အသိပေးခြင်း
က
Home » , » အစ္စလာမ်နှင့်ဝတ်စားဆင်ယင်မှု့ ဘာသာပြန် ၆

အစ္စလာမ်နှင့်ဝတ်စားဆင်ယင်မှု့ ဘာသာပြန် ၆

بسم الله الرحمن الرحيم
အဝတ်အစား၏ ဒုတိယရည်ရွယ်ချက်
အဝတ်အစား၏ ဒုတိယရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် "ريشا" ဟူ၍ မိန့်တော်မူခဲ့သည်။ ဆိုလိုသည်မှာ- ငါအရှင်မြတ်သည် အဝတ်အစားအား အသင့်တို့အဖို့ လှပတင့်တယ်မှု့အသွင် ဖန်တီးပေးခဲ့သည်။ (လူမှာအဝတ် တောင်းမှာအကွတ် ဆိုသကဲ့သို့) လူတစ်ယောက်၏ လှပတင့်တယ်မှု့သည် အဝတ်အစားတွင် ရှိနေပေသည်။ ထို့ကြောင့် ဆင်မြန်းရာတွင် အဝတ်အစားသည် လှပတင့်တယ်ပြီး ကြည့်ရှု့သူအား ပီတိဖြစ်စေသင့်သည်။ ပုံဆိုးပန်းဆိုး၊ မမြင်သာဖွယ်၊ ရွံမုန်းဖွယ်ရာ အဝတ်အစားမျိုး မဖြစ်သင့်ပေ။ သို့သာမက အဝတ်အစား ဝတ်ဆင်ခြင်းဖြင့် လှပမှု့တိုးစေသော အဝတ်အစားကိုသာ ဝတ်ဆင်သင့်ပေသည်။

စိတ်ကျေနပ်မှု့ရစေရန် အဝတ်စားကောင်း ဆင်မြန်းခြင်း။

ရံဖန်ရံခါ မည်ကဲ့သို့ အဝတ်အစားအား ဝတ်ဆင်ရမည်နည်းဟု မေးခွန်းထုတ်ကာ ဇဝေဇဝါဖြစ်တတ်သည်။ အကောင်းဆုံးတန်ဖိုးအရှိဆုံး အဝတ်အစားအား ဆင်မြန်းမည်ဆိုက ဖြုန်းတီးရာကျနေမည်လော။ သာမန်အဝတ်အစား ဝတ်ဆင်မည်ဆိုပါက မည်ကဲ့သို့ အဝတ်အစားအား ရွေးချယ်ဝတ်ဆင်ရမည်နည်း ဟု စနိုးစနောင့်ဖြစ်ကာ အတွေးခေါ်တိုက်ပွဲဖြစ်တတ်ပေသည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ဟဇရသ်ထာနဝီ (ရဟေ့)၏ အဆင့်အတန်းအား မြင့်မားစေတော်မူပါ။ ထိုခေတ်အခါ၌ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သခင်ကြီးအား အံ့သြဖွယ်ကောင်းလောက်အောင် အလုပ်ယူတော်မူခဲ့သည်။ သခင်ကွယ်လွန်ဆုံးပါးသွားခဲ့သော အချိန်တွင် (ဘာသာရေးကိစ္စများနှင့်ပတ်သတ်၍) မရှင်းလင်းမပြသပဲ ချန်ထားခဲ့သော အရာဟူ၍ မကျန်ရှိခဲ့။

သို့ဖြစ်ရာ အဝတ်အစားနှင့် စပ်လျဉ်း၍ ဟဇရသ်ထာနဝီ အမိန့်ရှိတော်မူခဲ့သည်။ အဝတ်အစားသည် ကိုယ်ခန္ဓာအား လုံခြုံစွာ ဖုံးအုပ်ပေးနိုင်ရမည်။ ဖုံးအုပ်ပေးခြင်းနှင့်အတူ အနည်းငယ် သက်တောင့်သက်တာရှိစေရမည်။ ဆိုလိုသည်မှာ အဝတ်အစားကို အကြောင်းခံ၍ ကိုယ်ခန္ဓာအား ဒုက္ခမရောက်စေပဲ သက်တောင့်သက်တာရှိစေရမည်။ ထိုသို့ ဝတ်စားခြင်းသည် (တရားတော်၏ရှု့ထောင့်အရ) ပြုပိုင်ပေသည်။ ဥပမာအားဖြင့် ကိုယ်ခန္ဓာ သက်တောင့်သက်တာ ဖြစ်စေရန် ပါးသော အဝတ်အစား ဆင်မြန်းပါက တရားတော်၏ရှု့ထောင့်အရ ပိုင်ပေသည်။ တရားတော်မြတ်ဖက်မှ ထိုသို့ ဝတ်ဆင်ခြင်းအား မတားမြစ်ထားပေ။ ထို့အတူ စိတ်ပျော်ရွှင်မှု့၊ ပီတိဖြာဝေလိုမှု့ကို ရှေးရှု့၍ လှပဆန်းပြားသော အဝတ်အစားများ ဝတ်ဆင်ပါကလည်း ပိုင်ပေသည်။ ဥပမာ- အစတစ်ခုသည် တစ်ကိုက်လျှင် (၁၀)ရူပီးပေးရပြီး အခြားတစ်ခုမှာ တစ်ကိုက်လျှင် (၁၅)ရူပီးပေးရသည်ဆိုပါစို့။ အကယ်၍ လူတစ်ယောက်သည် "ဒါလေးကတော့ ပိုအဆင်ပြေမယ်... ဒါက ငါနဲ့ပိုလိုက်မယ်... ဒါလေးဝတ်လိုက်ရရင်တော့ ကြည်နူးမိမှာအမှန်ပဲ... အလ္လာဟ်အရှင်မြတ်က င့ါကို ဝယ်နိုင်တဲ့စွမ်းအားလည်း ပေးထားတာပဲ" ဟုတွေးကာ တစ်ကိုက်လျှင် (၁၅)ရူပီးပေးရသော အစအား ဆင်မြန်းပါက ငွေကြေးဖြုန်းတီးရာမကျပေ။ ထို့အတူ အကုသိုလ်ကျူးလွန်ရာလည်း မမြောက်ပေ။ သို့သာမက (ထိုသို့ ဝတ်ဆင်ခြင်းမှာ) တရားတော်၏ရှု့ထောင့်အရ ပိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အသင့်အား ချောင်လည်မှု့၊ ချမ်းသာကြွယ်ဝမှု့ ပေးထားသည်ဖြစ်ရာ မိမိစိတ် ကျေနပ်မှု့ ရစေရန် ထိုသို့အဝတ်အစားဝတ်ဆင်ပိုင်ခွင့်ရှိပေသည်။

တတ်နိုင်လျှင် ကောင်းစွာဆင်မြန်းပါ။

ဝင်ငွေကောင်းသော လူတစ်ယောက်အနေနှင့် စုတ်ပြတ်နေသော အဝတ်အစား၊ အလွန်ညံ့သော အဝတ်အစားများဝတ်မည်ဆိုပါက နှစ်သက်ဖွယ်အချင်းအရာ မဟုတ်ပေ။ ဟဒီးဆ်တော်တွင် လာရှိသည်မှာ- ပုဂ္ဂိုလ်တစ်ဦး မြတ်နဗီထံ ခစားဝင်ရောက်ရာ ၎င်းပုဂ္ဂိုလ်၏ ပုံပန်းသဏ္ဍာန်မကျမှု့၊ အလွန်ဟောင်းနွမ်းနေသော အဝတ်အစားဝတ်ဆင်ထားမှု့တို့အား မြင့်တွေ့ကာ တမန်တော်မြတ်(ဆွ) မေးမြန်တော်မူလေသည်။ အသင့်၌ မည်သို့သော ဥစ္စာပစ္စည်းရှိပါသနည်း။ ပြန်လည်လျှောက်တင်သည်မှာ- မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် ကျွန်တ်ာမျိုးအား ပစ္စည်းမျိုးစုံ၊ ဥစ္စာကုံလုံစွာ ချီးမြှင့်ထားပါသည်။ ဆိုလိုသည်မှာ- ကုလားအုတ်၊ ဆိတ်၊ နွားနှင့် ကျေးကျွန် အကုန်ရှိပါသည်။ တမန်တော်မြတ်(ဆွ) အမိန့်ရှိသည်မှာ- မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် အသင့်အား စည်းစိမ်ဥစ္စာချီးမြှင့်ထားတော်မူ၏။ ထိုပေးကမ်းချီးမြှင့်မှု့တို့အား အသင်၏အဝတ်အစားပေါ်တွင် ပေါ်လွင်နေစေရန် ပြုသင့်ပေသည်။ သို့မဟုတ်ပါက မြင့်မြတ်တော်မူသော အရှင်မြတ်သည် အသင့်အား ကုံလုံချမ်းသာမှု့ ပေးထားသောလည်း သူဖုန်းစား၊ မြည်းလှည်းမောင်းသူကဲ့သို့ ပေါက်ပြဲ၊ ဟောင်းနွမ်းနေသော အဝတ်အစားဝတ်ခြင်းသည် ထိုအရှင်၏ စည်းစိမ်ပေးကမ်းမှု့အား ကျေးဇူးမတင်ရာရောက်ပေသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ ပေးကမ်းချီးမြှင့်မှု့အား ပေါ်လွင်စေရန် ကောင်းမွန်လှပသော အဝတ်အစားများအား ဆင်မြန်းရမည်။ တရားတော်မြတ်တွင် ထိုသို့ မိမိသက်တောင့်သက်တာဖြစ်စေရန်၊ သို့မဟုတ် လှပမှု့ တိုးစေရန် အဖိုးတန် အဝတ်စားကောင်းများ ဝတ်ဆင်ခွင့်ရှိသည်။

တမန်တော်မြတ်(ဆွ) တန်ဖိုးကြီးအဝတ်အထည်အား ဆင်မြန်းခြင်းအကြောင်း

မြတ်နဗီ(ဆွ)နှင့် ပတ်သတ်၍ ဤ (အဖိုးတန်အဝတ်အစားဆင်မြန်းတော်မူခြင်း)သည် လွန်စွာကျော်ကြားလှပေသည်ဟု ကျွန်ုပ်ပြောကြားလိုပါသည်။ ကျွန်ုပ်တို့၏(အွရ်ဒူ)ကဗျာဆရာများသည်လည်း ကာလီကမ်လီဝါလေ ဟု မိမိတို့၏ ကဗျာအလင်္ကာများတွင် အထူးပြု ရေးဖွဲ့သီကုံးခဲ့ကြ၏။ မြတ်နဗီ(ဆွ)သည် ရိုးရိုးရှင်းရှင်း၊ သာမန်အခြေအနေနှင့်သာ သန့်ပြန့်စင်ကြင်လှပါသော မိမိသက်တမ်းအား ကုန်ဆုံးခဲ့သည်မှာ မှန်ပေသည်။ ကိုယ်တော်မြတ်(ဆွ)သည် ထူသောအဝတ်အား ဝတ်ဆင်ခဲ့သည်ဟုလည်းကောင်း၊ ထူသောခြုံစောင်များအား အသုံးပြုခဲ့သည်ဟုလည်းကောင်း ဆင့်ပြန်ချက်များ ရှိနေသည်။ ထို့အတူ မြတ်နဗီ(ဆွ)သည် တကြိမ်သောအခါဝယ် ရွှေဒင်္ဂါး နှစ်ထောင်တန်သော ဂျွဗ်ဗဟ်တစ်ထည်အား ဆင်မြန်းခဲ့ကြောင်းလည်း ဆင့်ပြန်ချက်များ ရှိ၏။ ထိုသို့ အဖိုးတန်အဝတ်အစားဆင်မြန်းခဲ့ရခြင်းမှာ အခြားကြောင့်မဟုတ်။ မြတ်နဗီ(ဆွ)၏ လုပ်ရပ်တိုင်းသည် (နောက်လိုက်များအဖို့) ရှရီအသ်ဖြစ်နေပေသည်။ ထို့ကြောင့် ကိုယ်ခန္ဓာသက်တောင့်သက်တာရစေရန်၊ လှပမှု့တိုးစေရန် အဝတ်စားကောင်းများ ဝတ်ဆင်ခြင်းသည် လုပ်ပိုင်ခွင့်ရှိသော အရာဖြစ်ကြောင်း ချိနဲ့သူကျွန်ုပ်တို့အား မြတ်နဗီ(ဆွ)က လက်တွေ့ပြသခဲ့ခြင်း ဖြစ်ပေသည်။
မောကြွားရန်ဝတ်ဆင်ခြင်းမပိုင်။

သို့သော် အကယ်၍ ဝတ်စားဆင်ယင်ရာတွင် လှပမှု့အတွက်၊ ကိုယ်ခန္ဓာသက်တောင့်သက်တာရလိုမှု့အတွက် မဟုတ်ပဲ မောကြွား၊ ပြသရန်ဖြစ်ခဲ့လျှင်၊ "ငါဘယ်လောက် ကောင်းတဲ့ အဝတ်စား ဝတ်ထားတာ... ဘယ်လို Qulity ... ငါကလူချမ်းသာဖြစ်တယ်... ငွေကြေးပြည့်စုံတယ်... "စသည့်ဖြင့် လူအများသိရန် ရည်သန်ခဲ့လျှင် ထိုသို့ ဝတ်ဆင်ခြင်းမှာ မပိုင်ပေ။ ဟရာမ်ဖြစ်၏။
ဆက်ရန် ရှိနေပါသေးသည်.....။
ဘရှီးလေး(မေမြို့)
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger