အသိပေးခြင်း
က
Home » , , » အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု့ (ဒဿမပိုင်း)

အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု့ (ဒဿမပိုင်း)

မျိုးချစ်စိတ်မရှိတာလား၊ အရှက်မရှိတာလား
အသင်တို့အား နည်းမျိုးစုံဖြင့် ကျွန်ပြုခြင်း၏ ကြိတ်ဆုံတွင် အမှုန့်ကြိတ်ခဲ့သူ၊ ညှင်းပမ်းနှိပ်စက်မှု့မျိုးစုံ လုပ်ခဲ့သူ၊ အသင်တို့အား လုပ်ကြံရန် နောက်ကွယ်၌ကြံစီနေသူ၊ အသင်တို့အား သေဆုံးပျက်ဆီးခြင်း၏ ကျွင်းအထဲသို့ ဆွဲချနေသူ၊ ညှင်းပမ်းနှိပ်စက်သည့် ပုံစံတစ်ခုကိုပင် မျက်ကွယ်မပြုပဲ ရက်စက်ခဲ့သူ၏ အဝတ်အစားကို ဝတ်ဆင်မည်။ ထိုသူတို့၏ ပုံစံအား ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရွေးချယ်နေမည်ဆိုပါက မည်မျှ အရှက်မဲ့သည့် ကိစ္စ ဖြစ်မည်နည်း။
အနောက်တိုင်းသားတို့၏ အမြင်ကျဉ်းမှု့
လူအချို့သည် ကျွန်ုပ်တို့အား ခင်ဗျားက ဒီလို အဝတ်အစား ဝတ်ဆင်ခြင်းကို တားနေတာပဲ။ ဒါဟာ အမြင်ကျဉ်းခြင်းရဲ့ အဓိပ္ပါယ်ပဲ ဟု ပြောဆိုကြသည်။ အလားတူ စကား ပြောဆိုသူများကိုလည်း အမြင်ကျဉ်းသည်ဟု ဆိုကြ၏။ စင်စစ်မှာ အသင်လိုက်ဝတ်နေသော အကျီပိုင်ရှင်၏ အမြင်ကျဉ်းမှု့၊ မွတ်စ်လင်မ်များအပေါ် ရန်ငြိုးထားမှု့အား အသင်မသိပေ။ အနောက်တိုင်းသားတို့ အိန္ဒိယနိုင်ငံအား ကိုလိုနီပြုစဉ် ကျွန်ုပ်တို့၏ မဂိုလ်မွတ်စ်လင်မ်ဘုရင်များ၏ အဝတ်အစားများအား အင်္ဂလိပ်မျက်နှာဖြူများက မိမိတို့၏ အိမ်ဖော်များ၊ လက်ပါးစေများနှင့် ခြံစောင့်များကို ဝတ်ဆင်စေခဲ့ကြသည်။ ထိုသို့ မဝတ်မနေရ အတင်းအကျပ်စေခိုင်းခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ မွတ်စ်လင်မ်တို့အား သေးသိမ်စေရန်၊ အရှက်တကွဲဖြစ်စေရန်အတွက်ပင် ဖြစ်၏။ မင်းတို့ ဘုရင်ရဲ့ အဝတ်အစားကို ငါတို့ အစေခံတွေ၊ အလုပ်သမားတွေကို ဝတ်စေခဲ့တယ် ဟု (ဟားတိုက်သရောကာ) ပြသနိုင်ရန်အတွက် ဖြစ်၏။ အဘယ်မျှ အမြင်ကျဉ်းမြှောင်းခဲ့ကြသနည်း။ မာရှာအလ္လာဟ် ကျွန်ုပ်တို့၏ ရင်ဘတ်ကျယ်ကျယ် နှလုံးလှလှမှာကား ထိုအင်္ဂလိပ်တို့၏ အဝတ်အစားအား ဂုဏ်ယူစွာဖြင့်၊ စိတ်ပါလက်ပါ ဝတ်ဆင်ရန် အသင့်ရှိနေကြသည်။ အကယ်၍ တစ်ဦးတစ်ယောက်က ၎င်းအား ဒီအကျီဝတ်တာ မျိုးချစ်စိတ်ကင်းမဲ့ရာရောက်ပါတယ် အရှက်မရှိ ခံစားချက်မရှိရာေ၇ာက်ပါတယ် ဟု ပြောဆိုပါက (နွားခြေရာခွက်ထဲက ဖားလိုပဲ) မင်း အမြင်ကျဉ်းတာပဲဟု ပြန်ပြောမည်သာ။

ကြိုက်တာ ပြောင်းလိုက်ပါ သို့သော်....
သေချာ မှတ်သားပါလေ။ အသင် မည်မျှပင် ၎င်းတို့၏ အဝတ်အစားအား ဝတ်ဆင်ပါစေ၊ မည်မျှပင် ၎င်းတို့၏ လမ်းစဉ်အား ရွေးချယ်ပါစေ အသင့်အား ၎င်းတို့ ဂုဏ်ပေးလေးစားသည့် အရှု့ဖြင့်ကြည့်ရှု့မည် မဟုတ်ပေ။ ကျမ်းတော်မြတ်ကုရ်အာန်တွင် ရှင်းလင်းစွာ အမိန့်ရှိထားသည်မှာ- ယဟူဒီနှင့်ခရစ်ယာန်တို့သည် ၎င်းတို့၏ ဘာသာအယူဝါဒကို အသင် မလိုက်နာသမျှ ကာလ ပတ်လုံး အသင့်အား မည်သည့် အခါမျှနှစ်သိမ့်ကျေနပ်ကြမည်မဟုတ်ပေ၊ ၎င်းတို့၏ အယူဝါဒ၊ သက်ဝင်ယုံကြည်မှု့(အီမာန်)နှင့် သာသနာအား ရွေးချယ်ကာ မလျှောက်လှမ်းသမျှ ကာလပတ်လုံး အသင်တို့အား ကြည်ဖြူမည်မဟုတ်ပေ။ ထို့ကြောင့် အသင့်အနေနှင့် မိမိအဝတ်အစား ပြောင်းလဲရုံလိုက်ပါ၊ ဒီဇိုင်းတူဆင်အောင်ပြုလိုက်ပါ၊ ခေါင်းစခြေဆုံး ကိုယ်ခန္ဓာတစ်ခုလုံး ပုံတူကူး၍ နေလိုက်ပါ။ သို့သော် ထိုသူတို့သည် အသင်တို့အား ကြည်ဖြူနှစ်သက်ရန် အသင့်ရှိမည်မဟုတ်ပေ။
(နမူနာတစ်ခုအား မျက်မြင်အဖြစ် တွေ့နေရသည်။ ကျွန်တော်တို့ မွတ်စ်လင်မ်များအနက် ရိုးရာတိုက်ပုံ ဝတ်ဆင်ခြင်း၊ မောင့်ကျက်သရေခေါင်းပေါင်းပေါင်းခြင်းကို မြန်မာနိုင်ငံသားဖြစ်သည့်အလျောက် ကိုယ်ပိုင်အဝတ်အစားတစ်ခုကဲ့သို့ ဝတ်ဆင်လာသည်မှာ အလွန်ပင်ကြာညောင်းခဲ့ပြီ ဖြစ်သည်။ ကျွန်တော် မြန်မာကျောင်း ၇တန်း ကျောင်းသားဘဝက အဖြစ်အပျက်တစ်ခုအား တင်ပြလိုပါသည်။ ထိုအချိန်၌ ကျွန်တော် ပညာသင်ကြားရာ စတိတ်ကျောင်းခေါ် အ.ထ.က(၁) ပြင်ဦးလွင်၏ ကျောင်းအုပ်ဆရာမကြီးမှာ ဒေါ်မို့မို့ဖြစ်၏။ အထက်ပညာရေးမှုးမှ အမိန့်ထုတ်ပြန်သည် သို့မဟုတ် ဆ၇ာမကြီးဒေါ်မို့မို့ဖက်မှ ထုတ်ပြန်သည်ကို မသိသော်လည်း ကျောင်းသားကြီးများအား တိုက်ပုံနှင့် လည်ကတုံးအကျီမဝတ်မနေရဟု စည်းကမ်းသစ်တစ်ခု ထုတ်ပြန်ကြေငြာခဲ့သည်။
ထို့နောက် ကျောင်းသားကြီးများ ဝတ်ဆင်လာသောအခါ အချင်းချင်း၌ စကားတစ်ခွန်းအား အမြဲကြားနေခဲ့ရသည်။ ကုလားတွေ တိုက်ပုံဝတ်လိုက်ရင် ဘာပုံဖြစ်သွားလဲမသိဖူးကွာ..... တိုက်ပုံက ဒီလောက် ကျက်သရေရှိတာ ဒီကုလားတွေ ဝတ်လိုက်မှ ကျက်သရေတုန်းတော့တာပဲ..... ငါတို့ အမျိုးသား ဝတ်စုံ သိက္ခာကျတယ်..... တိုက်ပုံ ဝတ်ပြီး ဗမာလုပ်ချင်နေတာပါကွာ ဘာဝတ်ဝတ် ကုလားပါပဲ....  လူငယ်တွေကြားထဲစကားသံ တချို့ပါ။ ထို့အတူ ၎င်းတို့အတွင်း၌ ကိန်းအောင်းနေသော ကုလားမုန်းတီးရေးမှာလည်း တဖြည်းဖြည်းချင်း ပေါ်လွင်လာကာ မိမိကိုယ်မိမိ သံဃာရတနာဟု အမည်တပ်ထားသော ဦးပုဇင်းတစ်ချို့ထံမှာလည်း ယနေ့ထိတိုင် ကြားနေခဲ့ရသည်။ ဦးဝိရသူ၏ အရူးမတရားဒေသနာတွင် ကုလားနှင့်တိုက်ပုံအကြောင်း ရိသဲ့သဲ့ဝေဖန်ထိုးနှက်ထားသည်အား စာရှု့သူတိုင်း ကြားသိပြီး ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ၎င်းတို့နှင့် ရောယှက်နေထိုင်ကျင့်ကြံရုံဖြင့် ကြည်ဖြူမှု့ကို မရနိုင်ကြောင်း မီးမှောင်းထိုးပြနေခြင်းသာ ဖြစ်ပေသည်။
ထို့အတူ ကျွန်တော်တို့ အားလုံးအတွက် မည်သည့်အဝတ်အစားပင်မဆို ရှရီအသ်နှင့်အညီ ဝတ်စားနိုင်သည် ဖြစ်ပါလျှက် ကုရ်သာဝတ်သူအား ကုလားပုံဟူ၍လည်းကောင်း၊ ဂျွဗ်ဗာဝတ်သူအား ရှိုက်ခ်ရူး ရူးနေသူဟူလည်းကောင်း၊ တိုက်ပုံဝတ်သူအား ကပ်ဖားကြီးတွေဟူလည်းကောင်း ဝေဖန်နေရန် မလိုပေ။ အဓိကမှာ- ရှရီအသ်နှင့် ညီညွတ်မှု့ရှိမရှိကိုသာ ကြည့်ရန်ဖြစ်ပြီး၊ ဘာသာခြားတို့၏ ဝတ်စားဆင်ယင်မှု့အား ၎င်းတို့နှင့် တူဆင်သွားစေရန် ပုံတူမကူးချရန်သာ ဖြစ်သည်။ ပုံတူကူးချခြင်းဖြင့် ဝေဖန်နေသော ပါးစပ်များ ပိတ်မသွားသလို ကလောင်များလည်း ရပ်တန့်သွားမည်မဟုတ်ပေ။ ပုံစံတူ အသွင်းပြောင်း နေထိုင်ပေးခြင်းဖြင့် ကျွန်တော်တို့အား အခွင့်အရေးပေးလာသည် မဟုတ်သကဲ့သို့ ချီးမွှမ်းခန်းဖွင့်ရန်လည်း တစ်မိနစ်၊ တစ်မျက်နှာ သို့မဟုတ် စာတစ်ကြောင်း မြင်တွေ့နိုင်မည် မဟုတ်ပေ။ ထို့အပြင် အမျိုးသားရေးကို ဦးစားပေးလာသော ဘာသာခြားတို့၏ တံတွေးခွက်တွင်း လက်ပစ်ကူးနေဦးမည်သာ)
မွဖ်သီသကီးအွတ်စ်မာနီဆားဗ် ဆက်လက် အမိန့်ရှိသည်မှာ- ဤသို့ဖြင့် အသင်တို့ တွေ့ကြုံခဲ့ပြီး ဖြစ်ပေသည်။ အရာရာ ပြောင်းလဲ၍ လည်းကောင်း၊ အချက်အလက်တိုင်း ၎င်းတို့၏ ပုံတူပွားယူ နေထိုင်၍လည်းကောင်း၊ ခေါင်းစခြေဆုံး သဏ္ဍာန်တူ ပုံတူပြုလုပ်၍လည်းကောင်း နေခဲ့ကြပြီး ဖြစ်ပေသည်။ သို့နှင့် ၎င်းတို့သည် အသင်တို့အား ကြည်ဖြူနှစ်သက်သွားကြပါသလား။ အသင်တို့နှင့် ပတ်သက်၍ ကျေနပ်အားရသွားကြပါသလား။ အသင်တို့အား ကူညီရိုင်းပင်း အနစ်နာခံလာကြပါသလား။ ၎င်းတို့၏ ရန်ငြိုးမှာ မပြောင်းမလဲ တည်မြဲတည်သာ တည်လျှက်နှင့်သာ ဆက်လက်ရှိနေခဲ့သည်သာ။ ဝတ်စားဆင်ယင်မှု့အား အသွင်ပြောင်း ပုံတူကူးလိုက်သည့်အတွက် ၎င်းတို့နှလုံးသားတွင် ဂုဏ်ပေးလိုစိတ် မည်သည့်အချိန်မှ ပေါက်ဖွားလာမည်မဟုတ်ပေ။
အလာမဟ် အိက်ဗာလ်၏ အနောက်တိုင်း လူနေမှု့စနစ်အား သုံးသပ်ပြပုံ
အလာမဟ် အိက်ဗာလ်သည် ကဗျာမဟုတ်သော သာမန်စာများတွင် (တရားတော်နှင့် ရှရီအသ်ရှု့ထောင့်အရ) မလျော်ကန်၊ မသင့်မြတ်သော အကြောင်းအရာများစွာအား ရေးသားခဲ့သည်။ သို့သော် ကဗျာအလင်္ကာများ၌ ရံဖန်ရံခါ အလွန်နက်ရှိုင်းသော ဒဿနနှင့်အတွေးအခေါ်ဆိုင်ရာ စကားများကို ရေးသားသီကြူးလေ့ရှိ၏။ အနောက်တိုင်း ဝတ်စားဆင်ယင်မှု့၊ အနောက်တိုင်းသားတို့၏ လူနေမှု့စနစ်နှင့် အခြားအရာများအား သုံးသပ်ပြသရင်း အမိန့်ရှိခဲ့သည်။ အနောက်တိုင်းတွင် မြင်တွေ့နေရသော ပါဝါတစ်ခုသည် ၎င်းတို့၏ တီးမှုတ်ရာတွင် အသုံးပြုသော ပစ္စည်းများကြောင့် မဟုတ်၊ သီကြူးဖျော်ဖြေနေသော တေးသွား၊ သံစဉ်တို့ကြောင့် မဟုတ်၊ အရှက်သိက္ခာမဲ့ မလုံတလုံ ဝတ်ဆင်ထားသော အမျိုးသမိးများကြောင့် မဟုတ်၊ ထို အမျိုးသမီးများ၏ ကပြသီဆိုဖျော်ဖြေမှု့ကြောင့် မဟုတ်၊ ထို့အတူ အနောက်တိုင်း အမျိုးသမီးများ ဆံပင်ညှပ်ကာ ဂုတ်ဝဲထားခြင်း သို့မဟုတ် ကျောပေါ်တွင် ချထားခြင်းကြောင့်လည်း မဟုတ်၊ ခြေသလုံးများ ဖော်ထားသည့်အတွက်လည်း မဟုတ်ပေ။ ထို့နောက် ဆက်လက် အမိန့်ရှိသည်မှာ- ၎င်းတို့တွင် ရှိနေသော ပါဝါဟူသည် ရုန်းကန်ကြိုးစားမှု့ကြောင့်လည်းကောင်း၊ အသိပညာ၊အတတ်ပညာကြောင့်လည်းကောင်း ဖြစ်ပေသည်။ ထိုအရာများကြောင့်ပင် ဖွံ့ဖြိုးတိုးတက်နေခြင်း ဖြစ်၏။ နောက်ဆုံးတွင် အမိန့်ရှိသည်မှာ-  အတွေးအခေါ်၊ အမြော်အမြင်နှင့် အတတ်ပညာတို့ဟူသည် ဝတ်စုံတစ်ခုအား ဆင်မြန်းရုံဖြင့် ရနိုင်သည်မဟုတ်၊ ပဂ်ရီပေါင်းခြင်းဖြင့် အသိပညာ၊အတတ်ပညာရှာဖွေရာတွင် အဟန့်အတားဖြစ်မည်မဟုတ်။
အချုပ်အားဖြင့် တင်ပြလိုသည်မှာ- အဓိက ကျသော၊ ဆန္ဒရမက်တို့ ထားရှိခဲ့သော (အနောက်တိုင်း၏ ဖွံ့ဖြိုးတိုးတက်မှု့ဟူသော)အရာအား (ဝတ်စားဆင်ယင်မှု့ ပြောင်းလဲ၍လည်း) မရခဲ့ပေ။ (ပိုဆိုးသည်မှာ) အဝတ်အစား၊ ဝတ်ဆင်စားယင်ပုံနှင့် နေပုံထိုင်ပုံတို့တွင် အနောက်တိုင်းသားတို့အား အတုယူပုံတူပွားရင်း ၎င်းတို့ ရှေ့သို့ကျော်တက်ကာ မိမိကိုယ်မိမိ သိက္ခာမဲ့အောင်၊ သေးသိမ်အောင် ပြုလုပ်နေကြသည်။ တစ်လောကထံမှ ဂုဏ်သိက္ခာအား ရယူနိုင်သူမှာ မိမိ၏ နေထိုင်ကျင့်မူပုံအား လေးစားမြတ်နိုးသူပင်ဖြစ်၏။
သို့ဖြစ်ရာ အကယ်၍ နှလုံးသားတွင် မိမိနှင့် ပတ်သက်၍ လေးစားမှု့မရှိပါက၊ မိမိ၏ လမ်းစဉ်အား ဂုဏ်မပေးပါက လောကကြီးထံမှ မည်သည့်ဂုဏ်ပေးလေးစားမှု့ကို ရယူနိုင်မည်နည်း။ အထက်တင်ပြပါ အချက်များအား ရှေးရှု့ခြင်းအားဖြင့် သိရသည်မှာ- ၎င်းတို့ လျှောက်လှမ်းရာ လမ်းစဉ်တွင် ဆုံးဆုံးတိုင် လျှောက်လှမ်း၍ ဖြစ်စေ၊ မိမိကိုယ်မိမိ စလယ်ဆုံး ပြောင်းလဲ၍ ဖြစ်စေ လုပ်ပြလင့်ကစား အသင်တို့၏ လုပ်ရပ်၊ ရွေးချယ်မှု့လမ်းစဉ်တို့သည် ၎င်းဘာသာခြားများ၏ နှစ်လိုဖွယ်ကိစ္စ ဖြစ်လာလိမ့်မည်မဟုတ်ပေ။ 
တူအောင်လည်း မလုပ်နဲ့၊ တူသွားတာကိုလည်း ရှောင်ကျဉ်သင့်၏
မည်သို့ပင်ဖြစ်စေ ဖသ်ဝါအရ တင်ပြရသော် ကျွန်ုပ်တင်ပြခဲ့သည့်အတိုင်းပင် ဖြစ်၏။ သရှဗ်ဗို့ဟ်သည် ပြုလုပ်ခွင့်မရှိသော ဟရာမ်ဖြစ်ပေသည်။ (ပြုလုပ်ပါက) အကုသိုလ်ကျူးလွန်ရာရောက်၏။ သရှဗ်ဗို့ဟ်ဟူသည် ၎င်း(ဘာသာခြားများ)နှင့် တူဆင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ပြီး၊ မုရှာဗဟသ်၏ အဓိပ္ပါယ်မှာ ၎င်း(ဘာသာခြားများ)နှင့် ကဲ့သို့ ပြုလုပ်ရန် မရွယ်သော်လည်း အနည်းငယ်တူဆင်သွားခြင်းပင် ဖြစ်ပေသည်။ ဤ(မုရှာဗဟသ်)သည် အပြစ်တစ်ခု (သို့မဟုတ်) ဟရာမ်မဖြစ်သော်လည်း တရားတော်၏ ရှု့ထောင့်အရ နှစ်လိုဖွယ်မဟုတ်ပေ။ ထို့အပြင် သာသနာချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ပြဒါးတစ်လမ်း၊သံတစ်လမ်း ဖြစ်နေသောကြောင့် ဤနှစ်ချက်လုံးအား ရှောင်ကျဉ်ရန် အရေးကြီးပေသည်။
ဤတွင် မွဖ်သီသကီးဆားဗ် ဟောကြားခဲ့သော ဝတ်စားဆင်ယင်မှု့၏ တတိယမဏ္ဍိုင်ပြီးဆုံးပြီ ဖြစ်ပါသည်။
အင်န်ရှာအလ္လာဟ် စတုထ္ထပိုင်းအား ဆက်လက်စောင့်စားဖတ်ရှု့ပေးပါရန် အထူး မေတ္တာရပ်ခံအပ်ပါသည်။

ဘရှီရွလ္လာဟ် ဖာရိုကီ
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger