မိမိအစိတ်ပိုင်းတိုင်းအား ဖုံးအုပ်ထားကြ...
ကျွန်ုပ်တို့၏ ဆရာသခင် ဒေါက်တာအဗ်ဒွလ်ဟိုင်ယ်ဆားဗ် မိန့်ကြားတော်မူလေ့ရှိသည်။ ((မြင့်မြတ်တော်မူသော
အလ္လာဟ်အရှင်မြတ် ဆရာ့၏ အဆင့်အတန်းအား မြင့်မားစေတော်မူပါစေ။ အာမီးန်။
ဆရာသခင်ဘဝတွင် ဤကဏ္ဍနှင့် ပတ်သတ်၍ မိန့်မြွတ်တော်မမူသော ဂျုမုအဟ်နေ့ဟူ၍
ရှိလိမ့်မည်ဟု မထင်။)) ယနေ့ခေတ်တွင် ကူးစက်ပျံ့နှံ့လျှက်ရှိသော
ပြဿနာဆိုးကြီးအား မည်သည့်ပုံစံနှင့်ပင်ဖြစ်စေ
ချုပ်ငြိမ်းအောင်ပြုလုပ်ကြပါလေ။ လူမြင်ကွင်းတွင် အမျိုးသမီးများ
ဆံပင်ဖော်၍လည်းကောင်း၊ လက်မောင်းဖော်၍လည်းကောင်း၊ ရင်ဘတ်ဖော်၍လည်းကောင်း၊
ဝမ်းဗိုက်ဖော်၍လည်းကောင်း သွားလာနေကြသည်။ အမှန်ဆိုလျှင်
ဖုံးကွယ်ထား၇မည့်အရာတို့အား အမျိုးသား အချင်းချင်းရှေ့တွင်ဖြစ်စေ၊
အမျိုးသမီးအချင်းချင်းရှေ့တွင်ဖြစ်စေ ဖော်ထားခြင်းမပိုင်ပေ။ ဆိုလိုသည်မှာ-
အမျိုးသမီးတစ်ဦးသည် ရင်ဘတ်ပေါ်နေသော၊ ဝမ်းဗိုက်ပေါ်နေသော၊ လက်မောင်းပေါ်နေသော
အဝတ်အစားတစ်ခုဝတ်ဆင်ထားသည်ဆိုပါစို့...။ ထို(ဖော်ထားသော)
အစိတ်အပိုင်းတို့မှာ အမျိုးသမီး၏ အရှက်အင်္ဂါစာရင်းဝင်နေသည်ဖြစ်ရာ
ထိုအဝတ်အစားအား ဝတ်ဆင်လျှက် အမျိုးသားများရှေ့တွင် သွားလာခွင့်ရှိရန်
ဝေးစွ။ အမျိုးသမီးများကြားတွင်ပင် သွားလာခြင်း မပိုင်ပေ။
အကုသိုလ်တို့၏အကျိုးဆက်
ထိမ်းမြားမင်္ဂလာပွဲများ၏
အခြေအနေမည်သို့ဖြစ်နေသည်ကို သွားရောက်လေ့လာကြည့်ပါ။ အမျိုးသမီးများ
အရှက်တရားကင်းမဲ့စွာ (ဖော်ပြရန်မသင့်တော်သော)အဝတ်အစားများ ဝတ်ဆင်၍
အသံမျိုးစုံထုတ်၊ ရင်ကော့ မောက်မာစွာဖြင့် အမျိုးသားများရှေ့တွင်
သွားလာနေကြသည်မှာ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ အဇားဗ်အား
ဖိတ်ခေါ်နေခြင်းမဟုတ်လျှင် အခြားဖြစ်နိုင်ဦးမည်လော။ (အမှန်စင်စစ်
ယင်းအမျိုးသမိးတို့သည်) မြတ်နဗီ(ဆွ)၏ မိန့်ခြွေချက်များအား ထိုသို့
ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေကြခြင်းသာ ဖြစ်ပေမည်။ ထိုကိစ္စနှင့်ပတ်သတ်၍
ဆရာသခင် ဒေါက်တာဆားဗ်အမိန့်ရှိသည်မှာ- ဧကန်စင်စစ် ဤပြဿနာဆိုးကြီးသည်
ကျွန်ုပ်တို့အပေါ် အဇားဗ်တစ်ခုအား ကျရောက်စေခဲ့သည်။ အသင်တို့မြင်တွေ့နေရသော
စိတ်မချမ်းသာခြင်း၊ ငြိမ်းချမ်းသာယာမှု့မရှိခြင်းနှင့် ဥစ္စာပစ္စည်းများ၊
လူ့အသက်တစ်ချောင်း လုံခြုံမှု့မရှိရခြင်းတို့သည် ကျွန်ုပ်တို့၏
ဤမကောင်းမှု့အကုသိုလ်တို့၏ အကျိုးဆက်ပင်ဖြစ်၏။ ကုရ်အာန်ကျမ်းတွင်
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် မိန့်တော်မူထား၏။ စင်စစ်သော်ကား
အသင်တို့၌ သက်ရောက်လေ့ရှိသော ဘေးဒုက္ခဟူသရွေ့သည်
အသင်တို့၏လက်များကဆည်းပူးခဲ့ကြသော အပြုအမူတို့ကြောင့်ပင် သက်ရောက်ခဲ့သည်သာ။
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် များစွာသောပြစ်မှုများကိုမူကား
ခွင့်လွှတ်တော်မူ၏။ ထို့ကြောင့် (တစ်ဦးတိုင်းတစ်ဦးတိုင်းတာဝန်ယူကာ) မိမိတို့၏ နေအိမ်များတွင် ဤပြဿနာဆိုးကြီးအား ဝေးကွာရန်ပြုလုပ်ကြပါလေ။
ကေယာမသ် နီးလာပြီ။
ဟဒီးဆ်တော်တစ်ပုဒ်တွင် မြတ်နဗီ(ဆွ)သည်
ယနေ့ခေတ်၏ ပုံပန်းသဏ္ဍာန်အား ရေးဆွဲပြသခဲ့လေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည်
ဤခေတ်အခါသမယအား မတွေ့မြင်ဖူးခဲ့ပါက ဟဒီးဆ်တော်၏ ဆိုလိုရင်းအား
သဘောမပေါက်နိုင်ပဲ အံ့အားသင့်နေမည်သာဖြစ်၏။ အဘယ်ကြောင့်ဆိုသော်
(ဟဒီးဆ်တော်အား မိန့်ကြားနေသည့်) အချိန်တွင် ယနေ့ခေတ်၏ အခြေအနေအား
အတွေးပန်းချီရေးဆွဲရန် မဖြစ်နိုင်ပေ။ (သို့သော်) မြတ်နဗီ(ဆွ)သည် ယနေ့ခေတ်၏
အမျိုးသမီးများအား မျက်မြင်ကိုယ်တွေ့ဖြစ်ထားသည့်အလား ပုံဖော်ပြသခဲ့ပေသည်။
တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်မှာ- ကေယာမသ် နီးလာလျှင် အမျိုးသမီးများသည်
အဝတ်အစားများ ဝတ်ဆင်ထားလင့်ကစား ဝတ်လစ်စလစ်ဖြစ်နေကြလိမ့်မည်။
ထိုအမျိုးသမီးများ၏ ဥိးခေါင်းများရှိ ဆံပင်သည် ဘွခ်သီကုလားအုတ်များ၏
ဘို့ကဲ့သို့ ဖြစ်နေမည်။ (ဘွခ်သ် ဟူသည်မှာ အရဗီစာပေတွင် ဘို့နှစ်ခုပါသော
ကုလားအုတ်အား ခေါ်ဆိုသည်။ ဘာသာပြန်ဆိုသူ)
မြတ်နဗီ(ဆွ)မိန့်တော်မူခဲ့သော ခေတ်အခါ၌
(ဟဒီးဆ်တော်တွင်ဖော်ပြထားသော) ဆံပင်ပုံစံမှာ ထားလေ့မရှိသောပုံစံတစ်ခုဖြစ်၏။
ထို့ကြောင့် ဟဒိးဆ်ပါမောက္ခအချို့သည် ဤဟဒီးဆ်၏ အဓိပ္ပါယ်နှင့်ပတ်သတ်၍
(နားမလည်နိုင်ဖြစ်ကာ) ဆိုလိုရင်းမှာ မည်သို့ဖြစ်ပါသနည်း။
ကုလားအုတ်ဘို့နှင့် တူသောဆံပင်ပုံစံ မည်သို့ဖြစ်နိုင်မည်နည်း။ ဟု
(မေးခွန်းထုတ်ဖော်) ပြောဆိုကြရတော့လေသည်။ သို့သော် ယနေ့ခေတ်၏ ဖက်ရှင်သည်
မြတ်နဗီ(ဆွ)၏ ကြိုတင်မိန့်မှာချက်အား ပုံဖော်ပြသလိုက်ပြီးဖြစ်ရာ
တနည်းအားဖြင့် မြတ်နဗီ(ဆွ)သည် ယနေ့ခေတ်၏ အမျိုးသမီးတို့အား မြင်တွေ့ပြီး
ဤသို့ မိန့်တော်မူခြင်းဖြစ်တန်ရာ၏။ မြတ်နဗီ(ဆွ)ဆက်လက်အမိန့်ရှိသည်မှာ-
(ဆိုလိုရင်းအား ပြောပြနေခြင်းဖြစ်ပါသည်။) အမျိုးသမီးများသည် မိမိတို့၏
အဝတ်အစားများဖြင့်လည်းကောင်း၊ အမူအယာဖြင့်လည်းကောင်း၊ ချယ်သထားမှု့များ၊
အလှအပများဖြင့်လည်းကောင်း အခြားသူတို့(သူစိမ်းယောက် ကျားလေးများ)အား
မိမိဖက်သို့ စွဲဆောင်သူများ ဖြစ်ကြလိမ့်မည်။
အခြားသူများ(သူစိမ်းယောက်ကျားလေးများ)ဖက်သို့
ယိမ်းယိုင်သူများဖြစ်ကြလိမ့်မည်။ မြတ်နဗီ(ဆွ)၏ အမိန့်တော်များအား
ပြောင်ပြောင်တင်းတင်း ဖီလာဆန့်ကျင်နေကြသောကြောင့် ဤပြဿနာဆိုးများ၊
ဘေးဒုက္ခများ၊ အေးချမ်းမှု့ကင်းမဲ့ခြင်း၊ မငြိမ်းချမ်းခြင်းများနှင့်
သာယာမှု့ကင်းမဲ့ခြင်းတို့ဖြစ်လာရသည်ဟု နှလုံးသားတွင် စွဲမှတ်ကြပါလေ။
သတိထားပါ ဆွေတို့ရာ...
နောက်တစ်ခု သိထားရမည်မှာ-
အကုသိုလ်လုပ်ရပ်များတါင် အမျိုးအစားနှစ်မျိုးရှိပေသည်။ တစ်မျိုးမှာ-
လူတစ်ယောက်သည် တစ်ဦးတည်း တိတ်ဆိတ်စွာ ခိုးဝှက်၍ အကုသိုလ်အား ကျူးလွန်၏၊
လူအများရှေ့တွင် ပေါ်လွင်စွာ မပြုလုပ်ပေ။ ရံဖန်ရံခါ အကုသိုလ်များအပေါ်
နောင်တရကာ ရှက်ကြောက်လာ၏။ ထို့အပြင် သောင်ဗဟ်ပြုရန် စွမ်းအားလည်း
ရသွားတတ်၏။ ဒုတိယပုဂ္ဂိုလ်မှာ ကြေငြာ၍လည်းကောင်း၊ ပြောင်ပြောင်တင်းတင်း
အများသူငှာရှေ့တွင်လည်းကောင်း အကုသိုလ်ကျူးလွန်၏။ ထိုသို့ ပြုလုပ်သည့်အပေါ်
ဂုဏ်ယူဝံ့ကြွားစွာဖြင့် "ငါ ဒီလိုကြောက်စရာကောင်းတဲ့ အလုပ် (အကုသိုလ်)ကို
ကျူးလွန်ခဲ့တာ။" ဟူ၍ ပြောဆို၏။ ဟဒိးဆ်တော်တစ်ပုဒ်တွင် မြတ်နဗီ(ဆွ)
မိန့်ကြားတော်မူ၏။ အလိုသဘောမှာ- ငါ၏အွမ်မသ်တွင် အကုသိုလ်ကျူးလွန်သူများ၏
အပြစ်များ ခွင့်လွှတ်ချမ်းသာပေးခြင်းခံရမည်ဟု ငါကိုယ်တော် မျှော်လင့်မိသည်။
အကြောင်းမှာ- ထိုသူတို့အား သောင်ဗဟ်ပြုလုပ်နိုင်စွမ်း
ချီးမြှင့်ပေးခြင်းခံရမည်။ သို့မဟုတ်ပါက အကြောင်းခံမပါပဲ
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်ဖက်တော်မှ
ခွင့်လွှတ်ပေးလိုက်မည်ဖ်ြစသည်။ သို့သော် အကုသိုလ်အား ပေါ်ပေါ်ထင်ထင်
ကျူးလွန်ကြသူများ၊ မိမိတို့၏ ဒုစရိုက်လုပ်ငန်းများအပေါ် နောင်တတရား
မရကြသည့်အပြင် အကုသိုလ်ကျူးလွန်ခဲ့သည့်အတွက် ဂုဏ်ယူကြသူများ၊
အကုသိုလ်ကျူးလွန်နေသည်ကို အကျိုးကုသိုလ်ရှာဖွေနေသည်ဟုထင်မှတ်နေကြသူများ၊
(အမှားကျူးလွန်နေပါလျှက်) မိမိလုပ်ရပ်သာ မှန်သည်ဟု ပြောဆိုကြသူများ၊
(အမှားကျူးလွန်နေသောကြောင့်) တစ်ဦးတစ်ယောက်မှ နားဝင်အောင် ရှင်းပြပါက
(အမှားကိုလက်မခံပဲ) စကားရည်လုရန် အသင့်ဖြစ်သွားသူများ၊ "ဒီလိုလေး
လုပ်လိုက်တော့ ဘာဖြစ်သွားမှာမို့လဲ... ငါတို့ခေတ်ပြောင်းပြီးနေရမှာလား...
ငါတို့တတ်နိုင်ပါလျှက် မပြောပဲထိုင်ကြည့်နေရမှာလား... တစ်လောကလုံးရဲ့
ထိုးနှက်ချက်တွေ ငါတို့ခေါင်းပေါ်တင်ထားရမှာလား... လူတွေနဲ့ဝေးရာသွားပြီး
ထိုင်နေ၇တော့မှာလား...." စသည်ဖြင့် (မိမိအမှားကို လက်မခံပဲ အမှားအတိုင်း
ဆက်လက်လျှောက်လှမ်းနေကြသူများ)အား ခွင့်လွှတ်ချမ်းသာပေးမည်မဟုတ်ချေ။
ပတ်ဝန်းကျင်ကိုစွန့်လိုက်ပါ။
သေချာစဉ်းစားကြည့်ပါလေ။ အကယ်၍
မြင့်မြတ်တော်မူသော အရှင်မြတ်၏ ကျေနပ်နှစ်သက်မှု့အား ရယူလိုသဖြင့်
ပတ်ဝန်းကျင်အား စွန့်ခွာခြင်းဖြစ်လျှင် အလွန်မြတ်စွန်းသည့်
ရောင်းဝယ်မှု့တစ်ခု ဖြစ်နေမည်မဟုတ်ပါသလော။ အနည်းငယ်စဉ်းစားကြည့်ပါလေ။
လူ့ပတ်ဝန်းကျင်သည် အသင့်နှင့် မည်သည့်အချိန်ထိ အတူတူရှိနေမည်နည်း။
မည်သည့်နေရာအထိ ခေါ်ဆောင်ပေးမည်နည်း။ မှတ်သားထားပါလေ။
ကဘရ်ကျင်းသို့ရောက်ပြီးနောက် သင်၏ ကောင်းမှု့များအပြင် မည်သည့်အရာမျှ
သင်နှင့်အတူ ရှိနေမည်မဟုတ်။ ထိုအချိန်၌ "ပတ်ဝန်းကျင်ကြီးရေ... ငါတော့
မင်းကြောင့် ဒီလိုအလုပ်တွေ လုပ်ခဲ့ရတာပါကွာ။ အခုငါတို့ကို ကူညီလှဲ့ပါဦး"ဟု
အော်ဟစ်အကူညီတောင်းခံပါက သင်နေခဲ့သော ပတ်ဝန်းကျင်ရှိ တစ်ဦးတစ်ယောက်
သင့်အား လာရောက်ကူညီပေးမည်လော။ အသင့်အား မြင့်မြတ်တော်မူသော
အလ္လာဟ်အရှင်မြတ်၏ အဇားဗ်တော်မှ လွတ်ကင်းစေမည်လော။ ထိုကဲ့သို့အချိန်နှင့်
စပ်လျဉ်း၍ ကုရ်အာန်ကျမ်းမြတ်တွင် လာရှိသည်မှာ- (ထိုမှတစ်ပါး
အလ္လာဟ်အရှင်မြတ်အပြင် အသင်တို့အဖို့ အဆွေခင်ပွန်းဟူ၍လည်းကောင်း၊
ကူညီမိုင်းမမည့်သူဟူ၍လည်းကောင်း တစ်ဦးတစ်ယောက်မျှ မရှိချေ။)
ကျန်အပိုင်းများအား ဆက်လက်စောင့်မျှော်ဖတ်ရှု့ပေးပါရန်......
ဘရှီးလေး(မေမြို့)
Post a Comment