بسم الله الرحمن الرحيم
April Fool နှင့် မွစ်လင်မ်လုထု
April လ ရောက်ရှိလာပါတော့မယ်.
လူတွေလည်းအချင်းချင်းကို ဘယ်လိုလိမ်လည် စနောက်ရမလဲဆိုတဲ့ အကြံဥာဏ်ကောင်းတွေကို သူ့ထက်ငါ ဆန်းပြားအောင် စဉ်းစားနေရတာနဲ့အလုပ်ရှုပ်နေလောက်ပါပြီ. မွစ်လင်မ်တွေလည်း ဘာသာခြားရဲ့ပွဲတော်ကို ဘာမှမသိနားမလည်ပဲနဲ့ ဆင်နွဲနေမှာကို တွေ့ရတော့မှာပါ. မိမိရဲ့ စနောက်လိမ်ညာမှုကြောင့် သူများက စီတ်အနှောင့်အယှက် ဖြစ်သွားတာကိုလဲ တစ်နှစ်ပတ်လုံးမှာ စဉ်းစားမိတဲ့အချိန်တိုင်း ပျော်ရွှင်နေရတာတွေကို လည်းတွေ့ဖူးမှာပါ. တမန်တော်မြတ် (ဆွ) သည် ဟဒီးစ်တော်တစ်ခုမှာ- အချိန်တစ်ချိန်ရောက် ရှိလာလိမ့်မယ်. အဲဒီအချိန်မှာ အစ္စလာမ်ဘာသာဝင်တွေဟာ အလ္လာဟ်ရဲ့ရန်သူ (ယဟူဒီ၊နဆွရာနီ) တွေရဲ့ ထုံးတမ်းစဉ်လာကို မိမိတို့ရဲ့ထုံးစမ်းစဉ်လာအဖြစ် လက်ခံကျင့်သုံးလာပါ လိမ့်မယ်လို့ နှစ်ပေါင်း ၁၄၀၀ ကျော် အရင်ကတည်းက အမိန့်ရှိထားပြီးသားပါ. အခုဒါတွေက လက်တွေ့ဖြစ်လာနေတာကိုလည်း မျက်မြင်တွေ့ရတာပါ. နှစ်တစ်နှစ်စပြီ ဆိုတာနဲ့ ပထဦးစွာ မွစ်လင်မ်တွေပါ ရူးသွပ်စွာကျင်းပလေ့ ရှိတာကတော့ New Year ပါ. ပြီးတော့ အရှက်မရှိ၊အဓိပ္ပါယ်မရှိတဲ့ Valentine Day ပေါ့.

တစ်ခုနောက်ပြသနာကတော့ April Fool ကရောက်ရှိလာပါတော့မယ်. အစ္စလာမ်ဘာသာဝင်တွေဟာ အဲဒီလိုနေ့တွေနဲ့ ပက်သက်လား၊ မပက်သက်ဖူးလားဆိုတာ စဉ်းစားသုံးသပ်ကြည့်ပါ. April Fool ဘယ်ကနေဖြစ်ပေါ်လာတာလဲ. ဘာအတွက်လဲ ဆိုတာနဲ့ပက်သက်ပြီးတော့ ပညာရှင်အချို့ရဲ့ သုံးသပ် ချက်တွေကို စဉ်းစားကြည့်ပါ ညီနောင်တို့....
ရှေးယခင် ခရစ်ယှာန်တွေဟာ သူတို့ရဲ့ နှစ်သစ်ကူးနေ့ကို April လ 1 ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်. ယခုခေတ်သစ် ခရစ်ယာန်တွေကတော့ ဇန်နီဝါရီလတစ်ရက်နေ့မှာ ကျင်းပကြပါတယ်. အဲဒီအပြောင်းအလွဲ ဖြစ်သွားတဲ့ အခါ ခေတ်သစ် ခရစ်ယာန်တွေဟာ ရှေးခေတ် ခရစ်ယာန်တွေ နှစ်သစ်ကူး လုပ်ပြီးဆိုရင် ပြောင်လှောင်ကြပါတယ်. အဲဒီအစွဲအလမ်း၊ ထုံးလမ်းစဉ်လာဟာ နှစ်ပေါင်းကြာမြင့်လာပြီး April Fool ဆိုပြီးဖြစ်လာတယ်. အခုနောက်ပိုင်းမှာတော့ မွစ်လင်မ်တွေကိုလည်း အဲဒီရောဂါ စွဲကပ်နေပါပြီ. ဒါဟာ အစ္စလာမ်ဘာသာဝင်နဲ့ ဘယ်လိုမှ မပက်သက်ဘူးဆိုတာက ရှင်းပါတယ်. သူတို့ဘာသာဝင်တွေနဲ့ပဲ သက်ဆိုင်တယ်ဆိုတာကတော့ သမိုင်းက အထောက်အထားပေါ့။
နောက်တစ်ချို့ ပညာရှင်တွေရဲ့ အဆိုကတော့--- စပိန်နိုင်ငံကို နှစ်ပေါင်း800 ကျော် အစ္စလာမ်တွေ အုပ်ချုပ်ခဲ့ပါတယ်. ခရစ်ယာန်တွေဟာ ပြန်လည်သိမ်းပိုက်လိုတာကြောင့် အမျိုးမျိုး ကြံစည်ခဲ့ပေမယ့် မွစ်လင်မ်တွေရဲ့ ဘာသာရေးကိုင်းရှိုင်းမှု စည်းလုံးမှုတွေကြောင့် မအောင်မြင်ခဲ့ပါဘူး. နောက်ဆုံးမှာတော့ ခရစ်ယှာန်တွေဟာ သူတို့ရည်ရွယ်ချက် အောင်မြင်ဖို့ အကြံကောင်းတစ်ခု ရရှိသွားပါတော့တယ်. သူတို့ဟာ မွစ်လင်မ်တွေရဲ့ အိမ်တိုင်းမှာ အရက်၊စီးကရက်၊ အခြားသော မူးယစ်စေမယ့်အရာတွေနဲ့ ဇိမ်ခံပစ္စည်းတွေကို အခမဲ့ရောက်အောင် ပို့ပေးခဲ့ကြပါတယ်. မွစ်လင်မ်တွေဟာ မူးယစ်ဇိမ်ခံနေရင်း အချင်းချင်းမှာလည်း စည်းလုံးမှုတွေ ပျက်ပြားလာပါတော့တယ်။ နောက်ဆုံးတော့ ရှိုင်တွာန်ရဲ့ လှည့်စားမှုအောက်ကို ရောက်ရှိသွားတော့တယ်. ခရစ်ယှာန်များနဲ့ စစ်မက်အပြိုင်တိုက်ခိုက်တိုင်း နိုင်နေခဲ့သော်လည်း ဒီတစ်ခါ ခရစ်ယာန်တွေရဲ့ စစ်တပ်ချီတပ်လာတဲ့အခါမှာ ခုခံနိုင်စွမ်းမရှိပဲနဲ့ အရှုံးပေးလိုက်ရပါတော့တယ်။ ဒီလိုနဲ့ စပိန်နိုင်ငံဟာ ခရစ်ယှာန်တွေတွေ အုပ်စိုးတဲ့နိုင်ငံ ဖြစ်လာပါတယ်. ခရစ်ယှာန်တွေရဲ့ အောင်ပွဲခံတဲ့နေ့ကတော့ April လတစ် ရက်နေ့ ဖြစ်ပါတယ်. အဲဒီအချိန်မှာ မွစ်လင်မ်တွေကို ပြောင်လှောင်ခဲ့ကြပါတယ်. ဒါကိုပဲ ထုံးတမ်းစဉ်လာ တစ်ခုအဖြစ် သတ်မှတ် ပြီးတော့ကို လှောင်ခဲ့တာပါ. အခုတော့ဝမ်းနည်းစရာ ကောင်းလောက်အောင်ကို အစ္စလာမ် ဘာသာဝင်တွေဟာလည်း ၀င်ရောက် လှောင်ပြောင်နေကြပါတယ်. ဒီနေ့အထိ ရှိုင်တွာန်ရဲ့ ဝဲဂယက်နွံကနေ မရုန်းထွက်နိုင်သေးပါဘူးး စိတ်ထဲမှာ ခံစားချက်တစ်ခုတောင် မရှိပဲနဲ့ ပျော်ရွှင်စွာ ဆင်နွဲနေတာပါ.
ဖြစ်ရပ်နှစ်ခုစလုံးဟာ အစ္စလာမ်နဲ့ဘယ်လိုမှမပက်သက်တာကို တွေ့ရပါလိမ့်မယ်. ဘာသာခြားတွေရဲ့ ပွဲတော်ကို ဆင်နွဲခြင်းသာ ဖြစ်ကြောင်း၊ အတုခိုးခြင်းဖြစ်သာဖြစ်ကြောင်း တွေ့ရတယ်။ ဒါတွေဟာ ဂုန္နဟ်လည်းဖြစ်ပါတယ်. ထို့အပြင် ကုရ်အာန်ကျမ်းတော်မြတ်မှာလည်း လိမ်လည်တဲ့သူတွေအပေါ်ကို လအ်နသ်ကျရောက်ပါစေလို့ ပါရှိထားပါတယ်. လူတစ်ယောက်ကို အရူးလုပ်ဖို့ပဲ လိမ်လိမ်၊ ဘယ်လိုလိမ်လိမ် လိမ်တာက လိမ်တာပါပဲ။ ဒါကြောင့် ဒီပွဲတော်တွေဟာ မိမိတို့နဲ့ မဆိုင်ဘူးလို့ သိလိုက်ရပြီဆိုရင် သောင်ဗဟ်ရဲ့ တံခါးမပိတ်သေးခင် သောင်ဗာဟ်အမြန်လုပ်လိုက်ကြပါ. ဂျဟန္နမ်ကိုသွားဖို့ရာအတွက်ငရဲတစ်ခုကပဲ လုံလောက်သလို ဂျန္နသ်ကိုသွားဖို့အတွက်လည်း ကုသိုလ်တစ်ခုရှိရင်လည်း အလ္လာဟ်ရဟ်မသ်တော်နဲ့သွားရောက်ခွင့်ရှိနိုင်ပါတယ်. နောက်ထပ် ဘာသာခြားတွေရဲ့ မည်သည့်ပွဲတော်ကိုမဆို ၀င်ရောက်ဆင်နွဲခြင်း မပြုတော့ပါဘူးလို့ အလ္လာဟ်ထံတော်ပါးမှာ ကတိသစ္စာပြုလုပ်လိုက်ကြစို့လို့ နှိုးဆော်ရင်း ပို့စ်ကို အဆုံးသတ်လိုက်ပါတယ်။ အလ္လာဟ်သအာလာ မွစ်လင်မ်ညီနောင်အပေါင်းတို့အား ဘာသာခြားတွေရဲ့နှောင့်ယှက်မှုကနေ ကင်းလွှတ်ခွင့်ပေးသနားတော်မူပါစေ. မိမိရဲ့အီမာန်အပေါ်မှာ ထိန်းသိမ်းနိုင်စွမ်းကိုလည်း ချီးမြှင့်တော်မူပါစေ။။
صاعقة على الكفار
ချယ်ရီမြို့တော် လွင်ပြင်ဦး
ချယ်ရီမြို့တော် လွင်ပြင်ဦး
Post a Comment