بسم الله الرحمن الرحيم
ဒီနေ့တော့ စာဖတ်ပရိတ်သတ်အကြီးအတွက် သုံးသုံးသုံး ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပညာရှင်များရဲ့ အဆိုအမိန့် တစ်ချို့ကို လက်လှမ်းမှီသလောက် တင်ပြလိုက်ပါတယ်.....အဆို တစ်ခုတိုင်းမှာ သုံးချက်ပါတာမို့ သုံးသုံးသုံးဆိုပြီး ခေါင်းစဉ်ပေးထားတာပါ.... ဒီ အဆိုအမိန့်များကို ကျွန်တော်
9999 ရွှေစကားများ
အမည်ရ အွရ်ဒူစာအုပ်လေးမှ ကူးယူတင်ပြခြင်း ဖြစ်ပါတယ်....အဆိုများ၏ အောက်တွင် မိန့်ခြွေခဲ့တဲ့ ပညာ့ရှင် နာမည်အား ရေးသားပေးထားပါတယ်..... အားလုံးအတွက် အကျိုးရှိပြိး ကျက်မှတ်၊ကျင့်သုံးကြ လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်.....
ရှု့စားကြည့်ကြပါဥိးးးး
သုံးခုသော အရာတို့သည် ချစ်ခင်မှု့အား တိုးပွားစေသည်။
- ၁။ စလာမ်ပေးခြင်း။
- ၂။ ထိုင်ဝိုင်းတွင် နေရာပေးခြင်း။
- ၃။ စကားပြောနေသူအား ကောင်းသောအမည်နာမဖြင့် ချိုသာစွာ ခေါ်ခြင်း။
ဟဇရသ်အုမရ် رضي الله تعالي عنه
လောကတွင် လူသုံးမျိုး သုံးစား ရှိ၏။
- ၁။ ပြည့်စုံသူ (ထိုသူသည် လူအများထံမှ အကြံဥာဏ်ကောင်းများတောင်း၍ စဉ်းစားသုံးသပ်သည်။)
- ၂။ ပျင်းရိသူ (ထိုသူသည် လူအများထံမှ အကြံဥာဏ်မတောင်းပဲ မိမိဆုံးဖြတ်ချက်အတိုင်း လျှောက်လှမ်းသည်။)
- ၃။ ဝိဥာဉ်မဲ့ကိုယ်ခနာ ဖြစ်နေသူ (ထိုသူသည် ကိုယ်တိုင်လည်း မတွေးခေါ်၊ မဆုံးဖြတ်တတ်။ လူအများထံမှလည်း အကြံဥာဏ်မတောင်းပဲ နေသည်။)
ဟဇရသ်အုမရ် رضي الله تعالي عنه
အချိန်သုံးကြိမ်တွင် သတိထားပါလေ။
- ၁။ အလုပ်တစ်ခုအား ပြုလုပ်နေလျှင်
- ၂။ တစ်စုံတစ်ခုအား နားထောင်နေလျှင်
- ၃။ တိတ်ဆိတ်စွာ နေလျှင်
အကြောင်းမှာ- အလုပ်လုပ်နေချိန်တွင် မြင့်မြတ်တော်မူသော အရှင်မြတ် ကြည့်နေတော်မူသည်။
တစ်စုံတစ်ခု ပြောဆိုနေလျှင် ထိုအရှင်မြတ် ကြားနေတော်မူသည်။
တိတ်ဆိတ်နေလျှင်လည်း အဘယ်ကြောင့် တိတ်ဆိတ်နေသည်ကို ထိုအရှင် သိတော်မူသည်။
ဟဇရသ် ဟာသင်မ် အာစွမ်း رحمة الله عليه
စိတ်အလိုရမက်ကြီးမှု့ သုံးမျိုးရှိသည်။
- ၁။ စားသောက်ခြင်း
- ၂။ ကြည့်ရှု့ခြင်း
- ၃။ ပြောဆိုခြင်း တို့ ဖြစ်ကြသည်။
စားသောက်နေချိန်တွင် မြင့်မြတ်တော်မူသော အရှင်မြတ်အား ယုံကြည်အားထားမှု့ပြုပါ။
(ဆိုလိုသည်မှာ- ထိုအရှင်သည်သာလျှင် ကျွန်ုပ်တို့အား ရိက္ခာပေးတော်မူသော အရှင်ဖြစ်သည်။ ထို့ကြောင့် မပိုင်သော၊ မသန့်ပြန်သော နည်းလမ်းဖြင့် ရိက္ခာရှာဖွေ စားသောက်ရန် မလိုအပ်ပေ။)
ကြည့်ရှု့ရာတွင် သံဝေဂတရား ရယူမှု့အား အလေးထားပါ။ အကျိုးရှိသည့် အရှု့မှလွဲ၍ တပ်မက်စိတ်ဖြင့် မကြည့်ရှု့နှင့်။
ပြောဆိုရာတွင် အမှန်ပြောဆိုခြင်းအား လက်မလွှတ်စေနှင့်။
(ဆိုလိုသည်မှာ- ပြောဆိုရာတွင် လိုအင်ဆန္ဒပြင်းပြမှု့ကြောင့် လိမ်လည်ပြောဆိုခြင်း မဖြစ်စေရန် သတိချပ်သင့်သည်။)
ဟဇရသ် ဟာသင်မ် အာစွမ်း رحمة الله عليه
ဂျီဟားဒ် သုံးမျိုးရှိ၏။
- ၁။ ဖုံးကွယ်နေသော ဂျီဟားဒ်
ရှိုင်သွာန် ရှုံးနိမ့်သွားသည်အထိ တိုက်ရမည်။
- ၂။ ပေါ်လွင်ထင်ရှားသော ဂျီဟားဒ်
ဖရ်ဇ် တာဝန်များအား တာဝန်ကျေပွန်သည်အထိ (စိတ်ရိုင်းနှင့်) တိုက်စစ်ဆင်နေရမည်။
- ၃။ အစ္စလာ့မ် ဂုဏ်အင်တည်မြဲရန်အတွက် ရန်သူများနှင့်တိုက်ရသော ဂျီဟားဒ်
ထိုဂျေဟားဒ်အား ရန်သူအားလုံး သေဆုံးသည်အထိ သို့မဟုတ် မိမိကိုယ်တိုင် တိုက်ပွဲတွင် ရှဟီဒီ (ခေါ်) သာသနာ့သားကောင်းဇာနည် ဖြစ်သွားသည်အထိ ဆင်နွှဲနေရမည်။ဟဇရသ် ဟာသင်မ် အာစွမ်း رحمة الله عليه
လောကတွင် ရနိုင်သော ဂုဏ်သိက္ခာ သုံးနေရာ၌ရှိ၏။
- ၁။ မည်သူ့ထံမှ မိမိလိုအင်ဆန္ဒအား ပြည့်ဝရန် မက်မထားခြင်း။
- ၂။ မည်သူ့ကိုမှ မကောင်းမပြောခြင်း။
- ၃။ မည်သူ့ဧည့်သည်နှင့်မှ တူတူလိုက်မသွားခြင်း။
ဟဇရသ် ဗစ်ရှ်ရ်ဟာဖီ رحمة الله عليه
ကံဆိုးမိုးမှောင်ချခြင်းအား သိရှိနိုင်သော အချက်(၃)ချက်ရှိသည်။
- ၁။ ပညာရှိပြီး ကျင့်ကြံအားထုတ်မှု့မရှိခြင်း။
- ၂။ ကျင့်ကြံအားထုတ်သောလည်း အစ်ခ်လာစ်မရှိခြင်း။ (တနည်း-ပြစားလိုစိတ်ရှိခြင်း)
- ၃။ သူတော်စင် သူတော်ကောင်းများ၏ ထိုင်ဝိုင်းတွင် ပါဝင်နိုင်ရန်အခွင့်အရေးရသော်လည်း လက်လွတ်ဆုံးရှုံးရခြင်း။
ဟဇရသ် အဗူအဗ်ဒစ်လ္လာဟ် ဂျလ္လာဒ် رحمة الله عليه
အီမာန်ရှင်တိုင်းအတွက် သုံးခုသောအရာ အလွန်အရေးကြီးပေသည်။
- ၁။ မြင့်မြတ်တော်မူသော အရှင်မြတ်၏ အမိန့်တော်အား အကောင်အထည်ဖော်ခြင်း။
- ၂။ တားမြစ်ထားသော အရာများမှ ကျဉ်ရှောင်မှု့ပြုခြင်း။
- ၃။ သက်ဒီးရ် (ကံတရား) အားနှင့် ပတ်သတ်၍ ကြေနပ်စွာနေခြင်း။
ဟဇရသ် ရှိုင်ခ် အဗ်ဒွလ်ကာဒရ် ဂျေလာနီ رحمة الله عليه
သုံးခုသော အရာရှိပါက ထိုသူသည် အလ္လာဟ်အရှင်၏ ချစ်ခင်နှစ်သက်မှု့ကို ရသောဝလီ ဖြစ်၏။
- ၁။ မြစ်ပင်လယ်ကဲ့သို့ ရက်ရောသူ (ဆိုလိုသည်မှာ- လူသားအားလုံးထံသို့ သာတူညီမျှစွာ ၎င်း၏ ပေးကမ်းမှု့အား ရောက်ရှိစေသူ ဖြစ်သည်။)
- ၂။ သူရိယနေမင်းကဲ့သို့ အကြင်နာတရားထားသူ (နေ၏ အလင်းရောင်သည် လူသားအားလုံးအတွက် ဖြစ်သကဲ့သို့ လူသားတိုင်းအပေါ် အကြင်နာတရားထားနိုင်သူ)
- ၃။ မြေကြီးကဲ့သို့ ရို့ကျိုးသူ (လူသားတိုင်းအား ရို့ကျိုးစွာ ဆက်ဆံနိုင်သူ)
ဟဇရသ် ခါဂျာ ဂရီးဘ် နဝါးဇ် رحمة الله عليه
သုံးခုသော နေရာတွင် သုံးဦးသောသူတို့၏ အရည်အချင်းအား သိမြင်နိုင်ပေသည်။
- ၁။ ရဲရင့်သော သူရဲကောင်းအား တိုက်ပွဲတွင်
- ၂။ အသိဥာဏ်ရှိသူ ပညာရှင်အား ဒေါသထွက်နေချိန်တွင်
- ၃။ မိတ်ဆွေ သူငယ်ချင်းအား လိုအပ်ချက်ရှိချိန်တွင်
သုံးခုသော လုပ်ရပ်သည် ပြိုင်စံရှားဖြစ်၏။
- ၁။ မကောင်းမှု့ အကုသိုလ်တို့အား ကျူးလွန်၍ လမ်းမှားနေသူအား လမ်းမှန်ပေါ် ခေါ်ဆောင်လာနိုင်ခြင်း။
- ၂။ ပညာနို့ချိုရည်တိုက်ကျွေးခြင်း၊ ပြုပြင်ပဲ့ကိုင်ပေးခြင်းဖြင့် မသိ၊ပညာမတတ်အား အသိပညာရှင် တတ်ကျွမ်းသူအဖြစ် ပြုပေးနိုင်ခြင်း။
- ၃။ ရန်သူအား မိတ်ဆွေပြုနိုင်ခြင်း။
သုံးဦးသောသူမရှိနေခြင်းသည် ကောင်းမွန်၏။
- ၁။ အလွန်လိုလား ရမက်ကြီးသူ
- ၂။ အပြစ်ဒုစရိုက်၊ မကောင်းမှု့အကုသိုလ် ပြုသောသူ
- ၃။ ညှင်းပမ်းနှိပ်စက်သော ဘုရင်
သုံးခုသော အရာသည် ထွက်သွားပါက ပြန်မလာနိုင်တော့ပေ။
- ၁။ လေးကိုင်းမှ ထွက်သွားသော မျှား
- ၂။ ကိုယ်ခနာမှ ထွက်သွားသော ဝိဥာဉ်
- ၃။ နှုတ်လျှာမှ ထွက်သွားသော စကား
သုံးခုသော အရာသည် တစ်သက်လျှင် တစ်ကြိမ်သာ ရရှိနိုင်သည်။
- ၁။ နုပျိုမှု့
- ၂။ လှပမှု့
- ၃။ မိဘ
သုံးခုသော အရာအတွက် အစဉ်အမြဲ အသင့်ဖြစ်နေသင့်သည်။
- ၁။ သေဆုံးရန်
- ၂။ ပျက်ဆီး၊ဆုံးရှုံးနစ်နာရန်
- ၃။ ဒုက္ခ
သုံးခုသော အရာအား အမြဲ သန့်ပြန့်စင်ကြယ်အောင် ထားပါ။
- ၁။ ကိုယ်ခနာ
- ၂။ အဝတ်အစား
- ၃။ အတွေး
သုံးဦးသောသူသာလျှင် လောကတွင် အကောင်းဆုံးဖြစ်ကြသည်။
- ၁။ ကွယ်လွန်သေဆုံးသွားခဲ့သူ
- ၂။ မိခင်ဗိုက်ထဲရှိ မမွေးဖွားသေးသော ကလေးငယ်
- ၃။ မည်သူနှင့်မှ ပတ်သတ်မှု့မရှိသူ
လောကတွင် အဆိုးရွားဆုံးသော ခံစားရမှု့ သုံးခုရှိသည်။
- ၁။ သေဆုံးရန်ကြောက်ရွံ့နေရခြင်း။
- ၂။ ပြင်းထန်သောဝေဒနာဖြစ်ခြင်း။
- ၃။ ကြွေးမှီကြောင့် သိမ်ငယ်ရခြင်း။
သုံးခုသော အရာသည် နှလုံးသားမလှကြောင်း ပြသနေသည်။
- ၁။ မနာလိုခြင်း။
- ၂။ ပြစားခြင်း။
- ၃။ မိမိကိုယ်မိမိ အထင်ကြီးခြင်း။
အလ္လာဟ်အရှင်မြတ်သည် သုံးဦးသောသူအား မနှစ်သက်တော်မူ၏။
- ၁။ ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်သော အသက်အရွယ်ကြီးရင့်သည့် အဖိုးအို
- ၂။ မာန်မာနထောင်လွှားသော သူဆင်းရဲ
- ၃။ ငွေကြေးချမ်းသာပြီး ရက်စက်ညှင်းပမ်းသူ
ဤတွင် ရွှေစကားများ အခုနှစ်ဆယ် ပြည့်သွားသောကြောင့် သုံးသုံးသုံး ရွှေစကားများအား ဆုံးခန်းတိုင်ခြင်း၏ ဘောင်ကွပ်ပေးလိုက်ရပါတယ်။ မိတ်ဆွေများအား အထူးတောင်းပန်လိုသည်မှာ ကျွန်တော်သည် ပညာရှိတစ်ယောက် မဟုတ်သောကြောင့် ပညာ့ရှင်များ၏ စကားကို တိကျစွာ ဘာသာပြန်ရန် တတ်စွမ်းနိုင်ခြင်းမရှိ။ သို့သော် မြင့်မြတ်တော်မူသော အရှင်မြတ်၏ ပေးကမ်းမှု့ဖြင့် မိမိ တတ်သိသော အရာတစ်ချို့အားလည်းကောင်း၊ မိမိ ဖတ်ရှု့၍ အကျိုးဖြစ်ထွန်းနိုင်သည်ဟု ထင်သည့်အ၇ာများအားလည်းကောင်း မျှဝေပေးနေခြင်းသာ ဖြစ်ပါတယ်။ ထို့ကြောင့် စာဖတ်ရာတွင် အခက်အခဲများ ရှိပါလျှင်လည်းကောင်း၊ အမှားများ တွေ့ရှိခဲ့ပါလျှင် လည်းကောင်း ကျွန်တော့်အား အသိပေးရင်း အမှားပြင်ဆင်ခွင့် ပေးကြပါလို့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်လိုက်ရပါကြောင်း။
وصلي الله وسلم علي خير خلفه وأستغفر الله وأتوب إليه وماعلينا إلا البلاغ ربنا تقبل منا إنك أنت السميع العليم
ဗရှီးလေး(မေမြို့)
Post a Comment