ပထမပိုင်းအား ဤနေရာတွင် ဖတ်နိုင်ပါသည်။ သို့မဟုတ် ယခု ဤပို့စ်၏ လင့်ခ်တွင် part-2 နေရာ၌ part-1 ဟု ပြောင်းလဲ၍ ကြည့်နိုင်ပါသည်။
သို့သော် ငြင်းမရနိုင်သော အချက်တစ်ချက် ရှိနေပေသေးသည်။ ထိုအချက်မှာ-
သစ်လွင်မှု့ နှစ်ခြိုက်ခြင်းသည် လူသားအား ရုပ်ဝတ္ထုပိုင်းဆိုင်ရာတွင် တိုးတက်မှု့၏ အဆုံးအစွန်သို့ ပို့ပေးခဲ့၏။ ထို တိုးတက်မှု့ကြောင့် ဆန်းသစ်တီထွင်မှု့ များစွာဖြစ်လာခဲ့ပြီး၊ ဇိမ်ခံပစ္စည်းများစွာအား အကောင်းဆုံးပုံစံဖြင့် ထုတ်လုပ်နိုင်ခဲ့၏။ ထို့အတူ တချိန်တည်းမှာပင် လူသားအား အတွင်းရောဂါအမျိုးမျိုး ခံစားစေခဲ့ပြီး၊ အလွန်ကြောက်မက်ဖွယ် ပျက်စီး၊ဆုံးရှုံးမှု့များ ဖြစ်ပေါ်စေခဲ့လေသည်။
ထို့ကြောင့် သစ်လွင်ဆန်းပြားသော အရာတစ်ခုအား သစ်လွင်မှု့ဟူသော အချက်အပေါ် အခြေခံ၍ လက်ခံသင့်သည်၊ လက်မခံသင့်ပါ ဟု မသုံးသပ်၊ မဆုံးဖြတ်နိုင်ပေ။
ဤသည် အလွန်ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သော်လည်း ရှေ့ဆက်၍ စဉ်းစားသင့်သည့် အလွန်အရေးပါသော မေးခွန်းတစ်ခု ရှိနေ၏။ ထိုမေးခွန်းမှာ- မည်သည့် သစ်လွင်ဆန်းပြားခြင်းသည် အကျိုးရှိ၍ လက်ခံနိုင်ဖွယ်ဖြစ်ပြီး၊ မည်သည့် သစ်လွင်ဆန်းပြားခြင်းသည် အကျိုးယုတ်၍ ငြင်းပယ်သင့်ပါသနည်း။ ထို မေးခွန်းအား ဖြေဆို၊ ဆုံးဖြတ်ပေးနိုင်မည့် စံချိန်၊စံနှုန်းမှာ အဘယ်အရာနည်း။ What is the criterion???
ထိုစံချိန် စံနှုန်းအား ရွေးချယ်သတ်မှတ်နိုင်ရန်အတွက် ပုံစံတစ်ခုမှာ- မည်သည့်သစ်လွင်နှစ်ခြိုက်ခြင်းက ကောင်းသည်၊ ဆိုးသည်ကို ဆုံးဖြတ်သည့်အလုပ်အား ဦးဏှောက်တစ်ခုတည်းသို့ တာဝန်ပေးအပ်လိုက်ခြင်းဖြစ်ပေသည်။ ထိုကြောင့်ပင်လျှင် (Secular) ခေါ် ဘာသာမဲ့ဝါဒီတို့၏ အသိုင်းအဝိုင်းတွင် ဤအလုပ်(ကောင်းခြင်း၊ ဆိုးခြင်း ဝေခွဲသုံးသပ်ခြင်း) ကို ဦးဏှောက်အား တာဝန်ပေးထား၏။
သို့သော် ခက်ခဲနေသည့်ကိစ္စမှာ- သစ်လွင်မှု့နှစ်ခြိုက်ခြင်း အမည်တပ်ကာ အကျင့်သိက္ခာ၊ မွန်ရည်၍ လူတော်ကောင်းဖြစ်ခြင်း စသည့် ဝိသေသနတို့အား လူသားထုတစ်ရပ်လုံးထံမှ လုယူကာ တိရိစ္ဆာန်ဝါဒ၊လမ်းစဉ်ပေါ်သို့ ရောက်စေခဲ့ကြသော ပုဂ္ဂိုလ်တို့သည် အသိဥာဏ်ရှိသူများသာဖြစ်ကြပြီး ဦးဏှောက်ဖြင့်သာ လုပ်ကိုင်ဆုံးဖြတ်ရန် ကြွေးကျော်ခဲ့ကြသူများပင် ဖြစ်နေ၏။ ၎င်းတို့ တစ်ဦးတိုင်းသည် ဦးဏှောက်ကိုသာ မိမိ၏ လမ်းပြအဖြစ် သတ်မှတ်ခဲ့ကြလေသည်။
ဦးဏှောက်အား လမ်းပြအဖြစ် သတ်မှတ်လင့်ကစား လမ်းလွဲခဲ့ရခြင်း၏ အကြောင်းအရင်းမှာ- မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်ထံမှ ပေးသနားသော ဝဟီ၏ ရှေ့ဆောင်လမ်းပြမှု့အား ဆန့်ကျင်လိုက်သည့်အခါ ဦးဏှောက်သည် (ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ) အရာရာကို နှစ်သက်သူသကဲ့သို့ ဖြစ်သွားလေသည်။ ပမာအားဖြင့် အမျိုးမျိုးသော ဒြပ်စင်တို့သည် တစ်ခုနှင့်တစ်ခု ဓါတ်သဘာဝခြင်း မည်သို့မှ မဆိုင်သော်လည်း အချိန်တချိန်တည်းတွင် တစ်ခုနှင့်တစ်ခု အချင်းချင်း ပေါင်းစည်းနေတတ်၏။
ဝဟီအား လမ်းပြအဖြစ် လက်မခံသော ဦးဏှောက်တို့သည် အဆိုးဆုံးထဲမှ အဆိုးဆုံး အတွေးအခေါ်၊ ယုတ်ညံ့ဆုံးထဲမှ အယုတ်ညံ့ဆုံး အလုပ်ပင် ဖြစ်လင့်ကစား လက်ခံနိုင်ရေးအတွက် ကောင်းမွန်လှပသော၊ ပီပြင်ကျစ်လစ်သော အကြောင်းပြချက်များ ရှာတွေ့သွားတတ်ကြလေသည်။
ဥပမာအားဖြင့် (Hiroshima) ဟီရိုရှီးမားနှင့် (Nagasaki) နာဂါစာကီ၏ အမည်ကြားရုံဖြင့် လူသားထုတစ်ရပ်လုံး ယနေ့တိုင် နဖူးချွေးပြန်ရပေသည်။ သို့သော် Encyclopedia Britannica ကဲ့သို့သော ကမ္ဘာကျော်စွယ်စုံကျမ်းကြီးတွင် (Atomic Bombs) အက်တမ်ဗုံးကြောင့် ဟီရိုရှီးမားနှင့် နာဂါစာကီတို့ ပျက်ဆီးခဲ့ရပုံအား နောက်ဆုံးခန်းမှ တင်ပြထား၏။ အက်တမ်ဗုံးနှင့် ပတ်သက်၍ ဖွင့်ဆိုရာတွင် ဦးစွာပထမ တွေ့မြင်ရသော စာကြောင်းမှာ-
Former Prime Minister Winston Churchill estimated that by shortening the war The atomic bomb had saved the lives of 1000,000 u.s soldiers 250,000 British Soldiers.
ဖြစ်၏။
ဆိုလိုသည်မှာ- ဝန်ကြီးချုပ်ဟောင်း ဝက်စ်တန် ချရ်ချင်းလ်အနေနှင့် ခန့်မှန်းခဲ့သည်မှာ- အက်တမ်ဗုံးသည် စစ်ပွဲအား အတိုချုံး၍ အမေရိကန်စစ်သား တစ်သန်းနှင့် ဗြိတိန်စစ်သား နှစ်သိန်းခွဲတို့၏ အသက်အား ကာကွယ်ထိန်းသိမ်းခဲ့သည်။ (တွဲ-၂၊ နှာ- ၆၄၇အေ ၁၉၅၀ခုနှစ်ပုံနှိပ်)
စာရှု့သူအနေနှင့် ခန့်မှန်း၊ သုံးသပ်ကြည့်ပါလေ။ ဤကဲ့သို့ အတွေးအခေါ်၊အယူဝါဒ၏ မီးမောင်းထိုးပြမှု့အောက်တွင် ဦးဏှောက်က လက်မခံသော ညှင်းပမ်းနှိပ်စက်မှု့၊ သွေးထွက်သံယိုပြုမှု့တို့ မည်မျှရှိသွားနိုင်ပါသနည်း။
ဤကဲ့သို့သော အခြား နမူနာများစွာ တင်ပြပေးနိုင်ပါသည်။ ဤနေရာတွင်မူ ကျွန်တော့်အနေနှင့် ရှက်ရွံ့စွာဖြင့် တောင်းပန်ရင်း နမူနာတစ်ခုအား တင်ပြပေးလိုက်ရပါသည်။ ဤပမာ၏ မီးမောင်းထိုးပြမှု့တွင် ဦးနှောက်၏ နေရာမှန်ကို ကောင်းမွန်စွာ သိနိုင်ပေလိမ့်မည်။
အစ္စလာမ့်သမိုင်းတွင် ဗာသွေနီယာ ခေါ် ဂိုဏ်းတစ်ဂိုဏ်းပေါ်ထွက်ခဲ့ဖူးသည်။ ထိုဂိုဏ်း၏ ခေါင်းဆောင်မှာ- အိုဗိုင်ဒွလ္လာဟ် ကီရ်ဝါနီ ဖြစ်ပေသည်။ ၎င်းက မိမိစာအုပ်၌ အောက်ပါအတိုင်း ရေးသားထားခဲ့၏။
وما العجب من شئ كالعجب من رجل يدعي العقل ثم يكون له أخت أو بنت حسناء وليست له زوجة في حسنها فيحرمها على نفسه وينكحها من أجنبي ولو عقل الجاهل لعلم أنه أحق بأخته وبنته من الأجنبي وما وجه ذلك إلا أن صاحبهم حرم عليهما الطيبات إلخ
ဆိုလိုသည်မှာ- လူတစ်ဦးသည် မိမိကိုယ်မိမိ အသိဥာဏ်ရှိသူ၊ ဦးနှောက်ရှိသူဟု ကြွေးကျော်နေပြီး အလွန်လှပသည့် ညီမ၊အစ်မနှင့် သမီးပျိုများ ရှိနေသော်လည်း ထိုသမီးပျိုများကဲ့သို့ လှပစွဲမက်ဖွယ် ဇနီးသည်မရှိပေ။ ထိုသမီးပျိုများအား မိမိအပေါ် ဟရာမ်သတ်မှတ်ထားပြီး သူစိမ်းနှင့် ထိမ်းမြားစေသည်။ လောကတွင် ထိုသူ့ထက် ပို၍ အံ့သြစရာကောင်းသည့်သူဟူ၍ ရှိနိုင်တော့မည်မဟုတ်။ အကယ်၍ ထို ငတုံးတွင် အသိဥာဏ်ရှိပါက ၎င်းသည် မိမိညီမအစ်မ သို့မဟုတ် သမီးပျိုများနှင့် ပတ်သက်၍ အခြားသူများထက် သာပို ထိုက်တန်သည်ဟု သိလာပေမည်။ ၎င်းတို့၏ ခေါင်းဆောင်များသည် ကောင်းမွန်၊နှစ်လိုဖွယ် အရာများအား တားမြစ်သတ်မှတ်ခဲ့ကြသည်မှာ ထိုသို့ အသိဥာဏ်မရှိရခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ပေတော့သည်။ အလ်ဖရ်ကို့ ဗိုင်နလ် ဖိရက် နှာ- ၂၉၇
ဖော်ပြပါ သဘာဝနှင့် ဆန့်ကျင်သော စာပိုဒ်၏ ညစ်ညမ်းစက်ဆုပ်ဖွယ်များအပေါ် ကြိမ်ဖန်များစွာ ကျိန်စာတိုက်လိုက တိုက်ပါလေ။ သို့သော် နှလုံးသားပေါ် လက်တင်၍ စဉ်းစားကြည့်ပါ။ ဝဟီ၏ လမ်းပြမှု့မရှိသော ဦးနှောက်အဖို့ ဖော်ပြပါ အထောက်အထားအတွက် ဦးနှောက်သက်သက်ဖြင့်ရလာသော အဖြေရှိပါသလား။ သေချာသည်မှာ- ဝဟီ၏ ပဲ့ကိုင်ခြင်းတို့မှ ကင်းကွာနေသော ဦးနှောက်တစ်ခုအတွက် လုံးဝ အဖြေမရှိနိုင်ပေ။
ဤသို့ဖြင့် (ကျွန်တော်တို့အတွက်) ယခု ရှက်ဖွယ်အတိဖြစ်နေရသော အိုဗိုင်ဒွလ္လာဟ် ကီရ်ဝါနီ၏ ဤအိပ်မက်သည် ရာစုနှစ်အနည်းငယ်ကြာပြီးနောက် လက်တွေ့ဖြစ်လာတော့လေသည်။ အနောက်နိုင်ငံ အချို့တွင် မိမိညီမအရင်းနှင့် ထိမ်းမြားကြကြောင်း အသံများ ထွက်ပေါ်လာတော့လေသည်။ (အင်န်နာလစ်လာဟိ ဝအင်န်နာအိလိုင်းဟိ ရာဂျိအူးန်)
(မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့ အားလုံးအား ထိန်းသိမ်းတော်မူပါစေ။)
အင်န်ရှာအလ္လာဟ် ဆက်လက် တင်ပြပါဦးမည်......။ လာမည့် ပို့စ်တွင် ဦးနှောက်အား ရှရီအသ်ထက် ဦးစားပေးသူတို့အတွက် ဖြေဆေးများ ပေးသွားပါလိမ့်မည်။
ကျွန်တော့်အား ဒိုအာမှာ အထူးသတိရပေးပါ။
ဘရှီရွလ္လာဟ် ဖာရိုကီ

- ထို သစ်လွင်မှု့ နှစ်ခြိုက်ခြင်းကြောင့် လူ့သမိုင်းတွင် (Pharaohs) ဖိရ်အောင်န်များ၊ (Shiddads) ရက်စက်ကြမ်းကြုတ်သူများဖြင့် ပြည့်နှက်သွားခဲ့၏။ ၎င်းတို့သည် အုပ်ချုပ်မှု့နှင့် တတ်စွမ်းနိုင်မှု့၏ အတိုင်းအတာ တစ်ခုတွင် မတင်းတိမ်ခဲ့ကြပဲ၊ အုပ်ချုပ်လိုမှု့ ဆန္ဒသည် အစိုးရခြင်း၊ ဘုရင်ဖြစ်ခြင်းတို့မှ ကျော်လွန်ကာ ကိုးကွယ်ခံဖြစ်ကြောင်း ကြွေးကျော်ခဲ့ကြလေသည်။
- ထို သစ်လွင်မှု့နှစ်ခြိုက်ခြင်းကပင်လျှင် နေ့စဉ်နှင့်အမျှ နယ်မြေသိမ်းတိုက်ခိုက်ရန်၊ အုပ်ချုပ်ရန် စိတ်ပျင်းပြနေသော (Hitler) ဟစ်တ်လာနှင့် (Mussolini) မစူလီနီ တို့အား မွေးဖွားပေးခဲ့သည်။
- ထို သစ်လွင်မှု့နှစ်ခြိုက်ခြင်းကပင်လျှင် ယနေ့မြင်တွေ့နေရသော ဝတ်လစ်စလစ်ဖြစ်မှု့နှင့် အရှက်သိက္ခာမဲ့မှု့တို့၏ မုန်တိုင်းကို ဖြစ်ပေါ်စေခဲ့သည်။
- အချင်းချင်း သဘောတူညီမှု့ရှိလျှင် ကာမဂုဏ်ကျူးလွန်နိုင်ခွင့် ပေးခဲ့သည်သာမက ဗြိတိန် ပြည်သူ့လွှတ်တော် တွင် လိင်တူဆက်ဆံမှု့ ပြုခွင့်ရှိကြောင်း တရားဝင်ကြေငြာစေခဲ့လေသည်။
- ဤသစ်လွင်မှု့နှစ်ခြိုက်ခြင်းကပင် အနောက်တိုင်းအမျိုးသမီးများ ကိုယ်ဝန်ဖျက်ချခွင့်ရရေးအတွက် လူမြင်ကွင်းတွင် ဆိုင်းဘုတ်များကိုင်ဆောင်ကာ ဆန္ဒပြစေခဲ့သည်။
- ထို့အပြင် သစ်လွင်မှု့နှစ်ခြိုက်ခြင်းအား အထောက်အထားပေး၍ ထာဝရနေကာဟ်မပိုင်သော (မိခင်၊ အဒေါ်၊ အစ်မ၊ ညီမ)စသည့် အမျိုးသမီးများနှင့် ထိမ်းမြားမင်္ဂလာဆောင်နိုင်ရန် တောင်းဆိုမှု့များ ဖြစ်လာခဲ့လေသည်။

Post a Comment