အရင်ပို့စ်တွေမှာ ကျွန်တော်အနေနဲ့ မုဟရ်ရမ်လဟာ အမင်္ဂလာလမဟုတ်ကြောင်း၊ ပူဆွေးဝမ်းနည်းရမယ့်လ မဟုတ်ကြောင်းနဲ့ ရှောင်ရန်၊ကျဉ်ရန် အချို့အချက်အလက်တွေကို တင်ပြခဲ့တယ်။ ဒီပို့စ်မှာဆက်လက်ပြီး ရှောင်ကျဉ်ရမယ့် အချက်အလက်တွေကို တင်ပြလိုက်ပါတယ်။ တကယ်တော့ ဒီရှောင်ကျဉ်ရမယ့်အချက်တွေက အရင်ပို့စ်တွေမှာ ပါခဲ့ပြီးသားပါ။ ဒါပေမယ့် ရှောင်ကျဉ်ရမယ့်အချက်အလက်တွေကို တစ်စုတစည်းတည်း ဖြစ်သွားအောင်လို့ သီးသန့်ပို့စ်တစ်ခု ရေးပေးလိုက်တာပါ။ ဖတ်ရှု့ပေးပါဦး။
- ၁။ ဝမ်းနည်းပူဆွေးမှု့ကို ပြသသည့် အခန်းအနားပြုခြင်း၊ တတ်ရောက်ခြင်း၊ အားပေးခြင်း၊ ကူညီခြင်း။
- ၂။ ရှဟီဒီများရေစာပြေရန် နီယသ်ဖြင့် အအေးတိုက်ခြင်း။
- ၃။ မုဟရ်ရမ် ဟလ်ဝါထိုး၍ ဝေငှခြင်း။
- ၄။ ရှာဒီနေကဟ်မပြုလုပ်ခြင်း။
- ၅။ ခရီးမသွားခြင်း။
- ၆။ ယဇီးဒ်အား လအ်နသ်ပို့ခြင်း။
- ၇။ အကျီများ စုတ်ဖြဲခြင်း။
- ၈။ အိမ်အား အမှောင်ချခြင်း။
- ၉။ မိသားစုဝင်များနှင့် ပျော်ရွှင်ဖွယ်မနေခြင်း။
- ၁၀။ ဇနီးသည်နှင့် ပျော်မြူးစွာမနေခြင်း။
- ၁၁။ အဝတ်စားကောင်းများ မဝတ်ပဲနေခြင်း။
- ၁၂။ အနက်ရောင်အား ရွေး၍ဝတ်ခြင်း။
- ၁၃။ လွမ်းတေးများရေးဖွဲ့သီဆိုခြင်း၊ နားထောင်ခြင်း။
- ၁၄။ အလှအပ ကိစ္စများရှောင်ရှားခြင်း။
- ၁၅။ ကိုယ်ခန္ဓာအား သွေးစွန်းအောင်ပြုခြင်း။
- ၁၆။ မိမိကိုယ်မိမိ ရိုက်နှက်၍ဖြစ်စေ လက်နက်တစ်ခုခုအား အသုံးပြု၍ဖြစ်စေ သွေးထွက်အောင်ပြုခြင်း။
- ၁၇။ အီစွာလေ့ဆဝါးဗ်အတွက် ရည်စူး၍ မုဟရ်ရမ် ၉၊၁၀၊၁၁ စသည်ဖြင့် ရက်သတ်မှတ်ကာ အကျွေးအမွေးပြုခြင်း။
- ၁၈။ လုပ်ကြံထားသော ပုံပြင်များ၊ ဒဏ္ဍာရီများ၊ အလွမ်းဇတ်များ ဝိုင်းဖွဲ့ဖတ်ရွတ်ခြင်း။
- ၁၉။ ဟဇရသ် ဟူစိုင်းန်()သခင်၏ ဝိညာဉ်တော် ကြွမြန်းလာသည်ဟု မှတ်ယူခြင်း။
- ၂၀။ ယာဟူစိုင်းန် ယာဟူစိုင်းန်ဟု နှုတ်မှတသခြင်း။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်တို့အားလုံးအား စစ်မှန်တဲ့သာသနာပေါ်မှာ စစ်မှန်တဲ့သာသနာ့ပညာရှင်များရဲ့ ညွှန်ကြားပြသချက်အတိုင်း လိုက်နာကျင့်ကြံနိုင်တဲ့ စွမ်းအားပေးသနားတော်မူပါစေ။ အိုအရှင်.... လမ်းမှားတွင် လျှောက်လှမ်းနေသောသူများ အားလုံးကိုလည်း အရှင်၏မဟာဂရုဏာတော်အား ပြသသည့်အနေနှင့် စစ်မှန်သောလမ်းအား ပြသပေးတော်မူပါ။ သာသနာ့လုပ်ငန်းများအား အစွန်းမရောက်ပဲ အလယ်လတ်လမ်းစဉ်ပေးမှာ လျှောက်နိုင်ခွင့် ချီးမြှင့်ပေးသနားတော်မူပါ။
ဘရှီးလေး(မေမြို့)
Post a Comment