မာမူရေ.... မာမူကို ကျွန်တော်ကတိပေးခဲ့တာတော့ ကြာနေပါပြီ။ စာမေးတွေ ပြီးသွားပေမယ့်လည်း အလုပ်တွေက တစ်ခုပြီးတစ်ခု ပေါ်ပေါ်လာတာရယ် ပြိးတော့ ကာဒိယာနီတွေနဲ့ ဆွေးနွေးဖို့ ဖြစ်လာတာရယ်ကြောင့် ကိုယ့်သူကိုယ် ပုဒ်မအမျိုးမျိုးတပ်ပြီး ဟိုမှာ မပါရ၊ ဒီမှာ မရေးရ စတဲ့ ပြစ်ဒဏ်တွေပေးနေခဲ့လိုပါ။ အခုတော့ ကာဒီယာနီတွေက ရပလိုင်းမလုပ်တာနဲ့ လုပ်စရာလေးတွေ ဆက်လက်လုပ်နေတော့မယ်ဆိုပြီး စာအုပ်စဉ်ကို ကြည့်လိုက်တော့ မာမူကို သတိရသွားတယ်။ ဒါကြောင့် ဒုတိယအကြိမ် စာပြန်နေတာပါ။
ဦးစွာပထမ ကျွန်တော် ဒီနေရာလေးမှာ အီမာန်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် တင်ပြပေးချင်ပါတယ်။ အငြင်းပွားမှု့များ ဦးဏှောက်ဥာဏ်နှင့်တိုင်းထွားမှု့အပေါ် ဖြစ်ပေါ်မည့် စောဒကများစွာ ရှိနေမည်မှာ အမှန်ပင်ဖြစ်သောလည်း သိထားသင့်သော အချို့အချက်အလက်များအား ဥယျောဇဉ်အဖြစ် တင်ပြေပေးလိုပါသည်။
၁။ သာသနာအမိန့်များ၊ ယုံကြည်ချက်တို့သည် ဦးဏှောက်ပေါ်တွင် အခြေခံမထားပေ။ ထို့ကြောင့် အမိန့်တစ်စုံတရာ သို့မဟုတ် ယုံကြည်ချက်ပိုင်းဆိုင်ရာ တစ်နေရာရာနှင့် ပတ်သတ်၍ ဦးဏှောက်တွင် ဝင်ဆံ့မှု့မဖြစ်ပါက သအောင်ဝုဇ်ဖတ်၍လည်းကောင်း၊ အစ်သစ်ဂ်ဖာရ်ဖတ်၍လည်းကောင်း စဉ်းစားခန်းအား ရပ်တန့်ပစ်ရမည်။
၂။ အကီဒဟ်ပိုင်းဆိုင်ရာ ကိစ္စတို့တွင် များစွာစကားပြောဆိုခြင်း မပြုသင့်ပေ။ အဘယ်ကြောင့်ဆိုသော် ငြင်းခုံမှု့များ ဖြစ်လာလျှင် လေ့ကျင့်မထားသူတစ်ယောက် ကြိုးတန်းပေါ်လမ်းလျှောက်ခြင်းနှင့် အလားတူပေသည်။ ခြေချော်လျှင် လမ်းမှားခြင်းမှလွဲ၍ တခြားရှိမည်လည်းမဟုတ်။ အကီဒဟ်ပိုင်းဆိုင်ရာ ဖြစ်သည့်အတွက် ငြင်းခုံခြင်း လုံးဝ (လုံးဝ) မပြုလုပ်သင့်။
၃။ ယုံကြည်ချက်ပိုင်းဆိုင်ရာတို့တွင် ဖတ်ရှု့လေ့လာမိတိုင်း စိတ်ထဲတွင် (ငါလျှောက်နေတာ လမ်းမှန်ပဲလား) ဟူသော သံသယစိတ် တစ်ခုအမြဲဖြစ်လေ့ရှိသည်။ ထိုသံသယမှာ ရှိုင်သွာန်၏ လှုံ့ဆော်မှု့သက်သက်သာလျှင်ဖြစ်သည်။ ထို့ကြောင့် မှတ်ယူသင့်သည်မှာ- အီမာန်ရှိသူအားသာလျှင် ရှိုင်သွာန်သည် သွေးထိုးလှုံ့ဆော်သည်ဖြစ်သောကြောင့် မိမိ၌ အီမာန်ရှိနေသည်ဟူ၍ ဖြစ်သည်။
၎။ သာသနာတော်၌ သိခွင့်ပေးထားသော စဉ်းစားခွင့်ပေးထားသော အရာများတွင်သာ စဉ်းစားမှု့ ပြုလုပ်သင့်သည်။ မသက်ဆိုင်သည်များအား လေ့လာလိုခြင်း၊ စဉ်းစားလိုခြင်းမှာ လမ်းလွဲသူတို့၏ လုပ်ရပ်ဖြစ်၏။ ထို့ကြောင့် အကီဒဟ်ပိုင်းဆိုင်ရာတို့တွင် စည်းဘောင်ကျော်သိလိုခြင်း၊ စဉ်းစားခြင်းတို့အား အထူးရှောင်ရှားရမည်။
အခြားအချက်အလက်များကိုလည်း အလျင်းသင့်လျှင် သင့်သလိုတင်ပြပေးသွားပါမည်။ ယခုသော်ကား စာရှည်မည်ကို စိုးရိမ်သောကြောင့် အရေးကြီးသော အချက်တို့အား တင်ပြလိုက်လိုက်ပါသည်။
အီမာန်အကြောင်း မပြောပြမှီအလျင် အလ်ဖိရကွလ်အစ္စလာမီယဟ် ခေါ် သာသနာ့အသင်းဝင်အုပ်စုများ အကြောင်းကို တင်ပြပေးမည်ဖြစ်ပါသည်။
အလ်ဖိရကွလ်အစ္စလာမီယဟ် ဆိုသည်မှာ- လမ်းမှန်ပေါ်၌ လျှောက်လှမ်းနေသူများဖြစ်စေ၊ လမ်းမှားသို့ လားနေသူများဖြစ်စေ မိမိကိုယ်မိမိ မွတ်စ်လင်မ်ဖြစ်ကြောင်း ပြောဆိုကာ အစ္စလာမ်သာသနာဖက်သို့ နွယ်လိုသူများအားလုံးကို ခေါ်ဆိုပေသည်။ ဥပမာ မို့အ်သဇေလဟ်၊ ခဝါရစ်ဂ်ျ၊ မွရ်ဂျိယဟ်၊ ကရ်ရာမီယဟ်၊ ဂျဟ်မီယဟ် ..... စသည်ဖြင့်။ ၎င်းတို့အားလုံးသည် (ရတိပြတ်ဆုံးချက်ခြင်းမဟုတ်) လမ်းလွဲသူများ ဖြစ်ကြပြီး အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်အသင်းဝင်များသာလျှင် လမ်းမှန်ပေါ်တွင် ရှိနေကြသည်။
အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်ဟူသည်မှာ ما أنا عليه وأصحابي (မြတ်နဗီနှင့် ဆွဟာဗဟ်အပေါင်း လျှောက်လှမ်းခဲ့သော လမ်းစဉ်) အတိုင်း ကျင့်ကြံနေထိုင်သူတို့အား ဆိုလိုပေသည်။ အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်ဟူသော ဝေါဟာရမှာလည်း ယင်းဟဒီးဆ်တော်မှ ဖြစ်ပေါ်လာခဲ့၏။ ဆိုလိုသည်မှာ မာအနအလိုင်းဟိ သည် စွန္နသ်ဟူသော ပုဒ်အား ဆိုလိုပြီး ဝအစွက်စ်ဟာဗီ သည် ဂျမာအသ်အား ရည်ညွှန်းသည်ဟု ပညာရှင်များ တင်ပြထားကြပေသည်။
ထို့နောက် အဟ်လေ့စွန္နသ်ဝလ်ဂျမာအသ်တွင် အုပ်စုလေးခု ရှိပြန်သည်။
၁။ ဟဒီးဆ်ပါရဂူများ
၎င်းပညာရှင်တို့သည် ယုံကြည်ချက်ပိုင်းဆိုင်ရာတို့တွင် အေမာမ်အဟ်မဒ်၏လမ်းစဉ်ပေါ် လျှောက်လှမ်းကြသည်။
၂။ အရှာအိရဟ် သို့မဟုတ် အရှ်အရီယဟ်
၎င်းတို့သည် များသောအားဖြင့် အေမာမ် မာလစ်က်နှင့် အေမာမ်ရှာဖိအီတို့မှ ဆင့်ကဲလာရှိသော ယုံကြည်ချက်တို့အား လက်ခံယုံကြည်ကျင့်သုံးကြသည်။
၃။ မာသူရီဒီယဟ်
၎င်းတို့သည် အေမာမ်အဗူဟနီဖဟ်နှင့်တပည့်များထံမှ ဆင့်ပြန်ချက်လာရှိသည့်အတိုင်း နာခံကျင့်မူကြသည်။
အထက်ဖော်ပြပါ နံပါတ်နှစ်နှင့်နံပါတ်သုံးတို့အား ကျမ်းစာအုပ်များတွင် မခွဲခြားပဲ ပေါင်း၍ မုသကလ်လိမီးန်ဟု သုံးစွဲတတ်သည်။ ထိုအသင်းနှစ်သင်းတွင် ကွာဟချက်များလည်း အထူးတလည်မရှိပေ။ အနည်းငယ်ကွဲပြားသည့်အတွက် ရှေ့ဆောင်အိမာမ်၏ အမည်နာမဖြင့် ခွဲ့ခြားထားခြင်းဖြစ်သည်။ အရှာအိရဟ်များသည် အေမာမ် အဗွလ်ဟစန် အရှ်အရီနောက်လိုက်သောကြောင့် အရှာအိရဟ်ဟူ၍လည်းကောင်း မာသူရိဒီယဟ်များသည် အိမာမ်အဗွလ်မန်စူးရ် မာသူရီဒီ နောက်လိုက်သောကြောင့် မာသူရီဒီယဟ်ဟူ၍ ခွဲခြားခေါ်ဝေါကြခြင်းဖြစ်သည်။
၎။ ဆူဖီများ
၎င်းတို့သည် မည်သူတစ်ဦးတစ်ယောက်၏ နောက်လိုက်ကြသည်မဟုတ်ပဲ အဆင့်အတန်းအလိုက် ယုံကြည်မှု့ကွဲပြားတတ်ကြသည်။
ထိုလေးသင်း၏ ကွာခြားမှု့အကျဉ်းမှာ-
ဟဒီးဆ်ပါရဂူများသည် မြတ်နဗီထံမှ တိကျစွာ ကြားသိရသော စကားရပ်များအား လက်ခံနာယူကြပြီး ထိုအတိုင်းပင် ပြန်လည်ပို့ချကြသည်။ နံပါတ်နှစ်နှင့်နံပါတ်သုံး(မုသကလ်လိမီးန်)တို့သည် မြတ်နဗီထံမှ တိကျစွာ ကြားသိရသော စကားရပ်တို့နှင့်အတူ ဦးဏှောက်ဥာဏ်ဖြင့်လည်း အကီဒဟ်များအား ရှင်းပြဆင့်ပြန်ကြသည်။ ဆိုလိုသည်မှာ ကုရ်အာန်ဟဒီးဆ်တော်များရှိ ယုံကြည်ချက်များအား ဦးဏှောက်မှ လက်ခံသော ဥပမာများဖြင့် အထောက်အထားပေးကာ ရှင်းပြခြင်းဖြစ်သည်။ ထို့အတူ ယုံကြည်ချက်များနှင့် ပတ်သတ်၍ ဦးဏှောက်တွင် ဖြစ်ပေါ်လာနိုင်သော သံသယဟူရွေ့တို့အား ဖျက်စီးပေးလေ့ရှိသည်။
(မှတ်ချက်။ ။ အခုကျွန်တော်တင်ပြပေးတဲ့ ..... နောင်ကို ဒီကဏ္ဍနဲ့ ပတ်သတ်ပြီးတင်ပြပေးမယ့် စာတွေဟာ ကျွန်တော်တို့ကျောင်း(ဂျာမိအဟ် ဖာရိုကီယဟ် ကရာချီ)၏ ရှိုင်ခွလ်ဟဒီးဆ် မောင်လာနာ စလီမွလ္လာဟ်ခါန်ဆားဗ် ဗိုခါရီကျမ်း ကေသာဗွလ်အီမာန် သင်ကြားပေးစဉ် ကျွန်တော်ရေးမှတ်ထားသည်များအား မြန်မာစာစီပေးခြင်းဖြစ်ပါသည်။)
ဆက်လက်တင်ပြပါဦးမည်။
ဘရှီးလေး
မေမြို့
Post a Comment