အသိပေးခြင်း
က
Home » , , » မက်ကင်းခြင်း တိမ်ညိုအောက်က မျှော်လင့်ခြင်း ကြယ်တပွင့်

မက်ကင်းခြင်း တိမ်ညိုအောက်က မျှော်လင့်ခြင်း ကြယ်တပွင့်

အပြင်နိုင်ငံတစ်ခုကနေ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို လေ့လာသုံးသပ်ရတာ လွယ်တော့ မလွယ်ပါဖူး။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ရဲ့ အသနားတော်နဲ့ သူငယ်ချင်း အပေါင်းအသင်းတွေ ရှိနေလို့သာ သတင်းအမှန်တွေကို တိတိကျကျနဲ့ သိနိုင်ခဲ့ရတာ။ ဒိနေ့အထိ သတင်းတွေကို တိတိကျကျနဲ့ ဓါတ်ပုံတွေကိုပါ ပို့ပေးနေတဲ့ သူငယ်ချင်းများကို အထူးကျေးဇူးတင်မိပါတယ်။ အွန်လိုင်းမှာဆိုရင် အလင်းမျက်ဝန်းတို့ အမ်မီဒီယာတို့က ကျွန်တော်တို့လို အဝေးရောက် မြန်မာနိုင်ငံသားတွေအတွက် အားထားရတဲ့ ဝဘ်ဆိုက်တွေဖြစ်ခဲ့ရတယ်။ သတင်းရပ်ဝန်းအတွက် ကြိုးပမ်းနေသူများအားလုံးကို ကျေးဇူးတင်မိသလို အကောင်းဆုံး ကြိုးစားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

များသောအားဖြင့် သိရတဲ့ အခြေအနေတွေက နှလုံးအေးစေမယ့် အခြေအနေမျိုးတော့ မနေ့ကအထိ လုံးဝ မပါခဲ့သေးပါဖူး။ အပြောသက်သက်နဲ့ အာချောင်နေသူကများတယ်။ စာလုံးသက်သက်နဲ့ ကလောင်ချော်သူက ပေါတယ်။ အလုပ်နဲ့အဟုတ်ကို သက်သေပြဖို့တော့ အသေကောင် ပရုပ်ဖြန်းတဲ့ဇတ်လောက် သရုပ်ဆောင် မကောင်းခဲ့ပါဖူး။
ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဖူး။ နှာစေးနေတဲ့ ယုန်ကလေးတွေ၊ ကြောက်သွေးကို မလိုပဲ သွင်းနေသူတွေ၊ အမြဲ လိုက်လျောနေတဲ့ မယက တွေက ခပ်များများဖြစ်နေတယ်။ နောက်ပြီး ကျော့ကွင်းကမလွတ်သေးတဲ့ ကျားတွေ၊ ပြုစားခံထားရတဲ့ သူရဲကောင်းတွေကိုပါ မြင်တွေ့နေရတော့ ဟာ, ဟင်, အို့, သွားပြီ, ကျွတ်ကျွတ် စတဲ့ အသံတွေကိုသာ အဖော်မွန်လုပ်ရင်း နေခဲ့ရတယ်။

အစ္စလာမ်ဘောင်အတွင်းကနေ ဘာသာခြားနဲ့ ဆက်ဆံတဲ့နေရာမှာ ဘယ်အထိ လုပ်ခွင့်ရှိတယ်။ ဘယ်အရာတွေကတော့ လုပ်ခွင့်မရှိဖူး။ စတာတွေက နဂိုကတည်းက သတ်မှတ်ပြီးသားပါ။ လုပ်ချင်ရာလုပ်ခွင့် ပေးမထားပါဖူး။ ပေးထားတယ်လို့ ထင်တဲ့သူတွေနဲ့ ကျွန်တော်တို့ လက်တွဲလို့မရပါဖူး။ ဒါကြောင့် ကျွန်တော်ကတော့ ငြိမ်းချမ်းရေးကို လိုလားပေမယ့် ဘာသာရေးအရ ငြိစွန်းလာရင် လက်တွဲဖြုတ်လိုက်ပါတယ်။
ဘာပဲဖြစ်ဖြစ် အခုတော့ ကျွန်တော်တို့ အနာဂတ်ကို လင်းဝင်းစေလိမ့်မယ်လို့ မျှော်လင့်ရတဲ့ အဖွဲ့အစည်းအသစ်တစ်ခုကို မနေ့ကပဲ အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ကြေငြာလိုက်ပါတယ်။ ဒီအဖွဲ့အစည်းအပြင် ထူးခြားပြောင်မြောက်စွာ အလုပ်လုပ်ပေးမယ့် အစ္စလာမ့်ဂုဏ်ရည်ဆောင် ဆရာသခင်တွေရဲ့ အဖွဲ့သစ်တွေလည်း ကျန်ရှိနေပါသေးတယ်။ အင်န်ရှာအလ္လာဟ် တရားဝင်ကြေငြာတဲ့အခါ ကျွန်တော်တို့ မျှော်လင့်ချက်တွေအတွက် အားဆေးတစ်ခွက် ဖြစ်ရအောင် အသိပေးသွားပါ့မယ်။ အခုတော့ မက်ကင်းမှု့ရဲ့ တိမ်ညိုအောက်က မျှော်လင့်ခြင်း ကြယ်တပွင့် လို့ တင်စားထိုက်တဲ့ အဖွဲ့အစည်းအသစ်တစ်ခုအကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။
အဖွဲ့အစည်းအသစ်အမည်။        ။ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်
ကြေငြာခြင်း အခမ်းအနားပြုလုပ်သည့် နေရာ ။        ။ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်း၊ တခြမ်းပဲ့ဗလီခန်းမ
ကြေငြာသည့် ရက်စွဲနှင့် အချိန်။         ။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၄)ရက် နံနက် (၁၀) နာရီ
အဖွဲ့အစည်း ရုံးခန်း လိပ်စာ။         ။ အမှတ်(၄၈၄)၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
ဆက်သွယ်ရန် ဖုန်းနံပါတ်။          ။ ၀၁-၃၉၄၄၂၇
ဖက်စ်။            ။ ၀၁-၂၄၆၉၂၇
အီးမေးလ်။          ။ impoum@gmail.com
အဖွဲ့အစည်း၏ ထိပ်သီးခေါင်းဆောင်များ။            ။ မွတ်စ်လင်မ်တိုင်း ကြည်ငြိုလေးစားကြသည့် ဆရာကြီးများသာ ဖြစ်ပြီး အမည်များမှာ.....
  1. မွတ်ဖ်သီနူးရ်မုဟမ္မဒ်
  2. မွတ်ဖ်သီမိုဟမ္မဒ်စူရတီ
  3. မွတ်ဖ်သီဂျမီးလ်
  4. မွတ်ဖ်သီဂျအ်ဖရ်
  5. မွတ်ဖ်သီအိဒ်ရီးစ်
  6. မွတ်ဖ်သီအဟ်မဒ်ဘာမ်း
  7. မွတ်ဖ်သီအစ္စမာအီးလ်
  8. မောင်လာနာအရှ်ရဖ်အလီ
  9. မွတ်ဖ်သီယအ်ကူးဗ်
  10. မွတ်ဖ်သီအဘွလ်ဟစံ
  11. မွတ်ဖ်သီအလီ 
အဖွဲ့အစည်း၏ ရည်ရွယ်ချက်။         ။ အောက်ပါအတိုင်းဖြစ်သည်။
(၁) ပြည်ထောင်စု မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ဘ၀တည်ဆောက်မှု မှန်ကန်ရေးအတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

(၂) မြန်မာနိုင်ငံသား လူမျိုးဘာသာအားလုံး၏ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးလုပ်ငန်းစဉ်များတွင် အစ္စလာမ်ဘာသာဝင်များအား ဘာသာရေးရှုဒေါင့်မှ စနစ်တကျ မှန်ကန်စွာ ဦးဆောင်မှုပေးရန်။

(၃) ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် နိုင်ငံသားလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ စည်းလုံးညီညွတ်စွာဖြင့် ထာဝရ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး ကြိုးပမ်းမှုများတွင် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

(၄) ပြည်ထောင်စုမြန်မာနိုင်ငံသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်ရာတွင် နိုင်ငံသား အစ္စလာမ်ဘာသာဝင်များ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

(၅) မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ဘာသာရေးပညာ၊ အသိပညာ၊ အတက်ပညာများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်သော ဦးဆောင်မှုပေးရန်။

(၆) မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအားလုံး တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

(၇) မြန်မာနိုင်ငံသား လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပဋိပက္ခ အလုံးစုံကင်းစင်ရေးနှင့် ပဋိပက္ခတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် အစ္စလာမ်ဘာသာဝင်များ ဥပဒေနှင့်အညီ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ဘာသာရေးအရ မှန်ကန်သော ဦးဆောင်မှုပေးရန်။

(၈) မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ ပညာရေးနှင့် အတွေးအခေါ် မြင့်မားရေး၊ လူမှုဘ၀ အဆင့်အတန်းမြင့်မားရေးတို့အတွက် ဘာသာရေးအရ ဦးဆောင်မှုပေးရန်။

(၉) မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များအတွင်း စစ်မှန်သော အစ္စလာမ်သာသနာပျံ့ပွားရေးနှင့် ဘာသာတရား၏ ဆုံးမလမ်းညွှန်သွန်သင်ချက်နှင့်အညီ ကျင့်ကြံနေထိုင်နိုင်ရေးနှင့် အခြားဘာသာဝင်များနှင့် သဟဇာတ ဖြစ်စေရေး အတွက် စနစ်တကျ ဦးဆောင်မှုပေးရန်။

(၁၀) အစ္စလာမ်သာသနာအပေါ် အခြားဘာသာဝင်များက အထင်အမြင်လွဲမှားမှုများ ကင်းစင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကို အပြန်အလှန် လေးစားလိုက်နာခြင်းဖြင့် ဥပဒေဘောင်အတွင်း အေးချမ်းသာယာစည်းလုံးညီညွတ်စွာ နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်။

********************************************************
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံမှ မျှော်ကိုးမိသည်မှာ-

ရှုရာ စနစ်ဖြင့် ဖွဲ့စည်းထားသော ဆရာသခင်ကြီးများ၏ အဖွဲ့အစည်းသည် ကျွန်တော်တို့၏ အနာဂတ်အား တောက်ပြောင်စေလိမ့်မည်။ ကျဆင်းနေသော သိက္ခာ၊ ဆုံးရှုံးနေသော အခွင့်အရေး စသည်တို့အား ပြန်လည်ရယူနိုင်ပေလိမ့်မည်။
ငြိမ်းချမ်းရေးကို လိုလားသော်လည်း ဘာသာရေးရှု့ထောင့်အရ မလွတ်ကင်းသော ကိစ္စများအား ထိရောက်စွာ တားမြစ်သွားလိမ့်မည်။ ဟီးဟား ဝေးဝါး ကိစ္စများ ရပ်တန့်သွားလိမ့်မည်။
လာမည့်ရမဇန်တွင် အေးချမ်းစွာ ခသမ်သရာဝီဖတ်နိုင်ရေး၊ ရှောင်ဝါလ် တွင် ကျောင်းများ ပြန်ဖွင့်နိုင်ရေး၊ သဗ်လီးဂ်လုပ်ငန်း ဆက်လက်ကွန့်မြူးရေးနှင့် အခြားအရေးပါသော ကိစ္စတို့အား အောင်မြင်စွာ လုပ်ဆောင်သွားလိမ့်မည်။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ထံ ဒိုအာတောင်းမိသည်မှာ-
အိုအရှင်... ယခုဖွဲ့စည်းခဲ့သော အဖွဲ့အစည်းရှိ ဆရာကြီးများအား အိခ်လားစွ် ချီးမြှင့်တော်မူပြီး၊ ရုပ်သေးရုပ်လေးများကဲ့သို့ မဖြစ်စေပါနှင့်။ အသက်စွန့် ကြိုးပမ်းသူများအဖြစ် ရှိစေတော်မူပြီး၊ ကြောက်စိတ်ကင်းမဲ့သည့် အစ္စလာမ်၏ကျားများဖြစ်စေတော်မူပါ။ အကွဲအလွဲများ ကင်းစေပြီး အမှားအယွင်းများမှ ဝေးစေတော်မူပါ။ အောင်မြင်မှု့ကိုပေးသနားတော်မူပြီး အဓွန့်ရှည်စေတော်မူပါ။ အာမီးန် စွမ္မ အာမီးန်
သတင်းကိုးကား။         ။ အလင်းမျက်ဝန်း
မှတ်ချက်။         ။ မူရင်းပို့စ်အား www.mmolama.com တွင် ဖတ်ပေးပါ။
ဘရှီရွလ္လာဟ် ဖာရိုကီ
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger