မှာ သင်ယူပါ။ ကုရ်အာန်၊ ဟဒီးဆ်ပတ်သက်လာရင် သူများ ဘာသာပြန်ပေးမှ နားလည်နိုင်တဲ့သူတွေရဲ့ ရှင်းပြမှု့နဲ့ ချဲ့ထွင်ပြောဆိုမှု့တွေကို နားမယောင်ပါနဲ့။ စစ်မှန်တဲ့ ပညာရှင်တွေပြသထားတဲ့၊ ရေးသားထားတဲ့ ကျမ်းတွေမှာပဲ လေ့လာပါ။ လူရေးကျမ်းမို့ မလေ့လာဖူးလို့ မသတ်မှတ်လိုက်ပါနဲ့။ (ရှုတ်ချပြောဆိုသူတွေရဲ့ စကားအတိုင်း) လူရေးကျမ်းတွေ မရှိခဲ့ရင် ကျွန်တော် ဒီကနေ့ ကုရ်အာန်ကို နားလည်ဖို့ အစ္စလာမ့်လမ်းစဉ်ကို နားလည်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ပါဖူး။ နမားဇ် ငါးကြိမ်ဆိုတာ... နမားဇ် ဘယ်လိုဖတ်လိုရတယ်ဆိုတာ... ဇကားသ်ရဲ့ အတိုင်းအတာ၊ သတ်မှတ်ချက်.... ဟဂ်ျပြုနည်း အစရှိတဲ့ အစ္စလာမ့် အဓိကျတဲ့ မဏ္ဍိုင်တွေကိုတောင် ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဖူး။ သေချာစဉ်းစားပါ။
ကျွန်တော်ကတော့ နောက်ဆုံးအနေနဲ့ လမ်းမှားနေသူတိုင်းကို လမ်းမှန်ရစေဖို့ပဲ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ကျွန်တော်အခု တင်ပြမယ့် အကြောင်းအရာက မွဖ်သီသကီးဆားဗ်ရဲ့ တရားဟောကြားမှု့များထဲက တစ်ခုပါ။ ရေးချင်တာတော့ ခါတိုင်းလိုပဲ အပင်ပန်းခံပြီး စာအုပ်များစွာလှန်၊ မှတ်စုထုတ်ပြီး စာစီပေးချင်တာပါ။ စာမေးပွဲရာသီမို့ လွယ်ကူစွာ ရေးသားတင်ပြနိုင်မယ့် ပုံစံကို ရွေးလိုက်တာပါ။ ကိုယ်တိုင်ရေးပဲ ဖတ်ချင်တဲ့ စာချစ်ပရိတ်သတ်ကို အင်န်ရှာအလ္လာဟ် စာမေးပွဲ ရာသီအပြီးမှာ ဆက်လက်တင်ပြသွားပါ့မယ်။ အခုတော့ ဗစ်ဒ်အသ်ရဲ့မီး မလောင်ခင်တားနိုင်အောင်လို့ မွဖ်သီသကီးဆားဗ်ရဲ့ ဟောကြားမှု့ကို ဘာသာပြန် တင်ဆက်လိုက်ပါတယ်......။ ဖတ်ရှု့ပေးပါဦးးးးးးးးး
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့ အားလုံးကို လိုက်နာနိုင်သော အရည်အချင်း ချီးမြှင့်တော်မူပါစေ။ ဘာသာပြန်ဆိုသူ ကျွန်တော်(ဘရှီးလေး)နှင့်တကွ ဝိုင်းတော်သူ/သားများ၊ စာရှု့သူများအားလုံး အမှန်ကိုအမှန် အမှားကိုအမှားကို ခွဲခြားစိတ်ဖြာနိုင်ပြီး လိုက်နာနိုင်တဲ့စွမ်းအား ရနိုင်ပါစေ။ အိုအရှင် .......။ မွဖ်သီသကီးဆားဗ်ရဲ့ မူရင်းဟောကြားမှု့ကို အကြောင်းခံပြီး အကျိုးဖြစ်ထွန်းစေခဲ့သလို ကျွန်တော်မျိုးရဲ့ ဘာသာပြန်တင်ဆက်မှု့ကို အကြောင်းခံပြီး အကျိုးဖြစ်ထွန်းစေတော်မူပါ။

မွဖ်သီသကီးဆားဗ် အမိန့်ရှိသည်မှာ-

သာသနာ့သောကရှင် သူတော်စင်များနဲ့ ချစ်ခင်ရပါသော ညီနောင်အပေါင်းတို့......။
မြတ်နဗီ(ဆွ)ရဲ့ မွန်မြတ်လှတဲ့ အကြောင်းအရာကို တင်ပြပြောဆိုနိုင်ခြင်းဆိုတာ လူသားအတွက် အလွန် နဖူးစာကောင်းခြင်းပဲ ဖြစ်တယ်.... ဒီမြေပထဝီပေါ်မှာ မြတ်နဗီ(ဆွ)ရဲ့ အကြောင်းအရာကို တင်ပြလို့ ရတဲ့ အကျိုးကုသိုလ်ထက် သာပိုပြီး ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အကြောင်းကို ပြန်လည်တင်ပြလို့  အကျိုးကုသိုလ် မရနိုင်ပါဖူး.... ပိုပြီး မင်္ဂလာ မရှိနိုင်ပါဖူး.... ပိုပြီး ကောင်းကျိုး မဖြစ်ထွန်းစေပါဖူး.... သို့သော် မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဆိုင်ရာ အခမ်းအနားတွေမှာ ပြန်လည်တင်ပြခြင်းနှင့် အတူ မြောက်များစွာသော အမှားအယွင်းတွေကို ကျွန်တော်တို့ လုပ်လာကြတယ်.... ဒါကြောင့် ကျွန်တော်တို့တွေ မြတ်နဗီ(ဆွ)ရဲ့ အကြောင်းတွေ ပြောပြခြင်းရဲ့ ရလဒ်အစစ်၊ အသီးမှန်၊ အပွင့်မှန်ကို မရကြတော့တာဖြစ်တယ်......။

ဒီမှားယွင်းမှု့တွေထဲက တစ်ခုက ဘာလဲဆိုတော့...... ကျွန်တော်တို့တွေဟာ နှစ်ဘဝသခင်(ဆွ)ရဲ့ အကြောင်းတွေကို ပြန်လည်တင်ပြပြောဆိုခြင်းကို လတစ်လတည်းမှာပဲ...... ဆိုလိုတာက ရဘီအွလ်အောင်ဝလ်လနဲ့ပဲ သီးသန့် ပြုထားလိုက်ကြတယ်။ တခါ ရဘီအွလ်အောင်ဝလ်ဆိုတဲ့နေရာမှာလည်း တစ်ရက်တည်းနဲ့.... တစ်ရက်မှာလည်း နာရီအချို့ထဲမှာ တမန်တော်မြတ်(ဆွ)အကြောင်း ပြောပြီး ကျွန်တော်တို့ မှတ်ယူနေကြတယ်.... ငါတို့တော့ တမန်တော်မြတ်ကြီး(ဆွ)ရဲ့ ရပိုင်ခွင့်ကို ပေးဆပ်လိုက်ပြီ။ တာဝန်ကျေသွားပြီ.... ဒီလုပ်ရပ်ဟာ မြတ်နဗီ(ဆွ)ရဲ့ အထ္ထုပ္ပတ္တိနဲ့ ပတ်သက်ပြီး အလွန်ရက်စက်တဲ့ မတရားလုပ်မှု့ပဲ ဖြစ်တယ်.....  တမန်တော်မြတ်(ဆွ)ရဲ့ အထ္ထုပ္ပတ္တိနဲ့ ပတ်သက်ပြီး ဒီထက်ပိုမို ရက်စက်တဲ့ မတရားလုပ်မှု့ မရှိတော့ဖူး.... ဆွဟာဗဟ် သာဝကကြီးများရဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ဒီကိစ္စကို လူကြီးမင်းတို့ တွေ့ရမှာမဟုတ်ဖူး.... ပြီးတော့ ရဗီအွလ်အောင်ဝလ် ၁၂ရက်မှာ ဆွဟာဗဟ် သာဝကကြီးတွေက အခမ်းအနား ပြုခဲ့ပါတယ်ဆိုတဲ့ နမူနာတစ်ခုတောင် လူကြီးမင်းတို့ တွေ့ရမှာ မဟုတ်ဖူး..... တမန်တော် မွေးနေ့လုပ်ခဲ့တာမျိုးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် သီးသန့်လတစ်ခုမှာ တမန်တော်မြတ်(ဆွ)ရဲ့ အထ္ထုပ္ပတ္တိအတွက် အခမ်းးအနားလုပ်ခဲ့တာပဲဖြစ်ဖြစ် (တွေ့ရမှာမဟုတ်ဖူး)..... ဒီလိုလုပ်ခြင်းရဲ့ အစားမှာ ဆွဟာဗဟ် သာဝကြီးများရဲ့ လမ်းစဉ်က ဘယ်လိုရှိခဲ့လဲဆိုတော့..... သက်တမ်းတစ်လျှောက်လုံးမှာ စက္ကန့်တိုင်း စက္ကန့်တိုင်း နှစ်ဘဝသခင်(ဆွ)ရဲ့ (အကြောင်းအရာတွေကို) တင်ပြတဲ့ပုံစံမှာ ရှိခဲ့တယ်... တနေရာမှာ ဆွဟာဗဟ်နှစ်ပါး တွေ့ပြီဆိုရင် ကိုယ်တော်သခင်(ဆွ)ရဲ့ ဟဒီးဆ်တော်တွေ.... ကိုယ်တော်သခင်(ဆွ)ရဲ့ မိန့်ချွေမှု့တွေ...  တမန်တော်မြတ်ကြီး(ဆွ) သင်ကြားပြသပေးခဲ့တာ အရာတွေ... မြတ်နဗီ(ဆွ)ရဲ့ သက်တမ်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို ပြန်လည်ပြောဆို တင်ပြလေ့ရှိခဲ့ကြတယ်.... ဒါကြောင့် ဆွဟာဗဟ်ကြီးတွေရဲ့ ထိုင်ဝိုင်းတိုင်းဟာ တမန်တော်မြတ်(ဆွ)ရဲ့ အထ္ထုပ္ပတ္တိဆိုင်ရာ ထိုင်ဝိုင်းဖြစ်ခဲ့တယ်.... ဆွဟာဗဟ်တွေရဲ့ ခဏထိုင်ခြင်းဟာ စီရသ်အကြောင်း ပြောဆိုမယ့် ခဏထိုင်ခြင်းဖြစ်ခဲ့တယ်.... အဲ့ဒီလို လုပ်လာတဲ့အပေါ်မှာ ရလဒ်က..... ဆွဟာဗဟ်တွေအတွက် တမန်တော်မြတ်(ဆွ)ကို ချစ်ခင်ကြောင်း ထုတ်ဖော်ပြသဖို့ ထုံးလမ်းစဉ်လာ ပွဲလမ်းသဘင်တွေ မလိုခဲ့ဖူး.... တမန်တော် မွေးနေ့ကျင်းပနေတာ..... လူစု လှည့်လည်နေတာ..... အခမ်းအနားလုပ်နေတာ...... မီးထွန်းနေတာ..... ဒီလိုအလုပ်တွေထဲက တစ်ခုတစ်လေရဲ့ နမူနာပင်လျှင် ဆွဟာဗဟ်၊ သာဗိအီးန်တွေနဲ့ သဗဟ်သာဗီအီးန် တွေရဲ့ ခေတ်ခါသမယမှာ တွေ့ရမှာ မဟုတ်ဖူး။

ဇစ်မြစ်ကို လှန်ကြည့်မယ်ဆိုရင် ထုံးလမ်းစဉ်လာအရ ပြုလုပ်နေတဲ့ ပွဲသဘင်တွေဟာ ဆွဟာဗဟ်သာဝကကြီးများရဲ့ အကျင့်ဓလေ့မဟုတ်ခဲ့ဖူး.... ဆွဟာဗဟ်ကြီးတွေဟာ အဓိကကျတာတွေကို လက်တွေ့လိုက်နာပြီးခဲ့တာ ဖြစ်တယ်..... တမန်တော်မြတ်(ဆွ) ဒီလောကကြီးကို ဘာကြောင့် ကြွမြန်းလာခဲ့တာလဲ....? ကိုယ်တော်မြတ်(ဆွ)ရဲ့ ယူဆောင်လာတဲ့ အမိန့်က ဘာဖြစ်ခဲ့လဲ....? ကိုယ်တော်မြတ်(ဆွ)ရဲ့ သင်ကြားပို့ချမှု့က ဘာဖြစ်ခဲ့လဲ....? ကိုယ်တော်မြတ်(ဆွ)က ဒီလောကကြီးကနေ ဘာတွေလိုချင်ခဲ့တာလဲ....? ဒီအချက်တွေအတွက်ပဲ ဆွဟာဗဟ်သာဝကကြီးတွေက မိမိတို့ သက်တမ်းတစ်ခုလုံးကို ပေးအပ်ခဲ့တာဖြစ်တယ်.... သို့သော် အခုလို ဓလေ့ထုံးလမ်းစဉ်လာအရ ပွဲသဘင် မကျင်းပခဲ့ဖူး.....

ဒီလမ်းစဉ်ကို ကျွန်တော်တို့တွေ ဘာသာခြားတွေဆီက ယူခဲ့တာဖြစ်တယ်....  ဘာသာခြားတွေက မိမိတို့ရဲ့ အကြီးအကဲ၊ ခေါင်းဆောင်တွေရဲ့ နေ့ထူးအဖြစ် (သတ်မှတ်တာ)ကို ကျွန်တော်တို့ တွေ့ခဲ့ကြတယ်.... အဲ့ဒီ နေ့တွေမှာ သီးသန့် အခမ်းအနား..... သီးသန့် ပွဲသဘင် လုပ်နေကြတယ် (ဆိုတာကို ကျွန်တော်တို့ တွေ့ခဲ့ကြတယ်။).... ပြီးတော့  သူတို့ကို တွေ့မြင်ပြီး ကျွန်တော်တို့ စဉ်းစားလာတယ်.... ငါတို့လည်း တမန်တော်မြတ်(ဆွ)ကို သတိတ,ရဖို့ မွေးနေ့ပွဲတော် ကျင်းပကြမယ်.... သေချာ မကြည့်မိတာကတော့.... နေ့တစ်နေ့ သတ်မှတ်ပြီး ပွဲကျင်းပခံနေရတဲ့ လူတွေဆိုတာက စင်စစ်မှာ သူတို့ သက်တမ်းရဲ့ အချိန်တိုင်းဟာ ခေါင်းဆောင်တင်ထိုက်တဲ့၊ နောက်လိုက်သင့်တဲ့ လူတွေမဟုတ်ဖူး... တကယ်တော့ သူတို့ဟာ နိုင်ငံရေးခေါင်းဆောင် ဖြစ်ချင်ဖြစ်နေမယ်.... ဒါမှမဟုတ် လောကီကိစ္စအချို့မှာ ခေါင်းဆောင်ဖြစ်နေမယ်.... ဒါကြောင့် သတိရခြင်းကို ရှင်သန်နေစေဖို့ သူ့အတွက် ရက်တစ်ခုသတ်မှတ်ပေးရတာဖြစ်တယ်..... သို့သော် အဲ့ဒီခေါင်းဆောင်နဲ့ ပတ်သက်ပြီး သူရဲ့ဘဝတစ်ခုလုံး အချိန်တိုင်းဟာ နောက်လိုက်ထိုက်တယ်လို့ ပြောလို့ မရဖူး.... သူအနေနဲ့ လောကမှာ တစ်စုံတစ်ခုကို လုပ်ခဲ့တယ်ဆိုပါတော့.... အဲ့ဒီအရာ မှန်တယ်.... သူဟာ မအ်စူးမ် အပြစ်ကင်းတဲ့သူ..... အမှား မဖြစ်တဲ့သူ ဖြစ်တယ်.... ဒါကြောင့် သူ့ရဲ့ ပြုမူကိစ္စဟူသရွေ့တို့ကို လက်တွေ့လိုက်ရမယ် ဆိုပြီးတော့ ဘယ်ခေါင်းဆောင်နဲ့မှ ပတ်သက်ပြီး ပြောလို့ မရဖူး.....။

သို့သော် နှစ်ဘဝသခင်(ဆွ)နဲ့ ပတ်သက်ပြီး မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် အမိန့်ရှိတော်မူတယ်။ ငါအရှင်မြတ်ဟာ တမန်တ်ာမြတ်(ဆွ)ကို စေလွှတ်တော်မူရခြင်းရဲ့ ရည်ရွယ်ချက်က.... တမန်တော်မြတ်(ဆွ)အနေနဲ့ လူသားထုတစ်ရပ်လုံးရှေ့မှာ ပြီးပြည့်စုံတဲ့ အကောင်းဆုံး နမူနာတစ်ခုကို ချပြ၊ တင်ပြဖို့ပဲ ဖြစ်တယ်။ ဒီလို နမူနာမျိုး အသွင်ဆောင်စေဖို့ပဲ ဖြစ်တယ်..... အဲ့ဒီ နမူနာကို မြင်ပြီး လူတွေ နမူနာယူနေရမယ်..... ထပ်ချပ်မကွာ နောက်လိုက်နေရမယ်.... အဲ့ဒီအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးနေရမယ်..... မိမိသက်တမ်းတစ်လျှောက်လုံးမှာ အဲ့ဒီနမူနာအတိုင်း ပုံစံကျနေဖို့ ကြိုးစားနေရမယ်..... ဒီ ရည်ရွယ်ချက်အတွက် ကိုယ်တော်သခင်(ဆွ)ကို ဒီလောကကြီးကို စေလွှတ်လိုက်တာ ဖြစ်တယ်.... ကိုယ်တော်မြတ်(ဆွ)ရဲ့ သက်တမ်းထဲက စက္ကန့်တစ်ခုတိုင်းဟာ ကျွန်တော်တို့အတွက် ဥပမာ တစ်ခုဖြစ်တယ်.... နမူတစ်ခုဖြစ်တယ်.... ထပ်ချပ်မကွာ နောက်လိုက်ထိုက်တဲ့ ကျင့်မူပုံပဲ ဖြစ်တယ်..... ကျွန်တော်တို့တွေအနေနဲ့ မြတ်နဗီ(ဆွ)ရဲ့ သက်တမ်းထဲက တစ်စက္ကန့်တိုင်း တစ်စက္ကန့်တိုင်းကို အတုယူရမှာ ဖြစ်တယ်..... မွတ်စ်လင်မ်တစ်ယောက် ဖြစ်သည့်အတွက် ကျွန်တော်တို့ပေါ်မှာ ဒီကစ္စဟာ တာဝန်တစ်ခုဖြစ်တယ်.... ဒါကြောင့် ကျွန်တော်တို့ ကိုယ်တော်မြတ်ကြီး(ဆွ)ကို ကမ္ဘာပေါ်ရှိ တခြားခေါင်းဆောင်တွေနဲ့ နှိုင်းယှဉ်လို့ မရနိုင်ပါဖူး..... ဆိုလိုတာက မြတ်နဗီ(ဆွ)အတွက် ရက်တစ်ရက် သတ်မှတ် ပွဲလုပ်ပေးလိုက်ရင် ပြီးသွားပါပြီ ဆိုပြီးတော့ မသတ်မှတ်နိုင်တော့ဖူး.....  တကယ်လုပ်ရမှာက..... မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်ဟာ နှစ်ဘဝသခင်(ဆွ)ရဲ့ သန့်ပြန့်စင်ကြယ်လှတဲ့ သက်တမ်းကို ကျွန်တော်တို့ သက်တမ်းရဲ့ ကဏ္ဍတစ်ခုစီ တစ်ခုစီအတွက် နမူနာအဖြစ်သတ်မှတ်ပြုလုပ်ပေးခဲ့တယ်.... အဲ့ဒါတွေအားလုံးမှာ ကျွန်တော်တို့ နောက်လိုက်ကျင့်သုံးနေရမှာဖြစ်တယ်.... ကျွန်တော်တို့ သက်တမ်းရဲ့ တစ်ရက်တိုင်းဟာ မြတ်နဗီ(ဆွ)ကို သတိတ,ရနေရမယ့် နေ့ပဲ ဖြစ်တယ်...။
ဒုတိယအချက်ကတော့.....

ဒိုအာမှာ အထူးအထူး သတိရပေးပါ။
ဘရှီရွလ္လာဟ် ဖာရိုကီ
မေမြို့
Share this article :

+ ဦး မှတ်ချက်ပေးခဲ့သည်။ + 1 comment

May 31, 2015 at 9:44 AM

အီမာမ် စုယုတွီ



တဖ်စိရ်ဂျလာလိုင်ကျမ်းရှင် အီမာမ် ဂျလာလူဒ္ဒိန်း စုယူတွီ(ရဟေ့) က မိမိ၏ الحاوي للفتاوى အလ်ဟာဝီ လစ်လ်ဖသာဝီ ကျမ်းတွင် حسن المقصد في عمل المولد မောင်လူဒ်အခမ်းအနားကျင်းပခြင်း တွင်ကောင်းသော ရည်ရွယ်ချက်ရှိခြင်း အခန်း ဟူသော အခန်းတစ်ခန်းဖွင့်၍ ရေးသားထား၏။ ယင်းမှ အချို့ကို ကောက်နှုတ်ဖေါ်ပြရသော်

ရဗီအောင်ဝလ် လတွင်မောင်လူဒ် အခမ်းအနား ပြုလုပ်ကြသည်။ ယင်းနှင့် ပတ်သက်၍ ရှရီအတ် အမိန့် အသို့ရှိသနည်း ဟူသော မေးခွန်းပေါ်ပေါက်လာသည်။ ယင်းသည်ကောင်းသလော။ ဆိုးသလော ၊ ယင်းအခမ်းအနားပြုလုပ်သူတို့သည် စ၀ါးဘ် အကျိုးရမည်။ မရမည်။ အသို့ရှိသနည်း ၊ ယင်းမေးခွန်း များအပေါ် ကျွန်ုပ်၏ အဖြေမှာ အောက်ပါအတိုင်းဖြစ်သည်။

မောင်လူးဒ်အခမ်းအနားအတွက် လူတို့စုရူံး ကာ ကုရ်အာန်ဖတ်ခြင်း၊ ကိုယ်တော်မြတ်ဖွားမြင်မှု ဖြစ်စဉ် အကြောင်းများနှင့် ဖွားမြင်တော် မူစဉ်က ထူးခြားမှုများကိုရွတ်ဖတ်ဟောပြောခြင်း၊ထို့နောက် တွင်အစားအသောက်များ ကျွေးမွေးပြီး ခွဲခွာကြခြင်း ဟူသော လုပ်ရပ်များဖြစ်ပြီ ထို့ထက်မပိုလျှင် ယင်းလုပ်ရပ်သည် ကောင်းမြတ်သော ဗိဒအတ် (ဗိဒအတ် ဟစနဟ်) ဖြစ်သည်။ ယင်းအခမ်းအနား ကျင်းပသူတို့သည် ကိုယ်တော်မြတ်ကြီး (ဆွ) ၏ ဂုဏ်တော် ကို ထုတ်ဖေါ်၍ အရိုအသေ ပေးမှုကြောင့် လည်းကောင်း ကိုယ်တော်ဖွားမြင်မှုအပေါ်ဝမ်းမြောက်မှု ပြသခြင်းကြောင်းလည်းကောင်း ဆ၀ါးဘ် ရမည်ဖြစ်သည်။

သရာဝီ ဆွလားသ်အတွက်စုရုံးခြင်း ကိုစွန္နသ် နှင့်ကုရ်ဗာဟ် (အလ္လဟ်နှင့် နီးကပ်မှုရစေမည့် ကောင်းမှု )အဖြစ် ကျွန်ုပ်တို့ရှုမြင်နိုင်မည်ဆိုလျှင် မောင်လူဒ် အတွက် စုရုံးခြင်း ကိုလည်း မန်ဒူဘ် (မွတ်စ်တဟဗ်) နှင့် ကုရ်ဗာအဖြစ် ကျွန်ုပ်တို့ဆိုနိုင်၏။ မောင်လူဒ်အခမ်းအနား ၏ ရည်ရွယ်ချက် သည် မွတ်စ်သဟ်စနဟ် ကောင်းမြတ်လှကြောင်း သံသယ ဖြစ်ဖွယ်မရှိပေ။

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger