အသိပေးခြင်း
က
Home » , » အတွေးအခေါ်တိုက်ပွဲ

အတွေးအခေါ်တိုက်ပွဲ

အတွေးအခေါ်တိုက်ပွဲဆိုတာကို သိတဲ့သူလည်း ရှိသလို မသိသေးတဲ့ ဝိုင်းတော်သူ၊ ဝိုင်းတော်သားများလည်း ရှိနေပေလိမ့်မည်။ သို့သော် သို့သော်သည်ကား ရှေ့ရှိစကားအား ပယ်ဖျက်ကာ၊ လာမည့်စကားအား အတည်ပြုပေးရန် ဖြစ်၏။
အတွေးအခေါ်တိုက်ပွဲအား လွယ်ကူစွာ နားလည်ရသော် ........
လက်နက်များဖြင့် တိုက်ရသော စစ်ပွဲထက်ကြောက်စရာကောင်းပြီး ထိရောက်သည်ဟု မှတ်သားနိုင်ပေမည်။ လူမျိုးစုတစ်စုအား လွှမ်းမိုးရန် အကောင်းဆုံးသော ကြိုးစားမှု့တစ်ခုဖြစ်ပေမည်။
အဘယ်ကြောင့်ဆိုသော်.....
အတွေးအခေါ်ဟူသည် လူသားထံသို့ မသိမသာ ခိုးဝင်လာသော မမြင်နိုင်သည့် လက်ဖြောင့်တပ်သားပင်ဖြစ်၏။ မြင်သာသော ရန်သူအား လက်ဦးမှု့မယူနိုင်၍ အတိုက်ခံရလင့်ကစား ထင်ထင်ပေါ်ပေါ် ရှိနေသောကြောင့် ပြန်လည်ခုခံနိုင်၏။ သို့သော် မမြင်ရသော ရန်သူအား လက်ဦးတိုက်ခိုက်ရန်ဝေးစွ။ တိုက်ခိုက်နေခြင်းကိုပင် မသိနိုင်သောကြောင့် တိုက်ပွဲပြီးသည်အထိ ပြန်လည်တုန့်ပြန်မှု့မလုပ်နိုင်ပဲ အကြီးအကျယ် ရှုံးနှိမ့်တတ်ရ၏။
ရံဖန်ရံခါ ထိုအတွေးအခေါ်သည် ကုမရနိုင်သော ရောဂါအဖြစ် တိုက်ခိုက်ခံရသော လူမျိုးစုတွင် ကျန်ရစ်နေခဲ့ပြီး ထိုလူမျိုးစုတို့မှာ အလွန်သေးသိမ်စွာ ဘဝသက်တမ်းအား မွေးမြူရလေသည်။ ထို့ကြောင့် ကျွန်တော်တို့အနေနှင့် ထိုအကြောင်းအရာအား ကောင်းစွာ သိသင့်ပေသည်။
အတွေးအခေါ် တိုက်ပွဲဟူသည် လက်နက်မပါပဲ ဘယ်လိုတိုက်လဲ???
အတွေးအခေါ်ဖြင့် တိုက်ရာတွင် နည်းလမ်းများစွာ ရှိသည့်အနက် အတွေးအခေါ်လွှမ်းမိုးရာတွင် အသုံးပြုလေ့ရှိသောပုံစံ ဆယ်ခုအား ဥပမာအဖြစ် တင်ပြလိုက်ပါသည်။ လေ့လာကြည့်ကြပါစို့......။
  • ၁။ ကာဖရ်မွရှ်ရစ်က်တို့သည် မိမိတို့၏ အတွေးအခေါ်၊ အယူအဆများအား လွှမ်းမိုးနိုင်စေရန်အတွက် မိမိတို့၏ လမ်းစဉ်သာလျှင် အကောင်းမွန်ဆုံးဖြစ်သည်ဟု ကြွေးကျော်ကာ မွတ်စ်လင်မ်လူငယ်များ၏ ဦးဏှောက်အား လွှမ်းမိုးမှု့ ပြုကြသည်။ ဘာသာရေးရှု့ထောင့်တွင် အစ္စလာမ်နှင့်မွတ်စ်လင်မ်တို့အား အကြမ်းဖက်ဟုပြောကာ မိမိတို့၏ ဘာသာအား အကြမ်းဖက်ခြေမှုန်းသူများဟု ခေါင်းစဉ်တပ်ပေးကြသည်။ မစ်ဝါးက်တိုက်ခြင်းထက် သွားတိုက်ဆေး၊သွားတိုက်တံသုံးခြင်းအား ရှု့ထောင့်ပေါင်းစုံမှ ကောင်းကြောင်းတင်ပြကြသည်။ ပြောဆိုသည့် ဘာသာစကားတွင်လည်း အင်္ဂလိပ်စကားပြောမှသာ ခေတ်မှီသည်ဟု ထင်မှတ်လာအောင် အတွေးအခေါ်အရောင်ဆိုးပေးကြသည်။ ကိုယ်ကျင့်တရားအ၇ာတွင်လည်းကောင်း၊ ဓလေ့ထုံးလမ်းစဉ်လာများတွင်လည်းကောင်း ထိုသို့ပြုမူလေ့ရှိကြသည်။ ဤသည်ကို နားမလည်သော ကျွန်တော်တို့၏ ညီနောင်များ၊ ညီမငယ်များက ၎င်းတို့၏ ပြောဆိုမှု့များတွင် လှည့်ဖြားခံရကာ ရှု့မလှတိုက်ပွဲကျနေကြတော့လေသည်။
၂။ မွတ်စ်လင်မ်များအနက် ငွေကြေးပြည့်စုံပြီး၊အထက်တန်းကျသော မြို့မျက်နှာဖုံးအသိုင်းအဝိုင်းအား မိမိတို့၏ နိုင်ငံ၊အရပ်ဒေသသို့ ပညာသင်အဖြစ် ခေါ်ယူကာ အတွေးအခေါ် စိမ့်ဝင်စေကြသည်။ ၎င်းပညာသင်များ မိမိရပ်ရွာ၊နိုင်ငံသို့ ပြန်ရောက်လာသည့်အခါ ရပ်မိ၇ပ်ဖများက အထင်ကြီး၊လေးစားကာ ဂုဏ်ပေးကြတော့လေသည်။ မြင့်မားသည့် အဆင့်အတန်းပေး၍ ကြီးကျယ်သော အလုပ်အကိုင်များ လုပ်ကိုင်စေကြ၏။ ထိုပညာသင်များကလည်း အဝတ်အစား၊အနေအထိုင်၊အပြောအဆို အရာအားလုံးအား ပုံစံပြောင်းကျင့်သုံးကြသည့်အပြင် ဘယ်လိုဝတ်၊ ဘယ်လိုစားမှ လူလေးစားခံရတာဟု ဆိုကာ အခြားသူများအား မိမိတို့၏ နောက်လိုက်ဖြစ်စေရန် သိမ်းသွင်းကြ၏။ မိမိမြင်တွေ့ဖူးခဲ့သော ဓလေ့များ၊ ဖတ်ဖူးခဲ့သော သင်ရိုးများအတိုင်း ပြန်လည်ပို့ချကာ မိမိကိုယ်တိုင် အတွေးအခေါ်ကျွန်ပြုခံထားရသကဲ့သို့ အခြားသူများကိုပါ ကျွန်ဖြစ်စေတော့လေသည်။ ထိုသို့ အထက်တန်းလွှာမှ ပြုလုပ်လာကြသဖြင့် ခေတ်မှီခြင်း၏ ခေါင်းစဉ်အောက်တွင် အခြားသူများသည်လည်း စံနမူနာထားကာ ဖဝါးခြေထပ်လိုက်လုပ်ကြ၏။ ဤသို့ဖြင့် အဆင့်အတန်းမှီရေး၊ ရာထူးဂုဏ်ရရှိရေးအတွက် အတုယူရင်း မသိနားမလည်သော ကျွန်တော်တို့၏ ညီနောင်များ၊ညီမငယ်များ ပျက်ဆီးကြတော့လေသည်။
  • ၃။ စာပေလွှမ်းမိုးခြင်းသည်လည်း အတွေးအခေါ်တိုက်ပွဲ၏ နည်းမျိုးစုံအနက် တစ်ခုဖြစ်ပြီး အလွန်ထိရောက်သည့် တိုက်ကွက်ဖြစ်သည်ဟု ပြောစမတ်ပြုကြသည်။ အထူးသဖြင့် အစ္စလာမ်နှင့် မွတ်စ်လင်မ်တို့အတွက် အလွန်အရေးပါသော အရဗီစာပေအား ဖျက်ဆီးကာ အင်္ဂလိပ်၊ပြင်သစ်နှင့် အခြားဘာသာခြားစာပေများလွှမ်းမိုးလာခြင်းသည် ကျွန်တော်တို့အတွက် အလွန်ကြောက်မက်ဖွယ် ဆုံးရှုံးမှု့နှင့် ရင်ဆိုင်ရဖြစ်ပေမည်။ မွတ်စ်လင်မ်အွမ်မသ်သည် အရဗီစာပေအား ကောင်းစွာနားမလည်၊ သဒ္ဒါမသိ၊ အသုံးအနှုံးဝေါဟာရမသိဖြစ်လျှင် အရဗ်လူမျိုးဖြစ်လင့်ကစား ကုရ်အာန်နှင့်ဟဒီးဆ်အား နားလည်ရန်လုံးဝ မဖြစ်နိုင်တော့ပေ။ ထို့ကြောင့် အရဗ်ကမ္ဘာတွင် အမ်ယာအ် (ခေါ်) ဈေးစကား တွင်ကျယ်စွာပြောဆိုပြီး ဖက်ရှင်အမည်တပ်ကာ တိုက်ခိုက်ကြသည်။ ထို့နောက် အင်္ဂလိပ်စကားလုံးများအား တွဲဖက်အသုံးပြုကာ အရဗ်လူမျိုးများအား အရဗီစာပေနှင့်ဝေးကွာအောင် ပြုလုပ်ကြသည်။ ဤသို့ဖြင့် အရဗ်လူမျိုးတို့သည် ကုရ်အာန်နှင့်ဟဒီးဆ်တော်များ အနှစ်အရသာများမှ ဝေးကွာကာ ပျက်ဆီးခြင်းပေါင်းစုံ၏ စုစည်းရာဖြစ်နေတော့လေသည်။ (မှတ်ချက်။       ။ ရွှေခေတ်တွင် အရဗီစာပေသည် ပြောဆိုရာတွင်လည်းကောင်း ရေးသားရာတွင်လည်းကောင်း တစ်ပုံစံတည်းသာဖြစ်သည်။) ထိုနည်းတူစွာ ကျွန်တော်တို့၏ ဦးနှောက်များတွင်လည်း အင်္ဂလိပ်စာပေ လွှမ်းမိုးမှု့များ ဖြစ်လာသောကြောင့် ငယ်ရွယ်သည့် မိမိရင်သွေးများအား ILBC ၊ YIS ၊ Horizon ၊ MISY နှင့် အခြား သံရုံးကျောင်းများတွင် ငွေကြေးမြောက်များစွာ အကုန်ကျခံထားကြသည်။ တစ်လလျှင် သုံးလေးငါးရာသာ ပေးရသော၊ လခမဲ့ အစ္စလာမ့်ဘာသာရေးကျောင်းများ၊ မက်သဗ်များတွင် တနေ့တစ်နာရီအချိန်ပေးရန် မလိုလားကြတော့ပေ။ သားက ILBC တတ်နေရတာ... ဟိုမှာက နိုင်ငံတကာ အဆင့်မှီ သင်နေရတော့ အရမ်းပင်ပန်းတယ်... အရဗီကျောင်းထားမယ်ဆိုရင် ကလေးအတွက် အရမ်းပိသွားမယ်... အဆင်မပြေဖူးဟု ဆိုကြလေသည်။ ဤသို့ဖြင့် ထိုကလေးငယ်များ ကြီးလာသောအခါ အစ္စလာမ်ဟူသည် အဘယ်အရာနည်းဟု သိလိုပါက Wikipedia ဆိုက်တွင် ရှာဖွေနေရတော့လေသည်။ ကဘရ်၌မေးမြန်းမည့် မေးခွန်းများအား မည်သည့် Search Engine တွင် ရှာဖွေကြမည်နည်း။ ဤသို့ နှစ်ဘဝဆုံးရှုံးရခြင်းသည် အတွေးအခေါ်တိုက်ပွဲတွင် ကျရှုံးရခြင်း၏ ရလဒ်ပင်။
၎။ ကျောင်းများ၊ တက္ကသိုလ်များ၊ နေ့ကလေးထိန်းကျောင်းများ၊ ရင်သွေးငယ်များအား ပြုစုပျိုးထောင်ပေးသောကျောင်းများ၊ ဆေးရုံများ၊ ဆေးပေးခန်းများအား လာရောက်ဖွင့်လစ်ကြပြီး မိမိတို့၏ ညစ်ညမ်းရည်ရွယ်ချက်များအား အကောင်အထည်ဖော်ကြသည်။ ကလေးငယ်များမှစ၍ လူငယ်၊ လူလတ်၊ လူကြီးမကျန် အားလုံးကို အစ္စလာမ့်ယဉ်ကျေးမှု့နှင့် ဝေးကွာစေကြသည်။ တဖြည်းဖြည်းနှင့် ထိုကဲ့သို့ အဖက်ဖက်မှ အော်ပရေးရှင်းအလုပ်ခံထားရသော အနောက်နိုင်ငံလုပ် ပညာတတ်စက်ရုပ်များ နေရာရလာသောအခါ အစ္စလာမ်ယဉ်ကျေးမှု့၊ လူနေမှု့စနစ်၊ ရှရီအသ်၏အမိန့်တော်များအတိုင်း ကျင့်ကြံမှု့အား fanatacism (အယူသည်းခြင်း)၊ militarization (စစ်သွေးကြွပြုလုပ်ခြင်း)၊ terrorism (အကြမ်းဖက်ဝါဒ)ဟု သင်ကြားပေးတော့လေသည်။ ဤသို့ဖြင့် ကျွန်တော်တို့၏ လက်ရှိအွမ်မသ်သည် မျက်ကန်း၊နားကန်း၊ ဒုက္ခိတဘဝတွင်ရောက်နေကာ ရန်သူ၏ တိုက်ခိုက်ခံရမှု့အား မသိ၊မမြင်၊မကြားကာ အလူးအလဲ ရှုံးနိမ့်နေရတော့သည်။
  • ၅။ သင်ရိုးညွှန်းတမ်း၊ နိုင်ငံရေးလုပ်ထုံးစဉ်လာများနှင့် အုပ်ချုပ်မှု့နည်းပညာတို့အား ထင်ပေါ်သည့်ပုံစံဖြင့်ဖြစ်စေ၊ မသိမသာဖြစ်စေ တိုက်ခိုက်ခြင်းဖြစ်သည်။ အကြောင်းမှာ- မိမိရေးစွဲထားသော သင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားတတ်မြောက်လာသောသူသည် မိမိပြပေးသော လမ်းပေါ်တွင် လျှောက်လှမ်းနေသူသာ ဖြစ်လေ့ရှိသည်။ ထိုသင်ရိုးအတိုင်း မဖတ်လျှင် ရာထူးမရစေခြင်း၊ အလုပ်ကိုင်မပေးရခြင်းမှာ မိမိရေးစွဲထားသည့် သင်ရိုးညွှန်းတမ်းအား မဖတ်မနေရအောင် ပြုလုပ်ထားခြင်းဖြစ်ပေသည်။ တဖန် သင်ယူတတ်မြောက်ပြီးနောက် လူ့အမြင်ပညာတတ်များသည် ဘာသာခြားတို့၏ ကြိုးဆွဲရာ ကရတော့လေသည်။ အုပ်ချုပ်မှု့စနစ်၊ နိုင်ငံရေးလုပ်ထုံးစဉ်လာများ တစ်ထပ်တည်းကျသွားခြင်းအားဖြင့် လက်နက်ဖြင့် တိုက်ခိုက်ကာ နယ်ချဲ့ရန် မလိုအပ်တော့ပဲ အလိုအလျောက် လက်အောက်ခံနိုင်ငံ ဖြစ်သွားတော့လေသည်။ ဤအချက်အား သတိမမူသော ကျွန်တော်တို့၏ အစ္စလာမ်နိုင်ငံများသည်လည်း ဒီမိုကရေစီ၏ တိုက်စားမှု့အား ခံနိုင်ရည်မရှိပဲ အနောက်နိုင်ငံ၏ လက်အောက်ခံဖြစ်နေရတော့လေသည်။ ဒီမိုကရေစီအား မကောင်းပြောလျှင် ဆန့်ကျင်လျှင် စာရေးသူ ကျွန်တော့်အား ကျောက်ခေတ်လူသားဟု လှောင်ပြောင်ကြမည်။ ခေတ်အမြင်မရှိသူဟု သမုတ်ကြမည်။ အမြင်ကျဉ်းသူဟု သတ်မှတ်ကြမည်သာ။ သို့သော် အမှန်တရား ပြောဆိုရန်အတွက် ထိုဝေဖန်လှောင်ပြောင်မှု့များသည် အင်န်ရှာအလ္လာဟ် ကျွန်တော့်အတွက် အဟန့်အတားတစ်ခု မဖြစ်နိုင်ပေ။ အင်န်ရှာအလ္လာဟ် လေတိုက်တိုင်း မယိမ်းရ၏ ကျန်အပိုင်းများအား ယခုနှစ် ကျောင်းပိတ်ရက်တွင် ဆက်လက်ရေးသွားပေးသွားမည်။ မကောင်းပြောသည်ဟု မမှတ်ယူပဲ စိတ်အေးအေးထားကာ ဖတ်စေချင်ပါသည်။ ဝါဒကွဲပြားမှု့အား ဘေးဖယ်ထား၍ အကောင်းအဆိုးအား ကုရ်အာန်၊ဟဒီးဆ်အတိုင်း ခွဲခြား၊သတ်မှတ်စေလိုပါသည်။
(ဤနေရာတွင် ရေးသားရန် မရည်ရွယ်သော်လည်း အနည်းငယ်တင်ပြပေးချင်၏။)
ဒီမိုကရေစီသည် အစ္စလာမ့်အုပ်ချုပ်ရေးစနစ်အား တိုက်ခိုက်ရန်အတွက် အစ္စလာမ့်ရန်သူများ၏ အကြီးမားဆုံးလက်နက်ဖြစ်သည်။ အစ္စလာမ့်အုပ်ချုပ်ရေးအတိုင်း အုပ်ချုပ်မည်ဆိုပါက ရှရီအသ်(ကုရ်အာန်၊ဟဒိးဆ်၊ဖိကဟ်)သည် နိုင်ငံ၏ ဥပဒေဖြစ်ပေမည်။ ထိုသို့ ကုရ်အာန်၊ဟဒီးဆ်၊ဖိကဟ်ဖြင့် အုပ်ချုပ်သောနိုင်ငံအား မည်သည့်စူပါဝါမှ တိုက်ခိုက်နိုင်မည်မဟုတ်ကြောင်း ယနေ့အချိန်ထိ ကျွန်တော်တို့ မြင်တွေ့နိုင်ပေသည်။ သို့သော် ကုရ်အာန်၊ဟဒီးဆ်၊ဖိကဟ်ဖြင့် မအုပ်ချုပ်ပါက အစ္စလာမ့်နိုင်ငံများတွင် စစ်အင်အား အကြီးဆုံး နြူကလီးယားလက်နက်ပိုင်ရှင် ပါကစ္စတန်သည်လည်း အမေရိက၏ လက်အောက်ခံနိုင်ငံဖြစ်နေရသည်။ အဓိကမှာ- အုပ်ချုပ်သူလူတန်းစား၏ ဘာသာရေးအတွေးအခေါ် ခေါင်းပါးမှု့၊ အုပ်ချုပ်ပုံနည်းစနစ်မှာ အစ္စလာမ့်အုပ်ချုပ်ရေးမဟုတ်ပဲ ဒီမိုကရေစီဖြစ်နေသည့်အတွက်ပင်။ ကျွန်တော်တို့သည်လည်း ဒီမိုကရေစီ၏ ရေစီးကြောင်းအတိုင်း မျော်ပါနေမည်ဆိုပါက ငြိမ်းချမ်းသာယာသော၊ အဖက်ဖက်မှ လုံခြုံမှု့ရှိသော အစ္စလာမ့်ကုန်းမြေပြင်နှင့် ဝေးကွာနေမည်သာ။
၆။ အစ္စလာမ်နှင့်ပတ်သက်သမျှအား သင်ယူခြင်း၊ အစ္စလာမ့်စာပေများအား မိမိတို့၏ ညစ်ညမ်းလက်ဖြင့်ရေးသားခြင်း၊ အစ္စလာမ့်တက္ကသိုလ်များတွင် နေရာယူလာခြင်းဖြင့် ကျောင်းသားလူငယ်များအား မှားယွင်းသော အတွေးအခေါ်များကို တင်ပြကြ၏။ သံသယပျိုးပင်များအား စိုက်ပျိုးကြ၏။ ၎င်းတို့၏ အဓိက လုပ်၇ပ်မှာ စာရေးသားရာတွင်
ဦးနှောက်အား ရှေ့တန်းတင်ကာ စောဒကတတ်ပြခြင်း ဥပမာ။      ။ ကုရ်အာန်သည် မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ် ထိန်းသိမ်းပေးထား၏။ အခြားစာအုပ်များနှင့် ပတ်သက်၍ မည်သို့မှ ယုံကြည်နိုင်ဖွယ်ရာမရှိ.... ဟဒီးဆ်တစ်ပုဒ်အား ကျမ်းတစ်ကျမ်းတွင်ကြည့်လျှင် ပုံစံတစ်မျိုး၊ အခြားကျမ်းတွင် ပုံစံတစ်မျိုးတွေ့မြင်ရ၏။ ထို့ကြောင့် မည်သို့ လက်ခံကျင့်သုံးရမည်နည်းဟု လှပသော ပုံစံဖြင့် စောဒကတတ်ပြကြသည်။ ဤကဲ့သို့ စကားလှလှဖြင့် တက်လိုက်သော စောဒကအား ဘာသာရေးအသိပညာခေါင်းပါးသည့် ကျွန်တော်တို့နောင်တော်အချို့က သံယောင်လိုက်ကာ ကုရ်အာန်ဝါဒီများဟု ခေါင်းစဉ်တပ် ဂိုဏ်းဖွဲ့ကြလေသည်။
အချို့နေရာများတွင် စောဒကအား ဖြေကြားသည့်သဘောဖြင့် အစ္စလာမ့်အမိန့်တော်များအား လွဲမှားစွာဖွင့်ဆိုပေးခြင်း ဥပမာ။        ။ သူခိုးလက်ဖြတ်ခြင်းတွင် လက်ဖြတ်ခြင်းကိုမဆိုလို ၎င်းနှင့် အဆက်အသွယ်ဖြတ်ခြင်းကို ဆိုလိုသည်ဟု ချေပကာ ခိုးလျှင်လက်ဖြတ်ရမည်ဟူသော် အမိန့်အား ရိုက်ချိုးလိုက်ကြသည်။ (နောက်ထပ် အမြောက်အများရှိပါသေးတယ် အချိန်ရရင် သီးသန့်ရေးသားဖို့ ဆန္ဒပြုထားပါတယ်။)
အစ္စလာမ့်သမိုင်းအား လေ့လာစိတ်ဖြာခြင်းဟု ခေါင်းစဉ်တပ်ကာ မဟုတ်မမှန်များအား ထည့်သွင်းပေးခြင်း၊ အစ္စလာမ့်အမိန့်တော်များ ဘာသာခြားတို့၏ ဓလေ့ထုံးလမ်းစဉ်လာနှင့် ရောယှက်ခြင်း စသည်တို့ဖြစ်ပေသည်။
ဤသို့ဖြင့် ၎င်းအတွေးအခေါ်ဆိုးများ၊ သံသယများသည် ဘာသာရေးအခြေမခိုင်သည့် ညီနောင်များထံ ဝင်ေ၇ာက်လာပြီး အစ္စလာမ့်ကမ္ဘာအတွက် ရန်သူတို့၏ လက်နက်များဖြစ်သွားရတော့လေသည်။ ဤသည်ကို ကောင်းစွာမသိသော ကျွန်တော်တို့၏ ညီနောင်များသည် သူခိုးဓါးရိုးကမ်းသည့်အလုပ်အား မြတ်နိုးစွာလုပ်ကိုင်လျှက် ရန်သူအသင့်သတ်နိုင်ရန် လည်စင်းပေးထားတော့လေသည်။
(ဤ Orientalists များနှင့် ပတ်သက်၍ သီးခြားတင်ပြပေးပါဦးမည်။)
  • ၇။ သာမန်အရပ်သားများထံသို့ သာသနာပြုများစွာ စေလွှတ်ခြင်း ဖြစ်သည်။ ငွေကြေးအမြောက်အများအား အသုံးချ၍ သာမန်အရပ်သားများ၊ ဆင်းရဲနွမ်းပါးသူများအား အကူအညီများစွာပေး၍ စွဲဆောင်စေကြသည်။ အိုးအိမ်ထူထောင်ပေးကြသည်။ အရင်းအနှီးထုတ်ပေးကာ လုပ်ကိုင်စေကြသည်။ အကြောင်းမှာ- လူသားသည် ခင်မင်တွယ်တာသူ၏ စကားအား နားထောင်တတ်၏။ မိမိအား ကောင်းကျိုးပေးသူသည် မည်သူပင်ဖြစ်လင့်ကစား ရှေ့တန်းတင်တတ်၏။ ဥစ္စာဓနနှင့်ပတ်သက်လာလျှင် ဘာသာရေးအခြေမခိုင်သူများအနေနှင့် ဘာသာစွန့်ရန်ပင် အသင့်ရှိတတ်ကြ၏။ ဤအချက်ကို ကောင်းစွာသိသော အစ္စလာမ့်ရန်သူတို့သည် အထက်တန်းလူတန်းစားများအား အပေါ်တွင် ဖတ်ရှု့ခဲ့သည့်အတိုင်း တိုက်ခိုက်လေ့ရှိကြပြီး သာမန်လူတန်းစားများအား ကူညီရိုင်းပင်းခြင်းဟု အမည်တပ်ကာ တိုက်ခိုက်တတ်ကြသည်။ ထို့နောက် မည်သည့်ဒေသတွင် မည်မျှတိုးတက်၍ မည်သည့်ဒေသတွင် မည်မျှဆုံးရသည်ကိုလည်းကောင်း၊ မည်သည့်လမ်းစဉ်ဖြင့် အောင်မြင်မှု့ရှိ၍ မည်သည့် လမ်းစဉ်တွင်မူ အားနည်းချက်ရှိနေသည်ကို လေ့လာဆန်းစစ်ကာ စီမံခန့်ခွဲမှု့ကို နှစ်စဉ်ပြန်လည်ရေးဆွဲကြ၏။ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ- ကျွန်တော်တို့သည် အချင်းချင်းတွင်သာ အကွဲအလွဲများစွာဖြင့် သဗ်လီးဂ်(ဒအ်ဝဟ်)လုပ်နေကြသော်လည်း ရန်သူများက ကျွန်တော်တို့ထံ ဘာသာရေးမိတ်ဆက် ပန်းဖလက်များ၊ စာစောင်များ၊ စာအုပ်ငယ်များ အရောက်လာပေးနေကြသည်။ ဤနေရာတွင်လည်း ကျွန်တော်တို့ မရှု့မလှ ရှုံးနိမ့်နေသည်ကို ဝမ်းနည်းစွာ တွေ့မြင်နေရသည် မဟုတ်လော။
၈။ အမျိုးသမီးများ၏ လွတ်လပ်ခွင့်၊ အမျိုးသမီးများ အမျိုးသားများနှင့် ရင်ဘောင်တန်း လုပ်နိုင်ခွင့် စသည့် အရောင်လှလှ ဆေးဆိုးပန်းရိုက် အတွေးအခေါ်များ ထည့်သွင်းပေးခြင်းဖြစ်သည်။ အမျိုးသမီးများအား ပရ်ဒါမဲ့စေခြင်းသည် ဇေနဟ်၏ အဓိကအချက်ဖြစ်သည်။ အမျိုးသမီးများအား သိက္ခာရှိနေသော ဘဝမှ သိက္ခာမဲ့ဖြစ်စေခြင်းဖြစ်သည်။  အမျိုးသမီးများအား ယောက်ကျားလေး များနှင့် ရောယှက်နေထိုင်လုပ်ကိုင်စေခြင်းသည် အမြဲတစေ ဟရာမ်ကျူးလွန်မိစေရန် ဖြစ်သည်။ သခင်မ ဘဝမှ အလုပ်သမားဘဝသို့ ရောက်စေခြင်းဖြစ်သည်။ အမျိုးသမီးများ လွတ်လပ်ခွင့်ဟူသော ခေါင်းစဉ်အောက်တွင် သန့်ပြန်စင်ကြယ်သော အမျိုးသမီးလေးများအား ကလပ်မယ်ဖြစ်စေရန် ရည်ရွယ်နေကြသည်။ ဟိရီသြတ္တပတရား ကင်းမဲ့လာစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ တန်ဖိုးရှိသည့် အမျိုးသမီးများအား အိမ်အပြင်သို့ ထွက်လာစေရန် ဖိတ်ကြားခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့အတွက် မည်မျှ အကျိုးရှိသည်ကို အနည်းငယ် ရှု့စားပါလေ။ အကယ်၍ မွတ်စ်လင်မ်တစ်ဦးသည် ကြီးလေးသည့် အကုသိုလ်ကျူးလွန်ချိန်တွင် ဒိုအာတောင်းခံမည်ဆိုပါက ဒိုအာသည် အချည်းနှီးဖြစ်ပေမည်။ 24/7 ဂိုနဟ်တွင် နစ်မွန်းနေလျှင် အလ္လာဟ်ထံမှ အကူညီတောင်းခံရန် မည်သည့်အချိန်တွင် လက်မြှောက်တောင်းခံရမည်နည်း။ မိခင် မကောင်းလျှင် မွေးလာသည့် သားသမီး အဘယ်သို့ ရှိမည်နည်း။
မိခင်သည် ကိုယ်ဝန်ဆောင်ထားချိန်၌ ကျမ်းမြတ်ကုရ်အာန် အဖတ်များသည့်အတွက် ဝမ်းတွင်လွယ်ထားသော ကလေးမှာ ဟာဖစ်ဇ်အဖြစ်မွေးလာသည်။
သို့သော် ကိုယ်ဝန်ဆောင် မိခင်သည် ရှရီအသ်အတိုင်းမနေထိုင်ပဲ၊ အရှက်မဲ့သည့် လုပ်ရပ်များတွင်သာ ရှိနေမည်ဆိုက မည်ကဲ့သို့ သားသမီး မွေးဖွားလာမည်နည်း။
မိမိမှစ၍ လာမည့်မျိုးဆက်တစ်ခုလုံး ပျက်ဆီးရင်းသွားနေလျှင် ကျွန်တော်တို့၏ မျိုးဆက်သည် ကာဖရ်တို့၏ ကျွန်ဘဝမှတဆင့် ကာဖရ်ဖြစ်သွားနိုင်ပေသည်။ ဤသို့ဆိုလျှင် အမျိုးသမီးလွတ်လပ်ရေး၊ ရင်ဘောင်တန်းရေး၊ ရပိုင်ခွင့်ဟု ပြောဆိုနေသော ဘာသာခြားများ၏ ပန်းတိုင်သို့ ရောက်သွားမည် မဟုတ်ပါသလော။ ကာဖရ်တွေကို ကျွန်တော်တို့ကိုယ်တိုင် အားပေးနေသည် မဟုတ်ပါသလော။ 
(အမြင်ကျဉ်းခြင်း မဟုတ်ပါ၊ အစ္စလာမ့်ဘောင်အတွင်းမှ မြင်ကြည့်ခြင်းသာဖြစ်ပါသည်။ ရှရီအသ်အတိုင်း နေထိုင်ကျင့်သုံးသည် မည်သို့မှ အစွန်းရောက်နိုင်မည်မဟုတ်ပါ။)
  • ၉။ ဘာသာရေးဆိုင်ရာ အဆောက်အဦးများအား အခြားအရာများနှင့် တွဲဖက်ဆောက်လုပ်စေခြင်းဖြစ်သည်။ ဥပမာ ချက်စ်ကျောင်းနှင့် ဆေးပေးခန်း၊ ဘုံကျောင်းနှင့် အပ်စိုက်ဆေးခန်း၊ ဘုန်းကြီးကျောင်းနှင့် တိုင်းရင်းဆေး စသည့် ပုံစံများ။
၁၀။ ယနေ့ခေတ်၏ အကောင်းဆုံးနှင့် အထိရောက်ဆုံးဟု သတ်မှတ်နိုင်သော မီဒီယာပင်ဖြစ်သည်။ အစ္စလာမ်နှင့် မွတ်စ်လင်မ်တို့၏ မဟုတ်မတရားပြောဆိုကြသည်။ မိမိဘာသာအား အထင်ကြီးလေးစားအောင် နည်းမျိုးစုံဖြင့် ရိုက်ကူးပြသကြသည်။ အစ္စလာမ့်နိုင်ငံများနှင့် ပတ်သက်လျှင် အိမ်ကြက်ချင်း အိုးမဲသုတ်ကာ ခွပ်စေကြသည်။ မီဒီယာလောက၏ တိုက်ခိုက်ပုတ်ခတ်မှု့များကြောင့် မွတ်စ်လင်မ်တစ်ဦးအနေနှင့် မိမိအိမ်အား ကာကွယ်ခြင်းသည်ပင်လျှင် အကြမ်းဖက်သည်ဟု သတ်မှတ်ခံနေရတော့လေသည်။ ဘာသာခြားပိုင် အဆောက်အဦးတစ်ခုအား ဗုံးခွဲတိုက်ခိုက်သူသည် အစွန်ရောက် လက်နက်ကိုင် အကြမ်းဖက် ဖြစ်ရသော်လည်း အစ္စလာမ့် နိုင်ငံတစ်ခုအား ညက်ညက်ကြေအောင် ဗုံးခွဲတိုက်ခဲ့သူအား ကယ်တင်ရှင်ဟု ရှေ့မျက်နှာနောက်ထားပြီး ကြေငြာပေးကြသည်။ ကျွန်တော်တို့သည်လည်း စီအန်အန်ကပြောနေတာ၊ ရိုက်တာကပြောနေတာ သူတို့က မဟုတ်တာတော့ မပြောလောက်ပါဖူး။ ကမ္ဘာ့သတင်းဌာနတွေပဲဟု ဆိုကာ ယုံကြည်စွာ နားထောင်ရင်း ရန်သူထောင်ထားသည့် ပိုက်ကွန်ထဲသို့ အတင်းတိုးဝင်နေကြသည်။

ပို့စ်နိဂုံးအဖြစ် ပြောပြလိုသည်မှာ-
ဘယ်နေရာရောက်ရောက်၊ ဘာပဲလုပ်လုပ် အစ္စလာမ်အတွက်လုပ်ပါ။
ဘာပဲကြည့်ကြည့် ဘာပဲတွေးတွေး အစ္စလာမ်အတွက်တွေးပါ။
ဘာသာခြားကို အထင်မကြီးပါနဲ့။
အထင်ကြီးမှု့ရဲ့နောက်မှာ စိတ်ဓါတ်ယိမ်းယိုင်မှု့တွေရှိတတ်တယ်။
ကျွန်တော်တို့ရဲ့သားစဉ်မြေးဆက် ပျက်ဆီးရသည့်အဖြစ်မျိုး မဖြစ်ပါစေနဲ့။
ကျွန်တော်တို့ အဓိကထားပြီး ကာကွယ်ရမှာ အတွေးအခေါ်၊ အယူအဆပဲဖြစ်တယ်။
မပေါ့ဆလိုက်ပါနဲ့ သေးသေးလေးတွေ ကြီးကုန်လို့ မဖြစ်ဖူး။
သေးငယ်စဉ် မပြင်နိုင်ခဲ့တာ ကြီးသွားရင် ပြင်ဖို့နည်းမရှိဖြစ်သွားမယ်။
ကျွန်တော့်အတွေးအခေါ် မှန်နေရင် အမှန်ကို မြင်နိုင်မယ်။
မှားနေရင် အမှန်ကိုပင်လျှင် အမှားမြင်မယ်။
အစ္စလာမ်နဲ့ မွတ်စ်လင်မ်အတွက် ကျွန်တော်တို့ အတွေးအခေါ်တွေ ပြန်လည်ပြုပြင်လိုက်ကြပါ။
မြင့်မြတ်တော်မူသော အလ္လာဟ်အရှင် ကျွန်တော်တို့ အားလုံးအား အကောင်းဆုံးသော လမ်းမှန်ပေါ် အစဉ်အမြဲ လျှောက်လှမ်းနိုင်ခွင့် စွမ်းအား ပေးသနားတော်မူပါစေ။

အင်န်ရှာအလ္လာဟ် လာမည့်ပို့စ်တွင် Orientalists များနှင့် ပတ်သက်၍ ဆက်လက်ရေးသာပါမည်။
မှတ်ချက်။          ။ အတွေးအခေါ်တိုက်ပွဲအမည်ရ စာအုပ်ငယ်တစ်အုပ် ပြုစုရေးသားရန် ဆန္ဒရှိသော်လည်း မရေးသားဖြစ်လိုက်ရင်လျှင်ဟူသော စိုး၇ိမ်စိတ်ကြောင့် သိသင့်သည့် အချက်အလက်အချို့အား တင်ပြလိုက်ခြင်း ဖြစ်ပါသည်။  အင်န်ရှာအလ္လာဟ် ဆက်လက်ကြိုးစား တင်ဆက်သွားပါဦးမည်။

ဘရှီရွလ္လာဟ် ဖာရိုကီ
Share this article :

Post a Comment

 
က | |
ကက ၂၀၁၁. Basheerullah Farooqi - ၂၀-၁၁-၂၀၁၁
Template Modify by Creating Website
Proudly powered by Blogger