بسم الله الرحمن الرحيم
ကျွန်တော်တို့တွေ ငယ်ငယ်လေးကတည်းက အာရှုရာနေ့မှာ ရိုဇာကို တမြတ်တနိုးနဲ့ စောင့်ထိန်းခဲ့ကြတယ်။ တစ်ရက်တည်း မထားကြပဲ ကိုးရက်နေ့ သို့မဟုတ် ဆယ့်တစ်ရက်နေ့နဲ့ အမြဲ တွဲပြီး ထားလေ့ရှိကြတယ်။ ဒီလို ဘာကြောင့်ဖြစ်ရလဲဆိုတာကို သိသူတွေများသလို မသိသူတွေလည်း ရှိနေမှာပါ။ ဒါကြောင့် မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဒီအကြောင်းလေးကို သီးသန့်ပို့စ်ရေးလိုက်ရတာပါ။ တကယ်တော့ မနေ့ကတင်ခဲ့တဲ့ ပို့စ်မှာ အဖြေက ပါပြီးသားပါ။ နည်နည်းလေး အကျယ်ချဲ့ပြီး ဒီနေရာလေးမှာ ရေးသားပေးလိုက်ပါတယ်။ ဖတ်ရှု့ပေးကြပါဥိးးးးး
ပြိုင်စံရှားတဲ့ ဒို့အစ္စလာမ်
အစ္စလာမ်သာသနာဟာ တစ်ကမ္ဘာလုံးအတွက် ကမ္ဘာကြီးတည်နေသရွေ့ ရွေးချယ်သတ်မှတ်ခံထားရတဲ့ လူသားတိုင်းလိုက်နာကျင့်သုံးရမယ့် သာသနာဖြစ်တယ်။ မြင့်မြတ်တော်မူသော အလ္လာဟ်က ရွေးချယ်ပေးထားတာမို့ တခြားလမ်းစဉ်ကို လိုက်ခဲ့မယ်ဆိုရင် ဘယ်တော့မှ လမ်းမှန်ကို ရနိုင်မှာ မဟုတ်ပါဖူး။ ဒီလိုပဲ အစ္စလာမ့် ဥပဒေကို မလိုက်နာပဲ အရစ်တိုခရေစီ၊ သီအိုခရေစီ၊ ဒီမိုခရေစီ စတဲ့ ခရေစီတွေနောက်လိုက်ရင်တော့ လမ်းမှန်ကိုမရပဲ အမြဲတမ်းအတွက် ခရေဇီ(ဂရိစကားမဟုတ်ပါ။)တွေပဲ ဖြစ်နေရမှာပါ။ ဘာကြောင့်လဲဆိုတော့ အစ္စလာမ်သာသနာဟာ နေရာဒေသတိုင်းအတွက်၊ လူမျိုးပေါင်းစုံအတွက် အသင့်တော်ဆုံး အကောင်းဆုံး သာသနာဖြစ်ပြီး၊ အစ္စလာမ့်ဥပဒေမှာသာ ငြိမ်းချမ်းသာသာယာမှု့အပြည့်အဝရှိလို့ပါပဲ။ အစ္စလာမ်သာသနာဟာ ကမ္ဘာလုံးဆိုင်ရာ သာသနာဖြစ်တဲ့အတွက် လိုတိုးပိုလျှော့်တွေကနေ ကင်းတယ်။ အားလုံး တိကျတဲ့ပုံစံနဲ့ ရှိနေပြီး ထင်ယောင်ထင်မှားတွေကနေ စင်ကြယ်တယ်။ ဘယ်ဘာသာနဲ့မှ မူမတူ အသွင်မတူတဲ့ ပြိုင်စံရှား (ပြိုင်ဖက်ကင်းမဲ့တဲ့) သာသနာဖြစ်တယ်။
အစ္စလာမ်၏ ဦးတည်ချက်
အစ္စလာမ်သာသနာတော်ဟာ ပြိုင်စံရှားသာသနာဖြစ်သလို ဘာသာရေးကိစ္စတွေကို ဘယ်ဘာသာနဲ့မှ ဆင်တူအောင်မပြဌာန်းခဲ့ဖူး။ ဘယ်ဘာသာမှာ ဘယ်လိုရှိလို့ အစ္စလာမ်မှာလည်း ဘယ်လိုလေးရှိရမယ်လို့ မသတ်မှတ်ခဲ့ဖူး။ တနည်းအားဖြင့် ကော်ပီလုပ်ထားတဲ့သာသနာ၊ အုတ်ရောရော ကျောက်ရောရောသာသနာ မဟုတ်ဖူး။ အုတ်မြစ်ချစဉ်ကတည်းက အားလုံးကို ဆန့်ကျင်ပြီး အင်အားနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ လူအများလက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ မားမားမတ်မတ် ရပ်တည်ခဲ့တာပါ။ ဒီရဲ့ သာဓကလေးတွေ သမိုင်းမှာ အများကြီးရှိခဲ့တယ်။ အထူးသဖြင့် ကိုယ်တော်သခင်ဟာ မဒီနဟ်ရွှေမြို့တော်သို့ ပြောင်းရွှေ့နေထိုင်တော်မူပြီးတဲ့နောက် ယဟူဒီများရဲ့ အကျင့်အမူ၊ ဝတ်စားဆင်ယင်မှု့၊ နေထိုင်သွားလာပုံ အစစအရာရာမှာ ဆန့်ကျင်တော်မူခဲ့တယ်။ ကစ်ဗ်လာကိုပြောင်းလဲပေးရန် အမိန့်တော်ကို မျှော်လင့်ခဲ့တယ်။ မိမိရဲ့ တပည့်နောက်လိုက်တွေကိုလည်း ယဟူဒီတွေကို နောက်မလိုက်ကျဖို့၊ သူတို့လို မကျင့်ကြဖို့ အမြဲဆုံးမလေ့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ လူသားရဲ့ဗီဇတစ်ခု သို့မဟုတ် အားနည်းချက်တစ်ခုကြောင့်ပါ။ လူသားဟာ သူနေထိုင်ရာ ပတ်ဝန်းကျင်ရဲ့အရောင်လွှမ်းမိုးမှု့ကို အန်မတုနိုင်ဖူး။ ခိုင်မာတဲ့ ရပ်တည်ချက်မရှိရင် ပြိုလဲသွားပြီးတော့ ပတ်ဝန်းကျင်ရဲ့ ရေစီးကြောင်းမှာ မျောပါသွားရတယ်။ ဒါကြောင့် မြတ်နဗီ(ဆွ)ဟာ လာမယ့်အွမ်မသ်တစ်ခုလုံးကို ကြီးမားလှတဲ့ သင်ခန်းစာတစ်ခုပေးခဲ့တယ်။ အဲ့ဒီသင်ခန်းစာလေးကတော့ ဘာသာခြားတွေနဲ့ မတူအောင်နေခြင်း သို့မဟုတ် ၎င်းတို့ကို ဆန့်ကျင်ခြင်းပဲဖြစ်တယ်။ ဒီသင်ခန်းစာလေးကို ပိုင်ပိုင်နိုင်နိုင် ကျက်မှတ်ထားပြီး လက်တွေ့ အသုံးချတတ်မယ်ဆိုရင် ကျွန်တော်တို့ ဘယ်နေရာရောက်ရောက်၊ ဘယ်လိုလူမျိုးတွေနဲ့ပဲ ရောနေရ ရောနေရ အစ္စလာမ်ပေါ်မှာ မားမားမတ်မတ်ရပ်တည်နိုင်မှာဖြစ်တယ်။
ဒီနေ့ ကျွန်တော်တို့တွေရဲ့ ယဉ်ကျေးမှု့တွေ တိမ်ကောလာမှု့၊ ဘာသာခြားယဉ်ကျေးမှု့တွေ စိမ့်ဝင်လာမှု့တွေဟာ ဘာကြောင့်လဲလို့ မေးစရာမလိုလောက်အောင် ရှင်းနေပါပြီ။ အဖုံးမအုပ်ထားတဲ့ နို့ခွက်ဟာ ဘယ်တော့မှ သန့်ရှင်းမှာ မဟုတ်ဖူး။ ကိုယ်တိုင် အဖုံးမအုပ်ထားနိုင်ရင်တောင် လုံခြုံတဲ့နေရာမှာ ရှိနေမှ အမြဲသန့်နေမယ်။ သို့သော် ဝမ်းနည်းဖို့ကောင်းတာက ဒီနေ့မွတ်စ်လင်မ်လူအများစုဟာ အနောက်တိုင်းယဉ်ကျေးမှု့ကို အရမ်းအထင်ကြီးပြီး ဖဝါးခြေထပ်လိုက်နေကြတယ်။ အစ္စလာမ့်ဆိုဆုံးမမှု့အောက်မှာ နေတဲ့သူတွေကို လောင်းရိပ်မိနေတဲ့သူတွေ၊ အမြင်မကျယ်သူတွေလို့ သတ်မှတ်နေကြတယ်။ ခဏတာ သာယာဖို့အရေး သာသနာကို ရောင်းချဖို့၊ အပေါင်ပေးဖို့ အသင့်ဖြစ်နေကြတယ်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်မိန့်တော်မူထားတာကို ပြန်လည်ဖတ်ရှု့ လေ့လာလိုက်ပါ။
အမှန်သော်ကား (အို-ချစ်တမန်တော် အသင်သည် နဗီတမန်တော်ဖြစ်ကြောင်းနှင့် စပ်လျဉ်း၍ မည်မျှလောက်ပင် ထောက်ခံချက် သက်သေလက္ခဏာ တော်များကိုဟောပြငြားပါလည်း အချည်းနှီးအကျိုး မဲ့သာဖြစ်အံ့) ယဟူဒီနှင့်ခရစ်ယာန်တို့သည် ၎င်းတို့၏ ဘာသာအယူဝါဒကို အသင်မလိုက်နာသမျှ ကာလ ပတ်လုံး အသင့်အား မည်သည့်အခါမျှနှစ်သိမ့်ကျေနပ်ကြမည်မဟုတ်ပေ၊ (သို့ဖြစ်လေရာ အသင်သည် ယင်းသူတို့အား) အလ္လာဟ် အရှင်မြတ် ညွှန်ကြားပြသတော်မူသော တရားလမ်းသည်သာလျှင် မုချဧကန် ဖြောင့်မတ်မှန်ကန်သော တရားလမ်းပင်တည်းဟု(ပွင့်လင်းစွာတုံ့ပြန်)ပြောဆိုပါလေ။ ထိုမှတစ်ပါးတုံ (အလ္လာဟ် အရှင်မြတ်အထံ တော်မှ)အသင်၏ထံသို့ (ယုံကြည်စိတ်ချဘွယ်ရာသော) အသိတရားရောက်ရှိလာပြီးသည့်နောက် အကယ်၍သာ အသင်သည် ယင်းသူတို့၏ ယုတ်ညံ့သိမ်ဖျင်းသောအလိုဆန္ဒ များကို လိုက်နာခဲ့အံ့၊(ထိုသို့သောအခါဝယ်)မည်သူ တစ်ဦးတစ်ယောက်မျှ အလ္လာဟ် အရှင်မြတ်(ပေးတော်မူမည့်အပြစ်ဒဏ်များ)မှ အသင့်အားစောင့်ရှောက်သူ မိတ်သဟာဟူ၍ လည်းကောင်း၊ ကူညီအားပေး စောင်မမည့်သူဟူ၍ လည်း ကောင်း၊ မရှိတော့ပြီ။
မနက်ဖြန် သဖက်ခါမှာ ကျရောက်တော့မယ့် အာရှုရာနေ့ရဲ့ ရိုဇာမှာ မြတ်နဗီ(ဆွ)က ယဟူဒီတွေနဲ့ မတူအောင်ရိုဇာထားကြလို့ အမိန့်ပေးတာကိုလေ့လာကြည့်ပါ။ ဒါဟာ အစ္စလာမ်ရဲ့ ဦးတည်ချက်ပါ။ ဒါကို ကျွန်တော်တို့တွေ ကောင်းစွာသိရှိပြီး လိုက်နာဖို့ အရမ်းကို အရေးကြီးလှတယ်။ ဘယ်သူ့ကိုမှ ကျေနပ်ဖို့ ဗွရ်ခါမခြုံပဲမနေလိုက်ပါနဲ့၊ မုတ်ဆိတ်မထားပဲ မနေလိုက်ပါနဲ့၊ အလ္လာဟ်အရှင်မြတ်ကျေနပ်နှစ်သက်ဖို့ သာသနာ့အမိန့်တွေကို လိုက်နာရင်း ရန်သူတွေကို ရင်ဆိုင်လိုက်ပါ။ ကျွန်တော်တို့ အလ္လာဟ်အတွက် ဖြစ်ခဲ့ရင် အလ္လာဟ်အရှင်မြတ်ဟာ ကျွန်တော်တို့အတွက် အကူအညီတွေကို မထင်မှတ်တဲ့နေရာကတောင် ပေးနိုင်တဲ့အရှင်ပါ။ ဒါကြောင့် ကျွန်တော်တို့စိတ်ထဲမှာ အမြဲတမ်း တမန်တော်မြတ်(ဆွ)ပေးခဲ့တဲ့ အာရှုရာနေ့ သင်ခန်းစာလေးကို စွဲမှတ်ထားပေးပါ။ ရောက်လေရာမှာ ကျင့်သုံးပေးပါ။ (စာရေးသူနှင့်တကွ မွတ်စ်လင်မ်လူထုတစ်ရပ်လုံးအား ကာဖရ်များအား ဆန့်ကျင်နိုင်ခွင့် စွမ်းအားပေးသနားတော်မူပါစေ။)
ယဟူဒီများအား ဆန့်ကျင်ကြ။
ဟဇရသ် အစ်ဗ်နေ့အဗ်ဗါစ် သခင်ကြီးဆင့်ဆိုတော်မူခဲ့တယ်။ မြတ်နဗီ(ဆွ)မိန့်တော်မူခဲ့တယ်။ အသင်တို့သည် အာရှုရာနေ့တွင် ရိုဇာစောင့်ထိန်းကြလေကုန်။ ထိုသို့ရိုဇာစောင့်ထိန်းရာတွင် ယဟူဒီများအား ဆန့်ကျင်ကြပါလေ။ အာရှုရာနေ့၏အရင်တစ်ရက် သို့မဟုတ် နောက်တစ်ရက်အား (အာရှုရာနေ့နှင့်တွဲလျှက်) ရိုဇာစောင့်ကြလေကုန်။ သွဟာဝီ၊ ဗိုင်ဟကီ၊ အစ်ဗ်နေ့ခုဇိုင်မဟ်၊ အဟ်မဒ်၊ အလ်ကာမိလ် အစရှိသည့်ကျမ်းများ။
ဒီဟဒီးဆ်တော်မှာ မြတ်နဗီ(ဆွ)က ရှင်းလင်းစွာ (သွယ်ဝိုက်မှု့မပြုပဲ) ယဟူဒီများတူဆင်မှု့ မရှိစေရန် အမိန့်ပေးတော်မူခဲ့တယ်။ အခြားဟဒီးဆ်များမှာ ဆန့်ကျင်ရန် တိုက်ရိုက်မိန့်တော်မမူပဲ အာရှုရာနေ့၏ ရှေ့တစ်ရက် သို့မဟုတ် နောက်တစ်ရက်ကိုပါ ရိုဇာစောင့်ကြဟု မိန့်တော့မူခဲ့တယ်။ (မွတ်စ်လင်မ်၊ အဗူဒါဝူးဒ်၊ အဟ်မဒ်၊ သွဟာဝီနှင့် အခြားကျမ်းများတွင် အကျယ်တဝန့်လေ့လာနိုင်ပါသည်။)
နှစ်ရက်စောင့်ရခြင်းအပေါ် ပညာရှင်များ၏ မိန့်ဆိုချက်များ။
အာရှုရာနေ့နှင့်အတူ မုဟရ်ရမ်လကိုးရက် သို့မဟုတ် ဆယ်ရက်အား တွဲလျှက် ရိုဇာစောင့်ထိန်းရန် မြတ်နဗီ(ဆွ)အမိန့်ပေးတော်မူခဲ့တယ်။ ထိုသို့နှစ်ရက်စောင့်ထိန်းရခြင်းနှင့် ပတ်သတ်၍ သာသနာ့ပညာရှင်များ တင်ပြကြသည်မှာ-
- ၁။ ယဟူဒီများသည် ဆယ်ရက်နေ့တစ်ရက်တည်းသာ ရိုဇာစောင့်ထိန်းကြသည့်အတွက် ၎င်းတို့နှင့် တူဆင်မှု့ မဖြစ်စေရန်။
- ၂။ လ၏အစတွင် မှားယွင်းမှု့တစ်စုံတစ်ရာဖြစ်မည်ကို ဆိုးရိမ်သောကြောင့် အာရှုရာနေ့၏ ရိုဇာမလွတ်သွားစေရန်။
- ၃။ တစ်ရက်တည်းကိုသာ ဦးစားပေးသည့်သဘော မသက်ရောက်စေရန်။ ဥပမာအားဖြင့် သောကြာနေ့တစ်ရက်တည်းအား သတ်မှတ်ရွေးချယ်၍ ရိုဇာစောင့်ထိန်းခြင်းအား တားမြစ်ထားသကဲ့သို့။
- ၄။ အလွန်မြင့်မြတ်သည့်လဖြစ်ရာ လူအများအား ကောင်းမှု့များစွာ ရရှိစေရန်။
- ၅။ ကောင်းမှု့တစ်ခုပြုကျင့်ရန် ကောင်းမှု့တစ်ခုဖြင့် အစပြုရသည်ဖြစ်ရာ ကိုးရက်နေ့အား ရိုဇာစောင့်ထိန်းရန် အမိန့်ရှိခြင်းဖြစ်ပြီး၊ ကောင်းမှု့တစ်ခုအား ပြုကျင့်ပြိးနောက် ရွှက်ရ်ပြုရန်အတွက် ဆယ့်တစ်ရက်နေ့အား ရိုဇာစောင့်ထိန်းစေခြင်းဖြစ်သည်။
(မှတ်ချက်။ ။ ၁မှ၃အထိသည် အိမာမ်နဝဝီသခင်အမိန့်ရှိထားပြီး ၄နှင့်၅သည် ဒေါင်ရဟ်ဟဒီးဆ်တန်း(အာလင်မ်ကို့စ်နောက်ဆုံးနှစ်)၏ ကျွန်တော့်မှတ်စုများမှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။)
အာရှုရာတစ်ရက်တည်းရိုဇာ စောင့်ထိန်းခဲ့ရင်....
ဟနဖီမဇ်ဟဗ်အရ အာရှုရာတစ်ရက်တည်း စောင့်ထိန်းခဲ့ပါက မက်ရူဟ်သာလျှင်ဖြစ်တယ်။ ဟန်ဗလီမဇ်ဟဗ်တွင်လည်း မက်ရူဟ်ဖြစ်သည်ဟု လာရှိထားသော အဆိုရှိပြီး ကျန်မဇ်ဟဗ်များတွင်မူ မက်ရူဟ်မဖြစ်ဟု အမိန့်ရှိထားတယ်။ သို့သော် တူညီသောအချက်မှာကား ကာဖရ်များနှင့် မတူစေရန်၊ ယဟူဒီများနှင့် မတူစေရန် အရေးကြီးသည်ဟုမိန့်ဆိုကြပြီး နှစ်ရက်ထားခြင်းအား မွတ်စ်သဟဗ်ဖြစ်သည်ဟု မိန့်ဆိုထားကြတယ်။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ကျွန်တော်နှင့်တကွ စာဖတ်သူအားလုံး၊ မွတ်စ်လင်မ်များအားလုံးကို အာရှုရာနေ့၏ရိုဇာစောင့်ထိန်းနိုင်ခွင့်ပေးသနားတော်မူပြီး တစ်နှစ်ပတ်လည်လုံး ကောင်းမှု့များစွာ ပြုကျင့်နိုင်စွမ်းပေးသနားတော်မူပါစေ။
ဘရှီးလေး(မေမြို့)
Post a Comment