အလ်ဟမ်ဒုလစ်လာဟ် စွမ္မ အလ်ဟမ်ဒုလစ်လာဟ်
အရှင်မြတ်ရဲ့ အသနားတော်နဲ့ မွဖ်သီသကီးအွစ်မာနီဆားဗ် ဟောကြားတော်မူတဲ့ အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု့ စာအုပ်ငယ်လေးအား ဘာသာပြန်၍ ဆုံးခန်းတိုင် ရောက်ခဲ့ပါတယ်။ ဒီစာအုပ်ငယ်လေးကို တစ်စုတစ်စီးတည်း တစ်နေရာထဲကနေ ဖတ်ရွတ်နိုင်အောင် လင့်ခ်လေးတွေကို စုပေးလိုက်ပါတယ်။ လွယ်ကူစွာ ဖတ်လို့ရအောင်ရယ်... သူငယ်ချင်းတွေကို မျှဝေတဲ့နေရာမှာ အဆင်ပြေအောင်၊ အချိန်မကုန်အောင် ရည်ရွယ်တာပါ။
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)
အပိုင်း(၁၂)
အင်န်ရှာအလ္လာဟ်........
များများရှဲရင် များများဖတ်ကြမှာပါ။ များများ ဖတ်ရင် များများ ကုသိုလ်ရမှာပါ။ ကျွန်တော်နဲ့ အတူ ထပ်တူထပ်မျှ ကုသိုလ်ရချင်ရင် များများဖတ်စေဖို့ များများ ရှဲလိုက်ကြအောင် :)
တစ်ခုလောက် စုံစမ်းပေးကြပါလို့လည်း မေတ္တာရပ်ခံလိုပါတယ်။ မြန်မာနိုင်ငံမှာ မွဖ်သီသကီးဆားဗ်ရေးသားထားတဲ့ အစ္စလာမ် အော်ရ် ဂျစ်ဒ်ဒသ် ပစန်ဒီ ဆိုတဲ့ စာအုပ်ကို ဘာသာပြန်ထားတာ ရှိလားဆိုတာလေး တစ်ချက်လောက် ဝိုင်းဝန်း စုံစမ်းပေးကြပါ။ ဘာသာပြန်ဆိုထားခြင်း မရှီဖူးဆိုရင် အင်န်ရှာအလ္လာဟ် ဝိုင်းတော်သားများကို အီးဒ်နေ့ လက်ဆောင်အဖြစ် ဘာသာပြန်ပေးချင်ပါတယ်။ ပြန်ပြီးသားဆိုရင် အင်န်ရှာအလ္လာဟ် နောက်တစ်အုပ်ပေါ့ :) အခုထိတော့ မရွေးရသေးဖူး။ ကူညီပေးပါဦး သယ်ရင်းတို့ရေ.......။
ဟောကြားသူ၊ ဘာသာပြန်သူ၊ ဖတ်ရှု့သူ၊ မျှဝေသူ၊ တိုက်တွန်းသူ၊ ကူညီသူ အားလုံးအား မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်၏ ဂရုဏာ အချိန်တိုင်း လွှမ်းခြုံနေပါစေ။ အခက်အခဲအားလုံး ပြေလည်ပြီး၊ စိတ်ချမ်းသာမှု့အတိနဲ့ ဘဝကို ရှင်သန်နိုင်ပါစေ။ သန့်ပြန့်စင်ကြယ်သော လုပ်ရပ်များ၊ နီယသ်များကို ဆုံးခန်းတိုင် ပြုလုပ်နိုင်ပါစေ။ အာမီးန်
ဘရှီရွလ္လာဟ် ဖာရိုကီ

Post a Comment