ဟဇရသ်ဟိုစိုင်းန် (رضي الله عنه)ရဲ့အဖြစ်အပျက်ဟာ ကျွန်တော်တို့ကို ဒါတွေလုပ်ဖို့ သင်ပေးလိုက်တာလား။
ဒါဟာ သေချာစဉ်းစားသင့်တဲ့အရာဖြစ်တယ်။ ဥပမာတစ်ခုကို လေ့လာကြည့်ရအောင်။ လူတစ်ယောက်.... အောင်မြင်မှု့ကို ရှာဖွေဖို့အတွက် ဒုက္ခတွေခံခဲ့တယ်။ မတရားပြုကျင့်မှု့တွေ၊ ညှင်းပမ်းနှိပ်စက်မှု့တွေကို ခံခဲ့ရတယ်။ သူ့ရဲ့ ဒုက္ခတွေဟာ လုံးဝ ဖြေမဆည်နိုင်ဖြစ်နေခဲ့ရတယ်။ နောက်ဆုံးအချိန်ထိ သူဟာ ဒုက္ခအမျိုးမျိုးကို ခံစားရင်းနဲ့ လိုရာပန်းတိုင်ကို မရောက်ရောက်အောင် သွားခဲ့တယ် ဆိုပါစို့။ ကျွန်တော်တို့ သူ့ကိုကြည့်ပြီးတော့ ဝမ်းနည်းနေရမှာလား။ သူလိုအောင်မြင်မှု့ကို ရယူရမှာလား။ အဲ့ဒီသူက ထမင်းမစား၊ ရေမသောက်ပဲနေခဲ့လို့ ကျွန်တော်တို့လည်း အိမ်မှာ ထမင်းမစား၊ ရေမသောက်နေရမှာလား။ (ကြိုးစားနေရင်း ဒုက္ခခံခြင်းကိုမဆိုပါ) အဲ့ဒီသူက ခရီးသွားရင်း ဆူးစူးခဲ့တာကို သိရလို့ ကျွန်တော်တို့က ဆူးတစ်ခုယူပြီး ကိုယ်တိုင်စိုက်လိုက်ရမှာလား။ ခေါင်းကွဲခဲ့ရတယ်ကြားလို့ ကျွန်တော်တို့ နံရံနဲ့ခေါင်း ဝင်တိုက်ရမှာလား။ တကယ်တော့ ဒါတွေဟာ အသိဥာဏ်ခေါင်းပါးခြင်းရဲ့ လက္ခဏာတွေပါ။ ကုရ်အာန်မှာ အသင်တို့သည် မိမိ၏လက်များအား ပျက်စီးခြင်းထဲတွင် မထည့်ကြလေနှင့် ဟူ၍ မိန့်ဆိုထားသည်ကို ဖတ်ရှု့လေ့လာဖူးမှာပါ (အကျယ်ပြောလျှင် စာရှည်မည်ကိုဆိုးရိမ်မိသောကြောင့် မရေးလိုက်သည်ကို နားလည်သီးခံပေးပါ။) သေချာတာကတော့ အသိဥာဏ်ရှိသူတွေ ဘယ်သူမှ ဒီလိုလုပ်မှာ မဟုတ်ပါဖူး။ ဒါဆိုရင် ကျွန်တော်တို့ ဟဇရသ် ဟိုစိုင်းန်(رضي الله عنه)ရဲ့ ဝမ်းနည်းဖွယ် အဖြစ်ပျက်ကို ကြားပြီးဘာသင်ခန်းစာ ယူမလဲ။
သင်ခန်းစာယူရမှာက...
ကျွန်တော်တို့တွေ စစ်မှန်တဲ့ အောင်မြင်မှု့ကို ရယူတဲ့နေရာမှာ ဒုက္ခခံဖို့၊ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် ကြံ့ကြံ့ခံဖို့၊ သာသနာ့အတွက် မွတ်စ်လင်မ်လူထုအတွက် သာသနာအမိန့်တစ်ခုကို အကောင်ထည်ဖော်ဖို့အတွက် အသက်ကိုမနှမြောဖို့ အသက်ကို အရင်းနှီးလုပ် ပေးဆပ်ဖို့ သင်ခန်းစာပေးခဲ့တာပါ။ နေရင်းထိုင်ရင်း ကိုယ့်သူကိုယ်ချိန်းကြိုးနဲ့ရိုက် ဓါးနဲ့မွှမ်းဖို့ မလှုံ့ဆော်ခဲ့ပါဖူး။ အစ္စလာမ့်ချစ်စိတ် မျိုးချစ်စိတ်ကို ရှင်သန်စေမယ့် အဖြစ်တစ်ခုပါ။ ကိုယ့်သူကိုယ် ဒုက္ခပေးပါလို့ တိုက်တွန်းတဲ့ အကြောင်းအရာမဟုတ်ပါဖူး။ ခွဲခြားသိမြင်နိုင်ကြပါစေ...။ (အာမိးန်)
အစ္စလာမ်၏ အမိန့်ပညတ်ချက်အချို့
mourning ခေါ် ဝမ်းနည်းပူဆွေးခြင်းအထိမ်းအမှတ်ပြုခြင်းဟာ အစ္စလာမ့်ဥပဒေအရ အမျိုးသမီးများအတွက် အချို့အခြေအနေတွေမှာ ပိုင်ပါတယ်။ သို့သော် အမျိုးသားများအတွက် ဘယ်အခြေအနေမှာမှ မပိုင်ပါဖူး။ အမျိုးသမိးများအတွက် ခွင့်ပြုထားတဲ့ အခြေအနေနဲ့ ပုံစံကတော့....
၁။ သွလာကွလ်ဘာအင်န် ခေါ် နေကဟ်ပျက်စေသည့် သွလားက်မျိုး ပေးခံထားရသော အမျိုးသမီးတစ်ဦးဟာ အစ်ဒသ်ရက်အတွင်း ထိုသို့ပြုလုပ်ရမည်ဖြစ်ပြီး အစ်ဒသ်ရက်ကုန်ဆုံးသွားလျှင် ပြုပိုင်ခွင့် မရှိတော့ပေ။
၂။ ခင်ပွန်းသည်ဆုံးသွားသော အမျိုးသမီးသည်လည်း အစ်ဒသ်ရက်အတွင်း ထိုသို့ပြုလုပ်ရမည်ဖြစ်သော်လည်း အစ်ဒသ်ရက်ကုန်ဆုံးသွားပါက လုံးဝပြုပိုင်ခွင့် မရှိတော့ပေ။
၃။ ခင်ပွန်းသည်အပြင် ဖခင်၊သားတို့ကဲ့သို့ ရင်းခြာသောဆွေမျိုးများ ဆုံးသွားပါက သုံးရက်ပြုခွင့်ရှိသော်လည်း သုံးရက်ထက်ပို၍ ပြုပိုင်ခွင့်မရှိပေ။
၎။ ထိုအခြေအနေသုံးခုမှအပ အခြားအခြေအနေများတွင် အမျိုးသမီးများအတွက် လုံးဝခွင့်မပြုထားပါဖူး။ အမျိုးသားများအတွက်ကတော့ မည်သည့်အခြေအနေမှာမှ အခုလို ပြုလုပ်လို့မရဖူး။
အထက်မှာ ပြောခဲ့တာကတော့ ပြုရမယ့်အခြေအနေနဲ့ ပြုခွင့်ရှိတဲ့အခြေအနေပါ။ ဆက်လက်ပြီး ပြုခွင့်ပေးထားတဲ့ ပုံစံကိုလေ့လာကြည့်ပါ။
၁။ အမျိုးသားများအား စွဲဆောင်စေသော အရောင်၊ အဝတ်အစားအား မဝတ်ပဲနေရမည်။
၂။ အလှအပပစ္စလည်းများဖြစ်သော အိုင်ရှဲဒိုး၊ လစ်ပ်စတစ်ခ်၊ မိတ်ကပ်၊ ပဖြူးမ်၊ လိုးရှင်း အစရှိသည်တို့အား ရှောင်ကျဉ်ရမည်။ (မှတ်ချက်။ ။ ရာသီဥတုကြောင့် အသုံးပြုရသော သို့မဟုတ် ကျန်းမာရေးအရ သုံးစွဲရသော ပစ္စည်းများမပါဝင်ပါ)
အထက်မှာ ပြောခဲ့တဲ့ အချက်တွေအပြင် ဝမ်းနည်းခြင်း၏ အထိမ်းအမှတ်အတွက် အရောင်သတ်မှတ်ဝတ်ဆင်ခြင်း (ဥပမာ။ ။ ဝမ်းနည်းခြင်း= အနက်ရောင်၊ သတိရခြင်း= ခရမ်းရောင်၊ စိတ်ထိခိုက်ခြင်း=အညိုပုတ်ရောင်) စသည့်အဓိပ္ပါယ်များဖြင့် သတ်မှတ်ဝတ်ဆင်ခြင်းဟာ လုံးဝမပိုင်ပါဖူး။ ဒီလိုပဲ အခြားအရာများကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အတွက် သတ်မှတ်လို့ မရပါဖူး။ တရားတော်ရဲ့ ခွင့်ပြုချက်ရှိသည့်အတိုင်းအတာအတွင်း ပြုခွင့်ရှိသော်လည်း ဘောင်ကျော်သတ်မှတ်ခြင်းကတော့ လုံးဝ လုံးဝ မပြုပိုင်ဖူး။ ပြီးတော့ အမျိုးသမီးများအတွက် ဖခင်နှင့်သားကဲ့သို့ အရင်းများအတွက် သုံးရက်သာခွင့်ပြုချက်ရှိထားသော်လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာအတွက် လုံးဝပြုပိုင်ခွင့်မရှိတော့သည်မှာ သိသာထင်ရှားလှပေသည်။ ကျွန်တော်တို့အားလုံးကို ရှောင်ရှားနိုင်စွမ်းပေးသနားတော်မူပါစေ။ (အာမီးန်)
အပိုင်းသုံးအား ဆက်လက်ဖတ်ရှု့ပေးပါ
ဘရှီးလေး မေမြို့
ဘရှီးလေး မေမြို့
Post a Comment