ကျွန်တော်တို့အားလုံး ဖြေကြားပေးဖို့ နှစ်သက်မိတဲ့ မေးခွန်းလေးတစ်ခုရှိတယ်။ ကျွန်တော်တို့မှာ (ခံစားတတ်တဲ့) နှလုံးသား ရှိပါသလား???
ရှိတာပေါ့လို့ ကျွန်တော်တို့ ပြောမယ်ဆိုရင် အဲ့ဒီ ခံစားတတ်တဲ့ နှလုံးသားက ဘယ်မှာလဲ???
အပိတ်ခံထားရသော၊ မီးရှို့ခံလိုက်ရသော ဗလီဝတ်ကျောင်းတော်ကြီးတွေကတော့ ကယ်ပါ..ကူပါ လို့ ငိုကြွေးကာ အကူညီတောင်းခံနေတယ်။ ကျွန်တော်တို့ညီနောင်တွေ အသတ်ခံနေရတယ်... တိရိစ္ဆာန်များကဲ့သို့ လည်လှီးသတ်ဖြတ်ခံနေရတယ်... နှင်ထုတ်၊ မောင်းချခြင်းကို ခံနေရတယ်... အိမ်မဲ့၊အိုးမဲ့နဲ့ ငတ်မွတ်နေကြရတယ်... လေးဘက်လေးရံကနေ ပိတ်ဆို့တိုက်ခိုက်ခံနေရတယ်... ဖမ်းဆီးခံနေရတယ်... ချုပ်နှောင်ထိန်းသိမ်းခြင်းခံနေရတယ်... ဒဏ်ရာများစွာ ရနေကြရှာတယ်.... ကျွန်တော်တို့ရဲ့ ကြင်နာတတ်တဲ့၊ ခံစားတတ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့ နှလုံးသား ဘယ်ရောက်နေပါသလဲ???
အကယ်၍ ကျွန်တော်တို့ ပြောမယ်... အဲ့ဒီ ဖြစ်ပျက်မှု့တွေကြောင့် သူတို့မိသားစုများနဲ့အတူ ထပ်တူထပ်မျှ ခံစားရပါတယ်၊ ကြေကွဲရပါတယ်၊ ကျွန်တော်တို့ရဲ့ နှလုံးတွေ တစ်စစီဖြစ်မတတ် ခံစားရပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ လိမ်ညာနေတဲ့သူတွေပဲ ဖြစ်လိမ့်မယ်... ကျွန်တော်တို့ရဲ့ ဝမ်းနည်းကြေကွဲမှု့ဟာ အလဟသတ် အချည်းအနှီးပါပဲ။ မှန်ကန်တဲ့စကားတစ်ခုကို နားဆင်ဖို့၊ ဖြစ်ရပ်မှန်တစ်ခုကို သိရှိဖို့ ဆက်လက်ဖတ်ရှု့လိုက်ပါဦးလား.....
ကျွန်တော်တို့ ညီနောင်တွေ ဒုတ်၊ဓါးသံတွေ၊ လုယက်၊ဖျက်ဆီးသူတွေရဲ့ အော်ဟစ်သံတွေ အောက်မှာ အိပ်စက်နေကြရတယ်... သူတို့ အိမ်တွေ ဖြိုချဖျက်ဆီးခံထားရတဲ့ အခြေအနေမှာ မိုးလင်းနေရရှာတယ်...
သူတို့ရဲ့ ဂုဏ်သိက္ခာ၊ အိနြေ္ဒတွေ ရိုက်ချိုးခံရတဲ့အပေါ်မှာ ဝမ်းနည်းလို့မဆုံးဖြစ်နေကြရတယ်.... အပြစ်မဲ့ သားသမိးတွေ သတ်ဖြတ်ခံရမှု့အတွက် ငိုကြွေးနေကြတယ်...
ဒုတ်၊ဓါးနဲ့ မသမာသူတွေရဲ့ ကျည်ဆံတွေကို ကြိုဆိုရင်း... သေခြင်းတရားကို အဆွေသင်္ဂဟဖွဲ့လို့ နေကြရှာတယ်...
အနိုင်ကျင့်မှု့ရဲ့ အောက်မှာ ပြားပြားဝပ်ရင်း အမှုန့်ဖြစ်သွားကြရတယ်... ငတ်မွတ်ဒဏ်ကို အလူးအလဲခံစားကြရတယ်... ရေငတ်မွတ်ဒဏ်ကို အပြင်းအထန် ခံစားနေကြရတယ်...
နေ့စဉ် ဖိနှိပ်ဒဏ်ကြောင့် ကွယ်လွန်အနိစ္စရောက်နေကြတယ်... ညှင်းပမ်းနှိပ်စက်မှု့ကြောင့် အကူညီတောင်းခံနေကြတယ်... သေးသိမ်ပြုခံနေရတဲ့အတွက် အော်ဟစ်နေကြရှာတယ်....
သို့သော်... နားထောင်ပေးတဲ့သူများ ရှိပါ၏လော??? မွတ်စ်လင်မ်တွေ ဘယ်ရောက်နေပါလိမ့်??? မီလျံချီတဲ့ မွတ်စ်လင်မ်လူထု ဘယ်မှာလဲ???
အဖြေကတော့......
အားလုံး အိပ်စက်နေကြပါတယ်။ လမ်းပျောက်လို့ပျောက်မှန်းမသိ ရောက်မိရောက်ရာ လျှောက်နေကြပါတယ်။ ယဟူဒ်၊ နစွာရာနဲ့ ဘာသာခြားများကို တိုးလျှိုးတောင်းပန်ရင်း အသနားခံစာတွေ တင်နေကြပါတယ်။ အစ္စလာမ်နဲ့ မွတ်စ်လင်မ်လူထုတစ်ခုလုံးရဲ့ ရန်သူတွေ ချပြတဲ့ စီမံကိန်းအတိုင်း အကောင်ထည်ဖော်နေကြပါတယ်။ (ကျွန်တော်တို့ နိုင်ငံအတွက်များ ရေးထားသလား ထင်မှတ်ရတယ်)
အိုညီနောင်....
ဒါတွေအားလုံးရဲ့... အခု ဖြစ်ပျက်နေတာတွေအားလုံးရဲ့ အကြောင်းခံဟာ ခေါင်းဆောင်တွေ၊ အုပ်ချုပ်သူလူတန်းစား ဖြစ်တယ်လို့ မထင်လိုက်ပါနဲ့။ အဓိက တရားခံဟာ ကျွန်တော်နဲ့ ညီနောင်ပဲဖြစ်တယ်။ ဒါက ဘယ်လိုပါလိမ့်လို့ မေးခွန်းမေးဦးမလား???
ကျွန်တော်နမူနာအဖြစ် ပြောပြမယ်.... ကျွန်တော်တို့ ဘောလုံးနဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေကြတယ်... ဘောလုံးပွဲမှာ နစ်မွန်းနေကြတယ်... ဘောလုံး သတင်းကို စောင့်မျှော်နေကြတယ်... ဘောလုံးကြောင့် နမားဇ်ကို မေ့လျော့နေကြတယ်.... စဂ်ျဒဟ်မှာတောင် ဘောလုံးအတွက် ဒိုအာလုပ်ကြတယ်... စကားဝိုင်းတွေမှာ ဘောလုံးအကြောင်း ပြောဆိုကြတယ်... ပုဝါမကူ၊ ရေမရှု ငြင်းခုံကြတယ်... ဘောလုံးပွဲကြည့်ဖို့အတွက် ခုံမင်နှစ်သက်ကြတယ်... ရာသီအလိုက်ပွဲများကို စွဲမက်ကြတယ်... ဖလားရဖို့ တိုက်တိုက်တွန်းတွန်း အားပေးကြတယ်... ဘောလုံးသမားများရဲ့ ဒီဇိုင်း၊ပုံစံတွေ နမူနာယူပြီး ဖဝါးခြေထပ် နောက်လိုက်ကြတယ်... ဘောလုံးအသင်းတွေကြောင်း အငြင်းအခုံဖြစ်ကြတယ်... မန်ယူမှ မန်ယူ အာဆင်နယ်မှ အာဆင်နယ် ချဲလ်စီးလ်မှ ချဲလ်စီးလ်ဆိုပြီး ရလဒ်မရှိတဲ့ ငြင်းခုံမှု့တွေ ပြုကြတယ်... အသင်းအလံတွေ လွှင့်ထူထားကြတယ်... အသင်းစတေကာတွေကို နေရာအနှံ့ကပ်ကြတယ်... ဘောလုံးပွဲအတွက် နေပူမိုးရွာမရှောင် သေချင်သေပါစေလို့ ဆုံးဖြတ်ထားကြတယ်...
သီချင်းသံစဉ်လေးများအောက်မှာ အိပ်စက်ကြတယ်... အတွဲပေါင်းများစွာပါဝင်တဲ့ ကို့ယို့ကားယား(ကိုရီးယားလို့နားလည်ဖတ်ရှု့ပါ)ရုပ်ရှင် ဇတ်လမ်းတွဲများ၊ တရုတ်သိုင်းကားများ၊ အချစ်ဇတ်လမ်းတွဲများကို ကြည့်ရှု့ဖို့ အိပ်ရေးပျက်ခံကြတယ်...
ရုပ်ရှင်ဇတ်လမ်းတွေထဲကအတိုင်း လိုက်လုပ်ကြတယ်... ဘယ်မင်းသမီးက ဘယ်လိုဝတ်တာ... ဘယ်ဖုန်းသုံးတာ... ဘယ်လိုကာဗာလေးတပ်ထားတာ... နောက်ဆုံး ဘယ်ကားထဲက Ring Tone က ဘယ်လို... (ကိုယ်တွေ့ဖြစ်ရပ်မို့လို့ ပြောပြတာပါ... သက်မွန်မြင့်ကားထဲက U Have A Call Ring Tone လိုချင်လို့ပါတဲ့။) ဘယ်မင်းသားက ဘယ်လိုစတိုင်လ်နဲ့ လမ်းလျှောက်တာ... ဘယ်လို စကားပြောတာ... အစရှိသဖြင့် တစ်ခုမကျန် ပုံတူကူးချနေကြတယ်...
ရုပ်ရှင်ရုံထဲမှာ မွတ်စ်လင်မ်အများဆုံး ဖြစ်နေတယ်... ပြဇတ်တွေကို ခုံမင်နေကြတယ်... သရုပ်ဆောင်တွေ၊ ဟာသမင်းသားတွေကို နှစ်သက်နေကြတယ်... ဒီအပတ် နောက်ဆုံး ဘာကားထွက်လဲလို့ မေးမြန်းနေကြတယ်... နောက်ဆုံးပေါ် ဒီဇိုင်းကို ဝတ်ဆင်ကြတယ်...
နှုတ်ကျိုးသည်အထိ သီချင်းကို ထပ်ထပ်ခါခါ ဆိုနေကြတယ်... ကျမ်းမြတ်ကုရ်အာန်ကတော့ စွန့်ပယ်ခံဘဝ ရောက်နေရရှာတယ်...
အရေမရ အဖတ်မရ စကားတွေမှာ အချိန်ဖြုန်းနေကြတယ်... အချိန်နဲ့အခွင့်အရေးကို အသုံးချမိအောင် တိတိကျကျ လုပ်ကိုင်ဖို့ ပြောဆိုလာသူတွေကို ဒေါသပြကြတယ်...
အစ္စလာမ်သာသနာကို ဖျက်လို့ဖျက်ဆီး လုပ်နေကြတယ်... ဟိရိသြတ္တပတရားကင်းမဲ့တဲ့ အနောက်တိုင်း ယဉ်ကျေးမှု့ကိုမှ အထင်ကြီးလေးစားကြတယ်... ချစ်ခင်တွယ်တာကြတယ်....
ပြီးတော့ ကျွန်တော်တို့ ပြောကြတယ်... ငါတို့ ဘာတတ်နိုင်မှာလဲ???
အင်န်နာလစ်လာဟိ ဝအင်န်နာ အိလိုင်းဟိ ရာဂျိအူးန်...။
ကျွန်တော်တို့ညီအစ်ကိုတွေရဲ့ သားသမီးတွေက အိုအရှင် ကျွန်တော်တို့တွေကို ကာဖရ်တွေအပေါ် အောင်မြင်မှု့ရစေရန် ကူညီတော်မူပါ လို့ တောင်းဆုပြုနေကြတယ်... ကျွန်တော်တို့ သားသမိးတွေက ဟောလီးဝုဒ်မင်းသားမင်းသမီးတွေရဲ့ အတုယူနေတယ်... ဘောလီးဝုဒ်မင်းသားမင်းသမီးတွေအတိုင်း နေထိုင်ကြတယ်...။
တနေရာမှာ လူငယ်တစ်ချို့က အိုမွေးမြူဖန်ဆင်းတော်မူသောအရှင် ကျွန်တော်တို့ အရှင့်သာသနာကွန့်မြူးရေးလမ်းစဉ်မှာ သေသေ၊ရှင်ရှင် ကြိုးပမ်းဖို့အသင့်ပါပဲလို့ ကတိကဝတ်ပေးနေကြတယ်... နောက်တစ်နေရာ လူတစ်စုက ဘုန်းဘုန်းကယ်ပါ... ဦးပုဇင်းကယ်ပါ...လုပ်နေတယ်။
ဟိုမှာ အဲ့ဒီဘုန်းကြီးကို ဘယ်သူသတ်မလဲလို့ မေးခွန်းထုတ်နေတယ်... ကျွန်တော်တို့ကတော့ သန်းချီတဲ့အမြတ် ဘယ်သူရသွားနိုင်လဲဆိုတာကို ပြောဆိုနေကြတယ်...။
ဟိုမှာ နာကျင်မှု့ကြောင့် အားး အားးး အော်နေတယ်... ကျွန်တော်တို့ကတော့ ဘောလုံးပွဲရှုံးလို့၊ စီးပွားရေးမှာ အမြတ်အစွန်းနည်းလို့ တကျွတ်ကျွတ် တအားးအားးး အော်နေကြတယ်...။
အိုညီနောင်....
ကျွန်တော်တို့ အော်နေကြတယ်... အလ္လာဟ်အရှင်မြတ်ရဲ့ အကူညီဘယ်တော့လာမလဲ... ဘယ်တော့လာမလဲဆိုပြီး။ ကျွန်တော်တို့ အထက်တင်ပြတဲ့ ပုံစံအတိုင်းရှိနေမှတော့ အလ္လာဟ်ရဲ့အကူညီဘယ်တော့လာမလဲ??? မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က အမိန့်ရှိထားတယ်.... အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အကယ်၍ အသင်တို့သည် ငါအရှင်မြတ်၏ သာသနာအတွက်လည်းကောင်း တမန်တော်မြတ်(ဆွ)အားလည်းကောင်း ကူညီကြပါလျှင် ငါအရှင်မြတ်သည်လည်း အသင်တို့အား ကူညီတော်မူမည်။ စစ်မက်တိုက်ခိုက်ရာတွင်လည်း အသင်တို့၏ ခြေများအား ကြံ့ကြံ့ခိုင်စေမည်။ မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က မိမိကတိကို ဖျက်နေတာလား၊ အသင်က စည်းကမ်းချက်ကို ပြည့်ဝအောင် မလုပ်တာလား???
ကောင်းပြီ... ကျွန်တော်ပြောတာကို ထောက်ခံဖို့ထက် မိမိကိုယ်မိမိ သုံးသပ်ကြည့်ရအောင် ညီနောင်ကို ကျွန်တော်ကတော့ မေးလိုက်ပြီနော်။
ညီနောင့်အနေနဲ့......
အိုညီနောင်...
ကျွန်တော်တို့အားလုံး ပြောကြတယ်... ဗလီဝတ်ကျောင်းတော်တွေ အပိတ်ခံရမှု့ကနေ လွတ်မြောက်စေချင်ကြတယ်.... မွတ်စ်လင်မ်တွေ အကူညီရဖို့ လိုလားကြတယ်...။ ဗလီဝတ်ကျောင်းတော်တွေ အပိတ်ခံရမှု့ကနေ လွတ်မြောက်စေဖို့ထက် အရင် ကျွန်တော်တို့ရဲ့ စိတ်ရိုင်းတွေ၊ ကျွန်တော်တို့ရဲ့ သေနေတဲ့ နှလုံးသားတွေကို အရှင်မြတ်မနှစ်သက်တဲ့နေရာတွေကနေ လွတ်မြောက်အောင် အရင်လုပ်ရမယ်.... ဒါဟာ ကျွန်တော်တို့အတွက် အမှန်ကန်ဆုံးသော လမ်းပေါ်မှာ စလျှောက်ခြင်းပဲ ဖြစ်လိမ့်မယ်။ အခုချိန်ကစပြီး အမြဲတမ်းအတွက် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီးတော့ ခိုင်မာ၊ပြတ်သားတဲ့ ရည်ရွယ်ချက်တစ်ခုကို ချလိုက်ပါ။
အိုညီနောင်...
အချင်းချင်း မကူမညီနဲ့ နေထိုင်ခြင်း၊ အလုပ်လုပ်ဖို့ အချိန်ဆွဲခြင်း၊ ပျင်းရိခြင်းတွေကို စွန့်လွှတ်ပြီး လက်တွေ့ကျကျ ကြိုးစားလုပ်ကိုင်လိုက်ပါ။
အိုညီနောင်...
ညီနောင်ဟာ အကောင်းဆုံး အွမ်မသ်ရဲ့ သားစဉ်မြေးဆက်ထဲက လူတစ်ဦးဖြစ်တယ်။ ဒါကြောင့် စိတ်ဓါတ်တွေကို မြှင့်တင်လိုက်ပါ... ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချလိုက်ပါ... ရဲစိတ်ရဲမာန်ပြည့်ဝတဲ့ ကျားတစ်ကောင်လို ရုန်းကန်လှုပ်ရှားပါ... မိမိစိတ်ကို အမြဲပြောပေးပါ... ကြိုးစားဖို့အတွက် ငါနဲ့အတူ အလုပ်ရှိတယ်... အကူအညီရဖို့ ငါ့နှလုံးသားမှာ မျှော်လင့်ချက်တွေ ထိန်ထိန်လင်းနေတယ်... ကြုံဆုံလာရမယ့် အခက်အခဲတွေအတွက် ငါအသင့်ရှိတယ်....။
အိုညီနောင်...
မိမိစိတ်နဲ့ မိမိအိမ်မှာ အရှင့်အကူအညီရောက်လာအောင် အရင်ကြိုးစားပါလေ... အရှင်မြတ်က အသင့်ကို ကူညီစောင့်ရှောက်ပါလိမ့်မယ်။
အိုညီနောင်...
ဂုဏ်ယူဝင့်ကြွားထိုက်တဲ့ စိတ်ဓါတ်ပိုင်ရှင်ဖြစ်အောင်၊ နှလုံးရည်ပြည့်ဝတဲ့သူ ဖြစ်အောင် နေထိုင်ပါ... လောကီသက်တမ်းမှာ သာသနာ့အလုပ်အတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ခွင့်ရအောင် ရည်မှန်းချက်ထားပါ။ ရည်မှန်းချက် ထားပြီးနောက် အမြန်ဆုံး အကောင်အထည်ဖော်ပါ။ ဆုံးဖြတ်ချက်ပြီးနောက် မရမနေ လက်မလျော့ပဲ ပြုလုပ်ပါ။ ညီနောင် မှတ်သားထားပါ... နောက်ဆုံးတန်းမှာ နေရခြင်းကို ကြေနပ်နှစ်သက်သူဟာ ဂုဏ်ယူဖွယ်ရာအရာတွေကို မရရှိဖူး။
အင်န်ရှာအလ္လာဟ် ကဗျာလေးကိုလည်း ဆက်လက် မျှဝေပေးသွားပါဦးမည်.....။
မှတ်ချက်။ ။ ဒီဆောင်းပါးလေးက ဆွိုင်ဒွလ်ဖဝါအစ်ဒ် ဆိုက်မှာ မတ်စ်ဂျိဒေ အက်စွာ(ဗိုင်သွလ်မုကဒ္ဒတ်စ်ကျောင်းတော်) နဲ့ ပါလစ္စတိုင်းနိုင်ငံသား မွတ်စ်လင်မ်များအတွက် ခံစားပြိး ရေးသားထားတဲ့ အရဗီဆောင်းပါးလေးပဲဖြစ်တယ်။ တိုက်ဆိုင်မှု့တွေ အများကြီးရှိနေတဲ့အတွက် နားလည်ရလွယ်လွယ်နဲ့ မြင်သာထင်သာရှိအောင် ကျွန်တော်တို့ ဝိုင်းတော်သူ/သားများ အားလုံးကို ပြန်လည် မျှဝေပေးခြင်းပဲဖြစ်ပါတယ်။

- ၁။ ဖဂ်ျရ်နမားဇ်ကို ဂျမာအသ်နဲ့တကွ စွဲစွဲမြဲမြဲဖတ်နေပါလျှက် အကူအညီ မလာတာလား???
- ၂။ နမားဇ်ငါးကြိမ်ကို ဂျမာအသ်နဲ့တကွ စွဲစွဲမြဲမြဲဖတ်နေပါလျှက် အကူအညီ မတွေ့ရတာလား???
- ၃။ ဘောလုံးပွဲကို လွှတ်ပြီး နမားဇ်ဖတ်ဖို့ သွားနေပါလျှက်နဲ့ အကူအညီ မရောက်တာလား???
- ၄။ ကျမ်းမြတ်ကုရ်အာန်ကို ဖွင့်ဖတ်ပြီး၊ မသိနားမလည်တာတွေကို သင်ယူနေပါလျှက် ကူညီမှု့ ကင်းမဲ့နေရတာလား???
- ၅။ သီချင်းနားထောင်ခြင်း၊ ရုပ်ရှင်ဗီဒီယိုကြည့်ခြင်းကို စွန့်လွှတ်ထားပါလျှက် ကူညီမှု့တွေကနေ ဝေးကွာနေရတာလား???
- ၆။ ဟဇရသ် အုမရ်(ရသွေ့)သခင်ကြီးနဲ့ ဟဇရသ် ဆွလာဟွဒ်ဒီးန် အိုင်ယူဗီ(ရဟေ့)သခင်ကြီးကို ခေါင်းဆောင်အဖြစ် တင်ထားပါလျှက် အကူအညီမရတာလား???
- ၇။ အစ္စလာမ်နဲ့ မွတ်စ်လင်မ်တွေကို ကူညီပံ့ပိုးပေးဖို့ ပြည့်ပြည့်ဝဝကြိုးစားနေပါလျှက် အရှင့်ရဲ့ အကူအညီမရှိတာလား???
- ၈။ သဟဂျွဒ်အချိန်ထပြီးး မိမိညီနောင်တွေအတွက် အလ္လာဟ်အရှင်မြတ်ထံပါးမှာ ငိုယိုကာ ဒိုအာလုပ်နေပါလျှက် အရှင်က အကူအညီ မပေးတာလား???
- ၉။ ဘာသာခြားတွေရဲ့ ယဉ်ကျေးမှု့ကို စွန့်ပယ်ပြီး ကိုယ့်ညီမ၊ အစ်မ၊ အမေ၊ မိန်းမကို မုန့်ဖက်ထုပ် ဖက်ပတ်ထားသလို မဝတ်စေပဲ အစ္စလာမ့်ရှရီအသ်နဲ့အညီ ဟိဂျာဘ်နဲ့ အပြင်ထွက်ခိုင်းပါလျှက် ကူညီမှု့မရတာလား???
- ၁၀။ ဘာသာခြား အသုံးအဆောင်၊ အစားအသောက်တွေကို boycott လုပ်ထားပါလျှက် အကူအညီ မတွေ့ရတာလား???
အိုညီနောင်...
ကျွန်တော်တို့အားလုံး ပြောကြတယ်... ဗလီဝတ်ကျောင်းတော်တွေ အပိတ်ခံရမှု့ကနေ လွတ်မြောက်စေချင်ကြတယ်.... မွတ်စ်လင်မ်တွေ အကူညီရဖို့ လိုလားကြတယ်...။ ဗလီဝတ်ကျောင်းတော်တွေ အပိတ်ခံရမှု့ကနေ လွတ်မြောက်စေဖို့ထက် အရင် ကျွန်တော်တို့ရဲ့ စိတ်ရိုင်းတွေ၊ ကျွန်တော်တို့ရဲ့ သေနေတဲ့ နှလုံးသားတွေကို အရှင်မြတ်မနှစ်သက်တဲ့နေရာတွေကနေ လွတ်မြောက်အောင် အရင်လုပ်ရမယ်.... ဒါဟာ ကျွန်တော်တို့အတွက် အမှန်ကန်ဆုံးသော လမ်းပေါ်မှာ စလျှောက်ခြင်းပဲ ဖြစ်လိမ့်မယ်။ အခုချိန်ကစပြီး အမြဲတမ်းအတွက် မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီးတော့ ခိုင်မာ၊ပြတ်သားတဲ့ ရည်ရွယ်ချက်တစ်ခုကို ချလိုက်ပါ။
အိုညီနောင်...
အချင်းချင်း မကူမညီနဲ့ နေထိုင်ခြင်း၊ အလုပ်လုပ်ဖို့ အချိန်ဆွဲခြင်း၊ ပျင်းရိခြင်းတွေကို စွန့်လွှတ်ပြီး လက်တွေ့ကျကျ ကြိုးစားလုပ်ကိုင်လိုက်ပါ။
အိုညီနောင်...
ညီနောင်ဟာ အကောင်းဆုံး အွမ်မသ်ရဲ့ သားစဉ်မြေးဆက်ထဲက လူတစ်ဦးဖြစ်တယ်။ ဒါကြောင့် စိတ်ဓါတ်တွေကို မြှင့်တင်လိုက်ပါ... ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချလိုက်ပါ... ရဲစိတ်ရဲမာန်ပြည့်ဝတဲ့ ကျားတစ်ကောင်လို ရုန်းကန်လှုပ်ရှားပါ... မိမိစိတ်ကို အမြဲပြောပေးပါ... ကြိုးစားဖို့အတွက် ငါနဲ့အတူ အလုပ်ရှိတယ်... အကူအညီရဖို့ ငါ့နှလုံးသားမှာ မျှော်လင့်ချက်တွေ ထိန်ထိန်လင်းနေတယ်... ကြုံဆုံလာရမယ့် အခက်အခဲတွေအတွက် ငါအသင့်ရှိတယ်....။
အိုညီနောင်...
မိမိစိတ်နဲ့ မိမိအိမ်မှာ အရှင့်အကူအညီရောက်လာအောင် အရင်ကြိုးစားပါလေ... အရှင်မြတ်က အသင့်ကို ကူညီစောင့်ရှောက်ပါလိမ့်မယ်။
အိုညီနောင်...
ဂုဏ်ယူဝင့်ကြွားထိုက်တဲ့ စိတ်ဓါတ်ပိုင်ရှင်ဖြစ်အောင်၊ နှလုံးရည်ပြည့်ဝတဲ့သူ ဖြစ်အောင် နေထိုင်ပါ... လောကီသက်တမ်းမှာ သာသနာ့အလုပ်အတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ခွင့်ရအောင် ရည်မှန်းချက်ထားပါ။ ရည်မှန်းချက် ထားပြီးနောက် အမြန်ဆုံး အကောင်အထည်ဖော်ပါ။ ဆုံးဖြတ်ချက်ပြီးနောက် မရမနေ လက်မလျော့ပဲ ပြုလုပ်ပါ။ ညီနောင် မှတ်သားထားပါ... နောက်ဆုံးတန်းမှာ နေရခြင်းကို ကြေနပ်နှစ်သက်သူဟာ ဂုဏ်ယူဖွယ်ရာအရာတွေကို မရရှိဖူး။
အင်န်ရှာအလ္လာဟ် ကဗျာလေးကိုလည်း ဆက်လက် မျှဝေပေးသွားပါဦးမည်.....။
မှတ်ချက်။ ။ ဒီဆောင်းပါးလေးက ဆွိုင်ဒွလ်ဖဝါအစ်ဒ် ဆိုက်မှာ မတ်စ်ဂျိဒေ အက်စွာ(ဗိုင်သွလ်မုကဒ္ဒတ်စ်ကျောင်းတော်) နဲ့ ပါလစ္စတိုင်းနိုင်ငံသား မွတ်စ်လင်မ်များအတွက် ခံစားပြိး ရေးသားထားတဲ့ အရဗီဆောင်းပါးလေးပဲဖြစ်တယ်။ တိုက်ဆိုင်မှု့တွေ အများကြီးရှိနေတဲ့အတွက် နားလည်ရလွယ်လွယ်နဲ့ မြင်သာထင်သာရှိအောင် ကျွန်တော်တို့ ဝိုင်းတော်သူ/သားများ အားလုံးကို ပြန်လည် မျှဝေပေးခြင်းပဲဖြစ်ပါတယ်။
ဒီဆောင်းပါးလေးကို
ဖတ်ပြီးတော့ မတိုက်ဆိုင်တဲ့ သဘောထားများ ရှိခဲ့ရင် ကွန်မန့်အဖြစ်နဲ့
ဆေးမဆိုးထားတဲ့ မိမိအမြင်ကို လွတ်လပ်စွာ မျှဝေပေးခဲ့ပါရန်နှင့် အစ္စလာမ်နဲ့
မွတ်စ်လင်မ်တွေ လုံခြုံမှု့ရှိစေဖို့ ကျွန်တော်တို့ ဘာလုပ်ကြမလဲဆိုတာကို
နှလုံးသားရှိသူတိုင်း ကွန်မန့်ပေးခဲ့ပါလို့ တောင်းဆိုရင်းးးးးးးးးးးးးး
ဘရှီရွလ္လာဟ် ဖာရိုကီ
Post a Comment