بسم الله الرحمن الرحيم
أبو العباس شمس الدين أحمد بن أبي بكر بن خلقان (ရဟေ့) သခင်ကြီး ရေးသားသည်မှာ-
إبراهيم بن أدهم (ရဟေ့) သခင်ကြီးသည် ဗစွရာဟ်မြို့၏ ဈေးတစ်ခုမှ ဖြတ်သန်းသွားသောအခါ လူတို့အနားရောက်ရှိလာကြပြီး သခင်ကြီးအား မေးမြန်းလျှောက်ထားကြသည်။
إبراهيم بن أدهم (ရဟေ့) သခင်ကြီးသည် ဗစွရာဟ်မြို့၏ ဈေးတစ်ခုမှ ဖြတ်သန်းသွားသောအခါ လူတို့အနားရောက်ရှိလာကြပြီး သခင်ကြီးအား မေးမြန်းလျှောက်ထားကြသည်။
အို အဗူအစ်ဟားက်...။ အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းမြတ်တွင် အမိန့်ရှိတော်မူသည်။ ငါအရှင်မြတ်ထံပါးမှ တောင်းကြလေကုန်။ ငါအရှင် လက်ခံတော်မူမည်။ သို့သော် ကျွန်တော်တို့ သည် နှစ်ပေါင်းများစွာကတည်းမှ တောင်းဆုဒိုအာများ ပြုခဲ့ကြပါသော်လည်း ယနေ့တိုင် ထိုတောင်းဆုများ မှာ လက်ခံခြင်းမခံရသေးပေ။ အဘယ့်ကြောင့် ဤသို့ဖြစ်ရသည်ကို ရှင်းပြပေးပါ။
ထိုအခါ အိဗ်ရာဟီးမ် အဒ်ဟမ် (ရဟေ့) သခင်ကြီးက အမိန့်ရှိတော်မူခဲ့သည်။ အသင်တို့၏ စိတ်နှလုံးသားများသည် ဆယ်ခုသော အရာကြောင့် သေဆုံးကုန်လေပြီ။
(ထို့ကြောင့် အသင်တို့၏ တောင်းဆုများသည်လည်း လက်ခံခြင်းမခံရသည် ဖြစ်၏။)
- ၁။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား သိရှိကြကုန်သော်လည်း ထိုအရှင်၏ တာဝန်များအား မကျေပွန်ခဲ့ပေ။
- ၂။ အသင်တို့သည် ကျမ်းမြတ်ကုရ်အာန်အား ဖတ်ရှု့ကြသော်လည်း လိုက်နာခြင်း အလျင်းမရှိခဲ့ကြ။
- ၃။ အသင်တို့သည် မြတ်နဗီအား ချစ်ခင်ကြပါသည်ဟု ပြောဆိုကြသော်လည်း စွန္နသ်တော်များအား ကျောခိုင်းထားကြသည်။
- ၄။ အသင်တို့သည် ရှိုင်သွာန်မိစ္ဆာကောင်အား ရန်သူဖြစ်သည်ဟု ကြွေးကျော်ကြသော်လည်း ၎င်းနှင့် မိတ်ဆွေဖွဲ့ကြသည်။(ဆိုလိုသည်မှာ- မကောင်းမှု့တို့အား နှစ်ခြိုက်စွာ ကျူးလွန်ကြသည်။)
- ၅။ အသင်တို့သည် ဂျန္နသ်အား ချစ်ခင်နှစ်သက်၊လိုလားကြသော်လည်း ကောင်းမှု့ကုသိုလ်မပြုကြပေ။
- ၆။ အသင်တို့သည် ဂျဟန္နမ်အား ကြောက်သည်ဟု ပြောဆိုကြသော်လည်း ထိုမီးရှိရာသို့ပင် သွားနေကြသည်။
- ၇။ အသင်တို့သည် သေခြင်းတရားအား အမှန်တရားဟုလက်ခံထားသော်လည်း သေခြင်းတရား အတွက် ပြင်ဆင်အား ပြုလုပ်ကြခြင်း မရှိ။
- ၈။ အသင်တို့သည် အခြားသူ၏ အပြစ်များကိုသာ ရှာဖွေကြပြီး၊ မိမိအပြစ်ကို ရှာဖွေခြင်းမပြုကြ။
- ၉။ အသင်တို့သည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ ပေးကမ်းစွန့်ကျဲသော ရိက္ခာတို့အား စားသုံးကြသော်လည်း ထိုချီးမြှင့်မှု့ပေါ် ကျေးဇူးတင်ခြင်းမရှိကြ။
- ၁၀။ အသင်တို့သည် ကွယ်လွန်သေဆုံးကြကုန်သော သူများအား မြုပ်နှံကြသော်လည်း သံဝေဂယူခြင်းအလျင်းမပြုခဲ့ကြ။
S.M(k.s.e)
Post a Comment