အသိပေးခြင်း
က
Home » , » ဒေါက်တာဇာကစ်ရ်နိုက်ဆိုသည်မှာ.....

ဒေါက်တာဇာကစ်ရ်နိုက်ဆိုသည်မှာ.....



بسم الله الحمن الرحيم
ဒေါက်တာဇာကစ်ရ်နိုက်ဆိုသည်မှာ.....

الحمد لله الذي جعل أصول الدين علي الأربعة والصلوة والسلام علي النبي الذي لا ينطق عن الهوي إن هو إلا وحي يوحي وعلي أصحابه الذين نوروا العالم بالشريعة الحنيفة وعلي كل من اقتدي بهم من الأءمة المجتهدين في الدين أما بعد
ကျွန်တော်ဟာ မြန်မာပြည်မှာ ရှိနေစဉ်အချိန်တုန်းက ဇာကစ်ရ်နိုက်ကို အားကျမိသူတစ်ဦးပါ။ အိမ်တွင် စလောင်း၊တီဗီများမရှိသော်လည်း ကျွန်တော့်သူငယ်ချင်း ကျော်ကျော်အောင် အိမ်မှာ QTV နှင့် Peace TV အစရှိသည့် ချန်နလ်များမှ နေ့စဉ်ထုတ်လွှင့်ပေးသော ဒေါက်တာဆားဗ်နှင့် အခြားသူများ၏ အစီစဉ် များအား တတ်အားသရွေ့ ကျွန်တော်၊ လင်းလင်း၊ ကျော်ကျော်အောင် သူငယ်ချင်းသုံးဥိးပေါင်း၍ အချိန်ပေး နားထောင်ကြည့်ရှု့ခဲ့သူတစ်ဦးပါ။ အင်္ဂလိပ်စာ မကြွယ်ဝသောလည်း ၎င်း၏ အစီအစဉ်ဖြစ်ပါက စိတ်အားထက်သန်စွာဖြင့် ကြည့်ရှု့ခဲ့သူတစ်ဦးဖြစ်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော်အားပေးတဲ့ အချိန်ခါမှာ ဒေါက်တာဆားဗ်က ခရစ်ယှာန်ဘာသာဝင်များ၊ ဟိန္ဒူများနှင့် အခြားအခြားသော ဘာသာခြား တို့အား စိန်ခေါ်ခြင်း၊ ၎င်းတို့နှင့် စကားပြိုင်ပြောကာ အနိုင်ယူခြင်း၊ အစ္စလာမ်သာသနာ အပေါ် စောဒကတက်မေးမြန်းလာသော အဖြေများကိုသာ ဖြေကြားဟောကြားခဲ့တာပါ။ ယခုကဲ့သို့ အယူ ဝါဒဆိုးများကို ကိုယ်တိုင်လည်း မကြားမိခဲ့သလို အခြားသူများ ပြောဆိုသံကိုလည်း မကြားခဲ့ပါဖူး။ ဒေါက်တာဆားဗ်ရဲ့ စောဒကနှင့် အဖြေများ စာအုပ်မှာလည်း ကျွန်တော်နှစ်သက်ရာ စာအုပ်တစ်အုပ်ဖြစ်ခဲ့ပါတယ်။

အချုပ်အားဖြင့် ပြောလိုတာက ကျွန်တော်ကိုယ်တိုင်လည်း ဒေါက်တာဆားဗ်ကို ကြည်ညိုလေးစားခဲ့ပြိး အားကျမိခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ဒေါက်တာဆားဗ်ရဲ့ ခြေလှမ်းတွေ ပျက်လာတော့မှ အပိုင်းခွဲပြီး ဒေါက်တာဆားဗ်ကို လက်ခံခဲ့သူပါ။ ဆိုလိုတာက ဘာသာခြားတို့အား ဖဲ့ခြင်း၊ အချို့သော စောဒကများ ဖြေကြားတဲ့နေရာမှာ အတုယူမိခြင်း စတဲ့ လုပ်ရပ်တွေကို အတုယူခဲ့ တယ်။ ဒေါက်တာဆားဗ် တော်တယ် တတ်တယ်ဆိုတာ အတိုင်းအတာတစ်ခုအထိ လက်ခံပေးထားပြီး မှားယွင်းတဲ့အရာတွေကိုတော့ မှားယွင်းနေတယ်လို့ သတ်မှတ်ပြီး နေတဲ့သူပါ။

ဒါပေမယ့် နေ့လည်က ဂျွမ်အဟ်နမားဇ်မဖတ်မှီ ဖေ့စ်ဘွခ်ပေါ်မှာ ဘာသာရေးဆွေးနွေးခြင်း ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရန်ဖြစ်နေတဲ့သူ တစ်ချို့ကို ကြည့်၍ အလွန်ပင်စိတ်မကောင်းဖြစ်မိသွားတယ်။ ဘာလို့လဲဆိုတော့ တစ်ဖက်က ဒေါက်တာဆားဗ်ကို အကြည်ငြိုလွန်နေတဲ့သူတွေ၊ တစ်ဖက်မှာ အထိမခံတဲ့ သာသနာ့ချစ်စိတ်အပြည့်ရှိတဲ့သူတွေဟာ တစ်ဖက်နဲ့တစ်ဖက် ရန်ဖြစ်မတတ်ပြောဆိုလာရင်း လူတစ်ယောက်ရဲ့ စကားတစ်ခွန်းကို မနှစ်သက်လို့ ကျွန်တော်ဝင်ရောက် ပြောဆိုလိုက်တယ်။ တကယ်တော့ ကျွန်တော်က ဘာသာရေး အငြင်းအခုံလုပ်တာကို ဝါသနာမပါတဲ့သူ တစ်ယောက်ပါ။ အထူးသဖြင့် မှန်နေလည်း လက်မခံဟု မှတ်ကျောက်တင်ထားတဲ့ မောင်ကျောက်တုံးများနဲ့ အငြင်းအခုံ မလုပ်ချင်ပါဖူး။ ဘာလို့လဲဆိုတော့ သူတို့ဟာ အမှန်တရားရဖို့ အမြင်မှန်ရဖို့ အငြင်းအခုံလုပ်တာမဟုတ်ပဲ တစ်ချို့က ဝါသနာပါလို့၊ တစ်ချို့က လူတွေကို ကြပ်နေရရင် ပျော်တတ်လို့၊ တစ်ချို့ကျတော့ ငါတော်တာ တတ်တာလေးတော့ ဖေ့စ်ဘွခ်ကနေ ပြလိုက်ဦးမယ်ဆိုတဲ့ အတွေးလေးတွေနဲ့ ရှိနေကြလို့ပါ။ တကယ်ပဲ အမှန်ကို သိချင်လို့ မရှင်းတာလေးတွေ မေးတာကိုတော့ မဆိုလိုပါဖူး။ စာဖတ်သူတိုင်းလည်း တွေ့မှာပါ။ ဘာသာရေးဆွေးနွေးမယ်ဆိုတဲ့ ကဏ္ဍတိုင်းမှာ ကောင်းကောင်းမွန်မွန် နွေးနွေးထွေးထွေးနဲ့ ဆွေးနွေးနေ တာ တွေ့ဖူးသလား။ ၅၉ ဂရုပ်အနားက စတင်ဖြတ်လျှောက်ကတည်းက ကျွန်တော်တွေ့နေတာတော့ အခြေအနေမလှဖူး။ အားလုံးကိုတော့ မဆိုလိုပါဖူး။ တကယ်ပဲ တတ်သိတဲ့သူတွေကျတော့လည်း သူ့မူနဲ့သူ မှန်နေတာပါပဲ။ အမြင်ဖလှယ်နေယုံသက်သက်ကလွဲရင် သူတို့မှာ ကျန်တာ ဘာမှ မရှိကြပါဖူး။ ဆွေးနွေးတယ်ဆိုတာ အဲ့လို ဆွေးနွေးတာလေးက အကောင်းဆုံးပါ။ အနှေးနဲ့အမြန် အဖြေမှန်လေးတွေ ရသွားကြမှာပါ။ ဒါပေမယ့် မသိပဲလည်း အော်၊ မမြင်ပဲလည်း ခဲနဲ့ထုတာတော့ မကောင်းဖူးပေါ့ဗျာ။ ဒီကြားထဲက ပျားရည်သုတ်ပေးတဲ့သူတွေကလည်း များတော့....... ထားပါတော့လေ အဲ့တာတွေ။ ပြောချင်တာက ဆွေးနွေးမှု့ လုပ်တယ်ဆိုတာ အဖြေမှန်ရရှိဖို့ ကိုယ့်အမြင်ကို တင်ပြမယ်။ သူများအမြင်ကို နားထောင်မယ်။ ညှိနှိုင်းနားလည်ပေးလို့ရတဲ့အရာကို နားလည်ပေးမယ် နားလည်မပေးနိုင်ရင် ကိုယ့်ဖက်က အထောက်ပေးပြီး ပြန်ချေပမယ် အဲ့လိုနဲ့ အမှားနဲ့အမှန်ကွဲပြီး မှားတဲ့သူကပြင် မှန်တဲ့သူက အစ်သစ်ဂ်ဖာရ်ဖတ်နေရမှာ။ အခုတော့ လူတော်တော်များများက ဘယ်သူပြောပြော ငါတော့ ငါ့ဟာငါပဲဆိုပြီး အမှန်တရားကို မြင်ပြီးတော့လည်း မိုက်တွင်းနက်နေကြတယ်။ တစ်လောကလုံးက အမှန်ဖက်မှာရပ်တည်နေပြီး သူတို့ဘောင်အပြင်တစ်ဖက်ကိုရောက်နေလည်း သူတို့ကတော့ အမြဲမပြောင်း သရဲဘောကြောင်တဲ့မူကို ခါးဝတ်ပုဆိုး လုပ်ထားကြတယ်။ သူတို့နဲ့ စကားပြောရတာ ဘာနဲ့ အလားသဏ္ဍာန်တူလဲဆိုတော့ ချောက်ကမ်းပါးအစွန်မှာ ရပ်နေတဲ့သူတစ်ယောက် ကို ရှေ့မှနေပြီး လာပါ။ ချောက်ထဲတော့ မဆင်းပါနဲ့ဆိုပြီး ကျွန်တော်တို့ လက်ကမ်းနေပေ မယ့် မောင်ကျောက်တုံးများက ချောက်ကမ်းပါးမှာ ဝေ့လျှောင်နေရင်း ဆပ်ကပ်ပြနေတယ်။ အမိအရ ဖမ်းဆုပ်မိတော့မလိုဖြစ်ရင်တော့ အဆိုပါ မောင်ကျောက်တုံးတွေက အဖမ်းတော့မခံဖူး။ ချောက်ထဲဆင်း မယ်ဆိုပြီး ခုန်ချကြတော့တယ်။ ကမ်းပါးမှာ ရပ်နေတာတောင် အကောင်းကြီး၊ လက်ကမ်းကာမှ ချောက်ထဲ ကျသွားရမယ့် အဖြစ်မျိုးကို ကျွန်တော်မမြင်၇က်ဖူး။

တကယ်တော့ ကျွန်တော်က ဒီနေ့ လေတိုက်တိုင်းမယိမ်းရ အပိုင်း(၂)ကိုရေးပြီးတော့ ဆုံးဖြတ်ချက်ချပြီးသားပါ။ စာမေးပွဲပြီးသည့်တိုင် ဘလော့ဂ်လေးကို ၇ပ်နားထားမယ်။ စာမေးပွဲအတွက်ပြင် ဆင်မှု့တွေ လုပ်ရမယ်။ စာမေးပွဲပြီးမှပဲ ဒီမိုကရေစီ အကြောင်းလေးကို ဆက်ရေးတော့မယ် ဆိုပြီးပေါ့။ ဘယ်လိုလုပ်မလဲ ချစ်ညီကို၊အစ်မညီမတို့ရေ။ ကျွန်တော်ကလည်း သာသနာ့ပညာရှင်တွေကို ထိပါးပြောဆိုလာရင်၊ မဟုတ်တာကို အဟုတ်လုပ်ပြိး သွေးဆောင်ဖြားယောင်နေတာကို လက်ပိုက်ကြည့် မနေတတ်ဖူး။ ဒီတော့ ဝင်ပြောမိတယ်။ အခု အချိန်ပေးရတော့မယ်။ အင်န်ရှာလာ ကျွန်တော့်ကို အလ္လာဟ်အရှင်မြတ် အစားပေးသနားမှာပါ။ ကျွန်တော်ယုံကြည်ပါတယ်။ တကယ်တော့ အခုလို စာမေးပွဲချိန် နီးကပ်မှ ပို့ရေးသားရတာ သိပ်မကောင်းဖူး။ ဒါပေမယ့် ကျောင်းစာနဲ့ ယှဉ်လာရင်တော့ ကျန်တာတွေကို နားသင့်ရင် နားရမှာပဲလေ။ သောကြာနေ့ညဆိုတော့ အတန်းမရှိတော့ တော်သေး တာပေါ့။ ရေးသားဖို့ အဆင်ပြေသွားတယ်။

ဘာပဲဖြစ်ဖြစ်ပါ။ ကျွန်တော် အဓိက တင်ပြချင်တာက ဇာကစ်ရ်နိုက်လို့ နာမည်ကြီးနေတဲ့ ဒေါက်တာဆားဗ် အကြောင်း၊ သူ့ရဲ့ အတွေးအခေါ်တစ်ချို့၊ ပြီးတော့ သာသနာ ပညာရှင်များရဲ့ တုန့်ပြန်ပြောဆိုမှု့များနဲ့ သုံးသပ်ချက်တစ်ချို့ပါ။ (မှတ်ချက်။ ။ ကျွန်တော်ရေးသားတင်ဆက်လိုက်တယ်ဆိုတာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်ကို တင်ပြခြင်းလည်း မဟုတ်။ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်လည်း မဟုတ်ပါ။) ထို့ကြောင့် ဒေါက်တာဆားဗ်နှင့် ပတ်သတ်ပြီး အတိအကျအဖြေသိချင်ရင် ဖသ်ဝါဌာနများတွင် မေးမြန်းပါ။ ယခုတင်ပြခြင်းဆိုသည်မှာ အထင်ကြီးနေသူများအား သတိပေးခြင်း သက်သက်သာဖြစ်သည်။ ပညာ့ရှင်များ မီးမောင်းထိုးပြမှု့အောက်မှာ ဒေါက်တာဆားဗ် ဘယ်နေရာတွေမှာ ဘယ်လိုမှားနေခဲ့လဲဆိုတာ လာကြည့်ပါဦးလို့ ဖိတ်ခေါ်လိုက်တာပါ။ အမြင်မတူရင် လက်မခံဖူးလို့ သတ်မှတ်ပြီး ကျားကျားမီးယပ် ဆိုလို့ကတော့ စောဒကလည်း မတတ်ပါနဲ့။ အစကတည်းက ဒီပို့စ်ကို ဖတ်ကို မဖတ်ပါနဲ့။ တကယ်တော့ အမှန်မြင်ပြီး ပြင်နိုင်စွမ်းမရှိရင်တော့ လူဖြစ်၇တာ မတန်ပါဖူး။ နေရာတစ်ကာမှာ လူတော်ကောင်းကြီး ဖြစ် ချင်ဇောနဲ့ သာသနာ့ပညာရှင်တွေ အမြင်စောင်း ပုတ်ခတ်ပြောဆိုတာမျိုးမလုပ်ပါနဲ့။ မွတ်စ်လင်မ် လို့ ကြွေးကျော်ထားရင် အနည်းဆုံးတော့ ကုရ်အာန်ကို လက်ခံမှာပါ။ إنما يخشي الله من عباده العلماء ဆိုတဲ့ အာယသ်လေးကို အမြဲသတိချပ်နေပါ။ စာေ၇းသူ၊ ဖတ်ရှု့သူအားလုံးနှင့်တကွ မွတ်စ်လင်မ်အပေါင်း စစ်မှန်သော သာသနာ့လမ်းစဉ်အပေါ် လျှောက်လှမ်းနိုင်ကြပါစေ။

(မှတ်ချက်==== ဇာကစ်ရ်နိုက်၏ စကားများအား အနီရောင်ဖြင့် ရေးသားမည်ဖြစ်သည်။)

****ပထမဆုံးအချက်****

မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အား ကြိုက်နှစ်သက်ရာ နာမည်ဖြင့် တသနိုင်ပေသည်။ သို့သော် ကောင်းမွန်သော အမည်နာမဖြစ်ရန် အရေးကြီး၏။

သာသနာ့ပညာရှင်များအားလုံး မွတ်စ်လင်လူထုတစ်ခုလုံး လက်ခံကျင့်သုံးနေသည်မှာ စူရဟ်အအ်ရားဖ် အာယသ်တော်အမှတ် ၁၈၀ အတိုင်းဖြစ်သည်း ဆိုလိုသည်မှာ الأسماء الحسني (ကုရ်အာန်၊ဟဒီးဆ်၊အစ်ဂ်ျမာအ်ဖြင့် အတည်ဖြစ်ခဲ့သော အမည်နာမများ) သာဖြစ်သည်။ ကျန်ရှိ မည်သည့်အမည်နာမကိုမှ ခေါ်ဆိုခွင့်မရှိ။ ထို့အပြင် စူရာဟ်အအ်ရားဖ် အာယသ်တော်အမှတ် ၃၃ ရှိ وأن تقولوا على الله مالا تعلمون ...... စူရဟ် အစ်ရားအ် အာယသ်တော်အမှတ် ၃၆။ စသည့် အာယသ်တော်များတွင် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အား တသခေါ်ဝေါ်ချင်တိုင်း သုံးနှုံးခွင့် မရှိကြောင်း အတိအလင်းလာရှိထားသည်။ သာသနာ့ ပညာရှင်များအားလုံးသည် ကွရ်အာန်နှင့် ဟဒီးဆ်တော်များတွင် ပါရှိသော အမည်နာမဖြင့်သာ ခေါ်ဝေါ်ခွင့်ရှီကြောင်း အောက်ပါအတိုင်း အတိ အလင်း အမိန့်ရှိထားသည်။
  1. အေမာမ်ရှာဖိအီသခင်၏ အမိန့်တော် ذم التأويل ص 121 တွင် ကြည့်။
  2. အေမာမ် အဟ်မဒ်သခင်၏ အမိန့်တော် المساءل والرساءل في العقيدة ج 1 ص 277 တွင်ကြည့်။
  3. အေမာမ်ဒါရေမီ၏ အမိန့်တော် عقائد السلف ص 374 တွင်ကြည့်။
  4. အေမာမ် အဘူဘက်ရ် မိုဟမ္မဒ် ဗင်န် အစ်ဟားက်၏ အမိန့်တော် التوحيد لابن خزيمة တွင်ကြည့်။
  5. ရှိုင်ခ် အစ်ဗ်နေ့သိုင်မေယဟ်၏ အမိန့်တော် مجموعة الفتاوي ج 6 ص 515 တွင်ကြည့်။
  6. အစ်ဗ်နေ ဟဇ်မ်၏ အမိန့်တော် المحلى ج 8 ص 31 တွင်ကြည့်။
  7. အေမာမ် ဘဂဝီ၏ အမိန့်တော် معالم التنزيل ج3 ص307 တွင်ကြည့်။
  8. အဗွလ်ကာစင်မ် အလ်ကိုရှိုင်ရီ၏ အမိန့်တော် الفتح ج 11 ص 226 တွင်ကြည့်။

****ဒုတိယအချက်****

Zoroastrianism အား နဗီတမန်တော်တစ်ပါး၏ သာသာနာဖြစ်ကြောင်းပြောဆိုမှု့။ ဟိန္ဒူဘာသာမဟုတ်ကြောင်း ဟိန္ဒူဘာသာနှင့် မပတ်သတ်ကြောင်း ပြောဆိုမှု့။

အမှန်စင်စစ် Zoroastrianism သည် Atheistic religions အနက်မှသာဖြစ်သည်။ ထိုဘာသာအား နဗီတမန်တော်တစ်ပါးဖက်သို့ နွယ်ပေးခြင်းမှာ လုံးဝ(လုံးဝ) ပြုမပိုင်သောအရာပင်ဖြစ် သည်။ နောက်တစ်ချက်မှာ တမန်တော်မြတ်(ဆွ) ပွင့်ပေါ်လာပြီးနောက် လွန်လေခဲ့သော ဘာသာများ အားလုံးမှာ မန်ဆူးခ်ဖြစ်သွားခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် စူရဟ်မာအိဒဟ် အာယသ် ၄၈..၄၉..၅၀ စူရဟ် ဂျာဆိယဟ် အာယသ် ၁၈...၁၉ တို့အားသာ လိုက်နာသင့်ပြီး ယခုကဲ့သို့ ပြောဆိုပေးနေရန်မလိုအပ်ပေ။

****တတိယအချက်****

Sikhismအား သောင်ဟီးဒ်လက်ခံယုံကြည်သူများဟု ပြောဆိုခြင်း၊ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်အား ယုံကြည်သူများဟု ပြောဆိုခြင်း။

စစ်ခ်ဘာသာဝင်များသည် မွရှ်ရစ်များဖြစ်ကြသည်။ အကြီး၊အသေးအဖုံဖုံ၊ မိုးနေမြေအောက်အရာမျိုးစုံတို့အား ကိုးကွယ်ကြသည်။ ၎င်းတို့ထဲတွင် အရှက်အင်္ဂါအားကိုးကွယ်သည့် ဂိုဏ်းများပင်ရှိသည်။ ထို့အပြင် ကာဖရ်ဖြစ်စေနိုင်သော အချက်များစွာကို ယုံကြည်ထားသူများဖြစ်ကြသည်။ စူရဟ် မာအိဒဟ် အာယသ်၅ စူရဟ်ဗိုယ်ယိနဟ် အာယသ်၆ တို့တွင် မွရှ်ရစ်များသည် မည်မျှသာ အဆင့်ရှိကြောင်း ဖော်ပြထားပြီးဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့အား သောင်ဟီးဒ်လက်ခံယုံကြည်သူများဟု ပြောဆိုနိုင်မည်လော။ ရှီရှိသမျှသော ဖန်ဆင်းခံတို့အား အလ္လာဟ်အဖြစ်ယုံကြည်နေကြသည်။ ဝိဥာဉ်ကူးပြောင်းခြင်း ယုံကြည်ကြသည်မှာ သောင်ဟီးဒ်နှင့် လားလားမျှမဆိုင်ပေ။ ထို့အပြင် شرح العقيدة الطحاوية ကျမ်းတွင် ဂျဟ်မီယဟ်ဂိုဏ်းအကြောင်း ပါရှိသည်။ ထိုလမ်းလွဲနေသော ဂိုဏ်း၏ အယူအဆမှာ အီမာန်သည် မြင့်မြတ်တော်မူသော အရှင်မြတ်အား သိရှိခြင်းသာဖြစ်သည်။ နှုတ်လျှာဖြင့် ဝန်ခံရန်၊ လက်တွေ့ဘဝတွင် ကျင့်ကြံရန်မလိုအပ်ဟု ဖော်ပြထားရာ ထိုဂိုဏ်း၏ အယူဝါဒဖြင့်ကြည့်လျှင် ဖစ်ရ်အောင်န်သည်လည်း သောင်ဟီးဒ်အား လက်ခံသူဖြစ်ရပေလိမ့်မည်။ ဤဂိုဏ်း၏ ယုံကြည်ချက်နှင့် ဒေါက်တာဆားဗ်၏ စကားသက်ေ၇ာက်ပုံတွင် ကွာခြားမှု့ရှိပါသလား။
ထို့အပြင် ဒေါက်တာဆားဗ်၏ စကားသည် နဗီတမန်တော်များ ရုပ်ထုကိုးကွယ်သူတို့အား စစ်မက်တိုက်ခိုက်ခဲ့သည်ကို မှားယွင်းနေသည်ဟု ပြောဆိုရာလည်း ရောက်နေပေသည်။ သောင်ဟီးဒ်အား လက်ခံထားသူဖြစ်လျှင် အစ္စလာမ်သာသနာ့ရှု့ထောင့်အ၇ သတ်ဖြတ်ခွင့် မရှိပေ။ ရုပ်ထုကိုးကွယ်သူတို့အား သောင်ဟီဒ်လက်ခံသူများဟု သတ်မှတ်ခဲ့သော ဒေါက်တာဆားဗ်သည် နဗီတမန်တော်များအား စော်ကားနေသည်မဟုတ်ပါလော။

****စတုတ္တအချက်****

Sikhism တို့သည် ပွင့်လင်းစွာ သောင်ဟီးဒ်အား လက်ခံကြသည်။ الإله العزيز ပြာရေ ဗဂ်ဝါန်အား မရှင်းမလင်းဖော်ပြပြောဆိုသောအခါ အိတ်က်အုံးမ်ကရ် ဟုခေါ်ဝေါ်တသကြပြိး ပွင့်လင်းစွာ ရှင်းပြပြောဆိုသောအခါ အုံးမ်ကရ် ဝကရူး ကရန်သ် စားဘ် ဟူ၍ ခေါ်ဝေါ်တသကြသည်။ ထို ပြာရေး ဗဂ်ဝါးန်အား ဂုဏ်ပုဒ်အမျိုးမျိုး တပ်ပေးကြသည်။

ဤစကားသည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်နှင့်အတူ အခြားခဝပ်ကိုးကွယ်ရာအရှင် ရှိနေသည်ဟု ပြောဆိုရာ ရောက်ပေသည်။ စူရဟ် အန်ဘိယာအ် အာယသ် ၂၂ စူရဟ် အစ်ဗ်ရာဟီးမ် အာယသ် ၁၀ တို့တွင် အလ္လာဟ်အရှင်မြတ်နှင့် တန်းတူကိုးကွယ်ရာထားခြင်းအား ရှစ်ရ်က်ဟု သတ်မှတ်ထားသည်။ ရှစ်ရ်က် လုပ်နေပါလျှက်နှင့် ထိုသူတို့အား သောင်ဟီးဒ်လက်ခံသူများ၊ ၎င်းတို့ယှဉ်တွဲကိုးကွယ်နေသော ရုပ်တုအား ပြာရေးဗဂ်ဝါန်ဟု ပြောဆိုခြင်းမှာ စူရဟ် လုက်မာန် အာယသ် ၃၀ စူရဟ် ဇာရိယားသ် အာယသ် ၅၆ စူရဟ် နိစာအ် အာယသ် ၃၆ တို့အား ဆန့်ကျင်နေခြင်းသာ ဖြစ်၏။

****ပဉ္စမအချက်****

ဒေါက်တာဆားဗ်သည် ဟိန္ဒူလူမျိုးများ၏ ဘုရားအမည်တို့ဖြင့် အလ္လာဟ်အရှင်မြတ်အား ခေါ်ဝေါ် တသခြင်းပိုင်သည်ဟုဆို၏။ ဥပမာ ဗစ်ရှ်နူး (မွေးမြူပြုစု စောင့်ရှောက်တော်မူသောအရှင်) ဗရ်ဟမာ (ဖန်ဆင်းရှင်)ဟူ၍ ခေါ်ဝေါ်ခြင်း ပိုင်သည်ဟု ဆိုသည်။ သို့သော် ဗစ်ရှ်နူး ဟုခေါ်ရာတွင် မြွေပုလင်ပေါ်တွင် ထိုင်၍ ငှက်တစ်ကောင်အား စီးနှင်းပြီး လက်လေးဖက်ရှီသည်ဟု မယုံကြည်ရ။ ထို့အတူ ဗရ်ဟမာဟုခေါ်ရာတွင်လည်း ခေါင်းလေးခေါင်းရှိပြီး ခေါင်းတိုင်းတွင် သရဖူးဆောင်းထားသည်။ လက်လေး ဖက်လည်း ရှိသည်ဟု မယုံကြည်ရ။

ဒေါက်တာဆားဗ်သည် မွတ်စ်လင်မ်တို့ထံမှ အစ္စလာမ်ချစ်စိတ် ထုတ်ပစ်လိုနေပါသလား။ စူရဟ် အအ်ရားဖ် အာယသ် ၁၈၀ အား ငြင်းပယ်နေသည်လား။ စူရဟ်နဂ်ျမ်တွင် လားသ် အွဇ်ဇာ မနားသ် အစရှိသည့် နာမည်များ ထွင်ခဲ့သော မွရှ်ရစ်က်များအား အပြစ်တင်ရှုံ့ချနေသည်ကို မျက်ကွယ်ပြုထားသည်လော။
الله မှ اللات
العزيز မှ العزي
المنان မှ مناة
ပြုလုပ်ခြင်းအား မနှစ်သက်ကြောင်း အတိအလင်းလာရှိထားရာ အာယသ်တော်များအား လက်မခံပဲ မျက်ကွယ်ပြုထားရခြင်းမှာ အဘယ်ကြောင့်နည်း။

အင်န်ရှာလာ ဒီလောက်နဲ့ မတင်းတိမ်သေးရင် စာမေးပွဲပြီးတော့ ဆက်ရေးပေးတာပေါ့။ ကိုယ်တိုင် လည်း လေ့လာချင်ရင် လေ့လာကြည့်ကြပေါ့။ ဒေါက်တာဆားဗ်ရဲ့ အမှားတွေကို ထောက်ပြပေးထားတဲ့ ဆရာသခင်ကြိးတွေ အများကြိးပါ။ စာအုပ်ငယ်လေးတွေ ထွက်သလို တော်တော် ထူတဲ့စာအုပ်တွေလည်း ထွက်ပါတယ်။ ဒေါက်တာဆားဗ်ရဲ့ စကားထဲမှာ ကောင်းတာတွေ အများကြီးပါသလို သူ့ကြောင့် အကျိုးရှိခဲ့တာတွေလည်း အများကြီးပါ။ ဒါပေမယ့် အဆိပ်က ဘယ်လောက်ချိုချို လူကိုသေစေတယ်။ မင်းသားခေါင်းစွပ်ထားလို့လည်း ဘီလူးက ဘီလူးပါပဲ။ အမှန်တရားဆိုတာ သိချင်ရင် အလွယ်လေးပါ။ ဒါပေမယ့် ဘယ်သူပြောပြော လက်မခံဖူးဟေ့။ င့ါဂိုဏ်းကပြောမှပဲ ငါလက်ခံမယ်ဆိုတဲ့ အတွေးမျိုးမထားပါနဲ့။ ပြောဆိုသူကို မကြည့်ပါနဲ့ ပြောတဲ့စကားကိုပဲ ကြည့်ပါဆိုသလိုပေါ့။ ဒါပေမယ့် ဟဇရသ်အလီသခင် အမိန့်ရှိသလိုပေါ့ဗျာ။ စကားဆိုတွေ အဆိုအမိန့်တွေဆိုတာက အသိဥာဏ်ရှိပြီး သံဝေဂရလိုတဲ့သူတွေအတွက်ပဲလေ။ သံဝေဂမရလိုတဲ့သူတွေကျတော့ နဗီကိုတောင် ပြန်တိုက် ခိုက်ကြသေးတာပဲ။ တော်ပါပြီဗျာ။ အိပ်လည်း အိပ်ချင်နေပြီ။ ညတုန်းက မြန်မာပြည်က ဧည့်သည် ဆရာကြီးတွေကို ပြုစုနေတော့ နောက်ကျသွားတယ်။ အခု ဖဂ်ျရ်အဇန်တောင်ဆိုနေပြီ။ မနက်ကျောင်း တတ်ရမှာဆိုတော့ အချိန်မပေးနိုင်မှာဆိုးလို့ အိပ်ရေးပျက်ခံပြီး ကျွန်တော် ရေးပေးလိုက်တာ။ တကယ်ပဲ နားလည်စေချင်တယ်။ ကြိမ်ကြိမ်ခါခါလည်း စာရေးရင်း ဆုတောင်းမိတယ်။ အမှန်ကို အမှန်တိုင်းသိမြင်တတ်တဲ့ နှလုံးသားလေးတွေ ချီးမြှင့်ခံရပါစေလို့....။
စကားပြောအမှားအယွင်းများ ရှိခဲ့ရင်လည်း ကျွန်တော်တောင်းပန်လိုက်ပါတယ်။ နားလည် ခွင့်လွှတ်ပေးကြပါ။ ကျွန်တော်နဲ့တကွ မွတ်စ်လင်မ်အမျိုးသား အမျိုးသမီးတိုင်း လမ်းမှန်ပေါ်တွင် နောက်ဆုံး ထွက်သက်တိုင် ဖြောင့်တန်းစွာ လျှောက်လှမ်းနိုင်ပြီး ဖြားယောင်းသူတို့ ရန်မှ ကင်းလွှတ်နိုင်ပါစေ။

والحمد لله أولا واخرا وصلي الله علي نبينا الكريم واله وسلم

ဘရှီးလေး
မေမြို့


Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger