အသိပေးခြင်း
က
Home » , , , » မြန်ပြည်ချစ်မွတ်စ်လင်မ်များသို့......

မြန်ပြည်ချစ်မွတ်စ်လင်မ်များသို့......

အခုလို ရှုပ်ထွေးမှု့တွေ ဖြစ်လာချိန်မှာ ကျွန်တော်အနေနဲ့ မမ်ဘာများကိုလည်းကောင်း၊ အခြားမိတ်ဆွေများကို လည်းကောင်း တချို့စကားလေးများအား သတိပေးလိုပါတယ်။
ဘာကြောင့်လဲဆိုတော့ လူသားတိုင်းဟာ ဒေါသထွက်ချိန်၊ စိတ်ကြွနေချိန်မှာ မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်လေ့မရှိကြဖူး။ ဒီလို စိတ်ကြွနေချိန်မှာ အမှားအမှား အယွင်းယွင်းကို လုပ်တတ်ကြသလို အမှန်လုပ်လိုသော်လည်း အမှားဖက်ကို တိမ်းစောင်းသွားတတ်ကြတယ်။
ကျွန်တော်တို့တွေ အနေနဲ့ အခုလိုဖြစ်လာချိန်မှာ အရေးအကြီးဆုံးအလုပ်က မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံပါးမှား ငိုယိုပြီး သောင်ဗဟ် အမှားဝန်ချတောင်းပန်နေရမယ်။ နမားဇ်များ၊ နဖိလ်ရိုဇာများကို စောင့်ထိန်းရင်း တစ်ဦးတိုင်း တစ်ဦးတိုင်း မိမိကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ပလပ်ချမ်းသာခွင့်ရအောင် ကြိုးစားနေရမယ်။ တတ်သိသော စူရဟ်များနှင့် ဇိက်ရ်များကို ဖတ်ရွတ်နေရမယ်။ ဘာကြောင့်လဲဆိုတော့ လောကမှာ ဖြစ်ပျက်နေတဲ့ ကိစ္စကြီးငယ်အားလုံးဟာ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေကြောင့်ပဲဖြစ်တယ်။ မကြုံဆုံချင်တဲ့ ဘေးဒုက္ခတွေ ရောက်လာခြင်းဟာ ကျွန်တော်တို့ရဲ့ အပြစ်အကုသိုလ်တွေကြောင့်ပဲ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံး တစ်ယောက်တိုင်း တစ်ယောက်တိုင်း သောင်ဗဟ်ပြုခြင်း၊ နမားဇ်၊ ရိုဇာ၊ သေလာဝသ်၊ ဇိက်ရ် အစရှိတဲ့ အရှင်နှစ်သက်တဲ့ အရာတွေကို တတ်နိုင်သလောက် ပြုကျင့်နေထိုင်သင့်တယ်။
နောက်တစ်ခုကတော့ ပါးစပ်သရမ်းတဲ့ အလုပ်မလုပ်ပါနဲ့။ ဒေါသထွက်လို့ ဖြစ်စေ မခံမရပ်နိုင်ဖြစ်လို့ ဖြစ်စေ၊ အပြင်မှာ ဖြစ်စေ အင်တာနက်ပေါ်မှာဖြစ်စေ တောင်ပြော၊ မြောက်ပြောပြောရင်း အကုသိုလ် ထပ်မယူကြပါနဲ့။ ဆဲဆိုခြင်းများကို အထူးရှောင်ရှားကြပါ။ ဆဲဆိုခြင်းကြောင့် တပါးသူ မနစ်နာသော်လည်း ဆဲဆိုသူ အကုသိုလ်ရသွားမည်သာ။ ပါးစပ်ကနေ တောင်ပြော မြောက်ပြော ပြောနေခြင်းဟာ အောင်မြင်မှု့ရဲ့ လမ်းစမဟုတ်ပါဖူး။ ဆုံးရှုံးမှု့ရဲ့ အစပဲ ဖြစ်လာပါလိမ့်မယ်။ အကြောင်းကတော့ အနည်းဆု့း သို့မဟုတ် အနိမ့်ဆုံးအဆင့်မှာ ဂဃနဏ မသိပဲ ရမ်းသမ်းဝေဖန်နေခြင်းဟာ အတင်းပြောခြင်း သို့မဟုတ် စွတ်စွဲပြောဆိုခြင်း၊ မဟုတ် မတရားပြောဆိုခြင်း စတဲ့ အကုသိုလ်တွေကို ကျူးလွန်ရာရောက်မယ်။ လူတိုင်း ကိုယ်စီ သောင်ဗဟ်ပြုနေရမယ့်အချိန်မှာ စက္ကန့်နဲ့အမျှ အကုသိုလ်ကို မကျူးလွန်လိုက်ပါနဲ့။ အဲ့လို ဝေဖန်သမုတ်နေမယ့်အစား ဇိက်ရ်ပြု သောင်ဗဟ်လုပ်နေလိုက်ပါ။ နှုတ်မစောင့်တဲ့ လိပ်ဘဝကို မလိုချင်ကြပါနဲ့။
လောင်နေတဲ့မီးကို ပိုမိုလောင်ကျွမ်းစေတဲ့ ခဲယမ်းမဖြစ်စေပါဖို့ပဲ။ ပြဿနာတစ်ခုကို ပိုမို ရှုပ်ထွေးအောင် ပြုလုပ်လိုက်ဖို့က အလွန်လွယ်ကူလှပါတယ်။ ဖြေရှင်းဖို့ရန်အတွက် အလွန်လေးနက်ပြီး ခက်ခဲလွန်းလှတယ်။ ဒါကြောင့် အတွေ့အကြုံရင့်ကျက်သူ လူကြီးများရဲ့ စကားကို နားထောင်ပြီး ဆူးများကြားမှ ဘေးမသီရန်မခ လွတ်မြောက်နိုင်ဖို့ ကြိုးစားကြပါ။ လူငယ်ပီပီ စိတ်လိုက်မာန်ပါ မဆုံးဖြတ်၊ မလုပ်မိပါစေနဲ့။ ကျွန်တော်တို့ရဲ့ လူကြီးများ၊ ခေါင်းဆောင်များ၊ သာသနာ့ပညာများဟာ ကျွန်တော်တို့တွေကို ငရဲတိုက်အတွင်းတော့ တွန်းမပို့ပါဖူး။ ဒီအချက်ကို သေချာ အလေးနက်ထားပြီး တတ်သိသူများ၊ တာဝန်ရှိ လူကြီးများနဲ့ ခေါင်းဆောင်များရဲ့ အမိန့်နာခံမှု့အောက်မှာ ရှိနေကြပါ။ ထင်ရာဆိုင်းပြီး လုပ်ချင်တာ မလုပ်ကြပါနဲ့။
အရေးတစ်ခု ကြုံလာရင် လူတိုင်း အားကိုး ရှာတတ်ကြတယ်။ ဒါဟာ လူ့သဘာဝပါ။ ကျွန်တော်တို့အတွက် အကောင်းဆုံးသော တ,သရမယ့် အရှင်ဟာ တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်ပါ။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်၏ ထိန်းသိမ်းမှု့အောက်မှာ ကျွန်တော်တို့ခိုလှုံဖို့ ကြိုးစားကြရမယ်။ ဘယ်အဖွဲ့အစည်းကိုမှလည်း အားမကိုးပါနဲ့။ ဘယ်အာဏာရှင်ကိုမှလည်း အားမကိုးပါနဲ့။ နိုဘယ်လ်ဆုရထားတဲ့ ဘယ်မောင်ငြိမ်းချမ်း၊ မယ်ငြိမ်းချမ်းကိုမှ အားမကိုးလိုက်ပါနဲ့။ စူပါပါဝါရထားလို့လည်း အားမကိုးလိုက်ပါနဲ့။ တမန်တော်မြတ်(ဆွ)ရဲ့ မိန့်ခြွေချက်ကို အမြဲသတိချပ်ပြီး ဦးထိပ်ပန်ဆင်နိုင်အောင် ကြိုးစားပါ။ တမန်တော်မြတ်(ဆွ) မိန့်တော်မူတယ်။ အလ်ကွဖ်ရု မိလ်လသွန် ဝါဟိဒဟ် အစ္စလာမ်ရဲ့ အပြင်ကျန်ဘာသာခြားတွေဟာ အားလုံး ဂိုဏ်းတူညီနောင်တွေပဲ ဖြစ်လိမ့်မယ်။ မွတ်စ်လင့်မ်အရေးမှာ ဘယ်သူမှ ပါဝင်မှာမဟုတ်ဖူး။ ဒါကြောင့် ဘယ်သူ့ကိုမှ စိတ်ကူးယဉ်ပြီးတောင် မတမ်းတလိုက်ပါနဲ့။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ကိုသာ စိတ်ရောကိုယ်ပါ တမ်းတရင်း အကူညီတောင်းဆိုနေပါ။
ပြဿနာတစ်ခုဖြစ်ပြီဆိုရင် လူတိုင်း အားငယ်တတ်ကြတယ်။ အားမငယ်ပါနဲ့။ ကျွန်တော်တို့နဲ့အတူ အလ္လာဟ်အရှင်မြတ်ရှိနေတယ်။ ဘာကိုမှ စိုးကြောက်နေဖို့ မလိုပါဖူး။ သိမ်ငယ်စိတ် မမွေးမိပါစေနဲ့။ အစ္စလာမ်သာသနာဝင်တွေဟာ မိဘမဲ့လို့ မိတဆိုး၊ ဖတဆိုး ဖြစ်သွားနိုင်ပေမယ့် ဖေးမကူညီမယ့်သူမရှိတဲ့သူ ဘယ်တော့မှ မဖြစ်ပါဖူး။ အရှင့်ရဲ့ အလုပ်ကိုသာ အားကြိုးမာန်တတ်လုပ်ပါ။ အရှင်က ကျွန်တော်တို့ကို ကာကွယ်စောင့်ရှောက်ပေးမှာပါ။ ကျွန်တော်တို့နဲ့အတူ ရပ်တည်ပေးမှာပါ။ ကျွန်တော်တို့ ပြည်ပရောက် ကျောင်းသားများအနေနဲ့ လက်ရှိမြန်မာမွတ်စ်လင်မ့်အရေးနှင့် ကမ္ဘာတစ်ခုလုံးရှိ ညှင်းပမ်းခံ မွတ်စ်လင်မ်လူထုနှင့် ပတ်သက်၍ ဆရာသခင်များ၊ သူတော်စင်များအား အသိပေးထားပြီး ဒိုအာပြုပေးကြပါရန် ပြောဆိုထားပြီး ဖြစ်ပါသည်။ အင်န်ရှာအလ္လာဟ် အကောင်းဆုံး ရလဒ် များမကြာမှီ ရလာမှာပါ။
ဝမ်းနည်းပူဆွေးမှု့တွေကိုလည်း ဖြေသိမ့်ရင်း ကျေနပ်တတ်ကြပါ။ တစ်ဦးတစ်ယောက် အသက်စတေးလိုက်ရရင် ရှဟီဒီဆိုတဲ့ အလွန်မြင့်မားတဲ့ အဆင့်အတန်းကို ရသွားတယ်။ ဥစ္စာဓန ဆုံးရှုံးသွားခဲ့ရင် အလ္လာဟ်လမ်းမှာ ပေးဆပ်ခဲ့ရခြင်းပဲဖြစ်တယ်။ ဒါကြောင့် ပူဆွေးမှု့ထက် ဂုဏ်ယူမှု့ကို အသာပေးလိုက်ပါ။ ထိုသို့ ပေးဆပ်ခွင့် ရနိုင်ဖို့ ဒိုအာလုပ်လိုက်ပါ။ ဆွဟာဗဟ်သာဝကကြီးများ ရင်းနှီးပေးဆပ်ခဲ့ရသလို ကျွန်တော် ပေးဆပ်နေရတာ မဟုတ်သေးပါဖူး။ ဆွဗ်ရ် သီးခံခြင်းကို ရှေ့တန်းတင်ပြီး မဖြစ်သင့်တာကို မဖြစ်အောင်နေကြပါ။ ပြစ်ခဲ့တာတွေကို ပြစ်တင်ဝေဖန်မှု့ မလုပ်ကြပါနဲ့။ နောင်တစ်ချိန်မှာ မဖြစ်လာအောင် ဟန့်တားနိုင်ဖို့သာ စဉ်းစားကြပါ။
အချင်းချင်း စည်းလုံးကြပါ။ ဟဒီးဆ်တော်မှာ ဖော်ကြူးထားတဲ့ မို့အ်မင်န်ဂုဏ်ရည်ကို တောက်ပြောင်စေကြပါ။ ကျွန်တော် ရည်ရွယ်တဲ့ ဟဒီးဆ်ဆိုတာ မို့အ်မင်န်တစ်ဦးဟာ မိမိနောင်တော်မို့အ်မင်န်အတွက် ကိုယ်ခန္ဓာတစ်ခုကဲ့သို့ ဖြစ်တယ်ဆိုတဲ့ ဟဒီးဆ်ပဲဖြစ်တယ်။ လက်မှာ ဓါးပြတ်လို့ မျက်စိက ငိုကြွေးသလို၊ အာရုံကြောများက အနာဒဏ်ကို အသိပေးသလို၊ နောက်လက်တစ်ဖက်က ဆေးဝါးကုသ ပတ်တီးစီးပေးသလို အချင်းချင်း စည်းလုံးစွာနဲ့ တတ်နိုင်တဲ့ပုံစံနဲ့ ရိုင်းပင်းကူညီပေးကြပါ။ ဒုက္ခရောက်သူတွေကို နဂိုရှိတဲ့ အခြေအနေထက်ပိုမို လှပအောင် ဖန်တီးပေးကြပါ။
လူငယ်တိုင်း တမ်းတတဲ့ အရာတစ်ခုရှိတယ်။ တစ်နေရာမှာ အရေးခင်းတစ်ခုဖြစ်ပြီဆိုရင် စိတ်မာန်တတ်ကြွစွာနဲ့ ငါတို့ဆီ ဖြစ်လို့ကတော့............... ဘာညာ ဆိုပြီး ရန်သူကို သို့မဟုတ် ပြဿနာကို မျှော်လင့်လေ့ရှိကြတယ်။ ဟဒီးဆ်တော်မှာ ရန်သူကို မျှော်လင့်မနေဖို့ အမိန့်ရှိထားတယ်။ ဒါကြောင့် သတိ၊ ဝရိယနဲ့နေခြင်းမှအပ အခြားမလိုလားအပ်တဲ့ မိုးပေါ်ထောင်ပစ်ရင်း ကျည်ဖြုန်းတီးခြင်းမျိုးကို ရှောင်ရှားကြပါ။ အရှင်မြတ်ထံကနေ အကောင်းကိုပဲ မျှော်လင့်ပါ။ အဆိုးကို မမျှော်လင့်ပါနဲ့။ အလ္လာဟ်အရှင့်ထံမှ စမ်းသပ်မှု့ကို မတောင်းဆိုပါနဲ့။ အရှင်စမ်းသပ်လိုက်လို့ ကျွန်တော်တို့ မအောင်ရင် ကျွန်တော်တို့ပဲ နစ်နာဆုံးရှုံးရမယ်။ တောင်းချင်ရာ တောင်းခွင့်ပေးထားတဲ့ အရျင်မြတ်ထံမှ အကောင်းဆုံးကိုသာ တောင်းဆုပြုကြပါ။ မက်ဆန္ဒထားကြပါ။
သတိ၊ ဝရိယနဲ့ နေကြပါ။ သတိမထားရင် မားမာ့းရပ်နေတဲ့ သစ်ပင်ကိုတောင် ကျွန်တော်တို့ ဝင်တိုက်နိုင်ပြီး နာကျင်မှု့ကို ခံစားရတတ်တယ်။ သတိရှိနေရင် ဝင်တိုက်မယ့် ယဉ်ကိုတောင် ကျွန်တော်တို့ ရှောင်တိမ်းလွတ်မြောက်နိုင်တယ်။ ပြဿနာရဲ့ အစက ကျွန်တော်တို့ မဖြစ်ပါစေနဲ့။ အပြောအဆို အမူအယာ ဘယ်ပုံစံနဲ့မှ ရန်မစပါနဲ့။ ဒါဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးသော အငြိမ်းချမ်းဆုံးသော လမ်းစဉ်တစ်ခုပဲ ဖြစ်တယ်။

အချိန်လည်း ကောင်းစွာမရ၊ ကွန်နရှင်လည်း အဆင်မပြေ ဖြစ်တာကြောင့် ဒီလောက်နဲ့ပဲ အဆုံးသပ်လိုက်ပါတယ်။
ကျွန်တော်အတွက် မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်လာတဲ့အတွက် လစဉ်ဂျာနယ် မထုတ်ပေးနိုင်ခြင်း၊ ဖသ်ဝါများ မတင်ပေးနိုင်ခြင်းနှင့် အခြား တာဝန်များအား ဆက်လက်တာဝန် မယူပေးနိုင်ခြင်းအပေါ် အားလုံး နားလည်ခွင့်လွှတ်ပေးပါရန်နှင့် ကျွန်တော်၏ အချိန်များတွင် ဗရကသ်ဖြစ်စေရန် အထူးဒိုအာပြုပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံပါတယ်။
နားလည်ပေးကြပါလို့လည်း တောင်းဆိုလိုက်ပါတယ်။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံးအား လက်တွေ့ လိုက်နာနိုင်သော စွမ်းအားပေးသနားတော်မူပါစေ။
အိုအရှင် ညှင်းပမ်းနှိပ်စက်သူ ကာဖရ်များအား ဟေဒါယသ်ပေးရန် အရှင်အလိုမရှိပါက ဖျက်ဆီးပစ်တော်မူပါ။ အရှင်အလိုရှိတော်မူပါလျှင် ကျွန်တော်တို့အား အကြောင်းခံဖြစ်စေပြီး ၎င်းတို့အား လမ်းပြပေးရန် နည်းလမ်းပြသတော်မူပါ။
ဆုံးရှုံးနစ်နာမှု့များအား နှစ်ဘဝလုံးတွင် ပြန်လည်အစားပေးသနားတော်မူပါ။ ရှဟာဒသ်များကို လက်ခံတော်မူပါ။ ရှဟီဒီများရဲ့ အိမ်သူအိမ်သားများကို ဆွဗ်ရ်တရား ချီးမြှင့်ပြီး နှစ်ဘဝလုံး၌ ကောင်းသောအစား ချီးမြှင့်ပေးသနားတော်မူပါ။

ဘရှီရွလ္လာဟ် ဖာရိုကီ
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger